လေလည်သည့်အနံ့ကင်ဆာရောဂါ ပျောက်စေ နိုင်ဟု ဆို
မြန်မာပြည်အပြောင်းအလဲအတွက်စတင်ခဲ့တဲ့နေ့စွဲ
(၁၉၈၈)ခုနှစ် မတ်လ (၃၁)ရက်
အမေရိကန်ပြည်ထောင်စု အောက်စဖို့ဒ်နေအိမ် တွင်ဖြစ် သည်။ဒေါ်အောင်ဆန်းစုကြည်နှင့် မိုက်ကယ် အဲရစ်တို့က ဧည့်ခန်းတွင် စာဖတ်နေသည်။
သားဖြစ်သူနှစ်ဦးမှာလည်း ဧည့်ခန်းအတွင်း၌ပင်ရှိနေ ခဲ့သည်။ ထိုအချိန် တယ်လီဖုန်းမြည်သံက တိတ်ဆိတ်မှု ကို ဖောက်ခွဲပြီးပေါ်ထွက်လာသည်။
ရန်ကုန်မှမိခင်ကြီး ဒေါ်ခင်ကြည်၏ဖုန်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဆယ်မိနစ်ခန့်ဖုန်း ပြောပြီး သည့်အခါ ခင်ပွန်းဖြစ်သူ မိုက်ကယ်အဲရစ်အား
”မေမေလေဖြတ်သွားလို့တဲ့။ဆေးရုံတင်ထားရတယ်။အဲ့ဒါ ကျမရန်ကုန်ကို ချက်ချင်းသွားရမယ် ” ဟုပြောလိုက် သည်။
မိုက်ကယ်အဲရစ်ကလည်း ကြည်ဖြူစွာပင်ခေါင်းညိတ်ပြပြီး ရန်ကုန်သို့ သယ်ဆောင်သွားရမည့် ပစ္စည်းများကို ကူညီ သိမ်းဆည်းပေးနေသည်။
ထိုခရီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် မိုက်ကယ်အဲရစ် တို့၏ မိသားစုအတွက်သာမက မြန်မာပြည်သူလူထု အတွက် ပါ များစွာပြောင်းလဲသွားမည့် ခရီးစဉ်ဟု ထိုအချိန်က မည်သူမျှထင်မှတ်မိမည်မဟုတ်ကြပေ။
စေတနာမိခင်မဟာသီရိသုဓမ္မဒေါ်ခင်ကြည် စာအုပ်မှ
.
Credit : Saw Phoe Kwar
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျက်
Martin Swe
17-11-2015
Filed under: သူ့အကြောင်း

IS အဖွဲ့က အစ္စလာမ်၊ မွတ်စလင်တို့နှင့် မပတ်သက်ဟု အိုဘားမားပြော
နိုဝင်ဘာ ၁၇၊ ၂၀၁၅
M-Media
– တူရကီနိုင်ငံမှာ ပြုလုပ်နေတဲ့ G20 ထိပ်သီး အစည်း ဝေးမှာ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက IS အဖွဲ့ဟာ အစ္စလာမ်ကို ကိုယ်စားမပြုသလို မွတ်စလင် အများစုရဲ့ ပြုမူနေထိုင်ပုံတွေနဲ့လည်း ဘယ်လိုမှ မပတ် သက်ဘူးလို့ ပြောသွားခဲ့ပါတယ်။
“ISIL (IS) အဖွဲ့ဟာ အစ္စလာမ်ကို ကိုယ်စားမပြုပါဘူး။ မွတ်စလင်အများစုရဲ့ ပြုမူနေထိုင်ပုံ ဘယ်လို သဘော ထား တွေကိုမှလည်း သူတို့က ကိုယ်စားမပြုပါဘူး” လို့ အိုဘားမားက သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ ပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုနဲ့ဆက်နွယ်ပြီး အစ္စလာမ်နဲ့ မွတ်စလင်တွေအပေါ် ယိုးစွပ်ပြောဆိုတာတွေကို လည်း အိုဘားမားက ဆန့်ကျင်ခဲ့ပြီး ဒီလို ၀ါးလုံးသိမ်းရမ်း တာတွေဟာ အကြမ်းဖက်အဖွဲ့အစည်းတွေ လူသစ် စုဆောင်းဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်သွားမယ်လို့ လည်း အိုဘားမားက သတိပေးခဲ့ပါတယ်။
“ပဲရစ်မှာဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ ကိစ္စတွေကို အစ္စလာမ်ရဲ့ သွန်သင်မှုတွေနဲ့ တန်းတူပဲလို့ တစ်ယောက်ယောက်က သတ်မှတ်တာမျိုးနဲ့ ပတ်သက်ပြီး ပြောရရင်၊ ဒီလို ယူဆ ချက် အမှားတွေဟာ အကျိုးယုတ်စေမှာဖြစ်ပြီး အဲဒီလို သတ်မှတ်တာတွေဟာလည်း မှားယွင်းပါတယ်။ တကယ်လို့များ အကြမ်းဖက်ပြဿနာထက် မွတ်စလင် တွေရဲ့ ပြဿနာလို့ တစ်နည်းနည်းနဲ့ အဓိပ္ပါယ် သတ်မှတ် လိုက်တဲ့အခါ အဲဒါမျိုးတွေက အကြမ်းဖက်အဖွဲ့ အစည်းတွေ လူသစ် ကောင်းကောင်းစုဆောင်းနိုင်ဖို့ ဦးတည်သွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”
နိုဝင်ဘာ ၁၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဲရစ်အကြမ်း ဖက် တိုက်ခိုက်မှုအတွင်းမှာ လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ပြီး အာရပ်နိုင်ငံတွေက အပါအ၀င် မွတ်စလင်အများအပြား လည်း ပါဝင်ခဲ့ပါတယ်။
Filed under: သတင်းများ

Walking on a slackline that’s 840 meters above sea level : ကြောက်စရာ အမြင့်ပေမှ လမ်းလျှောက် ခြင်း
Walking on a slackline that’s 840 meters above sea level is obviously not terrifying enough for her! She needs some high-heels to get even higher!
Faith Dickey from the US
Filed under: ထူးဆန်းထွေလာ, Discovery

ရွေးကောက်ပွဲရလဒ် ကန့်ကွက်မှု များအယူခံ ပါက ကော်မရှင် ဆုံးဖြတ်ချက်သာ အပြီး အပြတ်ဖြစ်မည်
2015 November 18
ရွေးကောက်ပွဲရလဒ်အ တွက် တိုင်ကြားလာမည့် ကန့် ကွက်လွှာများကို ကော်မရှင်အဖွဲ့ ၀င် တစ်ဦးနှင့် ဥပဒေ ပညာရှင် နှစ်ဦးတို့ဖြင့် ခုံရုံးဖွဲ့စစ်ဆေးမည် ဖြစ်ပြီး ခုံရုံး၏ အဆုံးအဖြတ်ကို မကျေနပ်ပါက ခုံရုံးက ဆုံးဖြတ် ပြီး ၁၅ ရက်အတွင်း ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ထံ အယူခံဝင်နိုင်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။
‘‘အဲဒီအခါကျရင် ကော်မရှင် ရဲ့ အဆုံးအဖြတ်က အပြီး အပြတ် ပါပဲ’’ဟု ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင် ရုံး သတင်းစာ ရှင်းလင်းပွဲတွင် ဦးတင်အေးက ပြောကြား ခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ် စာရင်းကြေညာပြီး ၄၅ ရက်အ တွင်း ကန့်ကွက်လွှာများကို ပြည် ထောင်စုရွေးကောက် ပွဲ ကော်မ ရှင်သို့ ငွေကျပ်ငါးသိန်းနှင့်အတူ တိုင်ကြားရမည် ဖြစ် ပြီး လွတ်လပ် မျှတစွာ ကိုင်တွယ်ဖြေရှင်းမည် ဖြစ်ကာ အများပြည်သူရှေ့မှောက် (Open Court) တွင် စစ် ဆေး မှု များ ပြုလုပ်မည်ဟု ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး က ကတိပြု ပြောကြားသည်။
ရွေးကောက်ခံထားရသည့် ကိုယ်စားလှယ်သည် တရားမဲ့ ပြု ကျင့်မှုများကြောင့် မဲအများဆုံးရ ရှိခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲ တွင် ရှုံးနိမ့်ခဲ့သည့် ကိုယ်စားလှယ် လောင်း ကလည်းကောင်း၊ ရွေး ကောက်ပွဲ၏ တရား မျှတမှုနှင့်စပ် လျဉ်းပြီး သက်ဆိုင်ရာမဲဆန္ဒနယ် မှ မဲဆန္ဒရှင်တစ်ဦး က လည်း ကန့် ကွက်တိုင်ကြားနိုင်ကြောင်း ရွေး ကောက်ပွဲ ဥပဒေများ၌ ဖော်ပြ ထားသည်။
