Quantcast
Channel: Danya Wadi
Viewing all 7779 articles
Browse latest View live

ရွေးကောက်ပွဲပြီး စိန်ခေါ်မှုများ

$
0
0

ရွေးကောက်ပွဲပြီး စိန်ခေါ်မှုများ

နောက်ဆုံး ထုတ်ပြန်ထားတဲ့ မဲရလဒ်တွေအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အစိုးရဖွဲ့နိုင်မယ့်အထိ မဲအပြတ်အသတ် အနိုင်ရရှိနေ ပါတယ်။ NLD အနေနဲ့ မြန်မာ့နိုင်ငံရေးမှာ သြဇာလွှမ်းမိုးနေတဲ့ စစ်တပ်နဲ့ ဆက်ဆံရမယ့်ကိစ္စအပါအ၀င် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ဘာတွေ ရှိနေ ပါသလဲ။ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။


Filed under: သတင်းများ, ရွေးကောက်ပွဲ

အစိုးရအဖွဲ့သစ်ကိုသန့်သန့်ရှင်းရှင်း စနစ်တကျ တာဝန်လွှဲပြောင်း ပေးနိုင်အောင် သမ္မတ ဦးသိန်းစိန်က ၀န်ကြီး အဖွဲ့ကို ညွန်ကြား ထား

$
0
0

မြန်မာနိုင်ငံမှာ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ ပေါ်ပေါက်လာတဲ့ အစိုးရအဖွဲ့ကို သန့်သန့်ရှင်းရှင်း စနစ်တကျ တာဝန်လွှဲပြောင်း ပေးနိုင်အောင် သမ္မတ ဦးသိန်းစိန်က ၀န်ကြီးအဖွဲ့ကို ညွန်ကြားထားတဲ့အကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က VOA ကို အခုလို ပြောပါတယ်။


Filed under: သတင်းများ, ရွေးကောက်ပွဲ

လိင်ပြောင်း အမျိုးသမီးတစ်ဦး ထူးဆန်းစွာ ကိုယ်ဝန်ရ

$
0
0

image

image

ကိုယ်ဝန်ရှိလို့ ဗိုက်ပူလာတာကို မှန်ထဲမှာ ငေးကြည့်ရင်း၊ မိဘဖြစ်လာတော့မယ်ဆိုပြီး ဂုဏ်ယူနေသူတွေဟာ စိတ်လှုပ်ရှားခဲ့ကြရပါတယ်။ တခြား အဖေ၊ အမေတွေ လိုပဲ၊ ကလေးလေးတစ်ယောက်ကို လောကထဲခေါ် ဆောင် လာရမယ်ဆိုတဲ့ စိတ်က အရမ်းကို ပြင်းပြခဲ့ကြ ရပါတယ်။

ဒါပေမဲ့ ဒါက သာမန်ကိုယ်ဝန်တစ်ခုတော့ ဘယ်တော့ မှဖြစ်လာမှာ မဟုတ်ပါဘူး။ Kayden Coleman ဆိုသူက ဆယ်စုနှစ်တစ်စု နီးပါး ယောကျာ်းတစ်ယောက် အနေနဲ့ နေထိုင်လာခဲ့ရလို့ပါ။

သူဟာ လိင်ပြောင်းလဲခဲ့သူတစ်ဦးပါ ဆိုပြီး သူ့သူငယ်ချင်း တွေ နဲ့ သူ့မိသားစုကို ပြောပြခဲ့ရုံသာမက၊ testosterone လို့ခေါ်တဲ့ ဝေးစှေ့ကထွက်တဲ့ ယောကျာ်းဟော်မုန်းတွေကိုလည်း ငါးနှစ်လောက် ထိုးခဲ့သူပါ။ မုတ်ဆိတ်မွှေး၊ ပါသိုင်းမွှေးတွေလဲ ပေါက် လာခဲ့ပြီး၊ ရင်သားနှစ်ခုလုံးကိုလည်း ဖြတ်ထုတ်ခဲ့သူပါ။

ဒါပေမဲ့ သဘာဝတရားကြီးက ကသောင်းကနင်း အခြေအနေတစ်ရပ်ကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ယောကျာ်း ဟော်မုန်းတွေ ထိုးလာတာ နှစ်ပေါင်း များစွာကြာခဲ့ပေမဲ့ Kayden ဟာ ကိုယ်ဝန်ရလာခဲ့ ပါတယ်။

ခုတော့ သူနဲ့ သူ့အမျိုးသား Elijah တို့ဟာ ၁နှစ်နဲ့ ၁၀လ အရွယ်ရှိတဲ့ Azaelia (သမီးမိန်းကလေး) ၅နှစ် အရွယ် ရောက်တဲ့အချိန်ကျရင် Kayden ရဲ့ သာမန်မဟုတ်တဲ့ မိသားစုအကြောင်း အားလုံးကို ပြောပြဖို့ အစီအစဉ်ဆွဲ နေပါတယ်။

Kayden ရဲ့ ဗိုက်က တဖြည်းဖြည်းပူလာတော့ လေ့ကျင့်ခန်းမလုပ်လို့ ဗိုက်ပူနေတာ မဟုတ်တော့ပဲ ကလေးဖြစ်နေတယ်ဆိုတာကို စသိလိုက်ရတဲ့အချိန် အံ့အားသင့်သွားပါတယ်။

“ကျွန်တော် ကိုယ်ဝန်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ ယောကျာ်းဟော်မုန်းတွေ ကြောင့် ဒီလိုမျိုး ဖြစ်နိုင်လိမ့်မယ်လို့လည်း မထင်တာ။ တကယ့်ကို အံ့အားသင့်စရာပါပဲ။” လို့ Kayden က ပြုံးဖြီးပြီးတော့ ပြောခဲ့ပါတယ်။

သုတ်လေးနည်းနည်းက သူ့လိုလူအတွက် ကိုယ်ဝန်မရ နိုင်ဘူးဆိုတဲ့ အတွေးက မှားယွင်းခဲ့တာဖြစ်ပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref: Mirror


Filed under: ထူးဆန်းထွေလာ, သတင်းများ

NLD အစိုးရဖွဲ့နိုင်​ပြီ ဖြစ်​​ကြောင်း အစိုးရ သတင်းစာ မြန်​မာ့ အလငမး နှင့်​ ​ကြေးမုံတွင်​ ​ဖော်​ပြ

ဝေဖန်သူတွေကို အသံတိတ်စေခဲ့တဲ့ ဦးတင်အေး

$
0
0

image

By ကျော်စွာမိုး | November 14, 2015

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး (ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)

၂၀၁၁ ခုနှစ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌအဖြစ် ဦးတင်အေး စတင်တာဝန်ယူချိန် မှာ အများစုက သူ့အပေါ် အယုံအကြည် မရှိခဲ့ကြပါဘူး။ တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သလို အာဏာရပါတီရဲ့ အမတ်တဦးလည်း ဖြစ်ခဲ့ပြီး သမ္မတဦးသိန်းစိန်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိခဲ့တာမို့ ဦးတင်အေးဟာ သူရဲ့ တာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ဘက်လိုက်မှုတွေ မလွဲမသွေရှိလိမ့်မယ်လို့ မြန်မာပြည်သူ အများစုက တထစ်ချ ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပြီး နေရာတချို့မှာပဲ မသန့်ရှင်းမှုတွေရှိခဲ့ပြီး မဲရေတွက်မှုအရလည်း နိုင်ငံရဲ့ အဓိက အတိုက်အခံပါတီက အပြတ်အသတ် အနိုင်ရတာကို တရားဝင်အတည်ပြုပေးနိုင်တာမို့ ဒီအသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ဟောင်းကြီးဟာ သူ့အပေါ်ဝေဖန်မှုတွေက မှားယွင်း ကြောင်း သက်သေပြနိုင်ခဲ့ပြီလို့ ဆိုရပါမယ်။

၂၅ နှစ်တာကာလအတွင်း မြန်မာနိုင်ငံမှာ အများယုံကြည်လက်ခံနိုင်တဲ့ အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ရာမှာ ချို့ယွင်းချက်တော့ အနည်းငယ်ရှိခဲ့ပါတယ်။ မဲစာရင်း အမှားအယွင်းတွေ၊ လူတွေထောင်ပေါင်း များစွာ မဲစာရင်းထဲမှာ မပါဝင်ခဲ့မှုတွေ၊ တပ်နယ်အတွင်း မဲရုံတွေကို ၀င်ရောက်ခွင့်မပြုခဲ့တာတွေနဲ့ ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့ ကြိုတင်မဲပေးမှုဖြစ်စဉ်တွေအပေါ် နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေနဲ့ မီဒီယာတွေက ထောက်ပြခဲ့ကြပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ ဆိုးဆိုးရွားရွား မဲမသမာမှုတွေ၊ အတင်းအကြပ် ခြိမ်းခြောက်မှုတွေ မရှိခဲ့ဘဲ မဲရလဒ်တွေအရလည်း လက်ရှိအာဏာရပါတီဟာ လွှတ်တော်အမတ်နေရာ အများစုကို လက်လွှတ်ခဲ့ရတာကို ကြေညာနိုင်တာမို့ ဒါဟာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ဘက်မလိုက်ပဲ တော်တော်လေး လွတ်လပ်မှုရှိရှိ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်းကိုလည်း သက်သေပြလိုက်တာဖြစ်ပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေနဲ့ မီဒီယာတွေက ဦးတင်အေးအနေနဲ့ ရွေးကောက်ပွဲမှာ တရားမျှတတဲ့ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပါ့မလားလို့ သံသယရှိခဲ့ကြတာပါ။ ဒါဟာလည်း ဦးတင်အေးက သူနဲ့ တပ်မတော်အကြား၊ သူနဲ့ သူ့ရဲ့ပါတီဟောင်းတို့အကြား ခိုင်မာတဲ့ ဆက်ဆံရေးရှိကြောင်းကို လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုဖူးခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

ဒါပေမယ့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလာဒ်တွေ ထင်ထင်ရှားရှား ထွက်ပေါ်လာချိန်မှာတော့ အကုန်လုံး အံ့သြကုန်ကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ အခုအချိန်မှာတော့ နောက်သမ္မတ သစ် ရွေးကောက်တင်မြှောက်ဖို့အတွက် လုံလောက်တဲ့အမတ်နေရာ အရေအတွက်ကို အနိုင်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က NLD ရဲ့ အောင်မြင် မှုကို အသိအမှတ်ပြုခဲ့ပြီး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုစကားပြောခဲ့ကြပါတယ်။

တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အဖွဲ့အစည်းတွေအကြား အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အဓိကဖြစ်လာပါလိမ့်မယ်။ လက်ရှိသမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ ဟာ ဒီဖြစ်စဉ်မှာ အရေးအပါဆုံးသူတွေ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့မှာ အပြောင်းအလဲအတွက် မဲပေးခဲ့တဲ့ သန်းပေါင်းများစွာသော ပြည်သူတွေ မျှော်လင့် နေတာကလည်း ဒါပဲဖြစ်ပါတယ်။ လက်ရှိအာဏာ ဆုပ်ကိုင်ထားသူတွေရဲ့ အာဏာရှင်ပုံစံ ကျင့်သုံးမှု တွေ နောက်ထပ်ထွက်ပေါ်မလာစေဖို့ သူတို့တွေ စောင့်ကြည့်နေကြတာဖြစ်ပါတယ်။

ပြည်သူတွေရဲ့ ဆန္ဒတွေကို ထင်ဟပ်မှုရှိခဲ့တဲ့ ရွေးကောက်ပွဲကို ဘက်မလိုက်ပဲ ကျင်းပပေးခဲ့တဲ့ ဦးတင်အေးကို ဒီနေရာမှာ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ နိုင်ငံရဲ့ အဓိကနိုင်ငံရေးခေါင်းဆောင်တွေနဲ့ တပ်မတော်ခေါင်းဆောင်တွေ ပိုမိုတိုးတက်ကောင်းမွန်တဲ့ အနာဂတ်နိုင်ငံတော်ဆီကို အတူတကွ လျှောက်လှမ်းသွားနိုင်ဖို့ တံတားတစင်းကို သူ ထိုးပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။


Filed under: ရွေးကောက်ပွဲ

မြန်မာကိုဩဇာလွှမ်းရေးအမေရိကန်နှင့် အာရှနိုင်ငံကြီးများ အပြိုင်ကြိုးစား

$
0
0

ရွေးကောက်ပွဲ, အမေရိကန်, တရုတ်, အိန္ဒိယ, ဂျပန်

မြန်မာနိုင်ငံသည် ကြားနေဝါဒသာ ကျင့်သုံးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင် အနိုင်ရခဲ့သည့် ရွေးကောက်ပွဲသည် အရှေ့တောင်အာရှတွင် အချက်အချာကျစွာ တည်ရှိနေသည့် မြန်မာနိုင်ငံအား တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန် တို့ က ဩဇာလွှမ်းမိုးရန် အရူးအမူး ကြိုးစားနေမှု ကို ပြန်လည်နေရာချနေရသည်။

ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အောင်မြင်သည့် အတိုက်အခံခေါင်းဆောင် အနည်းငယ်မျှသာ ရှိပါသည်။ ရွေးကောက်ပွဲမကျင်းပမီ လ အနည်းငယ် အလိုတွင် တရုတ်သမ္မတ ရှီကျင်ဖျင့်နှင့် အိန္ဒိယ ၀န်ကြီးချုပ် နေရိန်ဒြာမိုဒီက ဖိတ်ခေါ် တွေ့ ဆုံခဲ့သည်။ အနာဂတ်တွင်   ဒေါ်အောင်ဆန်းစုကြည် အာဏာရနိုင်သည်ဟု သူတို့ ယူဆခဲ့ကြ၍ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်သမ္မတ အိုဘားမား   ၂ ကြိမ် လာရောက်တွေ့ဆုံခဲ့သည်။

ယခုလာမည့် ပြုပြင်ပြောင်းလဲရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က အစိုးရတခုဖွဲ့စည်းရေးနှင့် ရာစုနှစ်ဝက်ကြာ စစ်တပ်၏ ချုပ်ကိုင်မှု ကို လျှော့ချ ရန် ပြင်ဆင်ထားရာ တုန့်ပြန်မှုများကို သတိကြီးစွာဖြင့် ချိန်ညှိလုပ်ဆောင်သွားရန် လိုအပ်သည်ဟု လေ့လာ ဆန်းစစ်သူများ က ပြောကြသည်။

အစိုးရအသစ်က မည်သည့် အသွင်သဏ္ဍန်ရှိမည်ကို မည်သူမျှ မသိကြပါ။ အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တားဆီးထားသည်။ သူ၏ သားများက နိုင်ငံခြားသားဖြစ်နေကြသောကြောင့် ဖြစ်သည်။ စစ်တပ်က အခြေခံဥပဒေပြင်ဆင်ရေးတွင် ဗီတို အာဏာ ကိုင်စွဲထားသလို အရေးပါသည့် ပြည်ထဲရေး၊ ကာကွယ်ရေး နှင့် နယ်စပ်ရေးရာ ကဲ့သို့ ၀န်ကြီးဌာနများကို ဆက်လက် ထိန်းချုပ်ထားသည်။ လွှတ်တော် ကိုယ်စားလှယ်နေရာ စုစုပေါင်း၏ ၄ ပုံ ၁ပုံ ကို ရွေးကောက်ခံ မဟုတ်သည့် စစ်ဘက်ကိုယ်စားလှယ် များက ရယူထားသည်။

မြန်မာနိုင်ငံ၏ ဘက်မလိုက် ၀ါဒကို ဆက်လက်ကိုင်စွဲသွားမည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အမေရိကန်နှင့် ဗြိတိန်မှ နိုင်ငံရေးခေါင်းဆောင်များနှင့် နီးကပ်၍ ကောင်းမွန်သော ဆက်ဆံရေး ရှိသော်လည်း အိန္ဒိယ၊ တရုတ်နှင့် အာဆီယံနိုင်ငံများ စသည့် အိမ်နီးချင်းများကို လျစ်လျူရှုထားမည် မဟုတ်ဟု သူက ပြောခဲ့ပြီး ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတခုတွင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ ၂ နိုင်ငံ၏ နီးကပ်သောဆက်သွယ်မှုကို အသိအမှတ်ပြုခဲ့ခြင်းဖြစ်သလို တရုတ်နိုင်ငံ၏ အရေးပါမှုကို ရောင်ပြန်ဟပ်ခြင်းလည်း ဖြစ်သည်။

ယခု အပတ်အတွင်း ထုတ်ဝေခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော် Global Times သတင်းစာ က မြန်မာနိုင်ငံကို ကာလရှည်ကြာစွာ ရင်းနှီးမြှုပ်နှံသူဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆက်သွယ်မှု မဖြတ်တောက်ရန် နှင့် အမေရိကန်နှင့် ခိုင်မာသော ဆက်ဆံရေးတည်ဆောက်ခြင်းကို သတိပေးခဲ့သည်။ ထိုသို့ ပြုလုပ်ပါက တရုတ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးမှ ရရှိနိုင်မည့် ဗျူဟာမြောက်နေရာနှင့် အရင်းအမြစ်များ ဆုံးရှုံးသွားသည်ကို မြင်တွေ့ရလိမ့်မည်ဟု ဆိုသည်။

၁၉၉၀ နှင့် ၂၀၀၀ နှစ်များအတွင်းတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံကို အနောက်နိုင်ငံများက ရှောင်ဖယ် ထားကြချိန် တွင် မြန်မာ စစ်အစိုးရက တရုတ်နိုင်ငံနှင့် ကုန်သွယ်နိုင်ရန် ကြိုးစားခဲ့ပြီး တရုတ်ကုမ္ပဏီများနှင့် ရေအား လျှပ်စစ် စီမံကိန်းများ၊ ကြေးနီ သတ္တုတွင်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများတည်ဆောင်ရန် သဘောတူလက်မှတ် ရေးထိုးမှု များ ပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံက ဘင်္ဂလားပင်လယ်အော်ဒေသ ကျောက်ဖြူမြို့ရှိ မြန်မာနိုင်ငံ၏ ပထမဆုံး ရေနက်ဆိပ်ကမ်းကို ထိန်းချုပ်နိုင်ရန် ကြိုးစားခဲ့သည်။ အထူးစီးပွားရေး ဇုန်တခု တည်ဆောက်ရန် အစီအစဉ်၏ တစိတ်တပိုင်း ဖြစ်သည်။

အဆိုပါ စီးပွားရေးဇုန်ကို ထိန်းချုပ်ခွင့် ကန်ထရိုက်ရရှိရန် အတွက် အဆိုပြုလျှောက်ထားရာတွင် အောင်မြင်မှု ရရှိရန် တရုတ် ကုမ္ပဏီကြီးများ က မျှော်လင့်ထားကြသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရက ချမှတ် ဖွယ်ရှိနေသည်။

တရုတ်နိုင်ငံနှင့် ဆက်ဆံရေး နက်ရှိုင်းမှုကြောင့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ခံနေရသည်ဟု မြန်မာနိုင်ငံသား အများက ထင်မြင်ခဲ့ကြသည်။ စစ်အစိုးရ အာဏာစွန့်လွှတ်ခဲ့ပြီး စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သည့် အရပ်သား အစိုးရ အာဏာ ရရှိလာပြီး နောက်ပိုင်းတွင် အစိုးရသစ်က ပြည်သူလူထု နှစ်သက်ခြင်းမရှိသော အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံ တန် မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းလိုက်သည်။ တရုတ်နိုင်ငံသို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးမည့် အဆိုပါ စီမံကိန်း၏ ရေမြုပ်ဧရိယာမှာ စင်ကာပူနိုင်ငံ အရွယ်အစားခန့် ရှိသည်။

ထိုအချိန်မှစ၍ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ရန် ကြိုးစားခဲ့သည်။ Xiamen တက္က သိုလ် အရှေ့တောင် အာရှ လေ့လာရေး သုတေသန ကျောင်းမှ ပါမောက္ခတဦး ဖြစ်သည့် ဖန်ဟုန်ဝေက တရုတ်နိုင်ငံသည် သူ၏ ပုံရိပ်ကို ပြန်လည်မြှင့်တင်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံများနှင့် ပိုမိုသိမ်မွေ့ သော ဆက်ဆံရေးတိုးတက် လာအောင် ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။

အိန္ဒိယနိုင်ငံကလည်း ဖြစ်ပေါ်နေသည့် အပြောင်းအလဲအပေါ် ၎င်း၏ ဆက်စပ်ပတ်သက်မှုများကို တိုးချဲ့ရန်နှင့် အိန္ဒိယ သမုဒ္ဒရာ အတွင်းမှ ၎င်း၏ လုံခြုံရေးကို ကာကွယ်ရန် ရည်ရွယ်ချက်တို့နှင့် ချိန်ကိုက်လှုပ်ရှားနေသည်။ ဆယ်စုနှစ်များစွာ အတွင်း တရုတ်နိုင်ငံက အိန္ဒိယ သမုဒ္ဒရာအတွင်းတွင် သီရိလင်္ကာ၊ ပါကစ္စတန် နိုင်ငံများနှင့် ဆက်ဆံရေး တည်ဆောက်နိုင်သကဲ့သို့ ရေတပ်ကိုလည်း တိုးချဲ့နေသည်ကို အိန္ဒိယကို စိုးရိမ်နေသည်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးဟောင်း ရာဂျစ်ဘတ်တီယာက ၀န်ကြီးချုပ် နေရိန်ဒြာမိုဒီ၏ အရှေ့ အာရှ စီးပွားရေးများနှင့် ပိုမိုဆက်ဆံဆောင်ရွက်မည့် အစီအစဉ်တွင် အရှေ့ဘက်မှ နိုင်ငံများက အရေးပါသည့် နေရာမှ ပါဝင်နေသည်ဟု ပြောသည်။

“တယောက်က ထွက်သွားပြီး တယောက်က ၀င်လာမယ့် အခြေအနေမျိုး မဟုတ်ပါဘူး။ မြန်မာနိုင်ငံက သူ့ရဲ့ အိမ်နီးချင်း နိုင်ငံကြီးတွေကို လိုအပ်ပါတယ်။ အိန္ဒိယနိုင်ငံက ဆက်ဆံမှုတွေ ပို ဖြစ်ထွန်းလာဖို့ တွန်းအားဖြစ်ပါမယ်” ဟု ရာဂျစ်ဘတ်တီယာက ပြောသည်။

ဂျပန်နိုင်ငံကလည်း ပြီးခဲ့သည့် နှစ်များအတွင်း မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ လာခဲ့ရာ ရန်ကုန်မြို့တောင် ဘက် မှ သီလ၀ါ အထူးစီးပွားရေး ဇုန်အပါအ၀င်ဖြစ်သည်။ အဆိုပါ စီးပွားရေးဇုန်၏ အခြေခံ အဆောက် အဦး အများစုကို ဂျပန်နိုင်ငံ က ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး အရှေ့တောင်အာရှတွင် တရုတ်၏ လွှမ်းမိုးမှုကို ယှဉ်ပြိုင်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ အပေါ် မည်သို့ သဘောထားမည်ကို ကျွမ်းကျင်သူများက သေချာ စွာ မသိကြသေးပါ။ “NLD က နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေနဲ့ ဘယ်လို ဆက်ဆံမယ်ဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ မှာ သတင်း အချက်အလက် အနည်းငယ်ပဲ ရပါသေးတယ်” ဟု ဂျပန်အစိုးရ လက်အောက်ခံ အဖွဲ့အစည်းတခု ဖြစ်သည့် Japan External Trade Organization မှ လေ့လာဆန်းစစ်သူ တဦးဖြစ်သည့် တိုရှီဟီရိုမီဇူတာနီက ပြောသည်။