ရွေးကောက်ပွဲကာလအ တွင်း တိုင်တန်းလာမည့် တိုင် ကြား လွှာများကို စစ်ဆေးမှု၊ ဆုံး ဖြတ်မှုတို့ကို စီရင်ထုံး များ အဖြစ် ဖော်ပြပေးမည်ဟု ၎င်းကပြော သည်။
Filed under: သတင်းများ, ရွေးကောက်ပွဲ

အမေရိကန်နိုင်ငံက ရေကြောင်းလုံခြုံရေးအတွက် အရှေ့တောင် အာရှနိုင်ငံများသို့ ဒေါ်လာ ၂၅၉ သန်း ထောက်ပံ့မည်
မနီလာ နိုဝင်ဘာ ၁၇
တောင်တရုတ်ပင်လယ်တွင် အငြင်း ပွားလျက် ရှိသော တရုတ်နိုင်ငံ၏ ကျွန်းတု ကိစ္စရပ်များအပေါ် တင်းမာမှု များ မြင့်တက်လာချိန်တွင် ရေကြောင်းလုံခြုံရေးအတွက် အရှေ့တောင် အာရှနိုင်ငံများသို့ ဒေါ်လာ ၂၅၉ သန်း ထောက်ပံ့မည် ဟု အမေရိကန်နိုင်ငံ က ပြောသည်။
အဆိုပါ ထောက်ပံ့ငွေများကို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံ တို့သို့ ထောက်ပံ့ပေးသွားမည်ဟု သတင်းသည် အာရှ-ပစိဖိတ် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် အမေရိကန်သမ္မတ ဘားရက် အိုဘားမား မနီလာမြို့သို့ ရောက် ရှိပြီး မကြာမီပင် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၁၉ သန်းကို လည်းကောင်း၊ နောက်ထပ် ၁၂ လ အကြာတွင် ဒေါ်လာ သန်း ၁၄၀ ကိုလည်းကောင်း ထောက်ပံ့ပေးမည်ဟုဆိုသည်။
Ref :CNA
#Democracytoday
Filed under: သတင်းများ

အမေရိကန်တွင် မွတ်စလင်များအား ပစ်မှတ်ထား တိုက်ခိုက်မှု မြင့်တက်လာ
နိုဝင်ဘာ ၁၈၊ ၂၀၁၅
M-Media
– ဆီးရီးယား ဒုက္ခသည်များကို မိမိတို့ပြည်နယ်များတွင် လက်မခံဟု အမေရိကန်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူး အချို့က ကြေငြာပြီးနောက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းများ တိုက်ခိုက် ဖျက်ဆီးခံရမှုနှင့် မွတ်စလင်များကို ပစ်မှတ်ထားသည့် အမုန်းအခြေခံ ရာဇ၀တ်မှုများဟု သံသယဖြစ်စရာ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်ဟု သိရသည်။
အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကာင်စီ CAIR ကမူ မိမိတို့မှာ မကြာသေးမီက မက်ဆာချူးဆက်၊ ဖလော်ရီဒါ၊ တက္ကဆက်၊ ကန်တာကီ၊ ဗာဂျီးနီးယား၊ နီဘရာဆာကာ၊ တန်နက်ဆီ၊ အိုဟိုင်းယိုး၊ နယူးယောက်နှင့် အခြားသော ပြည်နယ်များတွင် ဖြစ်ပွားခဲ့သော “ဗလီဝတ်ကျောင်း တော်များ ဖျက်ဆီးခံရမှု၊ ခြိမ်းခြောက်ခံရမှုနှင့် အမုန်း အခြေခံ ဖြစ်ရပ်များ” ၏ မှတ်တမ်းများကို ရရှိထားသည် ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။
လက်ယာယိမ်း ရီပက်ဘလစ်ကန်ပါတီမှ ၂၆ ဦးပါအ၀င် အမေရိကန်ရှိ ပြည်နယ် ၂၇ ခုမှ အုပ်ချုပ်ရေးမှူးများက သောကြာနေ့က ဖြစ်ပွားခဲ့သည့် ပဲရစ်အကြမ်းဖက် တိုက်ခိုက်မှုကို ထောက်ပြ၍ ၎င်းတို့မှာ ဆီးရီးယား ဒုက္ခသည် များကို လက်ခံတော့မည်မဟုတ်ဟု ပြောကြား ခဲ့သည်။
အိုမာဟာနှင့် နီဘရာဆာကာ အစ္စလာမ့်စင်တာများမှ တာဝန်ရှိသူများကမူ တနင်္လာနေ့ညက အမည်မသိ သူအချို့မှာ ဒေသတွင်းရှိ ဗလီဝတ်ကျောင်းတော်တစ်ခု၏ နံရံတွင် အီဖယ်မျှော်စင်ပုံကို စပရေးဖြင့် ရေးချယ်ခဲ့သည် ဟု ပြောကြားခဲ့သည်။
တက္ကဆက်ပြည်နယ် ပက်ဖ်လူဂျာဗီလ်းမြို့ရှိ ဗလီဝတ် ကျောင်းတော်တွင်မူ ဒေသခံများ တနင်္လာနေ့မနက်ပိုင်း ၀တ်ပြုရန် ရောက်ရှိလာချိန်တွင် ဗလီတံခါးပေါက်နားတွင် ကုရ်အာန်စာအုပ်အား ဖြဲဆုပ်လွှတ်ပစ်ထားမှုကို တွေ့ရှိခဲ့ရသည်။
ဖလော်ရီဒါပြည်နယ် စိန့်ပီတာစဘတ်မြို့တွင်မူ ပြင်သစ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ဗလီဝတ်ကျောင်း တော်တစ်လုံးကို လူတစ်ဦးက ဖုန်းဆက်၍ ခြိမ်းခြောက် ခဲ့သည်။ ၎င်း၏ ခြိမ်းခြောက်မှု၌ မိမိတို့တွင် ပြည်သူ့ စစ်များရှိပြီး အစ္စလာမ်ဘာသာဝင်များ ရှိသည့်နေရာသို့ လာရောက်ကာ ဗုံးခွဲ၍ တွေ့သမျှသူများ၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်မည်ဟု ပြောကြားခဲ့သည်။
CAIR ၏ အဆိုအရ ဖလော်ရီဒါရှိ နောက်ထပ် ဗလီဝတ်ကျောင်းတော်တစ်လုံးမှာလည်း ထိုကဲ့သို့ ခြိမ်းခြောက်ခံခဲ့ရသည်ဟု ဆိုသည်။
အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်တွင်လည်း ဆန္ဒပြသူများ မှာ ဗလီဝတ်ကျောင်းတော် အပြင်ဘက်တွင် စုရုံးကာ ၀တ်ပြုရန်လာရောက်သူများကို နှောက်ရှက်ခဲ့ပြီး စော်ကားပြောဆိုမှုများကိုလည်း ပြုလုပ်ခဲ့သည်။
ယမန်နေ့တွင် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချာလော့တီရှိ အငှားယဉ်မောင်းတစ်ဦးက ခရီးသည် တစ်ဦးမှာ ၎င်းတို့ မွတ်စလင်ဟု ထင်မှတ်၍ ထိုးကြိတ် ကန်ကျောက်ခဲ့ပြီး သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက် ခဲ့သည်ဟု ဆိုသည်။
Ref: Aljazeera
Filed under: သတင်းများ, အစ္စလာမ်ဘာသာ

အကူအညီပေးရေးသင်္ဘောကို တိုက်ခိုက်မှုအတွက် အစ္စရေးဝန်ကြီးချုပ်နှင့် အပေါင်းအပါ ၆ ဦးကို စပိန် က ဖမ်းဝရမ်းထုတ်
နိုဝင်ဘာ ၁၇၊ ၂၀၁၅
M-Media
– ၂၀၁၀ ခုနစ်က ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်း ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် သွားရောက်သည့် ပရဟိတအဖွဲ့များ လိုက်ပါစီးနင်းသော သင်္ဘောအုပ်စုကို အစ္စရေးကွန်မန်ဒို များက ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့မှုအတွက် အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုနှင့် အပေါင်းအပါ ၆ ဦးအား စပိန် တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်သည်ဟု သိရသည်။
အခြား ၆ ဦးတွင် ယခင် ကာကွယ်ရေးဝန်ကြီးဟောင်း အီဟွဒ်ဘာရက်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း အေဗစ်ဂ် ဒေါ်ရ် လီဘာမန်၊ မဟာဗျူဟာရေးရာ ၀န်ကြီးဟောင်း မိုရှေး ယာလွန်၊ ပြည်ထဲရေးဝန်ကြီးဟောင်း အီလီ ယီရှာအီ၊ လက်ရှိ ဌာနလက်မဲ့ ၀န်ကြီး ဘန်နီဘီဂင်နှင့် လက်ထောက် ရေတပ်ဗိုလ်မှူးချုပ် မာရွန် အီလီဇာတို့ ဖြစ်ကြသည်။
Latin American Herald Tribune သတင်းစာ ကမူ ၂၀၁၀ ခုနှစ်က Freedom Flotilla ဟုခေါ် သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူ အညီ များပေးရန် လာရောက်သည့် သင်္ဘောအုပ်စုကို အစ္စရေးက စီးနင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ စပိန် အမျိုးသားတရားရုံးက ပြန်လည် စုံစမ်းစစ်ဆေး ခဲ့ပြီးနောက် တရားသူကြီး ဂျိုဆေး ဒီ လာ မာတာက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ နိုင်ငံအတွင်း ၀င်ရောက်လာပါက မိမိအား အကြောင်းကြားရန် ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များကို အမိန့်ပေးခဲ့သည်။
သင်္ဘော ၆ စီးပါဝင်သည့် အဆိုပါအုပ်စုမှာ လူပေါင်း ၅၀၀၊ အကူအညီများနှင့် ဆောက်လုပ်ရေးပစ္စည်းများကို တင် ဆောင်ကာ အစ္စရေး၏ ပိတ်ဆို့မှုကြောင့် အတိဒုက္ခ ရောက်နေကြသော ဂါဇာပြည်သူများအား ကူညီရန် လာရောက်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သင်္ဘော ပေါ်ရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ၉ ဦး နေရာ တွင် သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ထိုအဖြစ်အပျက်တွင် ရရှိသည့် ဒဏ်ရာကြောင့် နောက်ပိုင်းတွင် သေဆုံးခဲ့ သည်။
အစ္စရေးနိုင်ငံခြားရေးဝနကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီမန်နျူယဲလ် နက်ခ်ျရှန်ကမူ စပိန်၏ ထိုလုပ်ရပ်မှာ မိမိ တို့ အား ရန်စခြင်းဟု မှတ်ယူမည်ဖြစ်ပြီး ဖမ်းဝရမ်းအား ဖယ်ရှားရန်အတွက် စပိန်အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
Ref: Idependent
Filed under: သတင်းများ

ရွေးကောက်ပွဲသမိုင်းတွင် မှတ်တမ်းသစ်ရေးထိုးခဲ့သည့် ဗိုလ်ချုပ်တို့မိသားစု
သိန်းအေး
”အစိုးရအဖွဲ့သစ်ထံ သတ်မှတ်ချိန်အတွင်း အစိုးရတာဝန် ကို စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည်ဖြစ် ပြီး စိုးရိမ် ပူပန်မှုမရှိကြရန်” ရန်ကုန် တိုင်းဒေသကြီး အ စိုးရအဖွဲ့ရုံး ဧည့်ခန်းဆောင်တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ပြုလုပ် ခဲ့သော ပြည်ထောင်စုအစိုးရအဖွဲ့ဝင် များနှင့် နိုင်ငံရေးပါတီများတွေ့ဆုံပွဲ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောကြား ခဲ့သည်။
နိုင်ငံတော်သမ္မတကြီးရည်ညွှန်းသော အစိုးရအဖွဲ့ သစ်ဆိုသည်မှာ ပြည် သူလူထု၏ ထောက်ခံဆန္ဒမဲအများ ဆုံးဖြင့် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ဦးဆောင်ဖွဲ့စည်းမည့် အစိုးရအဖွဲ့သစ်ပင်ဖြစ်သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဇနီးဖြစ်သူ ဒေါ် ခင်ကြည်တို့၏သမီးဖြစ်သူ ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ရွေးကောက်ပွဲကျင်းပသော လွှတ်တော် သုံးရပ်၊ မဲဆန္ဒနယ်မြေ ၁၁၅၀ ရှိသည့်အနက် နေရာပေါင်း ၁၁၂၃ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကိုယ်စားလှယ် နေရာပေါင်း ၈၈၁ နေရာတွင် အနိုင်ရရှိခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၇၈ ဒသမ ၄၅ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ဤရလဒ်မှာ နိုဝင်ဘာ ၁၅ ရက်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ခဲ့သော ကြေ ညာချက်အရ တွက်ချက်တင်ပြထားခြင်းသာဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်တွင် ထပ်မံကြေညာဦးမည့် အနိုင် ရလဒ်စာရင်းကို ထည့်သွင်းတွက်ချက် ထားခြင်းမရှိသေးပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်အနေဖြင့် ယခုလို ရွေးကောက်ပွဲ ရလဒ်ကို လွယ်လွယ်ကူကူနှင့် ရရှိခဲ့သည်တော့ မဟုတ်။ ၁၉၈၈ ခုနှစ်မှအစပြု၍ ပေးဆပ်လာခဲ့ရသော အတိတ် ဖြစ်ရပ်များကို မဆိုထားနှင့်။ ၂၀၁၅ ရွေးကောက်ပွဲ မဲ ဆွယ်စည်းရုံးခွင့်ပြုခဲ့သည့် စက်တင်ဘာ ၆ ရက်မှ နိုဝင် ဘာ ၆ ရက်အထိ မဲဆွယ်စည်းရုံးခွင့်ပြုထားသည့် ရက် ပေါင်း ၆၀ အတွင်းမှာပင် နိုင်ငံတစ်နံတစ်လျားရှိ မြို့ ပေါင်း ၃၀ ကျော်၊ ခရီးစဉ်ပေါင်း ၄၁ ခုကို လေယာဉ်တစ် တန်၊ ကားတစ်တန်ဖြင့် မိုင်ပေါင်း ၇၀၀၀ ကျော်မျှသော ခရီးရှည်ကြီးကိုသွားခဲ့ပြီး ပြည်သူသုံးသန်းကျော် ခန့်ကို တွေ့ဆုံကာ မဲဆွယ်စည်းရုံးဟောပြောခဲ့သည်။ အသက် ၇၀ ကျော်အရွယ်သို့ ရောက်နေသည့်တိုင် ဤမျှရှည်လျား လှသော ခရီးစဉ်တစ်လျှောက် ပြည်သူများကို နာရီပေါင်း များစွာ ဟောပြောစည်း ရုံးခဲ့ပြီး မေးသမျှမေးခွန်းပေါင်း မြောက်မြားစွာကိုလည်း အငြင်းအပယ် မရှိ ဖြေဆိုခဲ့ သည်။ ၁၉၈၈ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည် ထောင် ပြီး နှစ်ပေါင်း ၂ရ နှစ်မျှ လောကဓံလှိုင်း များကြားတွင် ခက်ခက်ခဲခဲရပ်တည် ခဲ့ပြီးမှ ပြည်သူ လူထု၏ ထောက်ခံဆန္ဒမဲ အများစုဖြင့် ယခုလို အနိုင်ရရှိခဲ့ခြင်း လည်းဖြစ်သည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမြို့ဦးစေတီ ကွင်း၌ပြုလုပ်ခဲ့သော လူထုသိန်းချီ တက်ရောက်ခဲ့သည့် ရွေးကောက်ပွဲ ကာလ နောက်ဆုံး မဲဆွယ်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က –