အချို့ကမူ ပုစ္ဆာသစ်အတွက် မသိကိန်းမှာ အမေရိကန် နိုင်ငံ ဖြစ်မည်ဟု ယူဆကြသည်။

လေ့လာဆန်းစစ်သူများနှင့် စီးပွားရေးသမားများက အမေရိကန်နိုင်ငံ၏ အခန်းကဏ္ဍကြောင့် နှောင့်နှေးမှု ဖြစ်လာမည့် အကြီးမားဆုံး ပြဿနာမှာ ယခင်စစ်အစိုးရနှင့် စီးပွားရေး အရ ပတ်သက်မှုရှိခဲ့သော စီးပွားရေး လုပ်ငန်းရှင် များက အမေရိကန် အစိုးရ၏ အရေးယူပိတ်ဆို့မှု စာရင်းတွင် ပါဝင်နေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အမေရိကန် စီးပွားရေးလုပ်ငန်းများအတွက် အလားအလာရှိသော စီးပွားဖက် အရေအတွက်ကို အကန့်အသတ် ဖြစ်စေသည်။

ကျန်ရှိနေသေးသည့် အရေးယူပိတ်ဆို့မှုများကို ပယ်ဖျက်ရေးအတွက် ဆုံးဖြတ်ချက်ချမှတ်ရန် စောလွန်းနေသေးသည်ဟု အမေရိကန် အစိုးရက ပြောကြားခဲ့သည်။ ရွေးကောက်ပွဲနောက်ပိုင်း အခြေအနေများ တည်ငြိမ်မှု ရရှိသွားပြီးမှသာ မူဝါဒ အပြောင်းအလဲပေါ်ပေါက် လာမည် ဖြစ်သည့် အတွက် ပြောဆိုရန် စောသေးသည်ဟု ဆိုသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ညတွင် အမေရိကန် သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းနှင့် ဆက် သွယ်၍ NLD ပါတီ၏ အောင်မြင်မှုကို ချီးကျူး ဂုဏ်ပြုခဲ့သည်။ ရွေးကောက်ပွဲနေ့ရက်သည် မှတ်တိုင်တခုဖြစ်သော်လည်း အစိုးရဖွဲ့စည်းရေးက တိုင်းပြည်ကို မှန်ကန်သော လမ်းကြောင်းသို့ ဦးတည်သည့် နောက်ထပ် ခြေလှမ်းများ ဖြစ်သည်ဟု အမေရိကန် အစိုးရက ပြောသည်။

ယခုအချိန်တွင် အနည်းငယ်မျှသာ အကန့်အသတ်ဖြင့် ရှိနေသည့် ၂ နိုင်ငံလုံး၏ လက်နက်ကိုင် တပ်ဖွဲ့များ ဆက်ဆံရေး ပိုမို၍ ပုံမှန်ဖြစ်စေခြင်း လည်း ပါဝင်လာရမည်ဖြစ်သော်လည်း အမေရိကန်ဘက်က တုန့်ပြန်မှုများ ပြုလုပ်ရန် ဆန္ဒနည်းပါးနေသည်။

ဒေါ်အောင်ဆန်းစုကြည်က အနောက်သို့ မည်သည့်အချိန်တွင် ယိမ်းမည်နည်းဆိုသည့် မေးခွန်းကို ဖြေမည့်အချိန်ကျမှသာ အားလုံးကို   ဖြေရှင်းနိုင်မည်ဖြစ်သည်။

“ဒါကတော့ လူတိုင်း အလေးထားစောင့်ကြည့်နေကြတဲ့ ကိစ္စ တခုပါပဲ” ဟု တရုတ် ပါမောက္ခ ဖန်ဟုန်ဝေက ပြောသည်။

(The Wall Street Journal သတင်းစာပါ James Hookway နှင့် Shibani Mahtani တို့၏ Asian Nations, U.S. Jockey for Myanmar Influence ကို နိုင်မင်းသွင် ဘာသာပြန်သည်)

http://mobile.irrawaddy.org/article/2015/11/14/101558.html


Filed under: သတင်းများ

ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့် သီးသန့်တွေ့ဆုံခြင်း

$
0
0

‘‘အခုတက်လာမယ့် အစိုးရကို ကျွန်တော့်အနေနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီဆောင် ရွက် သွားဖို့ပဲ စိတ်ကူးပါတယ်။ ဟိုဘက်က လက်ခံ တယ်ဆိုရင်ပေါ့’’

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို နိုဝင်ဘာ၁၃ရက်ကတွေ့ရစဉ် (ဓာတ်ပုံ−ထက်အာကာ)

၂၀၁၅ ရွေးကောက်ပွဲတွင် ကြိုတင်မဲကြောင့် အငြင်းပွားဖွယ်ရာများ ပေါ်ထွက်ခဲ့သည့် မဲဆန္ဒနယ်များအနက် လက်ရှိဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၀င်ရောက်ယှဉ်ပြိုင်သော လားရှိုးမဲဆန္ဒနယ်သည် လူအများစိတ်အ၀င်စားဆုံး မဲဆန္ဒနယ်ဖြစ်ခဲ့သည်။ မဲပုံးဖွင့်ဖောက်မှု၊ မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်မဲများ မဲအပြတ်အသတ်ကွာဟနေမှုများက ပြည်သူများ၏ စိတ်ဝင်စားမှုကို ပိုမိုမြင့်တက်စေခဲ့သည်။ အဆိုပါကိစ္စများနှင့်ပတ်သက်၍ လားရှိုးသတင်းစာရှင်းလင်းပွဲကို ပြည်တွင်းရုပ်သံအချို့က တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လည်းဖြစ်၊ လက်ရှိဒုသမ္မတလည်းဖြစ်သည့် ဒေါက်တာစိုင်းမောက်ခမ်းကို 7 Day Daily သတင်းစာက နေပြည်တော်၌ သီးသန့်တွေ့ဆုံမေးမြန်း ထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

လားရှိုးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ကြို တင်မဲကြောင့် ဒေါက်တာစိုင်း မောက်ခမ်း  အနိုင်ရရှိခဲ့တယ်လို့ ပြောဆိုမှုတွေအပေါ် ဘာများ တုံ့ ပြန်ချင် ပါသလဲ။

ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေ ကလည်း ကျွန်တော့်ကို စွပ်စွဲ တယ်လို့ မဟုတ်ပါဘူး။ ပုံစံ ၁၈ နဲ့ လာတဲ့ကြိုတင်မဲက ဘာလို့ဒီ လောက်တောင် များရတာလဲ ဆိုတာ ပြောတာပါ။ အဲဒီတော့ UEC ဥက္ကဋ္ဌဦးတင်အေးပြောသ လိုပါပဲ။ လူတစ်ယောက်ကို မဲသုံးစောင်(သို့မဟုတ်)   လေးစောင် ပေးရတဲ့အတွက် ကြိုတင်မဲ ထောင်ဂဏန်းအထိ ဖြစ်သွားတာပါ။ သို့သော် ပြောချင်တာကတော့ ဒီပုံစံ ၁၈ နဲ့ အဝေးကလာတဲ့ ကြို တင်မဲခဏဖယ်ထားဦး။ မဲဆန္ဒ နယ်အတွင်းက မဲဆန္ဒရှင်တွေ ပေးတဲ့ မဲနဲ့လည်း နိုင်နိုင်ပါတယ် ဆိုတာ။ ၄၅၆ မဲအသာနဲ့   အေး အေးဆေးဆေး နိုင်နေတယ်ဆို တာ အများပြည်သူသိစေချင်တာ ပါ။ တချို့ မီဒီယာတွေက မဲခိုး တယ်၊ မဲလိမ်တယ်လို့ စွပ်စွဲနေ ကြတာ။ အဲဒါမဟုတ်ဘူးဆိုတာ လည်း သိစေချင်တာပါ။ မဲတွေက မတိမ်းမယိမ်းဖြစ်နေတယ်။ နှစ်ယောက်စလုံးက လားရှိုးမှာနေ တာ နှစ်ပေါင်း သုံးဆယ်ကျော်ရှိနေပြီ။

ကျွန်တော်လည်း ဒီနိုင်ငံရေး ထဲ မ၀င်ခင်က ရှမ်းစာပေနဲ့ ယဉ် ကျေးမှု ဗဟိုအဖွဲ့ဥက္ကဋ္ဌပါ။ အဲဒီ ဥက္ကဋ္ဌအနေနဲ့ဆိုတော့ ဒေသခံရှမ်းတွေရော၊ ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ ရှမ်းတိုင်းရင်းသားတွေရော ကျွန်တော့်ကို သိတာပေါ့နော်။ မတိမ်းမယိမ်း ဖြစ်နေတာက တော့ ကိုယ့်ကိုပေး တဲ့သူရှိသလို၊ သူ့ကိုပေးတဲ့သူလည်း ရှိတာပေါ့။ သို့သော်လည်းပဲ အထင်အမြင် မှားနေတာက ကြိုတင်မဲနဲ့ နိုင် သွားတာ ပါဆိုပြီးပေါ့နော်။ မဲဆန္ဒ နယ်အတွင်းမှာရှိတဲ့ ကြိုတင်မဲ မပေါင်းရသေးခင် ကိုထွန်းရွှေက နိုင်တဲ့သဘောပေါ့။ ဒါပေမဲ့ မဲဆန္ဒနယ်အတွင်းမှာရှိတဲ့ ကြိုတင်မဲတွေ ပေါင်းပြီးတဲ့အခါကျတော့ ကျွန်တော်ကနိုင်သွားတယ်။ ကိုထွန်းရွှေလည်း တစ်ထောင် ကျော် ရတာပါပဲ။ ဒါပေမဲ့ ကျွန်တော်က တစ်ထောင့်ငါးရာကျော်ရတဲ့ အတွက် နိုင်သွားတာပါ။ အခု ပြဿနာတက်နေတဲ့ မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်မဲပါထည့် ရေတွက်ရင် ကျွန်တော်က ပိုပြီး အပြတ်အသတ်အနိုင်ရမှာပါ။ အဲဒါတွေကို ထည့်မတွက်ဘူးဆိုရင်တော့ ၄၅၆ မဲအသာနဲ့ နိုင် တယ်ဆိုတာ ကို ပြောချင်တာပါ။

၂၀၁၀ ရွေးကောက်ပွဲတုန်းက အကြောင်းလေးတွေ ပြန်ပြော ချင်ပါတယ်။ အမျိုးသားလွှတ် တော်မှာ အနိုင်ရပြီး မထင်မှတ်ဘဲ ဒုတိယသမ္မတ   ဖြစ်လာတဲ့အ ကြောင်းပေါ့။ အဲဒီတုန်းက အခြေ အနေကို ပြန်ပြီးရှင်းပြပေးပါဦး။

ကျွန်တော့်ကို ပထမဆုံး ပြည်နယ်လွှတ်တော်မှာ ၀င်ခိုင်း တာ။ သို့သော် မကြာခင်မှာပဲ ပြည်သူ့လွှတ်တော်ကို ၀င်ပါဆိုပြီး ပြောပြန်တယ်။ အဲဒီတော့ ပြည် နယ်လွှတ်တော်မှာ ၀င်ပြိုင်ခိုင်း တာထက် ပိုပြီးခက်တာပေါ့။ ဒါ လည်း ပြဿနာမရှိဘူး။ နောက် တစ်လလောက် ကြာတဲ့အခါကျ တော့ အမျိုးသားက၀င်ပါဆိုပြီးဖြစ် ပြန်ရော။ လားရှိုး၊ သိန်းနီ၊ ကွမ်းလုံ၊ တန့်ယန်း၊ မိုင်းရယ် ငါး မြို့နယ်ဝင်ရတယ်။ ဒါလည်း ရှမ်း စာပေနဲ့ ယဉ်ကျေးမှု ဥက္ကဋ္ဌလုပ်ခဲ့ တဲ့အတွက် အဲဒီဒေသတွေက အ ၀င်အထွက်ရှိပြီးသား။ သိပ်တော့ အခက်အခဲမရှိဘူး။ လွှတ်တော် ထဲရောက်တော့ ဒုတိယသမ္မတ ရွေးချယ်ခံရမယ်မှန်း မသိသေးပါ ဘူး။ နှစ်ရက်၊ သုံးရက်လောက် ကြာတဲ့အခါမှ ဌာနချုပ်မှာ အ စည်းအဝေး လုပ်ပါတယ်။ ဆရာ့ ကို ဒုတိယသမ္မတ လျာထား တယ်။ လုပ်နိုင်မလားမေးတယ်။ လုပ်နိုင်ပါတယ်လို့ ပြန်ဖြေလိုက် တယ်။ အဲဒီလိုနဲ့ ဒုတိယသမ္မတ ဖြစ်လာတာပေါ့။

အခုလည်း ရွေးကောက်ပွဲ ပြန်နိုင်ပြန်ပြီ။ ဒါပေမဲ့ အခြေအနေတွေ က မတူတော့ဘူး။ ၂၀၁၀ တုန်း က ကိုယ့်ပါတီက အစိုးရဖွဲ့နိုင်လို့ အုပ်ချုပ်ရေးပိုင်းမှာ နေရာရခဲ့ တယ်။ ၂၀၁၅ မှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရ တဲ့အတွက် ဒုသမ္မတ ရာထူးပြန်ရ ဖို့ မသေချာတော့ဘူး။ အဲဒီတော့ လွှတ်တော်နိုင်ငံရေးအတွက် ဘာ တွေများ ပြင်ဆင်ထားသလဲ။

အဲဒီအတွက်တော့ Reorientation (ပြန်အသားကျ အောင်) လုပ်ရမှာပေါ့။ လွှတ် တော်ထဲရောက်တဲ့အခါ လွှတ် တော်ရဲ့ လုပ်နည်းလုပ် ဟန်တွေ ဖွဲ့ထားတဲ့ ကော်မတီတွေရှိတယ်။ အဲဒီထဲမှာမှ ကိုယ်နဲ့ လိုက်ဖက် သင့်တော်တဲ့ ကော်မတီဘာရှိ သလဲ၊ ကိုယ်ဘာစိတ်ဝင်စားလဲ ဆိုတာ ပြန်ပြီးညှိနှိုင်းရမှာပေါ့။ အဲဒီကော်မတီတွေထဲမှာလည်း အများစုက ဒီချုပ်ကအဖွဲ့တွေ ပါမှာပါပဲ။ အဲဒီတော့ နိုင်ငံရေးအ   နေနဲ့ ပြောရမယ်ဆိုရင် ဒါကအား လုံးပူးပေါင်းပြီး လုပ်ရမယ့်ကိစ္စ ပါ။ ဘယ်သူနဲ့ပဲ ပေါင်းရ ပေါင်းရ အဓိကကတော့ နိုင်ငံအတွက် ဘာတွေလုပ်ပေးနိုင်မလဲဆိုတာ ပါပဲ။

အခုတက်လာမယ့် အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်က အစိုးရလုပ်ဖူးတဲ့ အတွေ့အကြုံမရှိဘူး။ ဒုသမ္မတငါးနှစ်လုပ်ခဲ့တဲ့ လူတစ်ယောက် အနေနဲ့ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေအရ ဘာများအကြုံပြု ချင်ပါသလဲ။

ရိုးရိုးပြောရရင် အကြံပြုရမှာ တော့ ခက်တာပေါ့။ ဘာကြောင့် လဲဆိုတော့ ရှုထောင့်တွေက အများကြီးကိုး။ တချို့အပိုင်း လည်း သူတို့အနေနဲ့ ပြန်သင်ရမှာ တွေရှိသလို တချို့အပိုင်းတွေ လည်း ပညာရှင်တွေနဲ့ လုပ်မယ် ဆိုရင်တော့ လမ်းကတဖြည်းဖြည်းပေါ်လာမှာပါ။ သို့သော်လည်းပဲ တစ်ခုပြောလိုတာကတော့ တပ်မ တော်နဲ့တော့ ပူးပေါင်းရမှာ ဖြစ် ပါတယ်။ အခြေခံဥပဒေအရ တပ် မတော်က မပါလို့ မရတဲ့အဖွဲ့အ စည်း ဖြစ်ပါတယ်။ ဒီတော့တပ်မ တော်နဲ့ ညှိနှိုင်းပေါင်းစပ်ပြီးတော့ မှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စတွေကို တိုင်ပင်ညှိနှိုင်းပြီးတော့မှ လုပ် ဆောင်ရမှာ ဖြစ်တယ်။

ဒါတွေကို ဘယ်လောက်အ တိုင်းအတာအထိ ညှိနှိုင်းဆောင် ရွက်နိုင်မလဲဆိုတာ ကြည့်ရမှာပါ။ ကျွန်တော့်အနေနဲ့ကတော့ ဒီအစိုး ရထဲမှာလည်း ပါဝင်ခဲ့ပြီးပြီ။ တိုင်း ရင်းသားတစ်ယောက်လည်းဖြစ် တဲ့အတွက် တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေမှာ တစ်နည်း တစ်ဖုံတော့ ၀င်ပြီးကူညီ ပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပေါင်းကူးတံတားအနေနဲ့ပေါ့။

ဒီတော့ နိုင်ငံရေးကို ဆက် လုပ်မယ်ဆိုတဲ့သဘောပေါ့။ ဘယ်အချိန်အထိ ဆက်လုပ်ဖို့ရည်ရွယ် ထားလဲ။

အဲဒါတော့ အခွင့်အရေး ပေးတဲ့အထိ လုပ်ဖို့ပဲ စိတ်ကူးပါ တယ်။

၂၀၁၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့တယ်။ အခုလည်း အနိုင်ရပြန်ပြီ။ ၂၀၁၀ နဲ့ ၂၀၁၅ ဘယ်လိုကွာခြားမှုရှိလဲ။

၂၀၁၀ တုန်းကတော့ အခက်အခဲ သိပ်မရှိဘူး။ နိုင်ခဲ့တာလည်းရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ အနေနဲ့ ရှမ်းတိုင်းရင်းသားတွေက သူတို့ယုံကြည် ထားပြီးသား။ သို့ သော်လည်းပဲ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်တဲ့အ တွက် သူတို့ဘက်က တစ်မျိုးအထင်အမြင် မှားနိုင်တယ်။ အဲဒါကြောင့် ၂၀၁၅ မှာ နည်းနည်း လေးပိုပြီး အခက်အခဲရှိတယ်။ ပြီးတော့ပါတီတွေလည်း ပိုများလာတယ်။ ဒီတစ်ခေါက်ကျတော့ မဲဆန္ဒရှင်တွေက ပိုပြီးတော့မှ နိုင်ငံရေး ဗဟုသုတပိုရှိလာ တယ်။ သူတို့ရဲ့ အသည်းကြား က မဲတစ်ပြားကို ဘယ်လိုသုံးရ မလဲဆိုတာ ပိုသိတယ်။ ပိုသိတဲ့အ တွက် နှစ်ခြမ်းကွဲသွားတဲ့ သဘောပါတာပေါ့။

ဒါကြောင့်မဲအရေအတွက် နဲ့ ကြည့်မယ်ဆိုရင် သိပ်မကွာဘူး ဆိုတာ တွေ့ရတယ်။ တကယ်က တော့ ကျွန်တော်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ပိုလုပ် ချင်တယ်။ ဘာကြောင့်လဲဆိုတော့ သူက မြို့နယ်များများ ကိုယ်စား ပြုရတာပေါ့။ အဲဒီတော့ ပိုပြီး လုပ်ပေးနိုင်တယ်လို့ ယူဆရတာ ပေါ့။ အခုတော့ လားရှိုးအတွက် ပဲ ပိုပြီးအာရုံစိုက်ရတဲ့ သဘော ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ တစ်နိုင်ငံ လုံး အတိုင်းအတာနဲ့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က အနိုင်ရနေ တယ်။ ပြည်ခိုင်ဖြိုးက ရှုံးနေတာ ပေါ့နော်။ ဘာကြောင့်ရှုံးတယ်လို့ သင်ခန်းစာယူပါသလဲခင်ဗျ။

အဲဒါကတော့ နံပါတ်(၁) အနေနဲ့ ပြောရရင် ဆက်သွယ်မှု လမ်းကြောင်းလေးတွေ လိုမယ်လို့ ပြောရမှာပေါ့။ အထက်က သိထားတာနဲ့   အောက်ကတ ကယ်တမ်း အကောင်အထည်ဖော် နိုင်တာက ဘယ်လောက်အတိုင်း အတာရှိသလဲဆိုတာ နည်းနည်း အဆက်ပြတ်နေ တယ်နဲ့ တူပါ တယ်။ အဲဒါတွေက ပြန်ပြီးတော့ ခြုံငုံသုံးသပ်ရမယ့် အပိုင်းတွေပါ။

ပါတီကို ကြီးကြီးမားမား ပြုပြင် ပြောင်းလဲဖို့ လိုမယ်လို့ ထင်ပါ သလား။ ပြည်သူရဲ့ ထောက်ခံမှု ကို ပြန်ရဖို့အတွက်ပေါ့။

အဲဒါက အခြေခံကစပြီး လုပ်လိမ့်မယ်လို့ ထင်ပါတယ်။ ကိုယ်ကတော့ ပါတီမှာ ထဲထဲဝင် ၀င် မပါဘူးပေါ့။ အုပ်ချုပ်ရေးအ ပိုင်းဘက်မှာ ပဲနေတော့ ပါတီထဲ မှာ ဘယ်လိုအခြေအနေရှိလဲဆို တာ သေချာမသိဘူး။ သို့သော် ခရီးစဉ်ထွက်တိုင်းတွေ့ရတဲ့ အခြေအနေအရ တချို့ကိစ္စတွေ သဘောပေါက်ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီလုပ်ငန်းဝင်ရောက် ဆောင် ရွက်ခွင့်မရှိတဲ့အတွက် ကင်းကင်း ရှင်းရှင်းပဲ နေရပါတယ်။

တိုင်းရင်းသားတစ်ယောက် ဒုသမ္မ တဖြစ်လာတဲ့အခါ တိုင်းရင်းသား တွေက မျှော်လင့်ခဲ့ကြတယ်။ ဒု သမ္မတအနေနဲ့ တိုင်းရင်းသားတွေ အကျိုးနဲ့ပတ်သက်ပြီး ကျေနပ် အားရမှုရှိအောင် လုပ်ဆောင်ခဲ့ရ ရဲ့လား။

အားရကျေနပ်မှုရှိသလား လို့မေးရင်တော့ သိပ်တော့အားမ ရဘူး။ ဒီထက်မက လုပ်နိုင်လိမ့် မယ်လို့ မျှော်လင့်ခဲ့ပေမယ့် လိုပါ သေးတယ်။

နောက်ထပ် သက်တမ်းတစ်ခု တာဝန်ထမ်းဆောင်ခွင့်ရခဲ့မယ် ဆိုရင် ဘာတွေ လုပ်ပေးဖို့စဉ်းစား ထားတာတွေရှိလဲ။

အခုတော့ ဘာတွေလုပ်ရမ လဲဆိုတာထက် ဘယ်လိုဖြစ်လာ မလဲဆိုတာ စောင့်ကြည့်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်က အနိုင်ရပါတီ မဟုတ်ဘူးလေ။ အဲ ဒီတော့ ဟိုဘက်က ဘယ်လိုလုပ် မယ်။ ကိုယ်က ဘယ်နေရာ၊ ဘယ်ကဏ္ဍကနေ ပါဝင်ပြီးတော့မှ လုပ်ဆောင်နိုင် မလဲဆိုတာ စောင့် ကြည့်ရမှာပါ။

ဒုသမ္မတက UPWC မှာဆိုရင် လည်း ဥက္ကဋ္ဌတာဝန်ထမ်းဆောင် နေပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဒုဥက္ကဋ္ဌ ဦး အောင်မင်းကိုပဲ   တွေ့နေရပါ တယ်။ ဒုသမ္မတကို သိပ်မတွေ့ရ ဘူး။ ဘာကြောင့်ပါလဲ။

ငြိမ်းချမ်းရေးနဲ့ပတ်သက် လာရင် ကော်မတီနှစ်ခုရှိတယ်။ ဗဟိုကော်မတီရှိတယ်။ လုပ်ငန်း ကော်မတီရှိတယ်။ လုပ်ငန်းကော် မတီရဲ့ဆောင်ရွက်ချက်က ဗဟို ကော်မတီလောက် အားမကောင်း ဘူး။ ဗဟိုကော်မတီမှာလည်း ကျွန်တော်ပါပါတယ်။ ကျွန်တော် က ဥက္ကဋ္ဌဆိုပေမယ့် ခြေနဲ့လက်နဲ့ အများဆုံးလုပ်နေတာက ဝန်ကြီး ဦးအောင်မင်းပေါ့။ အဲဒီတော့ သူ နဲ့က ဗဟိုကော်မတီမှာ ခပ်များ များတွေ့ကြပါတယ်။ လုပ်ငန်း ကော်မတီမှာ တချို့အပိုင်းတွေ ပါရတာရှိသလို၊ တချို့အပိုင်းတွေ လည်း ဦးအောင်မင်းပဲ လုပ်သွား တာရှိပါတယ်။ သို့သော်လည်းပဲ ဖြစ်ပျက်နေတဲ့အခြေအနေတွေ အားလုံးကို ရီပို့ပြန်ပေးပါတယ်။

အခု ဖြတ်သန်းခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်က လမ်းကြောင်းမှန် ကန်တယ်လို့ ယူဆပါသလား။ကျေနပ်အားရမှုကောရှိပါသလား။

အတိုင်းအတာတစ်ခုအထိ တော့ ကျေနပ်ပါတယ်။ အရင် တုန်းကတော့ တစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ စစ်ဖြစ်နေတာ။ တိုက်ခိုက်နေတာ။ အခုတော့ တော်တော်လေးကို လျော့သွား တာပေါ့။ သို့သော်လည်းပဲ စိတ် မကောင်းစရာက ကျွန်တော်တို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အ ခြေအနေက မငြိမ်းချမ်းသေးတဲ့ အတွက် စိတ်မချမ်းသာစရာပေါ့။

ရှမ်းပြည်နယ်မှာ သေနတ်သံတွေ တိတ်သွားဖို့ နှစ်ဖက်လုံးကို ဘယ် လိုအကြံပြချင်ပါသလဲ။

နှစ်ဖက်လုံးက အပေးအယူ နဲ့ ဆွေးနွေးရလိမ့်မယ်လို့ထင်ပါ တယ်။ လက်နက်ကိုင်အဖွဲ့အ စည်းဆိုတာကတော့ စိတ်လိုက် မာန်ပါလုပ်တတ် တာလည်း ရှိပါ တယ်။ ကိုယ့်မိတ်ဆွေ၊ ကိုယ့်လူ ကျဆုံးသွားတဲ့အတွက် ဘာမှမ စဉ်းစားတော့ဘူး။ ပြန်ချမယ်ဆို တဲ့ ဟာမျိုးကတော့ သူ့ရဲ့သဘာဝ ပါ။ အဲဒါတွေလျှော့ပြီးတော့မှ တစ်ဖက်နဲ့တစ်ဖက် အပေးအယူ လုပ်မယ်ဆိုရင်၊ သည်းခံမယ်ဆို ရင် ဒီငြိမ်းချမ်းရေးက ပိုပြီးအောင် မြင်လိမ့်မယ်လို့ထင်ပါတယ်။ ဒါ မျိုးက တစ်ဖက်တည်းလုပ်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ နှစ်ဖက်စလုံး လုပ်ရမှာပါ။

ဒီအစိုးရငါးနှစ်သက်တမ်းမှာ တိုင်းရင်းသားတွေလိုချင်တဲ့ဖက် ဒရယ်ပုံစံမျိုးမရခဲ့ဘူး။ အဲဒီအ တွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးက လည်းအားကောင်း မောင်းသန်မရှိခဲ့ဘူး။ အစိုးရဘက် မှာ အဲဒီကိစ္စတွေ ဆောင်ရွက်ဖို့ အတွက် ဘာအခက်အခဲတွေရှိခဲ့ ပါသလဲ။

အခက်အခဲလို့ ပြောတာ ထက် ဘယ်လောက်အတိုင်းအ တာအထိ ပူးပေါင်းဆောင်ရွက်မှု ရှိနိုင်သလဲဆိုတာ အရင်စဉ်းစား ရမှာပေါ့။ ငြိမ်းချမ်းရေးနဲ့ ပတ် သက်တဲ့ကိစ္စအပါအဝင်ပေါ့။ ငြိမ်းချမ်းရေးကိစ္စက တပ်မတော် နဲ့ပိုပြီးတော့ ပတ်သက်တဲ့အပိုင်း ဖြစ်ပါတယ်။ တပ်မတော်ပိုင်းက လည်း လက်နက်ကိုင်တိုင်းရင်း သားတွေဘက်က ဘယ်လောက် အတိုင်းအတာအထိ ညှိနှိုင်းနိုင်မ လဲ။ အဲဒီအပေါ်မှာ အများကြီးမူ တည်ပါတယ်။

အခုက လွှတ်တော်ကိုယ်စားလှယ် ပြန်ဖြစ်လာပြီဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ တိုင်းရင်းသားတွေလိုချင်တဲ့ ပုံစံ မျိုးကို လုပ်ပေးဖို့ ဘယ်လိုစဉ်းစား ထားသလဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆို တာ အမြဲတမ်း ဒီအတိုင်းထားဖို့ မဟုတ်ပါဘူး။ လိုအပ်ရင် လိုအပ် သလိုပြင်ဆင်ဖို့ပါ။ ပြင်ဆင်တဲ့ အပိုင်းမှာက ဘယ်လိုအခက်အခဲ ရှိမယ်။ ဘယ်လိုကျော်လွှားလို့ ရ မလဲဆိုတာက ဒီကိစ္စက လွှတ် တော်ထဲ ရောက်သွားမှ သိမှာပါ။

အခုလက်ရှိ အစိုးရသက်တမ်းကုန် ဆုံးပြီး အစိုးရသစ်ကို အာဏာလွှဲ ပြောင်းပေးဖို့ကိစ္စ လာပါတော့ မယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရ အဖွဲ့ အနေနဲ့ ဘယ်လိုပြင် ဆင်ထားပါသလဲ။

အခုသိရသလောက်ကတော့ လွှတ်တော်ကိုယ်စားလှယ် နာမည်တွေ ကြေညာနေတုန်းပဲရှိ သေးတယ်။ ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတာတော့ အမျိုးသားဒီမိုက ရေ စီအဖွဲ့ချုပ်က သမ္မတကြီး၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နဲ့ ကမ်းလှမ်းထားတာရှိပါတယ်။  အဲဒီမှာ ဘယ်လိုအဖြေထွက်လာ မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ် ပါတယ်။ အဲဒီကနေမှ သွားရမယ့် ပုံစံက ပေါ်လာလိမ့်မယ်လို့ ထင် ပါတယ်။

ဒုတိယသမ္မတ တာဝန်ထမ်း ဆောင်စဉ်မှာ ကျေနပ်အားရမှုရှိ တဲ့ အပိုင်းတွေက ဘာတွေပါလဲ။

ဒုသမ္မတအနေနဲ့ အထူးသ ဖြင့် ပညာရေးနဲ့ ကျန်းမာရေးပေါ့။ အခြေခံအဆောက်အအုံနဲ့ ပတ် သက်တာတွေလည်း လုပ်နိုင်ခဲ့ တာတွေရှိပါ တယ်။   အဲဒါတွေက ရာနှုန်းပြည့် အားမရတာတောင်မှ  တော်တော်လေးကို အားရတယ် လို့ပဲ ကျွန်တော် ပြောချင်ပါတယ်။

အဲဒီတော့ အားမရတာတွေကော ဘာတွေရှိခဲ့လဲ။

ဘာပဲလုပ်လုပ် နောက်ဆုံး ဘယ်မှာလာဆုံးလဲဆိုတော့ ဘတ်ဂျက်မှာလာ ဆုံးတာပေါ့။ ဘတ် ဂျက်က အားရပါးရရှိပါမှ ဘာပဲ လုပ်လုပ် အကောင်အထည်ပေါ် လာမှာ။ ဘတ်ဂျက်က မရှိဘူး။ မလောက်ဘူးဆိုရင် ဟိုနေရာ လည်း လုပ်ချင်တယ်။ ဒီနေရာ လည်း လုပ်ချင်တယ်ဆိုတာမျိုးဆို ရင် တစ်နေရာပဲ ကိုယ်ကရွေးရမှာ ဆိုတော့ အဲဒီအပိုင်းကတော့ အားရကျေနပ်မှုမရှိဘူး။

တပ်မတော်အစိုးရလက်ထက်က နေ ယူနီဖောင်းပြောင်းလာတဲ့ သူတွေကြားမှာ အရပ်သားတစ် ယောက်အနေနဲ့ အုပ်ချုပ်ရေးပိုင်း မှာ ဘယ်လိုဖြတ် သန်းခဲ့ရပါသလဲ။

သိပ်တော့ အခက်အခဲမရှိပါ ဘူး။ အသားကျအောင် နေရတဲ့ သဘောပဲရှိပါတယ်။ ပြောတာ၊ ဆိုတာ၊ သွားတာ၊ လာတာ ပုံစံ ၀င်အောင် နည်းနည်းလုပ်ရတဲ့ သဘောတော့ ရှိပါတယ်။

အဲဒီတော့ အခက်အခဲမရှိဘူးဆို တော့ သူတို့က ဒီမိုကရေစီအစိုးရ ပုံစံမျိုး ကျင့်သုံးလို့လား။ ဥပမာ ကာလုံအစည်းအဝေးတွေမှာ ပေါ့။ အရပ်သားက ဒုသမ္မတ တစ်ယောက်ပဲလေ။

ကာလုံအစည်းအဝေးတွေမှာ နောက်ဆုံးဆုံးဖြတ်တာက တော့ သမ္မတကြီးပါ။ အထဲမှာ ဆွေးနွေးချင်တာတွေကို လွတ်လွတ်လပ်လပ်   ဆွေးနွေး လို့ရပါ တယ်။ နောက်ဆုံးကတော့ သမ္မတ ကြီးပဲ ဆုံးဖြတ်တာများပါတယ်။ တစ်ခါတလေကျတော့လည်း မဲပေးရတာတွေ ရံဖန်ရံခါရှိတတ်ပါ တယ်။

မဲပေးပြီး ဆုံးဖြတ်တဲ့အခါမှာ တပ် မတော်ဘက်က ခြောက်ယောက် တောင်ရှိတော့ သူတို့ပဲ အနိုင်ရ လိမ့်မယ်လို့ မှတ်ချက်ပြုတာတွေ ရှိပါတယ်။

ကာလုံအစည်းအဝေးက တော့ ခုနက ပြောသလိုလွတ် လွတ်လပ်လပ်ပြောလို့ရတယ်။ တချို့အပိုင်းတွေကျတော့ ဆွေး နွေးပြီးရင် ကိုယ့် ထင်မြင် ယူဆ ချက်တွေကို သဘောတူသလား၊ မတူဘူးလားဆိုတာကျတော့ စာနဲ့လျှို့ဝှက်ပြီးမှ ပေးတဲ့အခါလည်း ရှိပါတယ်။ ဘယ်သူက ဘယ် လောက်ပေးတယ်ဆိုတာကတော့ သမ္မတကြီးပဲသိတာပါ။

ဒုသမ္မတအနေနဲ့ အခုတက်လာ မယ့် အစိုးရကို ဘာများ ပြောချင် ပါသေးလဲခင်ဗျာ။

အခုတက်လာမယ့် အစိုးရကိုကျွန်တော်အနေနဲ့ တတ်နိုင်တဲ့ ဘက်က ပါဝင်ကူညီဆောင်ရွက် သွားဖို့ပဲ စိတ်ကူးပါတယ်။ ဟို ဖက်က လက်ခံတယ်ဆိုရင်ပေါ့။ နိုင်ငံရေးဆိုတာကတော့ တစ် ဘက်က တက်မယ်။ တစ်ဖက်က ကျမယ်။ ဒါထုံးစံပါ။ ဘယ်သူက ဆုံးဖြတ်သလဲဆိုရင် ပြည်သူက ဆုံးဖြတ်တာပါ။ အဲဒီတော့ပြည် သူက ဆုံးဖြတ်တဲ့အတိုင်း လိုက် ပြီး လုပ်ဆောင်ဖြည့်ဆည်းပေးနိုင် တဲ့ ပါတီကတော့ အနိုင်ရမှာပဲ။ သို့သော် ကျွန်တော်က ၂၀၁၀ က တည်းက ရွေးကောက်ပွဲဝင်တဲ့ ရည်ရွယ်ချက်ကိုက အများအ တွက် လုပ်ပေးချင်တယ်။ ဘာ တွေ လုပ်ပေးနိုင်မလဲ၊ ဘယ်နေ ရာကနေ လုပ်ပေးနိုင်မလဲပေါ့။ အခုလည်း တတ်နိုင်သလောက် လုပ်ပေးတယ်။ ရာနှုန်းပြည့်အား မရပေမယ့်လည်း ကျွန်တော်လုပ် နိုင်သလောက် လုပ်ပေးခဲ့တဲ့အ တွက် အထိုက်လျောက်တော့ ကျေနပ်ပါတယ်။ လာမယ့် အစိုးရ သစ်မှာဆိုရင် တိုင်းရင်းသားတစ် ဦးအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ၊ တိုင်းရင်းသားတွေနဲ့ ပြည်မကြားက ဖြစ်ပေါ်နေ တဲ့ အအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကျွန်တော်က ဘယ်နေရာက ပါဝင်နိုင်မလဲဆိုတာ ကြည့်ပြီး ကူ ညီဆောင်ရွက်သွားမှာပါ။

ဒီတော့ တိုင်းရင်းသားတွေ လိုချင် တာက ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု၊ လက်ရှိအစိုးရက ဗဟိုချုပ်ကိုင်မှုစနစ်က လာတာ ဆိုတော့ အဲဒီကြားမှာ ပြေပြေပြစ် ပြစ်ဖြစ်သွားအောင် ဘယ်လိုအ ကြံပြုချင်ပါသလဲ။ ဥပမာဖွဲ့စည်း ပုံအခြေခံဥပဒေကို စပြီး ပြင်ရမှာ လား ဆိုတာမျိုးပေါ့။

ဖွဲ့စည်းပုံအခြေခံဥပဒေ လည်း တချို့နေရာတွေ ပြင်ရ မယ်။ နောက်တစ်ခုက ဗဟိုချုပ် ကိုင်မှုစနစ်ကိုလည်း မလွဲမသွေ လျှော့ရမှာပါ။ အရေးကြီးဆုံးက တော့ နိုင်ငံရေး၊ စီးပွားရေးတိုး တက်လာဖို့ လိုပါတယ်။ ကိုယ်က သဘာဝသယံဇာတအပေါ် ထိုင် နေတယ်ဆိုပေမယ့် လူ့စွမ်းအား အရင်းအမြစ်လိုတယ်။ ဘဏ္ဍာ ရေးတောင့်တင်းဖို့ လိုတယ်။ ဒါမှ စီးပွားရေးလုပ်ရတာ အောင်မြင် မှာ။ ဒါတွေ မပြည့်စုံဘဲနဲ့ သယံဇာ တရှိတာ တစ်ခုတည်းနဲ့တော့ အ ဆင်မပြေဘူး။

ဘာများ ဖြည့်စွက်ပြောချင်ပါ သေးလဲခင်ဗျာ။

ကျွန်တော့်အနေနဲ့ ထပ်ပြီး ပြောချင်တာကတော့ မဟုတ်မမှန်စွပ်စွဲဖော်ပြခဲ့တဲ့ မီဒီယာတွေအ နေနဲ့က အမှန်ကို သိသွားတဲ့အခါ မှန်တဲ့ အတိုင်း ပြန်ရေးသင့်တယ် လို့ ပြောချင်ပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

http://www.7daydaily.com/story/50923


Filed under: သတင်းများ, ရွေးကောက်ပွဲ

အစိုးရသစ်​ကိုအသွမ်းကုန်​ကူညီမည်​ဟု ဂျပန်​ နှင့်​ အ​မေရိကန်​ ဆို


ကွမ်းရွက်မှရရှိနိုင်သောကျန်းမာရေး အကျိုးကျေးဇူး လေးများ (အပိုင်း ၁)

$
0
0

ကွမ်းပင်များဟာ Piperaceae(ခေါ်) ငရုပ်ကောင်း မျိုးရင်း ဖြစ်ကြပြီး၊ ရုက္ခဗေဒအမည်အရ Piper bettle Linn. ဟု ခေါ်ပါတယ်။ ကွမ်းပင်ကို အင်္ဂလိပ်လို Bettle Vine ၊ ရှမ်းဘာသာစကားဖြင့် Pu ၊ ကချင်ဘာသာ စကားဖြင့် Bu(သို့ )Buru လို့ ခေါ်ပါတယ်။ ကွမ်းပင်ပေါက်ရောက်ရာ ဇာစ်မြစ်ဒေသဟာ အင်ဒိုနီး ရှားဖြစ်ပြီး၊ မလေးရှား၊ သီရိ လင်္ကာ၊ အိန္ဒိယနိုင်ငံ များကလည်း ကွမ်းပင် ပေါက်ရောက်သော ပင်ရင်းဒေသများလို့  ဆိုနိုင် ပါတယ်။ သို့ သော် ရာဇ၀င်များကို လေ့လာကြည့်တဲ့အခါမှာတော့ အာရှတိုက်၏ ပါကစ္စတန်နိုင်ငံရှိ Harappan   တိုင်းရင်း သားများနေထိုင်ရာ ပန်ဂျပ်ပြည်နယ်အနီး Indus မြစ်ဝှမ်းကသာလျှင် ကွမ်းပင် ပေါက် ရာ အဓိက မူပိုင်ဒေသ ဟူ၍ ဖော်ပြ ထားတာကို လေ့လာတွေ့ ရှိရပါတယ်။ ထိုဒေသများမှာတော့ ကွမ်းရွက် ပင် ကို wild pepper ၊ karuk ၊ betel pepper ၊ daun kaduk စသဖြင့် အမည်နာမအမျိုးမျိုး ခေါ်ဆိုလေ့ ရှိကြပါတယ်။

(အပင်၏ ပုံသဏ္ဍာန်)
နွယ်ပင်မျိုးဖြစ်ပါတယ်။ ပင်စည်လုံးမှာ သေးသွယ်ပြောင်ချော၍ အမြစ်များထွက်နေသော အဆစ်ဖုတွေ ပါရှိနေကြပါတယ်။ မွှေး သောရနံ့ ရှိ ပါတယ်။ တခါတရံ ဂလင်းများရှိနေတာကိုတွေ့ ရတတ်ပြီး၊ ထိုအရွက် မျိုးက အမွှေးနံ့ ပိုစူးရှပါတယ်။ ကွမ်းပင်ကို အနုစား၊ အလတ်စား၊ အကြမ်းစား၊ အရိုင်းစား ဟူ၍ (၄)မျိုး  ခန့်  ခွဲထားပါတယ်။

(အရွက်၏ ပုံသဏ္ဍာန်)
ရွက်လွှဲထွက်ပါတယ်။ နှလုံးပုံရှိ၍ ရွက်ထိပ်ချွန်းပြီး ရွက်ရင်းပိုင်းမှာတော့ အ၀ိုက်များက ညီညီညာညာဖြစ်နေ ပါတယ်။ အရွက်၏ အပေါ်ပိုင်း မျက်နှာပြင်မှာ ပြောင်ချောနေပြီး၊ ရွက်ကြောထင်ရှား၍ ရွက်နားညီပါတယ်။ ရွက်ညှာရှည်၍ အလယ်တွင် မြောင်းပါရှိပါတယ်။

(အပွင့်၏ ပုံသဏ္ဍာန်)
ပန်းပွင့်မှာ အလွန်သေးငယ်ပြီး အဖိုပွင့် နှင့် အမပွင့်ဟူ၍ သီးသန့် စီရှိကြပါတယ်။ အဖိုပန်းခိုင်က ပို၍သေးပါတယ်။ ပန်းခိုင်များဟာ အရွက်နှင့် မျက်နှာချင်းဆိုင် ထွက်လေ့ ရှိပါတယ်။

(အသီး၏ ပုံသဏ္ဍာန်)
အသီးက ရှည်မျောမျော ပုံသဏ္ဍာန်ဖြစ်ကြပြီး၊ အညှာတံ တစ်ခုထည်းတွင် ပိတ်ချင်းသီးကဲ့သို့  စုပေါင်း၍ အသီးသီးလေ့ ရှိပါတယ်။

(ပေါက်ရောက်သည့်ဒေသ)
ကွမ်းပင်များဟာ စိုက်ပျိုးပင် အမျိုးအစားဖြစ်ပြီး၊ မြန်မာနိုင်ငံ အနှံ့အပြားမှာ စိုက်ပျိုးပေါက်ရောက်ကြပါတယ်။

ကွမ်းရွက်နှင့် ကျန်းမာရေး။

(မြန်မာ့ ရိုးရာကုထုံးများ)
ဆေးအဘိဓာန်ကျမ်းတွင် “ ကွမ်းရွက်၊ ပိတ်ချင်းရွက်၊ ငရုတ်ရွက်၊ စရိုရွက် ဤလေးပါးသော အရွက်တို့၏ ဂုဏ်ကား သေမှာစ- သလိပ်ကို လည်းကောင်း၊ ဝါတာစ- လေကို လည်းကောင်း၊ ပိတ္တာစ- သည်းခြေကို လည်းကောင်း၊ လောဟိတာစ- သွေးကို လည်းကောင်း၊ ဘိညကာ ဖောက်ပြန်၍ဖြစ်သော နာနာ ရောဂါနိ၊ အထူးထူးသော အနာတို့ကိုနိုင်၏ ” ဟု သစ်ရွက်တို့၏ ဂုဏ် အရသာကို ပြဆိုသော အခန်းတွင် ဖော်ပြထား သည်ကို တွေ့ရှိ ရပါတယ်။ မြန်မာ့ဆေးကျမ်းများ၏ အလိုအရ၊ အရွက်ကို အသုံး ပြု၏။ ကွမ်းရွက်သည် ဖန်၊ ခါး၊ ပူစပ်သောအရသာရှိ၏။ နှုတ်က်ုမြိန်စေ၏။ သလိပ်ကိုကြေစေ၏။ ထက်မြက်၏ အားကို တိုးစေ၏ အဆိပ်ကို ပယ်တတ်၏။ ၀မ်းမီးတောက်စေ၏။ ကာမကို အားပေး၏။ နှလုံးကို အကျိုးပြု၏။ စသည်တို့  ကို ပျောက်ကင်းစေ၏။ အာပေါ၊ ၀ါယောဓာတ် ဦးဆောင်သော အပင်ဖြစ်၏။ လေ၊ သလိပ်၊ ဒေါသ ကိုနိုင်၏။ နှလုံး၊ ချောင်းဆိုးရောဂါ၊ ဆီး၊ ၀မ်းချုပ်သော အရာများ၊ အဖျားရောဂါများ၊ အနာပေါက်ရောဂါ များ နှင့် လေငန်း ရောဂါ၊ အနာပေါက်၊ ပန်းနာ၊ နှလုံးရောဂါ၊ မျက်စိမှုန်ခြင်း၊ သည်းခြေနာ၊ သွေး နာ၊ ဖောက်ပြန်သော အနာတို့ ကို နိုင်၏ဟု ဖော်ပြထားပါတယ်။ ကွမ်းရွက်ဟာ အရွယ် (၃)ပါးမရွေး
လူသား အားလုံးအတွက် ဆေးဖက် ၀င်ပါတယ်။