”ကျွန်မတို့ဟာ အားလုံးကိုကျောသားရင်သားမခွဲ ဘဲဆက်ဆံခြင်းဟာ တကယ့်ကိုသိက္ခာရှိတဲ့ အဆင့်ရှိတဲ့ နိုင်ငံရဲ့ အဖွဲ့အစည်းများရဲ့တာဝန်ဖြစ်လို့ ဘယ်သူ့ကိုမှ အာဃာတမထားဘဲ အဖွဲ့ချုပ် ၁၀၀ ရာခိုင်နှုန်းနိုင်ရင် တောင် မှလက်ကမ်းကြိုဆိုပြီး အတူတွဲပြီးလုပ်ချင်တဲ့ စိတ်ရှိပါတယ်လို့ ကျွန်မပြော နိုင်ပါတယ်”ဟု အဖွဲ့ချုပ် ရာနှုန်းပြည့်နိုင်လျှင်သော်မှ ကျန်အနိုင်မရသောပါတီ များနှင့်အတူ လက်တွဲလုပ်နိုင်ကြောင်း၊ အာဃာတကင်း စင်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ခုနှစ်ကပင်စတင်ကာ အခက်အခဲဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ကျော် လွှားရပ်တည် ခဲ့ရသော ပါတီတစ်ခုအနေဖြင့် နှစ်ပေါင်း ၃၀ နီးပါး ရပ် တည်ခဲ့သည်ကိုချီးကျူးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အစိုးရဖွဲ့လျှင်လည်း ထိုအစိုးရအဖွဲ့သည် နိုင် ငံကိုဦးဆောင်နိုင်သော အစိုးရဖြစ်လာမည်ကို သူယုံကြည် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံဒုတိယသံအမတ် ကြီး Ichiro Maruyama ကလည်း အင်တာဗျူး တစ်ခုတွင် ဖြေကြားခဲ့ပါသေးသည်။
ပြည်တွင်းပြည်ပမှ ယခုလိုအားပေးထောက်ခံမှု အပြည့်cအဝ ရရှိနေ ဆဲဖြစ်သော ဒေါ်အောင်ဆန်း စုကြည်သည် ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦး အဖြစ်သာမက နှစ်ပေါင်းရှည်ကြာရပ်တည်ခဲ့သော ပါတီတစ်ခု၏ခေါင်း ဆောင်လည်းဖြစ်သလို ဒေါ်အောင် ဆန်း စုကြည်၏ဖခင် ဖြစ်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင် ဆန်းသည်လည်း ၁၉၄ရ ခုနှစ် ဧပြီလ ၉ ရက်နေ့က ကျင်းပခဲ့သော တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ကြီး၌ ယခုဒေါ်အောင် ဆန်းစုကြည် အနိုင်ရသလိုပင် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့သည်ကို ပြန်လည်တင်ပြလို သည်။ ထိုစဉ်က မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရသေး။ လွတ်လပ်ရေးပေးမည်ဆိုသော ကတိအရ လွတ်လပ်ရေး အရယူနိုင်ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိရမည်။ ဖွဲ့စည်း ပုံရေးဆွဲအတည် ပြုနိုင်ရေး အတွက် တိုင်းပြုပြည်ပြုလွှတ် တော်ခေါ်ရမည်။ တိုင်းပြုပြည် ပြုလွှတ်တော်ခေါ် ဖို့ဆိုလျှင် ရွေးကောက် ပွဲများ ပြုလုပ်ပေးရမည်ဖြစ်ရာ အင်္ဂလိပ်တို့ က ရွေးကောက် ပွဲကိုကျင်းပပေးခဲ့သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း က တပ်မှထွက်ကာ နိုင်ငံရေးသို့ဝင်သည်။ ပြည်သူများ ၏ တစ်ခဲနက်ထောက်ခံမှုကိုရရှိထားသော ဗိုလ်ချုပ် အောင်ဆန်းဘဝမှ ဖဆပလအဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌတာ ဝန်ကိုယူလျက် မြန်မာနိုင်ငံအနှံ့ စည်းရုံးရေးခရီးဆန့်ခဲ့ သည်။ ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင်အစ ပြုခဲ့သော ဗိုလ်ချုပ်၏စည်းရုံးရေး ခရီးစဉ်သည် ၁၉၄ရ ခုနှစ် ဧပြီ ၈ ရက်နေ့ရောက်မှ အဆုံးသတ်ခဲ့သည်ကို သတင်းစာဆရာကြီး ဦးပုကလေးရေးသားခဲ့သည့် ”ငါတို့ ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ” စာအုပ်တွင် ဖော်ပြ ထား သည်။
ဗိုလ်ချုပ်ခရီးထွက်ရာတွင် တောင်ငူ၊ ပျဉ်းမနား၊ မိတ္ထီလာ၊ မေမြို့၊ မြစ်ကြီးနား၊ သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ဘားအံ၊ လှိုင်းဘွဲ့၊ ကပ္ပလီနှင့် သထုံမြို့၊ ကယားပြည်နယ် လွိုင်ကော်၊ ရှမ်းပြည်နယ်တောင်ကြီး၊ ကလော၊ ညောင်ရွှေ၊ ပင်လုံ၊ စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ၊ မကွေးတိုင်း အတွင်းရှိ ရေစကြို၊ ပခုက္ကူ၊ ညောင် ဦး၊ ရေနံချောင်း၊ မကွေး၊ တောင်တွင်းကြီး၊ နတ်မောက်၊ အောင်လံ၊ ပြည် စသည်ဖြင့် မြန်မာပြည်တစ်နံတစ်လျား ကို လှည့်လည်စည်းရုံးဟောပြောခဲ့သည်။ ဗိုလ်ချုပ်၏ စည်းရုံးရေးခရီးစဉ် တစ်လျှောက်တွင် လမ်းပန်း ဆက်သွယ် ရေးအခက်အခဲကြောင့် ပင်ပန်းကြီးစွာ သွားခဲ့ရသည့် ခရီးစဉ်အချို့တွင် ဗိုလ်ချုပ် ကတော် ဒေါ်ခင်ကြည်က လိုက်ပါ ခဲ့သည်များလည်း ရှိခဲ့သည်။
ဗိုလ်ချုပ်သည် အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးကို အရယူရန်ဆောင် ရွက်ရာတွင် ရွေးကောက်ပွဲဖြင့် အရယူရေး လှည့်လည်စည်းရုံးဟောပြော ခဲ့သလို တစ်ဖက်တွင် လည်း အင်္ဂလိပ်တို့က လွတ်လပ်ရေးကို အသာတကြည် ပေးအပ်ခြင်းမရှိပါက တော်လှန်ရေးဖြင့် အရယူရမည် ဖြစ်သည်ကို ၁၉၄ရ ခုနှစ် မတ်လ ၂၁ ရက်နေ့ မုံရွာမြို့ သို့ရောက်ရှိစဉ် ယခုလိုပြောကြား ခဲ့သည်။
”အင်္ဂလိပ်ဟာ အတွင်းကြေကြေနေပြီ။ အဲဒါကြောင့် မို့ အခု သူဟာ လူလိမ္မာစကားကိုပြောနေရတယ်။ ကျုပ် တို့ကို လွတ်လပ်ရေးလိုချင်သလား။ မင်းတို့ကိုယ်တိုင် ကြေညာပါလို့ပြောတယ်။ ဒါပေမဲ့ သူတို့ပေးတဲ့ လွတ်လပ် ရေးမျိုးကိုမကြိုက်ဘူး။ အခု ကျုပ်တို့ဟာ တိုင်းပြုပြည်ပြု လွှတ်တော်မှာ ထိထိရောက်ရောက် ဆောင်ရွက်မယ့်သူ တွေ ကို လိုချင်တယ်။ အင်္ဂလိပ်နဲ့ စာချုပ်ချုပ်ဆိုတဲ့အခါမှာ ကျေနပ်ရင်ကျေနပ်၊ မကျေနပ်ရင် ယခုအမတ်တွေဟာ သူပုန်အမတ်တွေဖြစ်ရမယ်။
လွှတ်တော်ကလည်း သူပုန်လွှတ်တော်ကြီးဖြစ်ရမှာ ပဲ။ ပြီးတော့ အခုလွတ်လပ်ရေးတိုက်ပွဲဟာ မပြီးသေးဘူး ဆိုတာကို ခင်ဗျားတို့စိတ်ထဲမှာ စွဲထားဖို့လိုပါတယ်။ ကျုပ် တို့မှာ လုပ်ဖို့တာဝန်တွေအများကြီးရှိသေးတယ်။ အင်္ဂ လိပ်ဟာ ကျုပ်တို့ကိုလွတ်လပ်ရေးပေးဖို့အတွက် ကျုပ်တို့ မှာ စိတ်ချရမယ့်အမတ်များများလိုတယ်။ အဲဒီတော့ကာ ကျုပ်တို့ရွေးလိုက်တဲ့ လက်ရွေးစင်အမတ်တွေကို ခင်ဗျား တို့က မဲပေးဖို့ပဲရှိတယ်။ အဲဒီလို ခင်ဗျားတို့ကဝိုင်းပြီးကူ ညီကြမှ ကျုပ်ပြောတဲ့တစ်နှစ်အတွင်းမှာ လွတ်လပ်ရေး ကြေညာနိုင်မှာ။ အဲဒါမှမဟုတ်ရင် ဇာတ်မျောဦးမှာပဲ။ ဒီတော့ ခင်ဗျားသဘောပဲ။ ပေးချင်ပေး၊ မပေးချင်နေ။ ယခုလွှတ်တော်အမတ်တွေဟာ စာတတ်ဖို့မလိုသေးဘူး။ တိုက်စရာရှိတိုက်မယ်ဆိုတဲ့ လူကိုပဲလို တယ်။ နောင်အ ခါကျမှကြည့်ပြီး စာတတ်တွေနဲ့ စီမံရမှာပဲ။ အခုစာတတ် တွေရွေးလိုက်ရင် စကားများနေကြမှာပဲ။ လွတ်လပ်ရေး စခန်းကို ရောက်နိုင်ကြမှာမဟုတ်ဘူး”ဟု မြန်မာ့နိုင်ငံရေး အခြေအနေကို ပွင့်ပွင့်လင်းလင်းပြောကြားရင်း မဲဆွယ် ဟောပြောခဲ့သည်။
ဗိုလ်ချုပ်သည် စည်းရုံးရေးခရီးစဉ်အတွင်း လူထုနှင့် တွေ့ဆုံရာ၌ စင်ပေါ်မှဖြစ်စေ၊ ကားပေါ်မှဖြစ်စေ၊ ဘုရား ပရိဝုဏ်များတွင်ဖြစ်စေ အလျဉ်းသင့်သလို ပြောဆိုစည်း ရုံးခဲ့ခြင်းဖြင့် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဟော ပြောကာ ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုကို အ ရယူနိုင်ခဲ့သည်။ ၁၉၄ရ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင်ပြု လုပ်ခဲ့သောရွေးကောက်ပွဲ၌ ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလအဖွဲ့ချုပ်ကြီးက တစ်ပြည်လုံးတွင် မဲဆန္ဒနယ် ၂၅၅ နေ ရာအနက် အမတ်နေရာ ၂၄၃ နေရာရရှိကာ ရာခိုင်နှုန်းအားဖြင့် ၉၅ ဒသမ ၃ ရာခိုင်နှုန်းဖြင့် အနိုင် ရရှိခဲ့သည်။
ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလအဖွဲ့ချုပ်အနိုင်ရ ခဲ့ပြီး သုံးလမျှအကြာ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် နှင့် အာဇာနည်ကြီးများ လုပ်ကြံခံခဲ့ရသည်။ အာဇာနည် ကြီးများလုပ်ကြံခံခဲ့ရပြီး ၁၉၄ရ ခုနှစ် ဇူလိုင်လ ၂၉ ရက် နေ့တွင် ပထမအကြိမ် တိုင်းပြုပြည်ပြုလွှတ်တော် ဒုတိယအ စည်းအဝေးကိုကျင်းပရာ ထိုအစည်း အဝေးကြီးမှနေ၍ ကျဆုံး ခဲ့ပြီးသော ခေါင်းဆောင်ကြီး များ၏နေရာတွင် အစားထိုးအ မတ်များ ရွေးကောက်တင် မြှောက်ခြင်းကို အတည် ပြုပေးခဲ့သည်။
ကြားဖြတ်ရွေးကောက်မှုတွင် ပြိုင်ဘက် မရှိ ရွေးကောက် ခံခဲ့ရသည့် တိုင်းပြုပြည်ပြုလွှတ်တော်အမတ် များမှာ- ”ဗိုလ်ချုပ်ဦးအောင်ဆန်းနေရာ၌ ဗိုလ်ချုပ်က တော် ဒေါ်ခင်ကြည်၊ ဒီးဒုတ်ဦးဘချိုနေရာ၌ ဦးဘချို၏သမီး အကြီး မခင်ပု၊ ဦးဘဝင်းနေရာ၌ ဦးလှမောင်၊ မစ္စ တာရာဇတ်နေရာ၌ ၎င်း၏ဇနီး ဒေါ်ခင်ခင်၊ မန်းဘခိုင်နေ ရာ၌ ၎င်း၏ညီ မန်းဘဆိုင်၊ သခင်မြနေရာ၌ ၎င်း၏ဇနီး ဒေါ်ခင်ညွန့်တို့ ပြိုင်ဘက်မရှိ အရွေးခံရကြောင်း”ဟု၁၉၄ရ ခုနှစ် ဩဂုတ်လ ၁၁ ရက်နေ့ထုတ် ဒီးဒုတ်ဂျာနယ် တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။
အာဇာနည်ခေါင်း ဆောင်ကြီးများကျဆုံးအပြီး ၎င်းတို့ နေရာ များ၌ အစား ထိုးရွေးချယ်ခဲ့ပုံကိုမူ မတွေ့ရ။
ဆိုချင်သည်မှာ မြန်မာ့နိုင်ငံရေးတွင် မိသားတစ်စု တည်းမှ လွှတ်တော်အမတ်များဖြစ်ခဲ့သော မိသားစုမှာ ရှားပါ သည်။ ထို့အပြင် မိသားစုဆွေမျိုးစဉ်ဆက် လွှတ် တော် အမတ်ဖြစ်ခဲ့သည့် ဆွေမျိုးအနွယ်မှာ သာ၍ပင်ရှား ပါးမည်ထင်ပါသည်။ ထိုအထဲတွင် နိုင်ငံကို လွတ်လပ်ရေး ရအောင်စွမ်းဆောင်ခဲ့သော အာဇာနည်ဗိုလ်ချုပ်အောင် ဆန်းသည် တိုင်းပြုပြည်ပြုလွှတ်တော်အမတ်ဖြစ်သလို ဗိုလ်ချုပ်၏အစ်ကိုအရင်း များဖြစ်ကြသော ဦးအောင်သန်း နှင့် ဦးဘဝင်းတို့သည်လည်း လွှတ်တော်အမတ်များဖြစ် ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လွှတ်တော်အမတ် တစ်ဦးဖြစ်ခဲ့သလို ဇနီးဖြစ်သူ ဒေါ်ခင်ကြည်သည်လည်း ဗိုလ်ချုပ်မရှိတော့သည့်နောက်ပိုင်း ဗိုလ်ချုပ်နေရာတွင် လွှတ်တော်အမတ်ဖြစ်ခဲ့ပါသည်။ ဗိုလ်ချုပ်တို့ ကျဆုံးအပြီး နှစ်ပေါင်း ၆၈ နှစ်အကြာ ၂၀၁၅ တွင် ဗိုလ်ချုပ်၏ရင်သွေး ဖြစ်သော ဒေါ်အောင် ဆန်းစုကြည်သည်လည်း ဖခင်ဗိုလ် ချုပ်ကဲ့သို့ပင် ပါတီကြီးတစ်ခု ကို အောင်မြင်စွာပဲ့ကိုင်ဦး ဆောင်နိုင်ခဲ့ပြီး အမတ်ဦးရေအများဆုံးဖြင့် အစိုးရဖွဲ့ နိုင်သည့်အခြေအနေအထိ အနိုင်ရရှိနေပြီးဖြစ်ပါသည်။
ကျွန်တော်တို့မြန်မာ့သမိုင်းတွင် ဆွေမျိုးစဉ်ဆက် တစ်ခု တည်းမှ လွှတ်တော်အမတ်အများဆုံး ပေါ်ထွန်းခဲ့ သည့် ဗိုလ်ချုပ်အောင်ဆန်း တို့မိသားစု၏ ထူးခြားသော ဖြစ်စဉ် တစ်ခုကို မှတ်တမ်းတင်ရေး သားလိုက်ရခြင်းပါ။
ရည်ညွှန်း-
(၁) ၁၉၄၆ ခုနှစ်နှင့် ၁၉၄ရ ခုနှစ်ထုတ် ဒီးဒုတ်ဂျာနယ် စာစောင်များ
(၂) နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်များ၊ လူမှုကွန်ရက် စာမျက်နှာများ၊ အွန်လိုင်းသတင်းများ
(၃) ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းများ
#Democracytoday
Filed under: ရွေးကောက်ပွဲ

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေတစ်နေ့ ၆နာရီ ထိုင်ပါက သန္ဓေသား ကိုထိခိုက်စေ
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အထိုင်များရင် သန္ဓေသားအတွက် အန္တရာယ်ရှိတယ်လို့ ကျွမ်းကျင် ပညာရှင်တွေက သတိပေးလိုက်ပါတယ်။
ကိုယ်ဝန် ဒုတိယ သုံးလပတ်အချိန်အတွင်း တစ်နေ့ ၆နာရီထိုင်ခြင်းဟာ ကိုယ်အလေးချိန်များစေပြီး ဆီးချို ရောဂါဖြစ်နိုင်ကာ ကလေးမွေးရခက်ခဲမှုတွေရှိနိုင်ကြောင်း Warwick ဆေးတက္ကသိုလ်မှ သုတေသီတွေက ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
စိတ်ဓာတ်ကျတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အထိုင်များတတ်ကြပြီး အထိုင်များခြင်းက ကိုယ်အလေး ချိန် တက်လာကာ ကိုယ်ဝန်ဆောင်သွေးချို အန္တရာယ်များ တယ် လို့လည်း ကျွမ်းကျင်ပညာရှင်တွေက ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီး ၁၂၀၀ ကျော်ကို လေ့လာ မှုပြုခဲ့တာပါ။ ဒီလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Nithya Sukumar ဟာ သူ့ရဲ့ လေ့လာတွေ့ရှိ ချက် တွေကို အီဒင်ဘတ်မှာလုပ်ခဲ့တဲ့ အန်ဒိုခရင်းဟော်မုန်းဗေဒ ဆေးပညာအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