(အင်ဒိုနီးရှား ရိုးရာကုထုံးများ)
အင်ဒိုနီးရှားနိုင်ငံတွင် ချွေးနံ့ ဆိုးထွက်ခြင်း(၀ါ)ကိုယ်နံ့ ဆိုးခြင်း နှင့် အမျိုးသမီးများ ဓမ္မတာအတွက် ရိုးရာ ကုထုံးအဖြစ် ရေနွေး ကြမ်းလ္ဘက်ခြောက် အစား ကွမ်းရွက်ကိုခပ်၍ သောက်သုံးစေပါတယ်။ ဒါ့ပြင်ခံတွင်း နံ့  ဆိုးခြင်း၊ အူသိမ် အူမထဲရှိ ကပ်ပါးကောင် များ၊ ဆီး ပြတ်တောင်း ပြတ်တောင်း သွားခြင်း၊ ဝှေးစေ့ရောင်ခြင်း၊ သားသယ်မိခင်များ နို့မထွက်ခြင်း၊ ဆီးချို၊ ၀မ်းချုပ်ခြင်း၊ ခြေ တုန် လက်တုန်ရောဂါ၊ ထိခိုက် ဒဏ်ရာများ၊ ဖက်ခွက်နာ၊ ပြည်တည်နာ စသဖြင့် ဝေဒနာများအတွက် ကွမ်းရွက်ကို ဆေးဝါးအဖြစ် အစဉ် သုံးစွဲလျက်ရှိပါ တယ်။

(အိန္ဒိယ ရိုးရာကုထုံးများ)
Ayurveda(ခေါ်)အိန္ဒိနိုင်ငံ၏ ရှေးဟောင်း သမိုင်းဝင်စာအုပ်များ ကွမ်းရွက်ကို အထွေထွေကျန်းမာရေးအ တွက် ရိုးရာကုထုံး အဖြစ် 400 BC ကတည်းက သုံးစွဲလာခဲ့ကြောင်း၊ 75 AD နှင့် 300 AD ကြား ကာလ များမှစတင်၍ ထမင်းစားပြီးတိုင်း ကွမ်းဝါး သော ဓလေ့ဖြစ် လာကြောင်း ဖော်ပြထားပါတယ်။ ဥရောပ ကုန် သည်ကြီးတစ်ဦးဖြစ်သူ မာကိုပိုလို၏ မှတ်တမ်းများတွင် ၁၃ ရာစု နှစ်၌ အိန္ဒိနိုင်ငံရှိ ဘုရင် များ နှင့် မြင့်မြတ်သော မျိုးနွယ်ဝင်များဟာ ကွမ်းအမြဲဝါးလေ့ရှိတယ်လို့  ရေးသားထားပါတယ်။ အိန္ဒိယ ရိုးရာ ကုထုံးများတွင် ကွမ်းရွက်ကို ဖန်ရေ(ပိုးသတ်ဆေးရည်)၊ ကာမအားတိုးဆေး၊ ဆီးချို သွေး ချိုးပျောက်ဆေး၊ နှ လုံးသွေးကြော ရော ဂါ၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများ၊ ၀မ်းသက်ဆေး၊ အနာ့ပဆုပ်၊ ကင်ဆာရောဂါ စသဖြင့် ဝေဒနာအမျိုးမျိုးအတွက် ဆေးဝါး ဖြစ် အသုံးပြုနေကြပါတယ်။

(တရုပ်ရိုးရာ ကုထုံးများ)
တရုပ်နိုင်ငံမှာတော့ နွယ်ပင်ဖြစ်သော ကွမ်းပင်တို့ ကို အဆိပ်အတောက်ပြေဆေး၊ ခန္ဓာကိုယ်အားဖြည့်ဆေး၊ မျိုးရိုးဇီဝ မြင့်မား ဆေး၊ ထုံနာကျင်နာများ၊ ချောင်းဆိုးရောဂါ၊ ပန်းနာ ရင်ကျပ်၊ ယားယံခြင်းပြဿနာ စသည့်ရောဂါ များအတွက် ရိုးရာကုထုံးများ အဖြစ် အသုံးပြုလျက် ရှိပါတယ်။

(အနောက်နိုင်ငံ ကုထုံးများ)
ဆေးသိပ္ပံနည်းဖြင့် လေ့လာကြည့်ရာတွင် ကွမ်းရွက်ထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်များ၊ ကယ်လ်စီယမ်၊ ကာရိုတင်း၊ ရိုင်ဘိုဖလေ ဗင်၊ နိုင်ယာစင်၊ သိုင်ယာမင်း နဲ့ ဗီတာမင်စီတို့ ပါရှိနေတာကိုတွေ့ ရ ပါတယ်။ လတ်တလော လေ့လာမှုတွေ့ ရှိချက်အရ ကွမ်းရွက် ထဲမှာ ဖီနိုင်း၊ ပရိုပိန်း၊ သကြား၊ အယ်လ်ကာလွိုက်၊ တန်နင်၊ မရှိမဖြစ်ဆီ(အဆီ) စတာတွေပါဝင် နေကြကြောင်း သိရပါတယ်။ ၄င်း အစွမ်း များကြောင့် ကွမ်းရွက်ဟာ ဗက်တီးရီးယား နိုင်ဆေး၊ အသံကောင်းဆေး၊ ခံတွင်းသန့် ဆေး၊ ကိုယ်နံ့ ပျောက်ဆေး၊ မှို ယားနာ ပျောက်ဆေး၊ အစာကြေဆေး၊ လိင်စိတ်ဆန္ဒ နှိုးကြွဆေး၊ ခံတွင်းမြိန်ဆေး၊ အရေပြားသန့် ဆေး အဖြစ် ဆေးစွမ်း ထက်မြက်ပါတယ်။ ဒါ့ပြင် ကွမ်းရွက်ထဲမှာပါတဲ့ ချာဗီကော(ခေါ်)ဖီနောဓာတ်ဟာ အစွမ်းထက် ပိုးသတ်အာနိသင်ရှိပါတယ်။

ရင်သွေးငယ်များအတွက် ကွမ်းပင်၏ ဆေးဖက်ဝင်ပုံ။

(၁) ကွမ်းရွက်ဟာ အညှော်အသင်းများအတွက် လွန်စွာကောင်းမွန်လှတာကြောင့်၊ ၄င်းကိုလက်ဖြင့်လုံးချေ၍ ရှုပေးရုံဖြင့် အညှော် များထွက်စေပါတယ်။ အညှော်မိ အညှော်ငုပ်သော ကလေးများအတွက် ကွမ်းရွက်စိမ်း သတ္တုရည်ဖြင့် လိမ်းပေးပါ၊ တိုက်ကျွေးပါ၊ အနံ့ ရှု ခိုင်းပေးပါ။
(၂) ကလေးများ လေပွခြင်း၊ အစာမကြေဖြစ်ခြင်း၊ ၀မ်းသွားခြင်း နှင့် ဖျားနာခြင်းများအတွက် ကွမ်းရွက်စိမ်း ညှစ်ရည်(သတ္တုရည်) ကို ပျားရည်နဲ့ ရော၍တိုက်ကျွေးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
(၃) ဝမ်းချုပ်၊ ဆီးချုပ် ဖြစ်ပါက ကွမ်းရိုးတွင် အုန်းဆီ(သို့ )ကြက်ဆူဆီ သုတ်ပြီးနောက်၊ ကလေးစအိုပေါက်မှ ဝမ်းချူသကဲ့သို့ ထည့်ပြီး လှည့်ပေးခြင်းဖြင့် ဆီးရော ဝမ်းပါ သွားစေနိုင်ပါတယ်။
(၄) မွေးရာပါ မျက်ခုံးမွှေး မသန်သော ကလေးငယ်များအား မျက်ခုံးနှစ်ဖက်ကို ကွမ်းရိုးဖြင့် အသာအယာ ဆွဲပေးပါ။ မျက်ခုံးမွှေး သန်လာစေပါတယ်။ (မျက်စိကိုမထိုးမိအောင် သတိပြုပါ)
(၅) နှာစေး၊ နှာပိတ်ခြင်းအတွက် ကွမ်းရွက်ကိုမီးကင်၍ ကလေးငယ်များ၏ ငယ်ထိပ်ပေါ် အုန်းဆီဖြင့် ဆွတ်ပြီး ကပ်ထားပေးပါ (သို့ ) ကွမ်းရွက် အဝိုင်းငယ်ကို ကလေး၏ ငယ်ထိပ်တွင် ကပ်ပေးပါ၊ ရောဂါ ကိုပျောက် စေပါတယ်။
(၆) အပူကြီး၍ ဖျားနားသော ရင်ခွင်ပိုက် ကလေးငယ်များအတွက်၊ ကွမ်းရွက်စိမ်းကို အရည်ညှစ်၍ ချိုင်းကြား၊ ပေါင်ခြံကြားတို့ တွင် လိမ်းပေးနိုင်ပါတယ်။
(၇) ချွဲထ၊ ရင်ကျပ်ပါက ကွမ်းရွက်ကို မီးကင်၍ ကလေးရင်အုံတွင် ကပ်ပေးပါ။
(၈) အိန္ဒိယနိုင်ငံတွင် ကလေးငယ်များ ချောင်းတဟွတ်ဟွတ် ဆိုးခြင်းအတွက် ဤကုထုံးဖြင့် ကုသလျက်ရှိ ပါတယ်။ ကွမ်းရွက် ၅ ရွက်၊ လေးညှင်းပွင့် ၁၁ ပွင့် နှင့် ဖာလာစေ့ ၁၁ စေ့တို့ ကို ရေဆေးပြီးနောက်၊ ရေ ၂ ခွက် ဖြင့်ပြုတ်ပါ။
ရေ ၁ ခွက် အထိ ကျသွားအောင် တည်ပါ။ ရရှိလာသော ဆေးပြုတ်ရည် ၁ ခွက်စာ ပမာဏအား –
• အသက် ၁ နှစ်မှ ၃ နှစ်ကြား ကလေးကို တစ်နေ့  သုံးကြိမ်နှုန်းဖြင့် ဆေးရည် လ္ဘက်ရည်ဇွန်း ၁ ဇွန်းစီ တိုက်ပါ။
• အသက် ၄ နှစ်မှ ၅ နှစ်ကြား ကလေးကို တစ်နေ့  သုံးကြိမ်နှုန်းဖြင့် ဆေးရည် လ္ဘက်ရည်ဇွန်း ၃ ဇွန်းစီ တိုက်ပါ။
• အသက် ၆ နှစ်မှ ၁၁ နှစ်ကြား ကလေးကို တစ်နေ့  သုံးကြိမ်နှုန်းဖြင့် ဆေးရည် လ္ဘက်ရည်ဇွန်း ၅ ဇွန်းစီ တိုက်ပါ။
• အရွယ်ရောက်ပြီးသူများအတွက်ကတော့ တစ်နေ့  သုံးကြိမ်နှုန်းဖြင့် ဆေး ၁ ခွက်စီသောက်ပါ။

————————————–
ကိုမျိုး(သုတစွယ်စုံ


Filed under: ကျန်းမာရေး

ရခိုင်ပြည်နယ်၊စစ်တွေမြို့မရဲစခန်းရှေ့လူစုလူဝေးဖြစ်

$
0
0

စစ်တွေ။ နိုဝင်ဘာလ (15/11/2015)



ရခိုင်ပြည်နယ် စစ်တွေမြို့မ ရဲစခန်းရှေ့တွင် ၅ နှစ်အရွယ် မိန်းကလေး တစ်ဦး မုဒိမ်းကျင့်ခံရသည်ဆိုသော သတင်းကြောင့် ရဲစခန်းရှေ့ တွင် လူစု လူဝေး ဖြစ်ပေါ်နေသည်ဟု သတင်း ရရှိသည်။

စစ်တွေမြို့ နာဇီရွာ ရပ်ကွက် မီးလောင်စုအကွက်တွင် နေထိုင်သူ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ညနေ ၅ နာရီခန့်က တပ်ထွက် တစ်ဦးက မုဒိမ်းကျင့်ခံရသည်ဆိုသော သတင်းကြောင့် ထိုသို့ လူစု လူဝေး ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း မျက်မြင် တစ်ဦးက နိရဉ္စရာ သို့ ပြောကြားသည်။

“ ရဲစခန်းရှေ့မှာရော ဘေးပတ်လည်လည်မှာရော လူတွေစုဝေးနေတာကို မြင်တွေ့ရပါတယ်။ လူအင်အား ၁၀၀ နီးပါး ၀န်းကျင် ရှိမယ် ထင်ပါတယ်။ ကြားရတာက ငါးနှစ်အရွယ် ကလေးမလေးတစ်ဦးကို တပ်ထွက် တစ်ဦးက မုဒိမ်းကျင့်တယ်ဆိုတဲ့ သတင်းကြောင့် ရဲစခန်းရှေ့မှာ စုဝေးနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။ ရဲစခန်းကိုတော့ တံခါး အလုံပိတ်ထားတာကို တွေ့မြင်နေရပါတယ်” ဟု သူက ဆိုသည်။

၎င်းပြင် သူက ယခင်လအတွင်းကလည်း စစ်တွေ ဓည၀တီ ရပ်ကွက်မှ ရှစ်နှစ်အရွယ် မိန်းကလေး တစ်ဦး တပ်မတော်သား တစ်ဦးမှ ဗလက္ကာရ ပြုကျင့်ခံခဲ့ရပြီး နောက်ပိုင်းတွင် ရန်ကုန် ရန်ကင်း ကလေးဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်း၊ ယင်းအမှုတွင်လည်း ထိရောက်သော အရေးယူမှု မရှိဟုဆိုကာ စစ်တွေဒေသခံများက ကျေနပ်မှု မရှိကြောင်း၊ အခုတစ်ဖန် တပ်ထွက် တစ်ဦးမှ ငါးနှစ်အရွယ် ကလေးမ တစ်ဦးကို မုဒိမ်းကျင့်သည်ဟု သတင်းထွက်ပေါ်လာသဖြင့် စစ်တွေ ဒေသခံများ အကြား မကျေနပ်မှုများ တိုးပွားလာရာမှ ရဲစခန်းရှေ့တွင် လူစု လူဝေး ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

ယခု မုဒိမ်းကျင့်ခံရသူ မိန်းခလေးငယ်၏ ဖခင် ဦးမြင့်ထွန်းမှ ဖြစ်စဉ်ကို အတည်ပြု ပြောကြားပြီး မုဒိမ်းကျင့်သူဟု စွပ်စွဲခံရသူမှာ တပ်ထွက် ဦးအောင်မြင့် ဆိုသူ ဖြစ်ကြောင်း သိရသည်။

မုဒိမ်းကျင့်ခံရသူအား ရဲကဖမ်းဆီးနိုင်ခဲ့ပြီး ခေါ်ဆောင်လာစဉ် မကျေနပ်သော မြို့နယ်လူထုနှင့် ရဲတို့အကြား ရုန်းရင်းဆန် ခတ်ဖြစ်ပွား မှုလည်း ရှိခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့ မြို့မရဲစခန်းမှ ရဲအုပ်အေးခင်မောင်ကို ဆက်သွယ်မေးမြန်းရာ လူအုပ်ကို ထိန်းသိမ်းနေရ၍   လောလော ဆယ် ဖြေကြားခြင်း မပြုနိုင်သေးကြောင်း၊ ညနေ ၅ နာရီခွဲခန့်တွင် စစ်တွေမြို့ မြို့မရဲစခန်းသို့ ခေါ်ယူလာပြီး စစ်ဆေးနေစဉ် ရဲစခန်းရှေ့တွင် လူများစုရုံး ရောက်ရှိလာပြီး လူစုလူဝေး အနည်းငယ် ဖြစ်ပွားခဲ့ပြီး လူစုလူဝေး မကြီးထွားရအောင် ရဲစခန်းမှ တာဝန်ရှိ သူ များ က ဆောင်ရွက်နေရသည်ဟု သူက ဆိုသည်။


Filed under: သတင်းများ

နိုင်ငံတော်သမ္မတဦးသိန်းစိန် နိုင်ငံရေးပါတီ ၈၆ ပါတီ က ခေါင်းဆောင်နဲ့တွေ့၊ စနစ်တကျ အာဏာ လွှဲမည်

$
0
0

အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ပါတီကို လွှတ်တော်လုပ်ထုံးလုပ်နည်း များနဲ့အညီ အစိုးရက စနစ်တကျ အာဏာလွှဲပြောင်းပေး သွားမှာ ဖြစ်တဲ့အတွက် စိုးရိမ်ပူပန်မူမရှိကြဖို့ နိုင်ငံတော် သမ္မတဦးသိန်းစိန်က ကတိပေး ပြောကြားလိုက် ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နဲ့ နိုင်ငံရေးပါတီ ၈၆ ပါတီ က ခေါင်းဆောင်တွေ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးခန်းမမှာ ဒီနေ့ တွေ့ဆုံခဲ့ကြ စဉ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရိုက်ကူး – သီဟထွန်း၊ ဇာဏီထွဏ်း/ RFA


Filed under: ရွေးကောက်ပွဲ

အာရိယန်လူမျိုး

$
0
0

အာရိယန်တို့သည် ကမ္ဘာဦးလူမျိုးကြီးတစ်မျိုး ဖြစ်သည်။ အသားဖြူ၊ အသားဝါ၊ အသား မည်းဟူ၍ ရှိသည့်အနက် အာရိယန်တို့သည် အသာဖြူလူမျိုးတစ်မျိုးဖြစ်သည်။ အခြား အသားဖြူ လူမျိုးကြီး နှစ်မျိုးမှာ ဟမ်းမိုက်လူမျိုးနှင့် ဆီးမိုက် လူမျိုးတို့ ဖြစ်ကြသည်။ အာရိယန်တို့ကို အင်ဒို-ဥရောပလူမျိုး၊ သို့မဟုတ် အင်ဒို-ဂျာမန်လူမျိုးဟုလည်း ခေါ်သည်။ ကမ္ဘာဦး လူမျိုးတို့သည် အာရှတိုက်၌ စတင်ပေါက်ပွားခဲ့ကြသည်သာ ဖြစ်ပေရာ လူဖြူလူမျိုးတို့၏ မူလဌာနေသည်လည်း အာရှတိုက် ဖြစ်ပေသည်။ အာရိယန်တို့ သည် အာရှတိုက်အလယ်ပိုင်း ကက်စပျန်ပင်လယ်၏ အရှေ့ဘက် ဟိန္ဒူကတ်ရှတောင်တန်းနှင့် ပါရိုပါမိုင်း ဆတ် တောင်တန်းတို့၏ မြောက်ဘက်ဒေသများ၌ နေထိုင်ခဲ့ကြသည်။ အာရိယန် လူမျိုးတစ်စုတစ်စုတွင် အကြီးအကဲတစ်ဦးစီ ရှိသည်။ ထိုအကြီးအကဲ၏ အဆက်အနွယ်များသာလျှင် အကြီး အကဲ၏ ရာထူးကို ဆက်ခံရသည်။ အာရိယန်တို့ ပြောဆို သုံးနှုန်းသော ဘာသာစကားသည် သက္ကတ ဘာသာစကား ဖြစ်သည်။ နှစ်ပရိစ္ဆေဒကြာမြင့်လာသောအခါ လူဦးရေ တိုးပွား လာသဖြင့် အနေအထိုင် ကြပ်တည်း ကျဉ်းမြောင်းလာသည်။ စားနပ်ရိက္ခာရှာဖွေရန် မလွယ်ကူဖြစ်လာသည်။ ထိုကြောင့် မိမိတို့၏ ဇာတိဌာနေကို စွန့်ခွာ၍ ရေကြည်ရာမျက်နုရာသို့ တစ်သုတ်ပြီးတစ်သုတ် ရွှေ့ပြောင်းကြသည်။ ထိုအချိန်၌ အာရိယန်တို့တွင် ကျွဲ၊ နွားများ ရှိပေရာ အိမ်ထောင်ပစ္စည်း များကို လှည်းကြမ်းကြီးများတွင် တင်ပြီးလျှင် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းကြသည်။ စခန်းချရန် သင့်တင့် လျောက်ပတ်သော အရပ်သို့ရောက်လျှင် သစ်ခက်များကို ကပ် များပြုလုပ်၍ ရွှံ့ဖြင့်မံပြီးလျှင် ယာယီတဲထိုးကာ နေထိုင်ကြ သည်။ နွားဖြင့် မြေကိုထွန်ယက်ကာ စားသောက်ရန် ဂျုံများကို ရိတ်သိမ်းပြီးသောအခါ တစ်နေရာသို့ ပြောင်းကြ ပြန်သည်။ ယင်းသို့ ရွှေ့ယင်းပြောင်း ယင်းနှင့်ပင် သံများကို တွေ့ရှိ၍ ပစ္စည်းအသုံးအဆောင် အမျိုးမျိုးပြုလုပ် အသုံးချတတ်လာကြ သည်။ မြင်းများကိုလည်း ဖမ်းယူ အသုံးပြုလာလေသည်။ မူလဒေသမှ ရေကြည်ရာမျက်နှုရာသို့ ရွှေ့ကြပြောင်းကြသော အာရိယန်တို့သည် အုပ်စုနှစ်စု ကွဲသွားသည်။ တစ်စုသည် ဥရောပတိုက်ဘက်သို့ ရောက်သွား၍ ကျန်အုပ်စုသည် ယခု ကမ္ဘာ့အလယ်ပိုင်းနိုင်ငံများသို့ ရောက်ကြသည်။ အနောက် ဘက်သို့ တစ်သုတ်ပြီးတစ်သုတ် ရွှေ့ပြောင်းကြသော အာရိယန် တို့သည် ဥရောပ တိုက်အတွင်း အရပ်ရပ်သို့ ပျံနှံ့သွားကြ သည်။ ပထမအသုတ်သည် ဥရောပတိုက် နေရာဒေသ များစွာ တို့၌ လွှမ်းမိုးခဲ့ကြသော ကဲ့လူမျိုးများဖြစ်လာကြသည်။ နောက် ခေတ်များတွင် တစ်သုတ်ပြီးတစ်သုတ် ရွှေ့ပြောင်း လာကြသူ များသည် အီတာလျံလူမျိုး၊ ဂရိတ်လူမျိုးနှင့် တျူးတိုးလူမျိုးများ ၏ ဘိုးဘေးဘီဘင်များ ဖြစ်ကြသည်။ ကက်စပျန်ပင်လယ်၏ မြောက်ဘက်လမ်းကြောင်းအတိုင်းလိုက်၍ ရွှေ့ပြောင်းလာကြသူ များ၏ အဆက်အနွယ်များသည် ယခု ဆလဗ်ဘာသာ စကား ပြော လူမျိုးများပေတည်း။ တောင်ဘက်သို့ ရွှေ့ပြောင်းကြသော အာရိယန်တို့သည် အိန္ဒိယကျွန်းဆွယ်အထိ ရောက်သည်။ အချို့သည် ယခု ပါးရှားနိုင်ငံဖြစ်လသည့် ဒေသ၌ အခြေစိုက်ကြရာ ရှေးခေတ် သမိုင်းများ၌ ပါဝင်သော မိဒလူမျိုးနှင့် ပါးရှင်းလူမျိုးတို့သည် ယင်းအာရိယန်တို့မှ ဆင်းသက်ဆက်နွယ်လာသည်၊ အိန္ဒိယ ကျွန်းဆွယ်ဘက်သို့ ရွှေ့ကြ သူများသည် အိန္ဒုမြစ်ဝှမ်းနှင့် ဂဂ‡ါမြစ်ဝှမ်းတို့၌ လွှမ်းမိုးကြီးစိုးခဲ့ကြလေသည်။ အိန္ဒိယကျွန်းဆွယ်ဘက်သို့ ရွှေ့လာကြသူများသည် ဘီစီ ၁၅ဝဝ ခန့်တွင် တောင်ကြားလမ်းများကို ဖြတ်ကျော်လျက် အိန္ဒိယနိုင်ငံအတွင်းသို့ ရောက်မှန်းမသိ တဖြည်းဖြည်း ရောက်ရှိလာကြသည်။ အိန္ဒုမြစ်ကြီးနှင့် မြစ်ကြီးငါးသွယ်ကို ယင်းတို့တွေ့ရှိကြရသည့်အပြင် တိုင်းရင်းသား အာဗီးဒီးယန်း တို့သည် အခြေတကျ မြို့ပြ တည်ထောင်နေထိုင်ကြသည်ကို တွေ့ကြရသည်။ ထိုအခါ အာရိယန်တို့သည်လည်း ထိုဒေသ၌ လယ်ယာ စိုက်ပျိုး၍ အခြေစိုက်နေထိုင်ကြရန် စိတ်ဆုံးဖြတ် လိုက်ကြသည်။ ထိုအပြင် ဒြာဗီးဒီးယန်းတို့ကဲ့သို့ မြို့ပြ တည် ထောင်နေလိုကြသည်။ အားဗီးဒီးယန်းတို့ကလည်း အိန္ဒုမြစ်ဝှမ်း သို့ ကျူးကျော်ဝင်ရောက်လာသူများအား မလိုလားကြပေ။ ထိုကြောင့် ဒြာဗီးဒီးယန်းနှင့် အာရိယန်တို့သည် နေရာထိုင်ခင်း အတွက် စစ်ပြိုင်ကြသည်။ ဒြာဗီးဒီးယန်းတို့သည် အာရိယန် တို့ထက် နေထိုင်မှု အဆင့်အတန်း မြင့်သော်ငြားလည်း တိုက်ခိုက်ရေး၌မူ အာရိယန်တို့ကို အရှုံးပေးရသည်။ အာရိယန်တို့သည် တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းလှုပ်ရှား နေထိုင်ခဲ့ကြသဖြင့် လျင်မြန်ဖြတ်လတ်သည်။ မြင်းနှင့်လှည်းများ ရှိသဖြင့် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နိုင်ကြသည်။ ထိုကြောင့် ဒြာဗီးဒီးယန်းတို့ အရေးနိမ့်ကာ ဂဂ‡ါမြစ်ဝှမ်းသို့ ရွှေ့ပြေင်းကြရာ အာရိယန်တို့ကလည်း ထိုအထိ လိုက်၍ တိုက် ကြပြန်သည်။ ဒြာဗီးဒီးယန်းတို့သည် ဟိမဝန္တာတောင်ခြေရင်းသို့ လည်းကောင်း၊ အိန္ဒိယတောင်ဘက်ပိုင်း ကုန်းပြင်မြင့်ဒေသသို့ လည်းကောင်း ပြေးကြပြန်ပြီးလျှင် မြို့ပြဖြင့်နေခဲ့ကြသော ဘဝမှ ရွာသိမ် ရွာငယ်များဖြင့် နေကြရသောဘဝသို့ ဆင်းသက်သွား ကြရသည်။ အိန္ဒုမြစ်ဝှမ်းမှ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မား သော အဟိန္ဒောဇရောနှင့် ဟာရပ္ပမြို့ကြီးတို့သည် အာရိယန်တို့ ဝင်ရောက်လာစဉ်က ပျက်သုဉ်းခဲ့ သည်ဟု အချို့က ယူဆကြ သည်။ အာရိယန်တို့သည် အိန္ဒုမြစ်နှင့်ဂဂ‡ါမြစ်ဝှမ်း တစ်လျှောက် ဖြစ်သော ဟိန္ဒူစတန်လွင်ပြင်ကြီးတွင် မြို့ပြ တည်ထောင်နေထိုင်ကြသည်။ လယ်ယာစိုက်ပျိုး လုပ်ကိုင်ကြ သည်။ လက်ရဖမ်းမိသော ဒြာဗီးဒီးယန်းများကို ကျွန်ပြုကြ သည်။ အာရိယန်တို့သည် အိန္ဒိယမြောက်ပိုင်း တစ်ခွင် တစ်ပြင် တွင် အုပ်စိုးလွှမ်းမိုးကာ အိန္ဒိယခေတ်သစ်ကို ထူထောင်ကြ လေသည်။ အာရိယန်တို့သည် အခြေတကျ နေထိုင်ကြသောအခါ သစ်သားအိမ်ကို ဆောက်လုပ် နေထိုင်ကြသည်။ အိမ်၏ အလယ်၌ ခန်းမကြီးတစ်ခုပါရှိသည်။ ညဉ့်အခါ အကြီးအကဲ မိသားစုသည် ကွပ်ပျစ်ပေါ်၌ အိပ်ကြ၍ ကျန်လူများကမူ ကြမ်း ပေါ်၌ သင့်သလို အိပ်ကြရသည်။ အိမ်၏ဘေးပတ်ဝန်းကျင်၌ နွားတင်းကုပ်များ၊ မြင်း ဇောင်းများကို ဆောက်လုပ်ကြသည်။ ညဉ့်ဦးယံအခါ အာရိယန်တို့သည် အိမ်ခန်းမကြီး၌ သောက် စားပျော်ပါး ကခုန်မြူးတူးကြသည်။ ထိုစဉ်က အာရိယန်တို့ သည် စာမတတ်ကြချေ။ သို့သော် ရှေးဟောင်းနှောင်းဖြစ်များ၊ ပုံတိုပတ်စများ၊ ရှေးသူရဲကောင်း ကြီးများ၏ အတ္ထုပ္ပတ္တိများကို လက်တန်းစပ်ဆိုနိုင်ကြသော စာဆိုများရှိသည်။ ပျော်ပွဲကျင်းပ သော ညဉ့်အခါ၌ အကြီးအကဲ၏ အိမ်ခန်းမကြီး၌ စုဝေးဝိုင်းဖွဲ့ ကြပြီးလျှင် စာဆိုများက မိမိတို့စပ်ဆိုသီကုံးထားသော သီချင်း ကဗျာများကို ရွတ်ဆိုပြသည်။ နားထောင်သူများကလည်း နှစ်သက်ကြည်နူးစွာဖြင့် နှုတ်တက်ကျက်မှတ်ကာ လိုက်၍ သီဆိုကြသည်။ ထိုနည်းအားဖြင့် အာရိယန်တို့၏ နှုတ်ဖျား၌ အဆင့်ဆင့် မပျောက်မပျက် တည်ရှိခဲ့ လေသည်။ အာရိယန်တို့သည် အိန္ဒုမြစ်ဝှမ်းသို့ရောက်စက မြောက်ဘက် တစ်လွှား၌ မှိုင်းမှိုင်းညို့ညို့ ဆီးနှင်းတဝေဝေ ဖြင့်ရှိနေသော ဟိမန္တာတောင်တန်းကြီးကို တွေ့မြင်ရသောအခါ တန်ခိုးရှင်ဒေဝ များ နေထိုင်သော နတ်ဘုံ နတ်နန်း များရှိရာအရပ်ဟု ယူမှတ် ကြသည်။ အာရိယန်တို့သည် ထိုစဉ်က ဒေဝများကို ကိုးကွယ် ကြသည်။ ဒေဝများသည် ကိုယ်ရောင်ကိုယ်ဝါ ထွန်းတောက်သူ များဟု အာရိယန်တို့က ယူဆကြသောကြောင့် ယင်းတို့၏ သက္ကတဘာသာဖြင့် ဒေဝဟု ယူဆကြသော နတ်များကို ကိုးကွယ်ကြသည်။ အချိန်မှန် ရွာသွန်းသောမိုးကို ဣန္ဒခေါ် နတ်အဖြစ်လည်းကောင်း၊ မီးကိုလည်း အဂိခေါ် နတ်အဖြစ် လည်းကောင်း၊ လေကိုမရုတ်ခေါ်နတ် အဖြစ်လည်းကောင်း၊ နေကို သူရိယခေါ် နတ်အဖြစ်လည်းကောင်း ခေါ်ဝေါ်ကာ ဆည်းကပ်ပူဇော်ကြသည်။ ယင်းသို့ ကိုယ်ရောင်ကိုယ်ဝါ ထွန်းလင်းသော ဒေဝများကို ကိုးကွယ်ကြရာတွင် ကောင်းကင်၌ ဒေဝ ၁၁ဆူ၊ ကောင်းကင်နှင့် မြေအကြား၌ ဒေဝ ၁၁ ဆူ၊ မြေပြင်၌ ၁၁ ဆူ၊ ပေါင်း ဒေဝ ၃၃ ဆူဟူ၍တည်း။ အိန္ဒိယ မြောက်ပိုင်း၌ အနေကြာသောအခါ ဒြာဗီးဒီးယန်းတို့ ကိုးကွယ် သည့် နဂါး၊ ဂဠုန်၊ တောစောင့်နတ်၊ တောင်စောင်နတ်များကို လည်း ကိုးကွယ်လာ ကြလေသည်။ မိမိတို့ကိုးကွယ်သော ဒေဝများကို အာရိယန်တို့သည် ပန်းသစ်သီးစသော လှူဖွယ်ဝတ္ထုတို့ဖြင့်လည်း ပူဇော်သည်။ သာယာချေငံသော စကားလုံးတို့ဖြင့် ကဗျာလက‡ာဖွဲ့နွဲ့ပြီးလျှင် အသံနေအသံထားဖြင့် လျှောက်ထား ရွတ်ဆို ပူဇော်ခြင်းလည်း ပြုကြ၏။ ယင်းသို့ ရွတ်ဆိုပူဇော်သော ကဗျာ လက‡ာစုများကို ဗေဒဟုခေါ်သည်။ ထိုစဉ်က ဗေဒသုံးပုံရှိရာ ဣရှုဗေဒ၊ သာမဗေဒ၊ ယဇုဗေဒဟူ၍တည်း။ ဣရှုဗေဒတွင် အာရိယန် တို့သည် အိန္ဒု မြစ်ဝှမ်းသို့ မည်သို့ရောက်ရှိပုံ၊ လူမည်းများနှင့် တိုက်ခိုက်ရပုံစသည်တို့ကို စပ်ဆိုထားသည်။ သာမဗေဒတွင် မိမိတို့မူလဌာနေ၌ နေစဉ်ကပင် သောက်သုံးခဲ့သော သေရည် ဖြင့် သာမဒေဝကို ပူဇော်ရာ၌ ရွတ်ဆိုသော ကဗျာစု ပါဝင် သည်။ ယဇုဗေဒကား ယဇ်ပူဇော်ပုံ အခမ်းအနားကို ကဗျာစုနှင့် စကားပြေ တွဲဘက် လျှောက်ထားချက်ဖြစ်သည်။ စင်စစ် သာမဗေဒနှင့် ယဇုဗေဒတို့သည် ဣရှုဗေဒမှဆိုင်ရာဆိုင်ရာ ကဗျာစုတို့ကို ထုတ်နုတ်ထားခြင်းများသာလျှင် ဖြစ်ကြပေသည်။ အာရိယန်တို့သည် မိမိတို့ပြောဆိုသော သက္ကတဘာသာ စကားကို ပိုမိုကောင်းမွန်၍ ပိုမိုကြွယ်ဝအောင် တိုးတက်ပြုပြင် ကြသည်။ စာရေးနည်းကိုလည်း ထွင်ကြသည်။ စာရေးနည်းထွင် ကြပြီးသော် ယခင်က နှုတ်တက်ရွတ်ဆိုခဲ့သော ဗေဒသုံးပုံတို့ကို ကျမ်းများအဖြစ် ပြုစုကြသည်။ ဣရှုဗေဒတွင် အိန္ဒုမြစ်ဝှမ်း မရောက်မီက စပ်ဆိုခဲ့သော ကဗျာစုနှင့် အိန္ဒုမြစ်ဝှမ်းရောက် ပြီးနောက် စပ်ဆိုသောကဗျာစုများ ပါဝင်ရာ ဣရှုဗေဒ၌ နောက်ထပ်ဖြည့်သွင်းသော ကဗျာစုနှင့် အသစ်စပ်ဆိုသော ကဗျာစုတို့ကို ထုတ်နုတ်၍ အာထဗ္ဗနဗေဒဟု အမည်တတ် လေသည်။ ယဇ်ပူဇော်ခြင်းနှင့်စပ်လျဉ်း၍ ရိုးရိုးစကားပြေဖြင့် ဖော်ပြချက်များကို စုပေါင်းကာ ဗြဟ္မဏကျမ်းများအဖြစ် ပြုစုသည်။ အာရိယန်တို့သည် ဓလေ့ထုံးစံနှင့် ကျင့်ဝတ်တရား တို့ကိုလည်း သုတ္တကျမ်းများ၌ ဖော်ပြသည်။ အာရိယန်တို့သည် စဉ်းစားဉာဏ် ပိုမိုကျယ်ဝန်း၍ ရင့်သန်လာကြသဖြင့် နက်နဲ ကြီးကျယ်သော ကျမ်းကြီးကျမ်းခိုင်များကိုလည်း ပြုစုကြရာ ယင်းတို့မှာ ကိုယ်ခန္ဓာအကြောင်းကို ဖော်ပြသော ဥပနိသျှကျမ်း၊ ရှေးသူတော်ကောင်းတို့ လေ့ကျင့်သော တရားတို့ကို ဖော်ပြ သည့် ပူရာဏ်ကျမ်း၊ နက္ခတ်တာရာ အကြောင်းကိုပြုစုသည့် အာကာသသျှတ္တရကျမ်းနှင့် ခန္ဓာကိုယ် အခွဲအစိတ်ပညာဆိုင်ရာ ကျမ်း၊ ဆေးကျမ်း စသည်တို့ ဖြစ်ကြလေသည်။ ရှေးအာရိယန်တို့တွင် အုပ်စုတစ်စု၌ အုပ်ချုပ်သူအကြီးအကဲ တစ်ဦးစီ ရှိသည်။ ထိုအကြီးအကဲသည် ရွာကိုလည်း အုပ်ချုပ် သည်။ လယ်ယာများကိုလည်း ရွာသားများနှင့်အတူ ထွန်ယက် စိုက်ပျိုးသည်။ ယဇ်နတ်များကို လည်း ကိုယ်တိုင်ပူဇော်သည်။ မြို့ကြီးပြကြီးများ၌ နေထိုင်လာကြသောအခါ ထိုအကြီးအကဲ များသည် ဘုရင်စိုးမင်း ဖြစ်လာကြသည်။ ထိုအခါ ဘုရင်များ သည် ဆောင်ရွက်ရန် တာဝန်ဝတ်တရားများပြားလာသဖြင့် လယ်ထွန်ခြင်း၊ ယဇ်ပူဇော်ခြင်းများကို ကိုယ်တိုင် မပြုလုပ်နိုင် တော့ချေ။ ထိုကြောင့် စာဆိုများ၊ ဗေဒကျမ်း တတ်ကျွမ်းသူများ ကို ယဇ်ပူဇော်ပေးရန် ရွေးချယ်ရသည်။ လယ်ယာများကို ထွန် ယက်စိုက်ပျိုးသူများ ထားရသည်။ စစ်ပွဲများ၌ ဖမ်းဆီးရခဲ့သော လူမည်းများကို ကျွန်ပြုရသည်။ ယင်းတို့ဖြင့် အာရိယန် လူမျိုး တို့တွင် (၁) ခတ္တိယ ရှင်ဘုရင်မျိုး၊ (၂) ဗြဟ္မဏ ပညာရှိမျိုး၊ (၃) လယ်သမားမျိုး၊ (၄) ကျွန်မျိုးဟူ၍ အမျိုးလေးပါး ကွဲပြား လာသည်။ ထိုသို့ အမျိုးလေးပါးကွဲပြားခြင်းကို ဇာတ်ဟုခေါ် သည်။ နှစ်ပရိစ္ဆေဒကြာမြင့်လေသော် အလုပ်အကိုင် အမျိုး အမည်တို့လည်း တိုးပွားလာ၍ အလုပ်အကိုင်ကိုလိုက်၍ ဇာတ် အမျိုးမျိုး ကွဲပြားလာကာ ဇာတ်နိမ့်၊ ဇာတ်မြင့် စသည်ဖြင့် လူတန်းစားခွဲခြားခြင်းများလည်း ရှိလာခဲ့လေသည်။ အာရိယန်တို့၏ အရှိန်အဝါသည် အိန္ဒိယ လွင်ပြင်ကြီး တစ်လျှောက်၌ ပျံ့နှံ့လွှမ်းမိုးခဲ့သော်လည်း တောင်ဘက်သို့ကား ကောင်းစွာ မပျံ့နှံ့ မထိုးဖောက်နိုင်ခဲ့ချေ။ တဖြည်းဖြည်း တစ်စ တစ်စဖြင့် အာရိယန် တို့သည် တိုင်းရင်းသားများနှင့် လူမျိုး ချင်းရောရှက်ကာ အာရိယန်လူမျိုးစစ်စစ်သည် တဖြည်းဖြည်း တိမ်ကော ပပျောက်ခဲ့လေသည်။ သို့သော် အာရိယန်တို့၏ ဘာသာစကားဖြစ်သော သက္ကတဘာသာစကားဖြင့် ရှေးဟောင်း စာပေ ကျမ်းဂန်များစွာတို့ကို မှတ်တမ်းတင်ထားခဲ့သဖြင့် ထို ဘာသာစကားသည် ယခုတိုင် မတိမ်မြှုပ် မပျောက်ကွယ်ခဲ့သေး ပေ။ ယင်းသည် အရေးပါသော ကမ္ဘာ့မူလဘာသာစကားကြီး တစ်ရပ်လည်း ဖြစ်ခဲ့၍ ကမ္ဘာ့ဘာသာစကားများကို ဆန်းစစ် လေ့လာခြင်းအားဖြင့် ယင်းဘာသာစကားကို ပြောဆိုခဲ့သော ရှေးအာရိယန်လူမျိုးများအကြောင်း၊ ယင်းလူမျိုးများ ပျံ့နှံ့ခဲ့ပုံ၊ ယင်းတို့မှ ဆင်းသက်ဆက်နွှယ် ပေါက်ဖွားခဲ့သော လူမျိုးများ အကြောင်း စသည်တို့ကို လေ့လာ သိရှိနိုင်ခဲ့ကြလေသည်။ ( ဘာသာစကားရပ်ပညာ)

( သက္ကတနှင့် ပါဠိဘာသာ။)

အာရိယန်ဟူသောအမည်ကို အိန္ဒိယကျွန်းဆွယ်သို့ ရောက်သူ များက ခံယူခဲ့ကြသည်။ သက္ကတဘာသာ စကားဖြင့် အာရိယန် ၏ အဓိပ္ပါယ်သည် မြင့်မြတ်သောဟူ၍လည်းကောင်း၊ ကောင်းမြတ်သောဟူ၍ လည်းကောင်း ရေမြေ့သခင် ဟူ၍လည်းကောင်း အဓိပ္ပါယ်ရပေသည်။ ဒုတိယကမ္ဘာစစ် မတိုင်မီကာလက ဂျာမနီနိုင်ငံ၏ အာဏာရှင် အဲဒေါ့ ဟစ်တလာက ဂျာမန်လူမျိုးများသည် မြင့်မြတ်သော အာရိယန်လူမျိုးများ၏ အဆက်အနွယ်များဟုဆိုလျက် ဂျာမန် တစ်မျိုးသားလုံးကို စည်းရုံးပြီးလျှင် အာရိယန် အဆက်အနွယ် မဟုတ်သော ယဟူဒီလူမျိုးများကို တိုက်ခိုက် သုတ်သင်ခဲ့သည်။ စင်စစ် ဥရောပတိုက်သားများအနက် ဂျာမန် တစ်ဦးတည်းသာ လျှင် အာရိယန်တို့၏ အဆက်အနွယ်များမဟုတ်ဘဲ အခြား ဥရောပလူမျိုးများလည်း ရှိသေးကြောင်း ရှေ့ပိုင်းတွင် ဖော်ပြခဲ့ ပြီးလေပြီ။ ရှေးဟိန္ဒူတို့၏ ဗြဟ္မဏကျမ်းများတွင်လည်း ဟိန္ဒူ တို့က မိမိတို့သည် အရိယာ၊ သို့မဟုတ် မြင့်မြတ်သော အမျိုး အနွယ်များဟူ၍ သုံးနှုန်းဖော်ပြထားလေသည်။[၁]

ကိုးကား
 မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)


Filed under: သမိုင်း, ဆောင်းပါးများ

ပုဂံခေတ်မတိုင်မီမြန်မာနိုင်ငံ

$
0
0

ဖတ်မိသူများ အမှန် မယူစေလို စာစီစစ်ရန် တင်ထားခြင်းမျှ သာ

ရှေးဟောင်း ရှမ်းနှင့်ကရင် အခြား လူမျိုးစုများ

မြန်မာ နိုင်ငံ မြောက် ပိုင်း နှင့် အ ရှေ့ဘက် တောင် ကုန်း အ ရပ် ဒေသ များ တဝိုက် တွင် ပုဂံ ပြည် မ တိုင်ခင်နှစ် ရာစု အတန်ကြာ လောက် က ပင် ရှမ်းလူမျိုး များ နှင့် အနွယ် တူ လူမျိုးစု များ သည် ဝင်ရောက် နေကြ ပြီးမိမိ တို့ နှင့် အနွယ်တူ လူမျိုး စုများ အ လိုက် မြို့ပြပြည်ရွာများ ထူထောင်ပြီးစီး ကြောင်း သမိုင်းဝင်အ ထောက် အထား များတွေ့ရသည်။

မြန်မာ နိုင်ငံ မြောက်ပိုင်း ရှိ မိုးညှင်း ၊ မိုးကောင်း ၊ မြန်မာ နိုင်ငံ အရှေ့ ပိုင်း ရွှေလီမြစ် ဝှမ်း ပြည်နယ် များ သည်ပုဂံပြည် မတိုင်မှီ က ပင် ထင်ရှား သည့်ပြည်နယ် များ ဖြစ်သည်။ ပုဂံခေတ် မတိုင်မှီ အ ထိ အနောက်တိဗက် အ နွယ်ဝင် များဖြစ် သည့် ဂျင်းဖေါ ခေါ် ကချင်လူမျိုးနွယ်များ သည် ဝင်ရောက်ခြင်း မပြုကြ သေးပေ၊ ချင်း လူမျိုး များ သည် လည်း အနောက် ရိုးမ တောင်တန်း ရှိ စုံမရ တောင်ရိုး တဝိုက် သို့ စ တင် ဝင်ရောက်ခါ စ ဖြစ် လိမ့် မည် ဟု ခန့် မှန်း ကြ သည်။ မြန်မာ နိုင်ငံ မြောက်ပိုင်း နှင့် အရှေ့ ပိုင်း အရပ် ဒေသ များ သို့နြ့်နှံ့ဝင် ရောက် ပြီး မိမိ တို့ ဘာသာ ဘာဝ မြို့ပြပြည်နယ် များ တည်ထောင် ၍ နေထိုင်ကြ သည့် ရှမ်း လူမျိုးစု များ သည် ပု ဂံ ပြည် မတိုင်မှီ အထိ မြန်မာနိုင်ငံ သမိုင်းဖြစ်ပေါ် တိုးတက် မှု နှင့် ဆက်စပ်ခြင်း မရှိသေးပေ။

ထို အချိန် က တရုတ်ပြည်ယူနန်နယ် တွင် တန်ခိုး အင်အားကြီးမား လျက်ရှိ သည့် နန်ချို နိုင်ငံ နှင့်သာ ပထဝီ ဒေသ အ ရ ဆက်စပ်နေသည် တကြောင်း ။ လူမျိုး ရေး အရ ဆက်စပ်နေသည် ကြောင့်လည်းဖြစ်သည်။ မြန်မာ နိုင်ငံ မြောက် ပိုင်း ယခု ခေတ် ကချင် ပြည်နယ် နှင့် အရှေ့ပိုင်း တောင်ကုန်း အရပ်ဒေသ များ ဘက် သို့ ပြန့် နှံ့ဝင်ရောက် လျက်ရှိ သည့် ရှမ်းလူမျိုးစုများ ကဲ့သို့ ကရင်လူမျိုးစုများ သည်လည်း ယခုခေတ် ကယား ပြည် နယ်နှင့်မိုးဗြဲနယ် များ တွင်ငှင်း ၊ တောင်ငူ နှင့် စစ်တောင်းမြစ် အရှေ့ ဘက် တောင်တန်းဒေသများ တွင်ငှင်း ဝင်ရောက် နေကြပြီ ဟု အထောက်အထားများ တွေ့ရှိရသည်။