( Skyler )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com
Ref: Mirror
Filed under: ကျန်းမာရေး

ယောကျာ်းတစ်ယောက်ကို အောင်မြင်အောင် ပံ့ပိုးပေးနိုင်တဲ့ မိန်းမ “၁၀” မျိုး
ယောကျာ်းတစ်ယောက် အလုပ်ကိုင်အောင်မြင်ဖို့ဆိုတာ ငယ်ရွယ်စဉ်က သူတို့ရဲ့မိခင်၊ ဖခင်တွေက အဓိကပံ့ပိုးမှု တွေ ပေးခဲ့ရတာပါ။ ဒါပေမဲ့အိမ်ထောင်ရက်သားကျလာတဲ့အခါ ကိုယ့်ရဲ့ လက်တွဲဖေါ်ရဲ့ ပံ့ပိုးမှုဟာ ပိုပြီးအဓိကကျသွားပါပြီ။ ပံ့ပိုးတယ်ဆိုတဲ့အရာဟာ ငွေကြေးပိုင်းရယ်မှာ မဟုတ် ပါဘူး ကျန်တဲ့အချက်တွေနဲ့လည်း အများကြီးဆက် နွယ်နေပါသေးတယ်။
မိန်းမတစ်ယောက်ဟာ ယောကျာ်းတစ်ယောက်ကို အအောင်မြင်ဆုံးနေရာကို တွန်းပို့နိုင်သလို အနိမ့် ကျဆုံးဖြစ်အောင်လည်း ဆွဲချတတ်ပါသေးတယ်။ ဒီတော့ မိန်းမတစ်ယောက်ရဲ့ နေရာက ဘယ်လောက်တောင် အဓိကကျတတ်သလဲဆိုတာနဲ့ ဘယ်လိုအချက်လေးတွေ ပိုင်ဆိုင်ထားရမလဲဆိုတာကို ကြည့်လိုက်ကြရအောင်။
၁။ သဘောထားကြီးပြီး လူအကဲခတ်တော်တဲ့မိန်းမ
သူမဟာ အင်မတန်မှ ပါးနပ်တတ်ပြီး သင်ရဲ့မျက် တတောင်တခတ်တွင်းမှာ သင်ဘာဖြစ်နေလဲဆိုတာကို အကဲခတ်ခန့်မှန်းသိရှိနိုင်ပြီး သင်ပျော်နေချိန်မှာ သင်နဲ့အတူပျော်ရွှင်မှုတွေကို အတူခံစားပေး တတ်ပါတယ်။
သင်မျက်မှောင်တစ်ချက်ကုတ်လိုက်လို့ ဘယ်လောက်ပဲ သင်ကပျော်ရွှင်ချင်ယောင် ဆောင်ပြဆောင်ပြ သင့်ရဲ့ ဒုက္ခတွေ အခက်ခဲတွေကို ဝေမျှပြီး ခံစားနားလည် ဖြေရှင်းပေးတတ်ပါတယ်။
၂။ ဂုဏ်သတင်းကျော်ဇော်မွှေးပျံ့တဲ့မိန်းမ
သူမဟာ ဘယ်လောက်ပဲ သင့်ထက် ပညာတွေ တတ်နေ ပါစေ၊ ဘယ်လောက်ပဲ ရာထူးဂုဏ်ရှိန် တွေရှိ နေပါစေ သင့်ကို သင့်ရဲ့ပတ်ဝန်းကျင် အသိုင်းဝိုင်း မှာ သင့်ကို နေရာပေး လေးလေးစားစား ဆက်ဆံတတ်ပြီး သူမရဲ့ ဂုဏ်ရှိန်ဝါနဲ့ သင့်ကိုပါ လွှမ်းခြုံတောက်ပစေပါတယ်။
၃။ သဘာအလှလေးနဲ့ အေးချမ်းတဲ့မိန်းမ
သူမရဲ့အလှဟာ ပန်းလေးတစ်ပွင့်လို မတောက်ပနေပေမဲ့ အေးချမ်းမှုရှိပါတယ်။
သင်ကြည့်လိုက်တိုင်း သူမဟာ အေးချမ်းတဲ့အသွင် အတိုင်း အပြုမှုတွေပါ အေးချမ်းငြင်သာနေပါလိမ်မယ်။
သင့်ရဲ့လုပ်ငန်းခွင်ထဲမှာ သင့်တွက် အထောက်အပံ့ မပေးနိုင်ပေမဲ့ တခြားမိန်းမတွေလို ပူလောင်ငြူစူမှု အလျဉ်းမရှိပဲ သင့်ကိုအေးချမ်းမှုတွေနဲ့ သာယာ စေနိုင်ပါတယ်။
၎။ ဦးနှောက်ပြေးတဲ့မိန်းမ
သူမဟာ အင်မတန်မှ ထိုးထွင်းဥာဏ်ရှိပြီး သင်အခက်ခဲလေးတစ်ခု ကြုံလာပြီဆိုတာနဲ့ ပြေလည်မဲ့ဖြေရှင်းနည်းကို တစ်ထိုင်တည်း ထုတ်ပေးနိုင်တဲ့သူမျိုးပါ။
စီးပွားရေးလုပ်တဲ့အခါမှာလည်း သင့်ကိုနောက်ကွယ် ကနေ အကောင်းဆုံး အကြံတွေနဲ့ ရှေ့ဆက်လို့ရအောင် ပို့ဆောင်ပေးတဲ့ သူမျိုးပါ။
၅။ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့မိန်းမ
ဒီလိုမိန်းမတွေဟာ သင်ဘာပဲလုပ်လုပ် အမြဲတစေ ယုံကြည်ချက်အပြည့်နဲ့ အားပေးတတ်ပါတယ်။ သင်အောင်မြင်သွားခဲ့ရင်လည်း သူ့ကြောင့်ပါလို့ မဏ္ဍပ်တိုင်တပ်ပြမှာမဟုတ်သလို ၊ ရှုံးနိမ့်ခဲ့ရင်လည်း ငြူစူပြောဆိုနေမှာ မဟုတ်ပါဘူး။
အရမ်းစိတ်ညစ်နေတဲ့အချိန်မှာ သင့်ကို နွေးထွေးစွာအားပေးပါလိမ့်မယ်။ သူ့ရဲ့သင့်ပေါ် ယုံကြည်ချက်တွေနဲ့ ပြတ်သားမှုတွေကြောင့် သင်ဟာ လဲရာမှချက်ချင်းတောင် ပြန်ထထိုင်နိုင်လောက်အောင် သူမစွမ်းဆောင်နိုင်ပါလိမ့်မယ်။
၆။ ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးတဲ့မိန်းမ
သူမဟာအင်မတန်မှမိမိကိုယ်ကိုအမြဲလိုလိုအပြင်ဆင်ပိုင်းမှာရောဂုဏ်သိက္ခာပိုင်းတွေမှာပါခြယ်သပြင်ဆင် နေလေ့ရှိပါတယ်။ သူမဟာ ဘယ်တော့မဆို သူကြောင့်သင်နံမည်ပျက်စေမှာမဟုတ်သလို အသိုင်းဝိုင်းရှေ့ထွက်တဲ့အခါမှာလည်း သူ့ကြောင့် သင်ဟာ အလိုလိုနေရင်းနဲ့ဂုဏ်ရှိစေနိုင်မဲ့ မိန်းမမျိုးပါ။ ဘယ်တော့မှ သူ့အလှကြောင့် သင့်ရဲ့ပူပန်မှုတွေကို အနေထိုင်တွေနဲ့ ဖြောက်ဖျတ်ပစ်တတ်ပါတယ်။
၇။ တာဝန်ယူတတ်တဲ့မိန်းမ
သူမဟာ သင့်ရဲ့ဝင်ငွေထွက်ငွေနဲ့ ကိုက်ညီအောင် သုံးစွဲစီစစ်သလို ၊ စုသင့်တာစု သုံးသင့်တာသုံးပြီး သင့်ကိုဘယ်တော့မှ စားဝတ်နေရေးတွက် ပူပန်စေမှာ မဟုတ်ပါဘူး ။ သူမဟာ အလုပ်လုပ်တဲ့နေရာမှာ အင်မတန်မှ တိကျပြီး တာဝန်ယူစိတ်အပြည့်လည်း ရှိတတ်ပါတယ်။
၈။ စကားပြောဆို ကျွမ်းကျင်တဲ့မိန်းမ
သူမဟာ စကားပြောခြင်း အတတ်ပညာကို တစ်ဖတ် ကမ်းခပ် ကျွမ်းကျင်တတ်ပြီး အပေါင်းသင့်ဆံ့ တဲ့ သူဖြစ်ပါလိမ့်မယ်။ သူမနဲ့စကားပြောလိုက်တိုင်း လူတိုင်းစိတ်ချမ်းသာရပြီး ဘယ်လိုလူကို ဘယ်လို အခြေနေမျိုးမှာ ဘာပြောရမလဲဆိုတာနဲ့ သူမဟာ လူတွေကို ကောင်းကောင်းစွဲဆောင်နိုင် ပါတယ်။ သူမကြောင့်ပဲ သင်ဟာ ဒိထက်ကျယ်ပြန့်တဲ့ အသိုင်းဝိုင်းတစ်ခုကို သိကျွမ်းခွင့်ရနိုင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။
၉။ ဆုံးဖြတ်ချက် ပြတ်သားတဲ့မိန်းမ
သူမဟာ စဉ်းစားဆုံးဖြတ်တဲ့နေရာမှာ အင်မတန်မှ ပညာသားပါပြီး အရာရာ စိတ်ချရပါတယ်။ ဘယ်တော့မှ သေးသေးမွှားမွှားကိစ္စတွေနဲ့ အတော်တန်ကြီးတဲ့ ကိစ္စတွေကို သင့်ဆီမရောက်စေပဲ ဖြေရှင်းတတ် ပါတယ်။သင့်ရဲ့အလုပ်ကိုင်တွေကို ဘယ်တော့ မထိခိုက်စေပဲ အိမ်မှုကိစ္စတွေ ပါ သူတစ်ယောက်တည်း ဖြစ်အောင်စီမံတတ်ပြီး သင့်ကိုအလုပ်လုပ်တဲ့နေရာမှာ စိတ်အပြည့်ဝရအောင် လွှတ်ထားပေးတတ်ပါတယ်။
၁၀။ ခေတ်အမြင်ရှိတဲ့မိန်းမ
သူမဟာ အင်မတန်မှ ခေတ်နဲ့လျောညီစွာနေ ထိုင်တတ်ပြီး အနေထိုင်တည်ငြိမ်တတ်ပါတယ်။ အများသူငှာနဲ့ သဟဇာတရှိပြီးသင်ရဲ့လုပ်ဖေါ် ကိုင်ဖက်တွေနဲကလည်း ကျေလည်စွာဆက်ဆံတတ်