အချို့ သမိုင်း သုတေသီများ က ကရင်လူမျိုး များသည် မြန်မာနိုင်ငံအတွင်း သို့ ရှေးအကျ ဆုံးဝင်ရောက်လာကြ သည့် မောင်းဂွတ် အနွယ်ဝင် များ ဖြစ်သည်ဟု ယုံကြည် ကြသည်။ မြန်မာ နိုင်ငံရှိ ကရင် အမျိုးသား များ အ ကြောင်း ရေးသား ခဲ့သည့် မာရှယ်ဆို သူက ကရင်လူမျိုးများ သည် နီဂရစ်တိုများ မြန်မာနိုင်ငံ၌နေထိုင်စဉ် ရှေး ပဝေသဏီ အချိန်လောက် က ပင် ဝင်ရောက် နေထိုင် လျက်ရှိသည် ဟု ယူဆ ကြောင်း ငှင်း ၏စာ အုပ် တွင် ရေး သား ဖေါ် ပြထားသည်။ မွန် ရာဇဝင်ဟောင်းများ ၌ လည်း သုဝဏ္ဏဘုမ္မိ သထုံ ကို မတည်ထောင်မှီ က က ရင် လူမျိုးနွယ်စုဖြစ်သည့် ပအို့ တောင်သူ များ သည် သထုံ ဘက် သို့ ဝင်ရောက် လျက် ရှိပြီဟု ရေး သား ထား သည်။

ကျမ်းကိုး

ရှမ်းလူမျိုးများအကြောင်း။
ဒေါ့ဗ် မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅

ရှေးဟောင်းမြန်မာလူမျိုးများ

အာရှ တိုက် ဆိုင်ရာ ဘာသာဝေါ ဟာရ ပညာရှင် များ က မြန်မာလူမျိုး များသည် အရှေ့  တိဗက် ဘာသာ ဝေါ ဟာရ အုပ်စု ဝင်လူမျိုး တမျိုးဖြစ် သည် ဟု အတည်ပြုထားကြသည်။ တရုတ် မှတ်တမ်းဟောင်း များ ၏ အဆို အရ မြန်မာလူမျိုးများ သည် တရုတ်ပြည် အနောက် မြောက် ကန်ဆူ နယ် တွင် နေထိုင်ကြသည်။ တ ရုတ် က ဖိသဖြင့် တိဗက် ကုန်းမြင့် ဒေသ တဝိုက်သို့ ပြောင်းသွားကြသည်။

တိဗက်တို့  က မောင်းထုတ် သဖြင့် ယူနန်နယ် သို့ပြောင်းကြ သည်။ ထို အချိန် တွင် ယူနန် နယ် တွင် အင်အား ကြီးမား လာသည့် ထိုင်းရှမ်းများသည်ပြည်နယ်ကြီး ၆ ခုကို နန်ချို နိုင်ငံ အဖြစ် ပထမဆုံး သိမ်းသွင်း နေသည့် ကာလ ဖြစ်သည်။ မြန်မာလူမျိုး များသည် ယူနန်နယ် တွင် နန်ချို ထိုင်း ရှမ်း များ နှင့် နှစ် အတန်ကြာ နေ ထိုင် လာ ခဲ့ကြ သည် ဟု ယူ ဆ ရ သည်။ တရုတ် ရာဇဝင် ဆရာ ကြီး ဖန်ချုံ ၏ မှတ် တမ်း ၌ ငှင်းတို့ ၏ အကြီး အကဲ အား မင်း ဟု ခေါ် ဝေါ် ကြောင်း ထိုင်း ရှမ်း များ က စောမင်း ဟု ခေါ် ဝေါ် ကြောင်း ရေးသား ထား သည် ယင်း သို့ နန်ချို ထိုင်း ရှမ်း များ ၏ လက် အောက် တွင် နေ ထိုင် ရာမှ ထိုင်းရှမ်း တို့ ၏ ဖိနှိပ်မှု အား မခံနိုင် သ ဖြင့် မြန်မာ နိုင်ငံ တွင်း သို့ ဝင် ရောက်လာကြသည်။ မြန်မာနိုင်ငံ သမိုင်း နှင့် ပတ်သက် ၍ အကြား အမြင်များ သည့် သမိုင်းဆရာ ဂေါ်ဒွင်လုစ်၏ အဆိုအရ မြန်မာများသည် ရှေးဦး စွာ ကျောက်ဆည်နယ် သို့ ဝင် ရောက် လာပြီး မြန်မာနိုင်ငံ အလယ်ပိုင်း သို့ ပြန့် နှံ့သွားသည် ဟု ဆိုသည်။ မြန်မာတို့ ရာစုနှစ် အ နည်းငယ် အတွင်း အခြေ စိုက် နိုင်ခြင်း မှာ မြန်မာ တို့ ၏ အစွန်း အစ အပြင် ထို အချိန်ကာလ တွင် နန်ချို ထိုင်းရှမ်း တို့ ၏ တိုက် ခိုက် ဖျက်ဆီးခြင်း ကို ခံလိုက်ရပြီး ၊ တိုင်းပျက်ပြည်ပျက် နှင့် အုပ်ချုပ်ရေး ပျက်သုဉ်းယုံသာ မကကုန်ထုတ် လုပ်ငန်း များပါ ပျက် ပြားပြီး ရပ်တည်ရာ မရ ကစင့် ကလျား ဖြစ်နေသည့် ပျူ လူမျိုး များ နှင့် ရော ထွေး နေ ထိုင်ရာ မှ ရာစုနှစ် အနည်းငယ် ခန့် အတွင်း ပျူ လူမျိုး များ နှင့် သွေးရောနှော သွားကြပြီး လူမျိုး ကြီး နှစ်မျိုး ပေါင်း စပ် လိုက်ကြသဖြင့် စိုက်ပျိုးရေး ၊ ကုန်ထုတ်လုပ်ငန်းများ ၊ အုပ်ချုပ်ရေး ၊ ကာကွယ်ရေး၊ ယဉ်ကျေးမှု စသည် ဖြင့် အစစ အရာရာ တိုးတက်ဖွံ့ ဖြိုးလာပြီး ကိုးရာစု နှင့် ဆယ်ရာစုခန့် လောက်တွင် မြန်မာ နိုင်ငံအလယ်ပိုင်း ဒေသ အား စည်းလုံးသိမ်းသွင်းပြီး ပုဂံပြည် နှင့် ပုဂံမင်းဆက် ကို စတင် တည် ထောင်လေသည်။

ကျမ်းကိုး

ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )
တရုတ်မှတ်တမ်းဟောင်း
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
ပျူနိုင်ငံ

ထိုင်းလင်း ခေါ် ယိုးဒယားရှမ်း များဝင်ရောက် မလာမှီ ယခု ထိုင်းလင်း ခေါ် ယိုးဒယားနိုင်ငံ တွင် အရှေ့  အာရှ တိုက်တောင်ပိုင်း အင်ဒိုချိုင်းနား ကျွန်းဆွယ် မဲနံမြစ်ဝှမ်း တဝိုက် တလျောက် ကြီးကျယ် ကောင်းစား ခဲ့ သည့် ခမာ လူမျိုးများ ၏ ကမ္ဗောဒီးယားနိုင်ငံ ခေါ် ကမ္ဗောဇ နိုင်ငံတော်ကြီး ရှိ သ ကဲ့ သို့ ၃ရာစု မတိုင်မှီက ပင် ဗီ ယက်နန် ဘက် တွင် စမ္ပပြည် များ တည်ရှိခဲ့သည် ကိုရှေးဟောင်းမြို့ ပျက် များ ၊ အဆောက်အဦး များ ၊ ရှေး ဟောင်း ကျောက်စာ များ တူး ဖေါ်တွေ့ ရှိခဲ့သည်၊ မွန်ရာဇဝင်ဟောင်းများ ၌ မဲနံမြစ်ဝှမ်းမြောက်ပိုင်း ဒေသ အား ယောနကတိုင်း ဟရိပုဉ္စပြည် ၊ တောင်ပိုင်းဒေသ အား အယုဇ္ဈယတိုင်း ဒွါရာဝတီပြည်ဟု ဖေါ်ပြထားသည်။

ထို အချိန်ကာလ တွင် ထိုင်းရှမ်းများသည် တရုတ်ပြည်ယူနန်နယ် တွင် နန်ချို နိုင်ငံ အားတည်ထောင် ၍ တ ရုတ် ဧကရာဇ် အား လက်ဆောင်ဘဏ္ဍဍာ ဆက်သရသည့် တရုတ် လက်အောက်ခံ တိုင်းပြည်ဖြစ်သည်၊ ပျူ လူ မျိုးများ နှင့် ပတ်သက်သည့် သမိုင်းဝင် တရုတ် စာပေ ထန် ရာဇဝင်ဟောင်း များမှ ကောက် နုတ် ဖေါ်ပြ ရလျှင် ပျူ လူမျိုး များ အား ၄ ရာစုလောက် က ပင် များစွာ တိုးတက် ယဉ်ကျေးသည့် လူမျိုး တမျိုး ဖြစ်ပြီး ၈ ရာစု လောက် တွင် ကြီးကျယ် ခန်းနား အံ့ဩဖွယ် ရာ မြို့ ကြီး ၅ မြို့  နှင့် ပြည်နယ် ကလေးပေါင်း ၁၈ နယ်မျှရှိ ကြောင်း ဘုရင်မင်း ၏ အမည်ကား မဟာရာဇာ တည်း ။ အမတ်ချုပ် အမည် က မဟာသေနတည်း။ မင်းကြီး မဟာရာဇာ သည် ခရီးတိုသွားသည့် အခါ ရွှေကြိုးခတ် သည့် ထမ်းစင်စီးပြီး ။ ခရီးရှည်သွား လျှင် ဆင် စီး သည်။ မိဖုရားမောင်းမတရာကျော်ရှိသည်၊ မြို့ တော်တံတိုင်းဝန်းကျင်အားစဥ့်အုတ်နှင့်စီထားသည်။

ကျုံး ကမ်းပါး ကို အုတ်စီသည်။ တံတိုင်း အတွင်း ၌ သောင်းပေါင်းများ စွာသော မိသားစု များ နေထိုင်ကြပြီး ဗုဒ္ဓ ဘာသာဘုန်းကြီး ကျောင်း တရာကျော်ရှိသည်။ ကျောင်းပရဝုဏ် က အစ အခန်းများပါ ရွှေငွေ မွမ်းမံ၍အနီအဝါစသည့်တောက်ပသည့်ဆေးများရေးခြယ်ထားသည်။ ချိတ်ရောင်ခံ ဆေးသုတ်၍ ပန်းထိုး ကော်ဇောများဖြင့် ဖုံးလွှမ်းထားသည်။ လူ အများ သည် မေတ္တာရှေ့ ထားပြီး သတ္တဝါ အများ ကို သတ်ဖြတ်ညှင်းဆဲ ရန် ဝန်လေးသည်။ မာန်မာန နှိမ့်ချ ၍ရည်မွန်သည်ကိုတန်ဘိုးထားသည်။ စကားအပြောအဆိုနည်း၏ဗေဒင်ဆရာပေါသည်။ ဤ မျှကြီးကျယ် ထင်ရှားသည့် ပျူလူမျိုးများ သည် ၉ ရာစု လောက်တွင် နန် ချို ထိုင်းရှမ်းများ ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက် ဖျက်ဆီးမှု ကို ခံ လိုက်ကြ ရသဖြင့် ပျူ လူ မျိုး များ တည်ထောင်ခဲ့ သည့်မြို့ ပြ ပြည်နယ် များသည် ပျက် စီးသွား ခဲ့ရသည်။ ထို့ အတူ လူမျိုး တမျိုး အဖြစ် ရပ် တည်နိုင်ခြင်း မရှိတော့ ပဲ ကစဥ့် ကလျား ဖြစ်သွားရ တော့ သည်။

ကျမ်းကိုး

မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ
ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )
ထန်တရုတ်မှတ်တမ်းဟောင်းများ
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)

ဒွတ္တဘောင်မင်းကြီးနှင့်သရေခေတ္တရာ

ဗုဒ္ဓ ဂေါတမ မြတ်စွာဘုရားသည် အိန္ဒိယ မြောက်ပိုင်း နယ်စပ် နီပေါ တွင် ဖွားမြင်ခဲ့ သည့် သာကီဝင် မင်းတပါး ဖြစ်သည်၊ မင်းသား ၏ အဘိုးသည် သာကီဝင် လူမျိုးနွယ်စု အတွင်း ခိုက်ရန်ဖြစ်ပွားပြီး မြန်မာနိုင်ငံ ဧရာဝတီ မြစ် ညာအရပ် တကောင်းတွင်လာနေသည်။ ထို မင်းအမည် မှာ အဘိရာဇာဟုခေါ်သည်။ ကြီးမြတ်သော မင်းဟု အ ဓိပ္ပါယ် ရသည်၊ အဘိရာဇာမင်း ကွယ် လွန် သည့် အခါ သားနှစ်ပါး က နန်းလုကြရာ အကြီးက တောင် ဘက် သို့ ထွက်လာ ပြီး ရခိုင် ဓညဝတီ သို့ ရောက် သွား သည်။ မင်းသားအငယ် က အထက် အညာ ကို အနိုင်ရ လိုက် သည်။ တကောင်း နန်းဆက် မှာ ကံရာဇာငယ် က စ သည့် မင်းဆက် ၃၂ ဆက် မြောက်တွင် နန်ချို ရှမ်းများရောက် ဖျက်ဆီး ၍ ပြည်ပျက်ခဲ့ရသည်။ ပြည်ပျက်စဉ် အစု ၃စု ကွဲကာ တစုသည် ဧရာဝတီမြစ်ရိုး တကောင်း တောင် ဘက် မလယ်အရပ်တွင် အခြေချ နေထိုင်ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင့်ငါးရာ ဗုဒ္ဓရှင်တော်ဘုရား လက်ထက် က ဟု ဆိုသည်။ အဘိရာဇာ အား ဘိုးဘွားအရာ မှ နှင်ထုတ်သည့် သဘောမျိုး နှင့် သာကီဝင် မင်း တပါးဖြစ်သည့် ဓဇရာဇာ သည်မလယ် အရပ်သို့ ရောက်လာပြန်ပြီး ငှင်း အရပ်တွင် ခိုကိုးနေသည့် သာကီဝင် မင်းသမီး တဦး နှင့် လက်ထပ်ပြီး ပျူမင်းဆက်ကို တကောင်းတွင် ထပ် ၍ ထူထောင်ကြပြန်သည်။ ၁၇ နှစ် မြောက် မင်းသည် မဟာရာဇာမင်းကြီး ဟု သောဘွဲ့ အမည်ဖြစ်သည်။ မဟာရာဇာမင်းကြီး တွင် နန်းဆက်ခံ မည့် သားတော်မရှိ ၍ ယောက်ဖတော် ခေပဒုတ အား အိမ်ရှေ့ အရာအပ်နှင်းသည် ခေပဒုတ မင်းသားသည် ရန်သူ အား နှိမ်နင်းရန် တပ်ထွက်လာပြီး ရန်သူအား နှိမ်နင်းပြီး နောက် မူလနေထိုင်ရာ နှင့် အလွန်ကွာဝေး သည့် နေရာရောက်နေသောကြောင့် နောင် အခါ သရေခေတ္ကရာဖြစ်မည့် နေရာ တွင် ရသေ့ဝတ် လိုက်သည်။

ရသေ့ကြီး ၏ ယောက်ဖ မင်းကြီး တွင် မျက်မမြင် မင်းသား ညီနောင်နှစ်ပါး ရှိသည် ။ မွေးစ ကပင် ဖျောက် ဖျက် ရန် မင်းကြီး က ခိုင်းသော်လည်း မယ်တော် က တိတ်တဆိတ် မွေးထားခဲ့သည်။ ညီနောင် မင်းသား နှစ်ပါး အ ရွယ်ရောက်လာသည့်အခါ မင်းကြီးကသိပြီး ဖေါင်ပေါ်တင်ကာမြစ်ထဲမျှောလိုက်သည်။ မြစ်တွင် မျှောပါ လာရင်း မျက်စေ့ အလင်းရသည်။ မြစ်အောက်ပိုင်း အကြေအရပ်တွင်ရှိသည့် ဦးကြီးရသေ့ နှင့်တွေ့ ကာ ဦးကြီး ရသေ့ ၏ အစီအမံ အတိုင်း မဟာသမ္ဘဝမင်းသား နှင့် ပျူမင်းသမီး နန်းခမ်းအား ထိမ်းမြားစေ ပြီး ပျူတို့ အား အုပ်ချုပ် မင်း လုပ်စေသည်။ ထိုသူတို့ မှ ဒွတ္တဘောင်မင်းသားကိုဖွားမြင်သည်။ ဒွတ္တဘောင်မင်းဖြစ်သည့်အခါ အလွန်ကျယ်ဝန်းသည့် သရေခေတ္တရာမြို့ ကြီးအားတည်ဆောက်ပါသည်။ ဗုဒ္ဓသာသနာ တော်အား ထောက်ပံ့ပြီး နေ့စဉ် ရဟန်းသံဃာ သုံးသောင်းအား ပစ္စည်းလေးပါး လှူသည်။ ဒွတ္တ ဘောင်းမင်း တည်ဆောက်ခဲ့သည့် ဘုရားများ မှာ သောကြမ ဘုရား ၊ ညီးညီးဘုရား ၊ စီးစီးဘုရား ၊ ဘောဘော ဘုရား၊ ပုထိုးကြီးဘုရား များဖြစ်သည်။ သို့ သော် မင်းကြီးသည် သာသနာမြေ ( ဘုန်းကြီးကျောင်း ) မြေ အား သိမ်းယူခဲ့သောအမှု ကို ပြုခဲ့ သော ကြောင့် ပြည်သူတို့  ၏ လေးစားမှု အား မရ တော့ပဲ အခွန်အကောက်များ ရရှိမှု နည်းပါးခဲ့သည်။ မင်း ကြီး သည် ကိုယ်တော်တိုင် တိုင်းခန်း လှည့်လည်၍ အခွန်ခံထွက်ပြန် ရာ ၊ ပန်ထွာ( တောင်တွင်းကြီး ) မင်းသမီး နှင့်တွေ့ ပြီး ပန်ထွာမင်းသမီး အား ယစ်မူးရင်း မဆင်မခြင်သွား လာရာမှ မုန်တိုင်းမိကာ ရေနစ်ပျောက် ဆုံး သွားသည်။ ရာဇဝင်ကျမ်း တို့ တွင် ဒွတ္တဘောင်မင်းကြီး အကြောင်း ရေးသားဖေါ်ပြကြရာ တွင် အရေးပါဆုံး အချက်မှာ ဗုဒ္ဓ သာသနာ အား စည်ပင်ထွန်းကား ရန် ဘုရင်များသည် ထောက်ပံ့ခဲ့သော်လည်း သာသနာ အား ထိခိုက် ဖွယ် ရာ တစုံ တခု လုပ်မိ သည် နှင့် ဘေးဒဏ် သင့် ၍ ပျက်စီး ရပုံ ကို ထင်ရှား စွာ ရေး သား ဖေါ်ပြ ကြသည် ကို လေးနက်စွာ သံဝေ ဂ ယူသင့်ကြပါသည်။

ကျမ်းကိုး – ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ သမိုင်း စာအုပ် စာမျက်နှာ ၁၈၁ မှ ၁၈၈ ထိ ကောက်နုတ်ဖေါ်ပြသည်။

ရှေးဟောင်းရခိုင်လူမျိုးများ

ပျူ နှင့်အနွယ်တူကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း ဒေသ ဘက် သို့ ဝင်ရောက် သည့် အချိန် ကာလ လောက်မှာပင် အနောက် တိဗက် အနွယ်ဝင် အခြား လူမျိုးစုများ သည်လည်း ရခိုင်ကမ်းရိုးတန်း ဒေ သ များ သို့ အိန္ဒိယနိုင်ငံအရှေ့ပိုင်းဒေသများဘက် မှ ဝင်ရောက် လာကြသည်။ ရခိုင်ကမ်းရိုး တန်း ဒေ သ နှင့် သက်ဆိုင်သည့် သမိုင်းများကိုလေ့လာသည့်အခါ ရှေး အ ကျ ဆုံး မင်း ဆက် များ နှင့်ပြည်နယ်များ သည် စစ် တွေ ပတ် ဝန်း ကျင် ဒေသတဝိုက်လောက် တွင် အခြေခံသည် ကိုအများဆုံးတွေ့ရှိရသည်။ ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းဒေသများ သို့ဝင်ရောက် ခြေချသည့် လူ့အဖွဲ့အစည်းများမှာ ပျူနှင့် အ နွယ် တူ ကမ်း ယံ လူမျိုး များ သည် ဧရာဝတီမြစ်ဝှမ်း အရပ် ဒေသများ မှ တ ဆင့်ဝင် ရောက် လာဖွယ်ရာ ရှိ သည်။ ရခိုင်ရာ ဇဝင်ဟောင်းများ၌ ရေးသား ဖေါ်ပြထားသည်မှာ ဗုဒ္ဓ ပွင့် တော် မမူမှီ လွန်ခဲ့သည့် နှစ် ပေါင်း ၅၀ဝ၀ ကျော် လောက် မှ စ၍ဓညဝတီ ကို တည်ထောင် သည့် မာရယု မင်းဆက် ၅၄ ဆက်မျှ စိုးစံခဲ့ ကြောင်း ဒုတိယ အကြိမ်ဓ ည ဝတီကိုတည်ထောင်သည့်ကံရာဇာကြီးမင်းဆက် ၂၉ ဆက်မြောက် စန္ဒသူရိယမင်း သည် ဗုဒ္ဓနှင့် ခေတ် ပြိုင် ဖြစ်ပြီး မဟာ မုနိ ရုပ်ပွား တော် ကို သွန်းလုပ် ခဲ့ကြောင်း ရေးသား ဖေါ်ပြကြသည်။

ရခိုင်ကမ်း ရိုးတန်းဒေသတဝိုက် တွင် တွေ့ ရှိရသည့် သ မိုင်း ဝင်ထောက်အထား များ အရ ပုဂံပြည် မတိုင်မှီ ရာ စု နှစ်များစွာကပင်ပြည်နယ်ကလေးများ မင်းဆက်များ ထူထောင်ပြီးစီးကြောင်း တွေ့ရှိရသည် အထူးသဖြင့် ဝေ သာလီ သပိတ်တောင် ဓညဝတီပြည်နယ်များသည် သူ့ခေတ်နှင့် သူ့အခါ ထင်ရှားကြီး ကျယ် သည့်ပြည် နယ်များဖြစ် ခဲ့ကြသည်။ သို့သော်ရခိုင်ကမ်းရိုးတန်းဒေသတခုလုံးကိုစည်းလုံး သိမ်း သွင်း သည့်မင်း ဆက် များ မရှိ ခဲ့ပေ။ရခိုင်ကမ်းရိုးတန်းတောင်ပိုင်းရှိသံတွဲသည်၁၃ရာစုခန့်အထိသီးခြားကင်းလွတ်ခဲ့သည့်ပြည်နယ်ဒေသအဖြစ် တည် ရှိခဲ့သည်။မြန်မာတနိုင်ငံလုံး ကို စတင်စည်းရုံးခဲ့သည့် ပုဂံမင်းဆက်ဘုရင်များ၏ လက် အောက်ပြည် နယ် များ အဖြစ် ကျရောက်ခြင်း မရှိပဲ သီးခြား ကင်း လွတ်ခဲ့ပါသည်။

ကျမ်းကိုး

ရခိုင်ရာဇဝင် ။ အောင်သာဦး
စန္ဒမာလာလင်္က࿿ာရ။ ရခိုင်ရာဇဝင်သစ် ရခိုင်သမိုင်း ၊ ၁၅ ၊ ၁၈ ရာစု
အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)
မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်း ဂျာနယ်။

ရှေးဟောင်းမွန်လူမျိုးများ ( ၁ )

ရှေး ဟောင်း ပျူ လူမျိုး များ နည်း တူမြန်မာ နိုင်ငံ သ မိုင်း နှင့် ထေရ ဝါရ ဗုဒ္ဓ ဘာသာ သာသနာ ကို အခြေခံ အုတ် မြစ် ချပေး ခဲ့သူ လူမျိုး ကြီး တမျိုး မှာ မွန်ခမာ အနွယ်ဝင် မွန်လူမျိုး များဖြစ်သည်။ အရှေ့ အာရှ တိုက် ဆိုင်ရာ သမိုင်း ပညာရှင် များဖြစ်ကြ သည့် အိုနယ်လုစ်နှင့် ဟာဘတ် အေစတက် တို့ က အာ ရှတိုက် တောင် ပိုင်း ဒေသများ သို့ ဦးစွာ ဝင်ရောက်လာ သည့် မောင်းဂွတ် အနွယ်ဝင်များ ဟု ဆိုကြသည် သို့ သော် တိဗက် တ ရုတ် နှင့် ထိုင်း တရုတ် အနွယ်ဝင် များ နှင့်မ ဆိုင်ပဲ ဩစထရို အေရှတစ် အုပ်စုဝင် လူမျိုးနွယ် များ အ ဖြစ် မွန် ခမာလူမျိုး များအား သတ်မှတ်ကြသည်။

အိန္ဒိယပြည် ဒဏ္ခိဏ ကုန်းမြေ တဝိုက် ရှိ မွန်းဒတ်စ် လူမျိုး များ ၊ ဘင်္ဂ္လား နယ်ရှိ ဆန်သာလ် လူမျိုး များ ၊ အာ သံနယ် ရှိ ခါဆီး လူမျိုးများ ၊ မြန်မာနိုင်ငံရှိ ပလောင် ။ ဝ ။ မွန်လူမျိုး များသည် မူလ က လူမျိုး တမျိုး တည်းဖြစ် လိမ့်မည်ဟု ယုဆကြသည်။ သို့ သော် အာရှ တိုက်တောင်ပိုင်း သို့ ဝင်ရောက် လာကြ ရင်း အိန္ဒိယ ၊ မြန်မာ ၊ အင်ဒို ချိုင်းနား ကျွန်းဆွယ် ဒေသများ သို့ ပြန့် နှံ့ သွားကြ သည်ဟု သမိုင်း သုတေ သီများ က ယူဆကြသည်။ မွန်လူမျိုးများ မြန်မာနိုင်ငံတွင်း သို့  ဝင်ရောက် မလာခင် က ငှင်း တို့ နှင့် အ နွယ်တူ ခမာလူမျိုးများ နှင့် အတူ အင်ဒိုချိုင်းနား တဝိုက် တွင် နေထိုင် ခဲ့ကြကြောင်းသ မိုင်း ဝင် အ ထောက် အ ထားများ တွေ့ ရှိ ရ သည်။ ၁၃ ရာစု လောက် က မှ ယိုးဒယား ( ထိုင်းလင်း ) များ ဝင် ရောက်နေထိုင်ကြ သည်။

အင်ဒို ချိုင်းနား ကျွန်းဆွယ် မဲနံမြစ် ဝှမ်းဒေသ တဝိုက် တွင် ရှေးဟောင်း မွန်လူမျိုး များ နှင့် သက်ဆိုင်သည့် မြို့ ဟောင်းမြို့ ပျက် များ ၊ ဘာသာ ကိုးကွယ် မှု ဆိုင်ရာ ၊ ရှေးဟောင်း ကျောက်စာ များ ကို တွေ့ ရှိရသည်။ မွန်ရာဇဝင်ဟောင်း များ ၌ မဲနှံမြစ်ဝှမ်း မြောက်ပိုင်း ဒေသ ကို ယောနက တိုင်း ဟရိပုဉ္စပြည်နယ် ၊ တောင် ပိုင်းဒေသကို အယ ဇ္ဈယ တိုင်း ဒွါရဝတီပြည်နယ်ဟု ရေးသား ဖေါ်ပြ ကြပြီး အာရပ် ခရီးသွား မှတ်တမ်း များ တွင် လည်း သုဝဏ္ဏဘုမ္ဓိ တိုင်း ၏ ကြီး ကျယ် ခန်းနား ပုံ ကို ရေးသား ထားကြသည်။ ရှေးဟောင်း မွန်လူမျိုး များ သည် အိန္ဒိယ တောင်ပိုင်း ဒေသများ နှင့်ကူးလူး ဆက်ဆံခဲ့ကြပြီး ထေရဝါဒ ဗုဒ္ဓဘာသာနှင့် အခြား ယဉ်ကျေးမှု များ ကိုမြန်မာ နိုင်ငံတွင်းသို့ တင်သွင်းခဲ့ကြသည်။

ကျမ်းကိုး

ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
အရှေ့တောင်အာရှ ရာဇဝင်၊ ဟော-၁၉၅၅
မြန်မာ ရာဇဝင် (ဟာဗေး ၁၉၂၅)
မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်းဂျာနယ်။

ရှေးဟောင်းမွန်လူမျိုးများ ( ၂ )

၃ ရာစု ခန့် ဝန်းကျင် လောက် တွင် ဗီယက်နမ် နိုင်ငံတွင် ပေါ်ပေါက် ခဲ့သည့် စမ္ပပြည်နယ် နှင့် ငှင်း ၊ ၅ ရာစု လောက် တွင် စတင် တည်ထောင် ၍ ၁၃ ရာစု ခန့် လောက် အထိ အင်ဒိုချိုင်းနား ကျွန်း ဆွယ် နှင့် အ ရှေ့  အာ ရှတိုက် တောင်ပိုင်း တွင် ကြီးကျယ် ကောင်းစားခဲ့သည့် ခမာ လူမျိုးများ ၏ ကမ္ဗောဇ နိုင်ငံ တော်ကြီး နှင့် ရှေး ဟောင်းမွန်လူမျိုး များ သည်ဆက်သွယ် မှု များရှိ ခဲ့ကြသည်။ ရှေးဟောင်း မွန်လူမျိုး များ သည် မဲနံ မြစ်ဝှမ်း ဒေ သ တဝိုက် တွင် နှစ်ကာလ များ စွာ နေထိုင်ပြီး မှ မြန်မာ နိုင်ငံတောင်ပိုင်း ဒေသ ဖြစ် သည့် တနင်္သ࿿ာရီ ဘက်သို့ ပြန့် နှံဝင်ရောက်လာကြသည်။ ထို့ နောက် ဧရာဝတီမြစ် ဝှမ်းများ နှင့် ၊ စစ်တောင်း ၊ မြစ်ဝကျွန်းပေါ် ပဲခူး ဘက် သို့ ပြန့် နှံ့လာပြီး ၉ ရာစုနှစ်ခန့် တွင် ဥဿာပဲခူးပြည် နှင့် မာလ မင်းဆက် ကို ထူထောင်ကြသည်။ ထိုသို့ထူထောင်စဉ် မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းဘက်ကိုအခြေစိုက်ထူ ရန်ကြိုးပမ်း အား ထုတ်ကြ သည့် အိန္ဒိယနိုင်ငံတောင်ပိုင်းချိုလာမင်းဆက်ဘုရင်များနှင့်တိုက်ခိုက်ကြရသည့်စစ်ပွဲများအကြောင်း အားမွန်ရာဇဝင် များ ၌ရေးသားထားသည်။၁ဝရာစုခန့်က အိန္ဒိယတောင်ပိုင်းချိုလာမင်းဆက် ရာဂျန်ဒရာမင်းသည်မြန်မာနိုင်ငံ ပင် လယ်ကမ်းရိုးတန်းကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း ဖေါ် ပြထားသည်။

ခမာ လူမျိုးတို့  ၏ ကမ္ဗောဒီးယား နိုင်ငံ တန်ခိုး ကြီးမား ခဲ့ စဉ် က မွန်လူမျိုး တို့ ၏ မြို့ ပြ ပြည်နယ်များ ကို ယင်း တို့ နိုင်ငံ ၏ အစိပ်အပိုင်းတခု အဖြစ် ဆက်ဆံခြင်း ခံခဲ့ရသည်။ အနော်ရထာ မင်း လက်ထက် တွင် ဥဿ ပဲ ခူး အား မဲနံမြစ်ဝှမ်း မှ ဂျွန်းစစ်သည်များ လာရောက် တိုက်ခိုက် ၍ အနော်ရထာဘုရင်၏ တပ်များ က သွား ရောက် ကူ ညီ ရ ကြောင်း ရာဇဝင်သမိုင်းများ၏ ရေးသားထားချက်များကို လည်း ဆက်စပ်လေ့လာကြည့်နိုင်သည်။

ရှေး ဟောင်း မွန်လူမျိုးများ သည် တနင်္သ࿿ာရီ မှ ပဲခူး အထိပြန့်  နှံ့ လာပြီး ရာစုနှစ် အနည်းငယ် အတွင်း မြစ်ဝ ကျွန်းပေါ် ဒေသတခုလုံး သို့ ပြန့် နှံ့သွားကြသည်။ ရန်ကုန် မြောင်းမြ ပုသိမ် ဖျာပုံ ကျိုက်လတ် တွံတေး ဒေး ဒရဲ လ ပွတ္ကာဓနုဖြူ ကျုံပျော် မြို့ များသည် မွန်လူမျိုးများ တည်ထောင် ခဲ့ကြ သည့်မြို့ ပြများ ဖြစ်ပြီး အ ခေါ် အဝေါ် များ သည် လည်း မွန်လူမျိုး တို့ ဝေါဟာရများ ဖြစ်သည်။

၁၄ ရာစုခန့် လောက်တွင် ရှေးဟောင်း မွန်လူမျိုး တို့ အပြည်ပြည် အကွဲကွဲ အပြားပြား အမင်းမင်း ဖြစ် နေ ခြင်း အား ရာမညတိုင်း ကို စတင်ထူထောင် သည့် ဝါရီရူမင်းဆက် ရာဇာဓိရာဇ်ဘုရင် က ပထမ ဦးဆုံး အကြိမ် စည်းလုံးသိမ်းသွင်းခဲ့သည်။ ရှေးဟောင်း မွန်လူမျိုးတို့  ၏ မြို့ ဟောင်းများ စေတီများ ကိုးကွယ်မှု ဆိုင်ရာ နှင့် ယဉ်ကျေးမှု များ အား လေ့လာ တွေ့ ရှိချက် တွင် ရှေးဟောင်း ပျူလူမျိုးများ ကဲ့သို့ ဗြဟ္မဏ နှင့် မဟာယန များ ကို မတွေ့ ရှိရ ပဲ ထေရဝါဒ ဆိုင်ရာ ယဉ်ကျေးမှုများ ကို သာ တွေ့ရှိရသည်။ ပိသုကာ နည်းမှာ အိန္ဒိယနိုင်ငံ တောင်ပိုင်း သို့နွယ် ကာ ပါဠိစာပေ ကို သာသုံးစွဲပြီး အက္ခရာ အရေးအသား မှာ အိန္ဒိယ နိုင်ငံအရှေ့ တောင် ဘက် ကမ်းရိုးတန်းဒေသသုံး ပါလဝ အက္ခရာမျိုးနှင့် ဆင်တူလေသည်။

ကျမ်းကိုး

ရာဇဓိရာဇ် အရေးတော်ပုံ ။ ဗညားဒလ
အရှေ့တောင်အာရှ ရာဇဝင်၊ ဟော-၁၉၅၅
မြန်မာ ရာဇဝင် (ဟာဗေး ၁၉၂၅)
မိတ်ဆိနာ-ခေတ်ဦး ဖုနန်-ဖန်-ပျူ နှင့် ရခိုင် ယိုးဒယားသင်းဂျာနယ်။

ရှေးဟောင်းပျူလူမျိုးများ

သဘာဝ အရိုင်းသက်သက် မျှသာ ရှိသေး သည့်မြန်မာနိုင်ငံတွင်း သို့  ပထမဦးဆုံး တိုးဝှေ့ ဝင်ရောက် လာ သည် မှာ အနောက်တိဗက်အ နွယ်ဝင်ပျူ လူမျိုးများဖြစ်သည်။ ပျူ နှင့် အနွယ်တူ ရှေးဟောင်းလူမျိုး များ သည် အိန္ဒိယ ပြည် အရှေ့ ဘက် ဒေသ များ မှ အစုစု ကွဲကာ ဧရာ တီမြစ်ဝှမ်း ဒေသတဝိုက် သို့ ပြန့် နှံ့သွား ကြဟန်ရှိသည်။ ရ ခိုင်ကမ်း ရိုးတန်းဒေသသို့ လည်း ဝင်ရောက်သွားကြ သည် ဟု ယူဆ ရသည်။ ဧရာဝတီမြစ်ဝှမ်း ဒေသ တဝိုက် တွင် ပျူ လူမျိုး များ နှင့် သက်ဆိုင် သည့် ရှေးဟောင်းမြို့ ပျက် များ ၊ အသုံးအဆောင် များ အားရှာ ဖွေတူးဖေါ် တွေ့ ရှိ ချက် အရ ရှေးဟောင်း ပျူ လူမျိုးများ သည် မြန်မာ နိုင်ငံ အထက်ပိုင်း ရွှေဘို ။ မုံရွာ အလောင်း တော် ကဿဖ ဖိုးဝင်း တောင် ၊ ဟန်လင်းကြီး ၊ တကောင်း ၊ မြင်းခြံ ၊ ပုဂံ ၊ ပုပ္ပား ၊ မကွေး ၊ မင်းဘူး ၊ သရက် ၊တောင် တွင်းကြီး ရမည်းသင်း ၊ ညောင်လွန် ၊ ပြည် ၊ မှော်ဇာနယ်များ တွင် မြို့ ပြပြည်ရွာ များ ထူထောင် ခဲ့ကြ သည် ဟု အထောက် အထား အခိုင်အမာ တွေ့ ရှိရသည်။ သရေခေတ္တရာမြို့ ဟောင်း အား တူးဖေါ်သည့် အခါ ဝိကရာမ နှင့်ဝါရမမင်းဆက် များ ၏ အရိုးအိုးများ ကို ရှာ ဖွေ တွေ့ ရှိရသည်။ ဝိကရာမ နှင့် ဝါရမမင်းဆက် များ သည် ၊ ၇ ရာစုခန့် လောက်က သရေခေတ္တရာ တွင် စိုးစံ ခဲ့ ကြောင်း အရိုးအိုးများပေါ် တွင် ကမ္ဗည်း ထိုးထား သည့် စာတမ်းများ က အ ခိုင်အမာသက်သေခံ လျက်ရှိသည်။ ယင်း အနောက် တိဗက်အနွယ်ဝင် ပျူ လူမျိုးများ နှင့် အနွယ်တူလူမျိုး များသည် ။ အိန္ဒိယအရှေ့ပိုင်းဒေသ သို့ ရောက် နှင့် နေကြ သော အင်ဒိုအာရိယန် များ နှင့် နှစ်ကာလ အတန်ကြာ နေထိုင်လာခဲ့သော ကြောင့် အင် ဒို အာရိယန်များ ထံ မှ ကုန်ထုတ်လုပ်မှု အတွေ့ အကြုံ နှင့် ယဉ်ကျေးမှု များ ကို ဆက်ခံ ရရှိလာဖွယ်ရှိသည်။ တူးဖေါ်တွေ့ ရှိရ သည့် ကိုးကွယ်မှုဆိုင် ရာ ဘုရားပုထိုး များ ၊ ရုပ်ထုဆင်းထု များ ကိုကြည့် ၍ ၊ ဗြဟ္မဏ ၊ မ ဟာ ယန ထေရဝါဒ ဗုဒ္ဓဘာသာ စသည်ဖြင့် ရောထွေးနေကြောင်း ထင်ရှားစွာ တွေ့ ရသည်။ ပျူ တို့ ၏ ဗိသုကာနည်းမှာ ၊ အိန္ဒိယပြည် ဂုတ္တခေတ် သို့ နွယ် နေပြီး သက္ကတ နှင့် ပါဋ္ဌဌိစာပေများကိုသုံးစွဲ ကြောင်းသိရသည်။ အက္ခရာ အရေး အသား မှာ အိန္ဒိယနိုင်ငံ သုံးဗြဟ္ဓီသို့ နွယ်သည့်ကဒမ္ဘ အက္ခရာမျိုးနှင့်ဆင်တူလေသည်။ သမိုင်း ဝင်တရုတ်နန်းတွင်း မှတ်တမ်းများ နှင့် တ ရုတ် စာ ပေ များ ၌ မြန်မာနိုင်ငံ ပျူလူမျိုး များ သည် ၄ ရာစုလောက် က တည်းက တိုး တက် ယဉ်ကျေးလျက် ရှိသည့် လူ မျိုးအဖြစ်ဖေါ်ပြထားသည်။ ၈ ရာစုလောက်တွင် ပျူလူမျိုးများတွင် ကြီးကျယ်ခန်းနားပြီးအံ့ဩ လောက် ဖွယ်ရာ မြို့ ကြီး ၅ မြို့ နှင့် ပြည်နယ် ကလေး များ ၁၈ နယ် မျှရှကြောင်းပျူမင်းသားအရှင်သခင်များတွင်အချွေအရံများ ကျေးကျွန်သင်းပင်း များ ရှိ ကြောင်းယူနန်နယ် နန်ချိုဘုရင် သည် ပီကင်းတရုတ်ဧကရာဇ်ဘုရင်ထံ အဖူးအမျှော် လာရောက်သည့် အခါ သံအဖွဲ့ နှင့်အတူ ပျူ မင်းသားအကြီးအကဲ နှင့် ကချေသည် အဖွဲ့ တဖွဲ့ လည်းပါလာကြောင်း ဖေါ်ပြမှတ်တမ်းတင်ထားသည်။

ကျမ်းကိုး

မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ
အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )
ထန်တရုတ်မှတ်တမ်းဟောင်းများ
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)

ပုဂံပြည်မတိုင်ခင်က မြန်မာနိုင်ငံနှင့် ထေရဝါဒသာသနာ

ရှေး နှစ် ပေါင်း ငါးထောင် လောက် က အင်ဒို အာရိယန်လူမျိုး များ ဂင်္ဂ࿿ါ ၊ အိန္ဒိယနိုင်ငံ အိန္ဒူ မြစ်ဝှမ်း များ သို့ မ ဝင်ရောက်မပြန့် နှံ့ မီနှင့် မောင်းဂွတ် အနွယ်ဝင် များ အာရှ တိုက် အရှေ့ ပိုင်း အရှေ့ တောင်ပိုင်း များ သို့ မဝင် ရောက် မပြန့် နှံ့သေး မီ က ပင် မြန်မာနိုင်ငံ တွင် ကျောက် လက်နက် များ အသုံး ပြု ခဲ့ သည့် ရှေး ဟောင်း လူမျိုးများ နေထိုင်ခဲ့ကြသည့် အ ထောက်အထား များ တွေ့ ရှိခဲ့ရသည်။ အထက် မြန်မာနိုင်ငံ ဒေသများနှင့် ပဲခူးခရိုင် ၊ မြင်းခြံ ၊ ပခုတ္ကူ ၊ သရက် ၊ မကွေးခရိုင် နှင့် ရခိုင် တနင်္သ࿿ါရီ ကမ်း ရိုးဒေသများ တွင်အနှံ့အပြားရှာဖွေတူးဖေါ်ရရှိခဲ့သည်၊ ကျောက် ခေတ် လူမျိုး များ နောက်ပိုင်း ၊ အာရှတိုက် အ ရှေ့ တောင်ပိုင်း သို့ ဝင်ရောက်လာကြသည့် အင်ဒိုနီး ရှင်း များသည်မြန်မာနိုင်ငံတောင်ဘက် ကမ်းရိုးတန်း တွင် နှစ်အတန်ကြာနေထိုင် သွားကြ သည် ဟု ယူဆရသည်။ မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းတဝိုက်တွင် နှစ်ပေါင်း နှစ်ထောင်ကျော် က နေထိုင်သွားခဲ့ကြသည့် အင်ဒို နီး ရှင်း များအား ရှေးခေတ် ပထဝီပညာရှင်ကြီး တိုလေမီ က လူသားစား အရိုင်းအစိုင်းများ ဟုဖေါ်ပြခဲ့သည်။ မြိတ် ကျွန်းစုတဝိုက် ရှိ ဆလုံလူမျိုးများသည် အင်ဒိုနီးရှင်း အကျွင်းအကျန်များ ဟု သမိုင်းပညာရှင် များက ယူဆ ကြ သည်။ နောက်ပိုင်း အင်ဒိုအာရိယန်လူမျိုးများသည် အိန္ဒိယပြည် သို့ ငှင်း။ မောင်းဂွတ်အနွယ်ဝင် များ သည် အာ ရှတိုက် အရှေ့ ပိုင်း ၊ တောင်ပိုင်း များ သို့ ဝင်ရောက်လာကြသည်။ ယင်း လူမျိုးကြီး နှစ်မျိုးသည် အာရှတိုက် သို့  ဝင်ရောက်လာကြပြီုး တွေ့  ဆုံခဲ့ကြ သည် ကို အာရှတိုက်ဆိုင်ရာ သမိုင်းပညာရှင်များ က လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ငါးရာ နှင့် သုံးထောင်ခန့် အကြား ဟုခန့် မှန်းကြသည်။ မောင်းဂွတ်အနွယ် များ အား အိန္ဒိယ ပြည် တွင် အင်ဒို အာရိယန်များ က ဖိသဖြင့် အ ရှေ့ တိဗက် နှင့် အနောက်တိဗက်ဟူ၍အုပ်စုနှစ်စုကွဲသွားသည်။ အရှေ့တိဗက်အုပ် စု က တရုတ်ပြည် ယူနန် နယ် ဘက် သို့ဝင် ရောက် သွားပြီး အနောက် တိဗက်အုပ်စု က အိန္ဒိယပြည် တွင်း သို့ ဝင်ရောက်သွားသည်။ အနောက် တိဗက်အုပ်စု ကို အင်ဒိုအာရိယန်များ က ဖိသဖြင့် မဏိပူရ ၊ အာသံနယ်များ မှ တဆင့်မြန်မာနိုင်ငံတွင်း သို့ ဝင်ရောက် လာ ကြ သည်။ တရုတ်ပြည် ယူနန်နယ်ဘက် သို့ ဝင်ရောက်သွားကြသည့် အရှေ့ တိဗက်အုပ်စု သည် တရုတ်ကဖိ သဖြင့် မြန်မာနိုင်ငံတွင်းသို့ အစုစု ကွဲပြီးဝင်ရောက်လာကြပြန်သည်။ သို့ ရာတွင် မောင်းဂွတ်အနွယ်ဝင် မွန်ခမာ လူ မျိုး စုများ သည် အင်ဒို ချိုင်း နား ကျွန်းဆွယ်ဒေသ များ သို့ သမိုင်း ၏ ခပ်စောစော အချိန် ပိုင်း လောက် က ပင် ဝင်ရောက် နေ ကြပြီဖြစ်သည်။ လွန်ခဲ့ သည့် နှစ်ပေါင်း၂၀ဝ၀ နှင့် ၂၅၀ဝ ကြား တွင် တရုတ်ပြည် ချင်မင်း ဆက် ဘုရင်များ သည် ယခင်က လူမျိုးစုအလိုက် အကွဲကွဲ အပြားပြား ပေါ်ပေါက်လျက်ရှိသည့်ပြည်နယ် များ အား တ ရုတ်ပြည်ကြီး တပြည် ဖြစ်လာရန်စည်းလုံးနိုင်ခဲ့ကြသည်။