ပါတယ်။ သင်မိတ်ဆက်ပေးလာသမျှ လုပ်ဖေါ် ကိုင်ဖက်မိန်းကလေးတွေကိုလည်း ဘယ်တော့မှ သံသယမျက်လုံးနဲ့ မကြည့်ပဲ သူငယ်ချင်းဖြစ်အောင် ဆွဲဆောင်သိမ်းသွင်းတတ်ပါသေးတယ်။
Credit : မနုဿ ရဲ့ စာမျက်နှာလေးများ
ဓါတ်ပုံ အင်တာနက်
Filed under: သူ့အကြောင်း, ဆောင်းပါးများ

ဒေါ်အောင်ဆန်းစုကြည် ဖြစ်ရပ်နဲ့ ဆင်တူတဲ့ ကမ္ဘာ ဒီမိုကရေစီနိုင်ငံကြီးတစ်ခုက ပါတီဥက္ကဌ တဦးအကြောင်း
November 18, 2015
ဆိုနီယာဂန္ဒီ
=======
သူမရဲ့ နာမည် အရင်းက အဲဘီးနား မရီနို Albina Màino ။
သူမကို စတီဖီနို နဲ့ ပါအိုလာ မရီနို တို့က အီတလီနိုင်ငံ လူရှာနာ Lusiana ရွာလေး မှာမွေးဖွားခဲ့တယ်။
အဲဒီရွာလေး မှာ မရီနို Màino မိသားစု များဟာ ဘိုးဘေး စဉ်ဆက် ထဲက နေထိုင်ခဲ့ပါတယ်။
သူမဟာ အဲဒီရွာကလေးမှာ မွေးဖွားပြီး တူရိနာ Turin မြို့ ရိုမင်ကက်သလစ်ကျောင်းမှာ ကြီးပြင်းခဲ့တယ်လို့ ဆိုကြပါတယ်။
သူမရဲ့ ဖခင်ဟာ ပန်းရံဆရာ တဦးဖြစ်ပြီး မူဆိုလီနီ ရဲ့ ဖက်ဆစ်ပါတီကို ထောက်ခံသူ တဦးပါ။ ဆိုဗီယက်ကို ဟစ်တလာရဲ့ တပ်နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ပါတယ်။ ၁၉၈၃ မှာ ကွယ်လွန်ပါတယ်။
၁၉၆၄ မှာ သူမဟာ ကိန်းဘရစ်မြို့ ဘဲလ်ဘာသာစကားကျောင်းမှာ အင်္ဂလိပ်ဘာသာရပ်ကို ဆည်းပူးပါတယ်။
၁၉၆၅ မှာ ဂရိစားသောက်ဆိုင် တဆိုင် (Varsity Restaurant ) မှာ စားပွဲထိုး အလုပ် လုပ်ပြီး ကျောင်းစားရိတ်ရှာရပါတယ်။
အဲဒီဆိုင်မှာ တြီနတီကောလိပ်က ခန့်ညားသန့်ပြန့်တဲ့ အင်ဂျင်နီယာကျောင်းသား ရာဂျစ်ဂန္ဒီနဲ့ တွေ့ဆုံပြီး ချစ်ကြိုက်သွားကြပါတယ်။
၁၉၆၈ မှာတော့ ဆိုနီယာ နဲ့ ရာဂျစ် တို့ နှစ်ဦးဟာ ဟင်ဒူဓလေ့ထုံးစံအတိုင်း လက်ထပ်ကြပြီး ယောက်ခမ အိမ်မှာ အတူတူ နေထိုင်ကြပါတယ်။
သူမရဲ့ ယောက်ခမက အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် အင်ဒရာဂန္ဒီပါ။
ဒီနေရာမှာ အင်ဒရာဂန္ဒီ အကြောင်း နည်းနည်း ပြောပါရစေ။ အင်ဒရာဂန္ဒီ ရဲ့ အဖေဟာ ဂျဝဟာလာ နေရူး ပါ။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ဖခင်ကြီးပါ။ ပထမဆုံး ဝန်ကြီးချုပ်ပါ။ မဟတ္တမ ဂန္ဒီဟာ အိန္စ္ဒိယရဲ့ သခင်ကိုယ်တော်မှိုင်း ဆိုရင် နေရူးဟာ အိန္ဒိယရဲ့ သခင်အောင်ဆန်းပါ။ နေရူးလဲ တြီနတီကောလိပ်ဆင်း ပါပဲ။ အင်ဒရာဂန္ဒီက အောက်စဖို့ ဆင်းပါ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ နေရူးဟာ အင်မတန် ခင်မင်ပါတယ်။ တူ နဲ့ ဦးလေးလို အသက်ချင်း ကွာဟတဲ့ နေရူးဟာ ကိုအောင်ဆန်းကို လွတ်လပ်ရေးရပြီး နောင်တချိန်မှာ အာရှခေါင်းဆောင် အဖြစ် မျှော်လင့်ခဲ့ပါတယ်။
ဒီနေရာမှာ “ဂန္ဒီ” နာမည်ကြောင့် နေရူး နဲ့ မဟတ္တမ ဂန္ဒီကြီး နဲ့ ဆွေမျိုးတော်သလားလို့ ထင်ကြပါတယ်။ မဟုတ်ပါဘူး။ အင်ဒရာ လက်ထပ်တဲ့ ခင်ပွန်းနာမည်က ဖီရိုဇီ ဂန္ဒီ ဖြစ်နေလို့ပါ။ ;-D
အင်ဒရာဂန္ဒီ က မွေးတဲ့ သားက ရာဂျစ်ဂန္ဒီ။ ရာဂျစ်ဂန္ဒီ နဲ့ လက်ထပ်တဲ့ ဆိုနီယာက ဆိုနီယာ ဂန္ဒီ ဖြစ်လာတာပါတဲ့။
ရှင်းအောင် ပြောရရင် ဆိုနီယာ ဂန္ဒီ ဟာ နေရူးရဲ့ မြေးချွေးမ ပါ။
အိမ်ရှင်မ
———-
အိန္ဒိယနိုင်ငံကို လွတ်လပ်ရေးရယူပေးတဲ့ အိန္ဒိယအမျိုးသား ကွန်ကရက်ပါတီ( ဗမာပြည်မှာဆိုရင် ဖဆပလ ) မှာ နေရူးမိသားစုက ကြီးစိုးပါတယ်။ အိန္ဒိယနိုင်ငံမှာ ဩဇာအလွန်ကြီးမားတဲ့ မျိုးနွယ်ပါ။ အိန္ဒိယနိုင်ငံ အခြေခံဥပဒေက ဗမာပြည် လွတ်လပ်ရေးခေတ်မှာလို ဝန်ကြီးချုပ်က အာဏာအရှိဆုံးပါ။ ဦးနု လိုပေါ့။ အဲဒီ အာဏာအရှိဆုံး နေရာမှာ – သမီးဖြစ်သူ အင်ဒရာဂန္ဒီ က ၁၉၆၆မှာ တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ နောက်ထပ် ၁၉၈၀ မှာ ပဉ္စမမြောက် ဝန်ကြီးချုပ် အဖြစ် ရွေးကောက်ခံရပါတယ်။
ဆိုနီယာ ဂန္ဒီ သမိုင်းကို ပြန်ဆက်ရရင် သူတို့ဇနီးမောင်နှံဟာ ယောက္ခမ အိမ်တက်ပြီး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လာကြတာ
သား ရာဟု ဂန္ဒီ၊ သမီး ပရိယန္က ဂန္ဒီ တို့ မွေးဖွားခဲ့ပါတယ်။ ရာဂျစ် နဲ့ ဆိုနီယာ တို့ဟာ ဩဇာတတ္ကမ ကြီးမားတဲ့ နေရူး-ဂန္ဒီမျိုးနွယ်ကြီးက ဖြစ်ပေမယ့်၊ နိုင်ငံရေးမှာ ဝင်ရောက်ပါဝင်ခြင်း မရှိခဲ့ပါဘူး။ ရာဂျစ်ဟာ လေယဉ်မှူး လုပ်တယ်။ ဆိုနီယာက အိမ်ရှင်မ အဖြစ် မိသားစုကို စောင့်ရှောက်တယ်။
၁၉၈၀ မှာ ရာဂျစ်ရဲ့ ညီငယ် ဆန်ဂျေးဂန္ဒီ လေယဉ်ပျက်ကျ ကွယ်လွန်သွားပါတယ်။ ဆန်ဂျေးဟာ နေရူး-ဂန္ဒီမျိုးဆက်ရဲ့ နိုင်ငံရေးအမွေကို ဆက်ခံမယ့် နိုင်ငံရေးသမား ပါလီမန်အမတ်ပါ။ ဆန်ဂျေး ကွယ်လွန်ပြီး ၂ နှစ် အကြာ ၁၉၈၂မှာ ရာဂျစ်ဟာ နိုင်ငံရေးထဲ ဝင်ရောက်သွားပါတော့တယ်။ အိန္ဒိယအမျိုးသား ကွန်ကရက်ပါတီမှာ အထွေထွေအတွင်းရေးမှူး၊ ပါလီမန်မှာ အောက်လွှတ်တော်အမတ် ဖြစ်လာပါတယ်။ ဆိုနီယာကတော့ အဲဒီအချိန်အထိ နိုင်ငံရေးနဲ့ ကင်းကင်းရှင်းရှင်း နေတုံးပါပဲ။
နေရူး-ဂန္ဒီမိသားစုကြီးဟာ အောင်ဆန်းမိသားစုကြီးလိုပဲ နိုင်ငံရေးအတွက် အသက်ပေးရသူတွေ မနည်းပါဘူး။ အောင်ဆန်း မိသားစုကြီးမှာ ဗိုလ်မင်းရောင် (အဘိုး)၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း (အကို)၊ သခင်သန်းထွန်း (မယားညီအကို) တို့ လုပ်ကြံသတ်ဖြတ်ခံရသလိုပဲ နေရူး-ဂန္ဒီမိသားစုကြီးမှာ အန္တရာယ်တွေ ဝန်းရံနေပါတယ်။
၁၉၈၄ အောက်တိုဘာမှာ ဝန်ကြီးချုပ် နေအိမ် ပန်းခြံထဲမှာ အင်ဒရာဂန္ဒီကို သက်တော်စောင့် နှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ပါတယ်။ ကျည်ဆံ အချက် ၃၀ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး နေရူးရဲ့ သမီးဟာ ကွယ်လွန်သွားပါတယ်။
နိုင်ငံရေးသမား
—————–