ထို့ အတူ အိန္ဒိယပြည် ( တောင်ပိုင်း မှလွဲ၍ ) စန္ဒဂုတ်မင်း ဆက်ဘုရင် များ သည် လူမျိုး စု အလိုက် အကွဲကွဲအ ပြား ပြား ဖြစ်နေပေါ်နေကြသည့် ၊ မာဂဓ ၊ ဝိဒေဟ ၊ ကောသလ ၊ ပဉ္စလာစသည့် ပြည်နယ်များကို သိမ်း သွင်းပြီး အိန္ဒိယပြည်ကြီးကို စည်းလုံးနိုင်ခဲ့သည်၊ ထိုသမိုင်းများသည် အထောက်အထား ခိုင်လုံသည့် အိန္ဒိယ နှင့် တ ရုတ် ပြည် တို့ ၏သမိုင်းဝင်အဖြစ် အပျက်များဖြစ်သည်၊

ကျမ်းကိုး

မိတ်ဆိနာ-ခေတ်ဦးဖုနန်-ဖန်-ပျူ နှင့်ရခိုင်ယိုးဒယားသင်းဂျာနယ်။
ဒေါက်တာသန်းထွန်း ၏ ပျူတွေဘယ်ပျောက်သွားသလဲ
အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
ဖန်ချုံ ( တရုတ်ရာဇဝင်ဆရာကြီး )
ထန်တရုတ်မှတ်တမ်းဟောင်းများ
ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅
မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)
ရှမ်းလူမျိုးများအကြောင်း။ ဒေါ့ဗ်
မူရင်း ရင်းမြစ်
ကုသိုလ်တော် 


Filed under: သမိုင်း, ဆောင်းပါးများ

ငြိမ်​ချမ်း​ရေးအတွက်​အသက်​​ပေးသွား​သော ​ဘေရွတ်​မြို့က မွတ်​စလင်​ သားအဖ

$
0
0

အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း အသက်ပေး သက်သေပြခဲ့တဲ့ ဘေရွတ်က မွတ်စလင်သားအဖ/ နိုင်ငံတကာသတင်း —November 16, 2015

နိုဝင်ဘာ ၁၆၊ ၂၀၁၅
M-Media

– နိုဝင်ဘာ ၁၂ ရက်နေ့က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် တောင်ဘက်က ရှီအာအများစု နေထိုင်ရာ ဒေသတစ်ခုမှာ IS အဖွဲ့ရဲ့ အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၄၃ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်မှာ ပထမတစ်ခုဟာ ဘာ့ဂ်ျ အလ်-ဘာရက်ဂ်ျနာဒေသက ရှီယာဗလီတစ်ခုရဲ့ အပြင်ဘက် လူစည်ကားရာနေရာမှာ ဖြစ်ပွားခဲ့တာပါ။

အဲဒီအချိန်မှာ သမီးဖြစ်သူကို လက်ဆွဲပြီးလမ်းလျှောက်လာတဲ့ တာမို့စ်ဟာ ဗလီအပြင်ဘက်မှာ စုရုံးစုရုံးလုပ်နေကြတဲ့ လူအုပ်ကြီးဆီကို ဒုတိယ အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးခွဲဖို့ ၀င်ရောက်လာတာကို တွေ့လိုက်ရပါတယ်။

ချက်ချင်းဆိုသလိုပဲ တာမို့စ်ဟာ အဲဒီအသေခံဗုံးသမားထံကို ပြေးဝင် ခုန်အုပ်ခဲ့ပြီး အဲဒီအချိန်မှာပဲ ဗုံးပေါက်ကွဲတာကြောင့် သမီးဖြစ်သူရော၊ တာမို့စ် နှစ်ဦးစလုံး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ အဲဒီလို စွန့်လွှတ်စတေးမှုဟာ ရာနဲ့ချီတဲ့ လူ့အသက်တွေကို ကာကွယ်နိုင်ခဲ့ပါတယ်။

“အသေခံဗုံးခွဲသမားကို သူက လှဲချခဲ့တယ်။ အဲဒီနားမှာ မိသားစုတွေအများကြီးရှိနေတာပါ။ ရာနဲ့ချီပါတယ်။ အသက်ပေါင်းများစွာ သူ့အပေါ်မှာ ကျွန်တော်တို့ အကြွေးတင်ခဲ့တာပေါ့လေ” လို့ ဆရာဝန်တစ်ဦးဖြစ်သူ အီလီ ဖာရက်စ်က သူ့ရဲ့ ဘလော့စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

လက်ဘနွန်ပြည်သူတွေနဲ့ ပြည်တွင်းမီဒီယာတွေကလည်း တာမို့စ်ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ပြီး၊ တစ်ချိန်တည်းမှာပဲ သူ့အတွက် စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ အဲဒီ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ လက်ဘနွန်နိုင်ငံမှာ အဆိုးဝါးဆုံး အဖြစ်အပျက်တွေထဲက တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

image

image

Ref : IBtimes


Filed under: သတင်းများ, အစ္စလာမ်ဘာသာ

တိုက်ခိုက်မှုများ ပိုလုပ်မည်ဟု အိုက်အက်စ် ခြိမ်းခြောက်သည့်ရုပ်သံ ထွက်ပေါ်

$
0
0

By ဒီဗွီဘီ 17 November 2015   
အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေက ဆီးရီးယားနိုင်ငံထဲက လေကြောင်း တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေဟာ ပြင်သစ်လို အလားတူ ကံကြမ္မာကို ခံစားရလိမ့်မယ်လို့ နိုဝင်ဘာ ၁၆ ရက်နေ့က ဖြန့်ချိတဲ့ ရုပ်သံထဲမှာ သတိပေး ခြိမ်းခြောက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှာလည်း တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အိုင်အက်စ် စစ်သွေးကြွတွေ သတင်းစကား ပုံမှန်တင် နေကျ ဖြစ်ပုံရတဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ပါရီပစ်ခတ်မှုအပြီး နောက်ဆက်တွဲ သတင်းရုပ်သံ တွေကိုလည်း တင်ပြခဲ့ပါတယ်။

ရုပ်သံထဲမှာ ဖော်ပြထားတဲ့ အမျိုးသားတဦးကတော့ အီရတ်နိုင်ငံသား အယ်လ် ခါရာလို့ စာတမ်းရေးထိုး ဖော်ပြထားပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံသား အယ်လ် ဂါရိဘ် ဆိုသူ ကတော့ ပိုများတဲ့ တိုက်ခိုက်မှုတွေ၊ ထောင် ချောက်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ၊ အသံတိတ်သေနတ်တွေ ဥရောပနိုင်ငံတွေဆီကို လာမယ်လို့ သတိပေးခဲ့ပါတယ်။

ဒီရုပ်သံရဲ့ စစ်မှန်မှုကို ချက်ချင်း အတည်ပြု စစ်ဆေးနိုင် မှုတော့ မရှိသေးပါဘူး။

ဒါပေမယ့် ရုပ်သံကို ဘဂ္ဂဒက်မြို့မြောက်ပိုင်း အီရတ်ခရိုင် ဆာလာဟူဒင်မှာနေတဲ့ အိုင်အက်စ် တိုက်ခိုက်ရေးသမား တွေက လုပ်ထားတာ ဖြစ်ပုံရတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။

ပြင်သစ်အစိုးရကတော့ ပါရီတိုက်ခိုက်မှုကို ပြင်သစ်ကို စစ်ဖြစ်ဆဲကာလအဖြစ် ခေါ်ဆိုလိုက်ပါတယ်။

ဒါ့အပြင် အီရတ်နဲ့ ဆီးရီးယားက အိုင်အက်စ် စစ်သွေးကြွ တွေကို လေကြောင်းတိုက်ခိုက်မှု အဆုံးသတ်မှာ မဟုတ် ဘူးလို့လည်း ပြောပါတယ်။

ပြင်သစ်တိုက်လေယာဉ်တွေဟာ နိုဝင်ဘာ ၁၅ ရက်နေ့က ဆီးရီးယားနိုင်ငံ ရက်ကာမြို့က အိုင်အက်စ်တွေကို ပစ် မှတ် ထားပြီး ပြင်သစ်အတွက် အကြီးဆုံးအဆင့် စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးကို အမေရိကန်နဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


Filed under: သတင်းများ

ဒုက္ခသည်စခန်းသို့ဝင်ရောက်၍ ပါလက်စတိုင်း ၂ ဦးကို အစ္စရေး ပစ်သတ်

$
0
0

image

နိုဝင်ဘာ ၁၇၊ ၂၀၁၅
M-Media

– ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းရှိ ကွာလန် ဒီယာ ဒုက္ခသည်စခန်းတွင် ယမန်နေ့မနက် အာရုဏ်တက် အချိန်က ပါလက်စတိုင်းနှစ်ဦးကို အစ္စရေး လုံခြုံရေး တပ်ဖွဲ့ များက ပစ်သတ်ခဲ့သည်ဟု သိရသည်။

သေဆုံးသွားသူများမှာ အသက် ၂၈ နှစ်အရွယ် အဟ်မဒ် အဘူ အလ်-အီရှ်နှင့် ၂၁ နှစ်အရွယ် လာအစ် မာနာဆရာ တို့ ဖြစ်ကြပြီး ထိုပစ်ခတ်မှုအတွက် အခြားတစ်ဦးလည်း ဒဏ်ရာရရှိကာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေ သည်ဟု ဆိုသည်။

ဂျေရုစလင်မြောက်ပိုင်းရှိ အဆိုပါဒုက္ခသည်စခန်းသို့ ရာနှင့်ချီသော အစ္စရေးစစ်သားများနှင့် အထူးတပ် ဖွဲ့ ၀င်များမှာ ၀င်ရောက်စီးနင်းခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု များလည်း ဖြစ်ပွားခဲ့သည်။ အစ္စရေးတပ်ဖွဲ့များမှာ ဇူလိုင် လ က ပါလက်စတိုင်းပိုင်နက်အတွင်းရှိ တရားမ၀င် ခြေချအိမ်ယာတွင် နေထိုင်သည့် ဂျူးတစ်ဦးကို ပစ်ခတ် မှုကြောင့် လက်ရှိအတွင် ဖမ်ဆီးခံထားရသည့် မိုဟာမက် အဘူ ရှာဟင်၏ နေအိမ်ကိုလည်း ဖြိုချဖျက်ဆီးခဲ့သည်။

ဖာတာအဖွဲ့ကို သစ္စာခံသော အလ်-အက်ဆွာ အာဇာနည် တပ်ဖွဲ့နှင့် ဒုက္ခည်စခန်းကို ၀င်ရောက်စီး နင်းသည့် အစ္စရေး တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုများမှာ ၁ နာရီခန့် ကြာမြင့်ခဲ့သည်။ အစ္စရေး သတင်းရင်းမြစ်များ ကမူ ၎င်းတို့၏ စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

အဘူရှာဟင်၏ နေအိမ်အား ဖြိုချရန် အစ္စရေးစစ်တပ်က ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ကြိုးစားခဲ့သော်လည်း ကွာလန်ဒီယာ ဒုက္ခသည်စခန်းမှ ဒေသခံများက ဆန့်ကျင် ဆန္ဒပြမှုခဲ့ကြောင့် မဆောင်ရွက်နိုင်ခဲ့ပေ။

ယခုအချိန်တွင် ဆာဟင်၏ မိသားစုများကို နေအိမ်မှာ အတင်းမောင်းထုတ်ကာ နေအိမ်အား ဖောက်ခွဲ ဖျက်ဆီး ခဲ့ခြင်းဖြစ်သည်။ ထိုဖောက်ခွဲမှုကြောင့် အနီးရှိ နေအိမ်များတွင်လည်း ဆိုးဆိုးရွားရွား ပျက်ဆီးမှုများ ရှိခဲ့သည်။

အစ္စရေး၏ ထိုကဲ့သို့ စီးနင်းဝင်ရောက်မှုအတွင်း ပါလက် စတိုင်းလူငယ်မျာမှာ ဒုက္ခသည်စခန်းမှထွက်ကာ ဆန္ဒပြ၍ ကျောက်ခဲဖြင့် ပစ်ပေါက်မှုများ ပြုလုပ်ခဲ့ပြီး အစ္စရေး တပ်ဖွဲ့ များက ပြန်လည် ပစ်ခတ်ခဲ့သည်။

Ref: Aljazeera


Filed under: သတင်းများ

ချစ်တင်းနှောနေစဉ် ယောကျာ်းကိုလိမ့်ချမိ၍ လိင်တံ မတော်တဆကျိုးသွား

$
0
0

image

“အထူးသတိပြုချက်​”

ချစ်တင်းနှောနေကြစဉ်အတွင်း မိန်းမဖြစ်သူဟာ သူ့ ယောကျာ်းကိုလိမ့်ချမိတာကြောင့် သူ့ယောကျာ်းရဲ့ လိင်တံဟာ မတော်တဆ ကျိုးသွားခဲ့ပါတယ်။ သူ့ရဲ့ဖုန်းမှာ အွန်လိုင်းဈေးဝယ်ဖို့ လုပ်နေခဲ့တာဖြစ်တယ်လို့ သိရ ပါ တယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မိန်းမဖြစ်သူဟာ ညသန်းခေါင် မိုဘိုင်းဖုန်းမှာ alarm ကို ရုတ်တရက် ပိတ်ဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး အွန်လိုင်းဈေးဝယ်နေ့ဖြစ်တဲ့ တစ်ကိုယ်ရည်သမားများနေ့ သို့အကူး ညသန်းခေါင်မှာ ဈေးဝယ်ဖို့အလောကြီးသွားပြီး ရုတ်တရက်ရုန်းထ လိုက် ရာက ယောကျာ်းဖြစ်သူရဲ့ လိင်တံဟာ နာကြင်သွားစေ တာပါ။

နောက်တစ်နေ့မနက် အိပ်ရာထတဲ့အချိန်မှာတော့ ယောကျာ်းဖြစ်သူရဲ့ လိင်တံဟာ ခရမ်းရောင်သန်းပြီး ရောင်ကိုင်းလာပါတယ်။ ဆေးရုံကို ကမန်းကတန်း သွားပြကြတဲ့ အခါမှာတော့ လိင်တံက ကျိုးသွားတာဖြစ် ကြောင်း ဆရာဝန်တွေက သိရှိခဲ့ပါတယ်။

အဲ့ဒီ့နောက်ပိုင်း ယောကျာ်းဖြစ်သူဟာ ခွဲစိတ်မှုခံယူခဲ့ရပြီး အကောင်းပကတိ ပြန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

#knowledge.thithtoolwin.com

Ref:Daily Mail


Filed under: ကျန်းမာရေး

ပဲရစ်အကြမ်းဖက်”အသေခံဗုံးခွဲသူ” ၏ Facebook အကောင့်ထွက်ပေါ်လာ

$
0
0

image

image

image

ပြင်သစ်နိုင်ငံသတင်းများအရ နိုဝင်ဘာလ ၁၆ရက် သတင်းများအရ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ Stade de France အားကစားရုံရှေ့တွင် အသေခံဗုံးခွဲသူ Bilal Hadfi ၏ Facebook ရှိအချက်အလက်များ စတင် ထွက်ပေါ်လာသည်။ ထိုသူ၏ profileစာမျက်နှာ တွင် ဓာတ်ပုံများအမြောက်အများ တင်ထားတာကို တွေ့ရှိရ သည်။

ယခင်တစ်ပတ်က Hadfi ပါဝင်သော ၃ဦးအဖွဲ့သည် ပြင်သစ်နိုင်ငံ Stade de Franceတွင် ကျင်းပပြု လုပ်မည့် Germany League ပြိုင်ပွဲတွင်တိုက်ခိုက် ရန် ကြိုတင်စီစဉ်ထား ခဲ့ကြသည်။ ထောက်လှမ်းရေး websiteတစ်ခုဖြစ်သော Bellingcat က အသက်၂၀ အရွယ် ရှိသော Bilal Hadfi၏ ယခင်အမည်မှာ Billy du Hoodဖြစ်ပြီး ၂၀၁၄ခုနှစ် နွေဦးရာသီမတိုင်မှီ ကတည်းကပင် အစ္စလာမ်စစ်သွေးကြွအဖွဲ့ IS ၏ တိုက်ခိုက်ရေး အစွန်းရောက် အဖွဲ့ဝင်လည်းဖြစ်သည်။ တစ်နှစ်နောက်ပိုင်းတွင် မိုဘိုင်းဖုန်းနှင့်ရိုက်ကူးထား သည်ဟုယူဆရသော submachine gun ပုံကို တင်ထားခဲ့သည်။

Hadfi၏ Facebookအချက်လက်များကို အမှုတွဲ ထဲတွင် ထည့်သွင်းလိုက်ပြီဖြစ်သည်။ ၂၀၁၃ခုနှစ်တွင် ရိုက်ကူးထားသော ဓာတ်ပုံများအရ သူသည် မျက်နှာ အုပ်ထားသော အခြားသော အမျိုးသားတို့နှင့်အတူ ရဲကားပေါ်တွင်ရပ်၍ရိုက်ကူး ထားသောပုံပေါ်တွင် ရဲအဖွဲ့ကိုရင့်သီးစွာရေးသား ထားသောစာများကို လည်းတွေ့ရှိခဲ့ရသည်။ Bellingcat က သူ၏ Facebook စာမျက်နှာပေါ်ရှိပုံများ နှင့် ပုံတူ ပန်းချီများ ကို သတိထားခဲ့မိကြပြီး သူသည် Facebook အကောင့်ကို အသုံးပြုကာအခြားသော တိုက်ခိုက် သူများနှင့် အဆက်အသွယ် များရှိ နိုင်ကြောင်းကို လည်းတွေ့ရှိထားသည်။

china.com Myanmar
https://www.facebook.com/china.com.mm/


Filed under: သတင်းများ

IS ပြဿနာဟာ မွတ်စလင်တွေရဲ့ ပြဿနာ မဟုတ် ကြောင်း အိုဘားမားနဲ့ နေတိုးအကြီးအကဲပြော

$
0
0

image

နိုဝင်ဘာ ၁၆။

ကမ္ဘာ့ကျော်အကြမ်းဖက်အုပ်စုဖြစ်တဲ့ ISIS တွေနဲ့ အစ္စလာမ် ဘာသာ မပတ်သက်ကြောင်း အမေရိကန် သမ္မတ ဘားရတ်အိုဘားမားက G20 အစည်းအဝေးပွဲမှာ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာဖြစ် ပွားခဲ့တဲ့ IS တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုအပြီး အစ္စလာမ် နဲ့ IS ကို ချိတ်ဆက်ဝေဖန်ပြောဆိုလာကြတဲ့ အတွက် အိုဘားမားက အခုလို ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

“IS တွေဟာ အစ္စလာမ်ကို ကိုယ်စားမပြုပါဘူး၊ သူတို့ လုပ်ရပ်တွေဟာ အများစုမွတ်စလင်တွေရဲ့ သဘောထား ကိုလည်း လွှမ်းခြုံကိုယ်စားတာ မဟုတ်ဘူး။” လို့ အိုဘားမား က ပြောပါတယ်။

ဒါ့အပြင် IS ပြဿနာဟာ မွတ်စလင်တွေရဲ့ ပြဿနာ မဟုတ်ပဲ၊ အကြမ်းဖက် ပြဿနာသာဖြစ်ကြောင်း အိုဘားမား က ဆိုပါတယ်။

သမ္မတ အိုဘားမားက ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းကလည်း IS တွေရဲ့ အကြောင်း ကြေညာချက်ထုတ်ပြန်ဖူး ပါတယ်။ အဲဒီတုန်းက အိုဘားမားက “IS တွေဟာ အစ္စလာမ် မဟုတ်ပါဘူး။ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်တဲ့ ဘယ်လိုကိစ္စရပ်မဆို ဘာသာတရားတွေကို အပြစ်မတင် ထိုက်ပါဘူး၊ IS တွေရဲ့ သားကောင်အများစုက မွတ်စလင် တွေ ဖြစ်နေပါတယ်၊ ရှင်းရှင်းလေးပါ သူတို့ဟာ အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်တယ်” လို့ အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အလားတူ NATO တပ်ဖွဲ့ အကြီးအကဲဖြစ်သူ Jens Stoltenberg ကလည်း ပဲရစ်တိုက်ခိုက်မှုဟာ အစ္စလာမ် ကမ္ဘာနဲ့ အနောက်ကမ္ဘာအကြား တိုက်ပွဲဖြစ် နေတာမျိုး မဟုတ်ဘဲ အကြမ်းဖက်သမား တွေနဲ့ ဒီမိုကရက်တစ်တန်ဖိုးတွေကို ထောက်ခံသူတွေ အကြားဖြစ်ပွားနေတာပါလို့ ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၁၃ (သောကြာနေ့)က ဖြစ်ပွားခဲ့တဲ့ ပဲရစ်တိုက် ခိုက် မှုမှာ လူပေါင်း ၁၂၉ ဦးသေဆုံးခဲ့တယ်လို့ သတင်း တွေက ဖော်ပြပါတယ်။

Source : Tribune
ဘာသာပြန် – စိုင်ဖုလ္လာဟ်(Myanmar Muslim Media)


Filed under: သတင်းများ

IS ကို ချေမှုန်းဖို့ ပြင်သစ်သမ္မတ ကတိပြု

$
0
0

image

သောကြာနေ့ည ပဲရစ် တိုက်ခိုက်မှုကို ကြုံတွေ့ ခဲ့ရပြီးနောက် ပြင်သစ် နိုင်ငံအနေနဲ့ IS အဖွဲ့ကို ချေမှုန်းသွားမယ်လို့ သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က ပါလီမန် ၂ ရပ်ပေါင်း ပူးတွဲ ညီလာခံမှာ ပြောဆို ကတိပြုလိုက်ပါတယ်။

ပြင်သစ်မှာ အရေးပေါ် အခြေအနေ ကြေညာထားမှုကို သုံးလ အထိ ဆက်ထားနိုင်ဖို့ ဥပဒေ တစ်ရပ် တင်သွင်းမယ်လို့လည်း မစ္စတာ ဟော်လန်းဒ်က ပြောပါတယ်။

ပြင်သစ် အနေနဲ့ IS အဖွဲ့ကို ဟန့်တားနိုင်ရုံ မဟုတ်ဘဲ အမြစ်ပြတ်တဲ့ အထိ ချေမှုန်းသွားဖို့ ပိုင်းဖြတ်ပြီး ဖြစ်တယ် လို့လည်း သူက ဆိုပါတယ်။

သောကြာနေ့ ညက ပဲရစ်မြို့မှာ ဘားဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ဂီတဖျော်ဖြေပွဲ ခန်းမ တို့မှာ တိုက်ခိုက်ခံရမှုကြောင့် လူ ၁၂၉ ယောက် သေဆုံး ခဲ့ရပြီး၊ အဲဒီ တိုက်ခိုက်မှုတွေကို IS စစ်သွေးကြွတွေက သူတို့ လုပ်ခဲ့တာလို့ ပြောခဲ့ပါတယ်။

အမေရိကန် သမ္မတ၊ ရုရှား သမ္မတ တွေနဲ့လည်း လာမယ့် ရက်ပိုင်း အတွင်း တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ မစ္စတာ ဟော်လန်းဒ်က ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေ အတွက် ထောက်ပံ့မှုတွေ ပိုမို ပံ့ပိုးပေးသွားမယ်လို့ ကတိပြုခဲ့သလို၊ IS အဖွဲ့ အပေါ် တိုက်ခိုက်မှုတွကို ပိုမို တိုးမြှင့်နိုင်ဖို့ ချားလ်စ်ဒီဂေါလ် လေယာဉ်တင် သင်္ဘောကိုလည်း ကြာသပတေးနေ့မှာ ပို့လွှတ်သွားမယ်လို့ သူက ပြောပါတယ်။

http://www.bbc.com/burmese/world/2015/11/151116_paris_attack_france_at_war


Filed under: သတင်းများ
Viewing all 7779 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>