အင်ဒရာဂန္ဒီ ကွယ်လွန်တော့ သားဖြစ်သူ ရာဂျစ်ဂန္ဒီကို ဝန်ကြီးချုပ် အဖြစ် တင်မြှောက်ကြတယ်။ အိန္ဒိယအမျိုးသား ကွန်ကရက်ပါတီ ဥက္ကဌ ဖြစ်လာတယ်။ ဆိုနီယာက ဆန်ဂျေးရဲ့ မဲဆန္ဒနယ်က ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ ( ဆန်ဂျေးရဲ့ ဇနီး မနီခဂန္ဒီ ဟာ အတိုက်အခံပါတီကနေ ယှဉ်ပြိုင်ပါတယ်။ ) ဆိုနီယာဟာ ပါလီမန် လွှတ်တော်အမတ် အဖြစ် ၁၉၈၁ မှာ ရွေးကောက်တင်မြောက်ခံရပါတယ်။
၁၉၈၄ ဒီဇင်ဘာ ရွေးကောက်ပွဲ ကျင်းပတော့ အိန္ဒိယ တနိုင်ငံလုံးက ရာဂျစ်ဂန္ဒီကို တောင်ပြို ကမ်းပြို မဲပေးကြပါတယ်။ ၇၅% ကျော် အနိုင်ရပါတယ်။ ဆိုနီယာ ဟာ ခင်ပွန်းသည် ဝန်ကြီးချုပ်ရဲ့ ဧည့်ခံရေး တာဝန်ပေးခြင်း ခံရပါတယ်။ ခင်ပွန်းသည်နှင့် အတူ နိုင်ငံတကာခရီးတွေ လိုက်ပါရပါတယ်။
ရာဂျစ်ဂန္ဒီ ဝန်ကြီးချုပ် ၅ နှစ်သက်တမ်း ကုန်ခါနီးမှာ ဖြစ်ပွါးတဲ့ ဘိုဖောစ် အရှုပ်တော်ပုံမှာ ပါဝင်တယ်လို့ ယုံကြည်ရတဲ့ အီတလီလုပ်ငန်းရှင်တယောက်ဟာ ဆိုနီယာရဲ့ မိတ်ဆွေဖြစ်ပြီး ဝန်ကြီးချုပ် အိမ်တော်ထိ ဝင်ခွင့်ရတယ်လို့ ဆိုကြတယ်။ ပြိုင်ဘက် BJP ပါတီက ဆိုနီယာဟာ အိန္ဒိယနိုင်ငံသားကဒ် မရခင် မဲပေးသူစာရင်းမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲပါတယ်။ အမျိုးသားကွန်ကရက်ခေါင်းဆောင် (ယခု အိန္ဒိယ သမ္မတကြီး) က ဆိုနီယာဟာ (၂၇ ဧပြီ ၁၉၈၃) မှာ အီတလီပတ်စပို့ကို အီတလီသံရုံးမှာ တရားဝင် စွန့်လွှတ်ပြီးကြောင်း၊ အီတလီဥပဒေအရ နှစ်နိုင်ငံသား ( dual nationality ) ဖြစ်ခွင့်မရှိကြောင်း၊ ထို့ကြောင့် ဆိုနီယာဟာ အိန္ဒိယနိုင်ငံသားကဒ် လက်ဝယ်ရပြီးသည်နှင့် တပြိုင်နက် အီတလီနိုင်ငံသားအဖြစ်က အလိုအလျောက် ရပ်စဲသွားပြီ ဖြစ်ကြောင်း ရှင်းလင်းခဲ့ပါတယ်။
၁၉၈၉ ရွေးကောက်ပွဲမှာတော့ ရာဂျစ်ဂန္ဒီဦးဆောင်တဲ့ အိန္ဒိယအမျိုးသားကွန်ကရက်ပါတီဟာ ရှုံးနိမ့်သွားပါတယ်။ ရာဂျစ်ဂန္ဒီ ဝန်ကြီးချုပ်ကာလမှာ သီရိလင်္ကာနိုင်ငံမှာ တမီးလ်ကျား လွတ်မြောက်ရေးအဖွဲ့က ပုန်ကန်နေပါတယ်။ ရာဂျစ်ဂန္ဒီက သီရိလင်္ကာအစိုးရထံ အိန္ဒိယငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ကို စေလွှတ်ကူညီခဲ့ပါတယ်။
၁၉၉၁ မှာ ရွေးကောက်ပွဲ ကျင်းပတော့ အိန္ဒိယအမျိုးသားကွန်ကရက်ပါတီ ဥက္ကဌ ရာဂျစ်ဂန္ဒီဟာ နိုင်ငံအနှံ့အပြားကို မဲဆွယ်စည်းရုံးရေး ထွက်ပါတယ်။ အိန္ဒိယ တောင်ပိုင်း ( သီရိလင်္ကာ တဖက်ကမ်း) တမီးလ်လူမျိုးတွေ နေတဲ့ အရပ်မှာ ရာဂျစ်ဂန္ဒီဟာ တမီးလ်ကျား လွတ်မြောက်ရေးအဖွဲ့ဝင် တစ်ဦးက အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် ပွဲချင်းပီး သေဆုံးသွားပါတော့တယ်။ တမီးလ်ကျား သူပုန်တွေက ရာဂျစ် အာဏာပြန်ရရင် သီရိလင်္ကာ အစိုးရကို ထပ်မံကူညီမှာ မလိုလားလို့ လုပ်ကြံတာပါ။
အိန္ဒိယအမျိုးသားကွန်ကရက်က ဒီဖြစ်ရပ်ဟာ တမီးလ်ကျား သူပုန် လက်ချက်တင် မကပဲ အာဏာရအိန္ဒိအစိုးရက ပြိုင်ဘက်ပါတီဥက္ကဌအတွက် ပေးထားတဲ့ လုံခြုံရေးစည်းဟာ လျော့ရဲကျိုးပေါက် နေတယ်လို့ စွပ်စွဲပါတယ်။
ပါတီဥက္ကဌ
————
ရာဂျစ်ဂန္ဒီ ကွယ်လွန်ပြီးနောက် အိန္ဒိယအမျိုးသားကွန်ကရက်ဟာ ရွေးကောက်ပွဲမှာ အနိုင်ရပါတယ်။ ဆိုနီယာကို ဝန်ကြီးချုပ်အဖြစ် ကမ်းလှမ်းပါတယ်။ သူမက လက်မခံတဲ့ အတွက် နရဆင်ဟရအို ကို ပါတီဥက္ကဌ ခန့်ပြီး တဆက်ထဲမှာပဲ ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ နရဆင်ဟရအို လက်ထက်မှာ ဝန်ကြီး ၇ ယောက် နုတ်ထွက်ပြီး ကိုယ်တိုင်လဲ လာဘ်စားမှု ပြဿနာကို ရင်ဆိုင်ရပါတယ်။ အိန္ဒိယအမျိုးသားကွန်ကရက်ပါတီဟာ အစိတ်စိတ်အမြွှာမြွှာကွဲပါတယ်။ ပါတီက ထင်ရှားသူတွေ ထွက်ကုန်ပါတယ်။
၁၉၉၆ ရွေးကောက်ပွဲ မှာတော့ ကွန်ကရက်ပါတီ ရှုံးနိမ့်ပြီး နောက် ဆိုနီယာဂန္ဒီဟာ ပါတီကို ကယ်တင်ဖို့ ၁၉၉၇ အိန္ဒိယအမျိုးသားကွန်ကရက်မှာ ဗဟိုအဖွဲ့ဝင် အဖြစ် ပါဝင်လာပြီး ၁၉၉၈ မှာ ပါတီဥက္ကဌ ဖြစ်လာပါတယ်။
၁၉၉၉ မှာ ပါတီထိပ်တန်းခေါင်းဆောင် ၃ ယောက်က ဆိုနီယာဂန္ဒီဟာ နိုင်ငံခြားမှာ မွေးဖွားသူဖြစ်လို့ ဝန်ကြီးချုပ်ရာထူး နဲ့ မထိုက်တန်သူဖြစ်ကြောင်း ထိုးနှက်ပါတော့တယ်။ သူမက ပါတီဥက္ကဌ ရာထူးက နုတ်ထွက်ပေးလိုက်ပါတယ်။ ဒါပေမယ့် သူမကို ထောက်ခံသူတွေရဲ့ အဆက်မပြတ် ပေါက်ကွဲအုံကြွလာမှုကြောင့် သူမကို ပါတီဥက္ကဌ ပြန်လည်ခန့်အပ်ရပြီး ၃ ဦးဂိုဏ်းဟာ မျိုးချစ်ကွန်ကရက်ပါတီအသစ်ကို တည်ထောင်ကြပါတယ်။
၁၉၉၉ ရွေးကောက်ပွဲမှာ အိန္ဒိယအမျိုးသားကွန်ကရက်ဟာ ပြန်လည် ဦးမော့လာပါတယ်။ သူမဟာ ပြိုင်ဘက် BJP ခေါင်းဆောင်ရဲ့ မဲဆန္ဒနယ်မှာ အနိုင်ရရှိပြီး ပါလီမန်မှာ အတိုက်အခံခေါင်းဆောင် ဖြစ်လာပါတယ်။ BJP ပါတီ ဦးဆောင်တဲ့ အာဏာရ ၃၄ ပါတီ NDA ညွန့်ပေါင်းအဖွဲ့ကို သူမရဲ့ ပါတီက အယုံအကြည်မရှိ အဆိုကို တင်သွင်းပါတယ်။ NDA ညွန့်ပေါင်းအဖွဲ့က လက်ယာပါတီတွေ ဖြစ်ပါတယ်။
ဥပဒေ
——–
၂၀၀၄ အထွေထွေ ရွေးကောက်ပွဲမှာ သူမက ” သာမန်ပြည်သူတွေ အတွက်” ကြွေးကြော်ပြီး မဲဆွယ်ပါတယ်။ BJP ပါတီ ဦးဆောင်တဲ့ အာဏာရ ၃၄ ပါတီ NDA ညွန့်ပေါင်းအဖွဲ့က ” အိန္ဒိယကို တောက်ပစေဖို့” လို့ မဲဆွယ်ပါတယ်။ သူမက ” အိန္ဒိယကို တောက်ပစေမှာ ဘယ်သူတွေလဲ” လို့ ပြန်လည်မေးခွန်းထုတ်လိုက်ပါတယ်။ မဲရလာဒ်ကတော့ သူမရဲ့ အိန္ဒိယအမျိုးသားကွန်ကရက်က အနိုင်ရရှိသွားပါတော့တယ်။
၃၄ ပါတီ NDA ညွန့်ပေါင်းအဖွဲ့ မမျှော်လင့်ပဲ ရှုံးနိမ့်သွားပြီးနောက်၊ သူမကို တနိုင်ငံလုံးက ဝန်ကြီးချုပ် ဖြစ်လာဖို့ မျှော်လင့်ကြပါတယ်။ သူမဟာ အနိုင်ရ လက်ဝဲပါတီ ၁၅ ခုကို ဖိတ်ခေါ် စုပေါင်းပြီး UPA မဟာမိတ် အဖွဲ့ကို ဖွဲ့စည်းပါတယ်။
ရှုံးနိမ့်သွားတဲ့ NDA ညွန့်ပေါင်းအဖွဲ့ က ” နိုင်ငံခြားမှာ မွေးတဲ့သူကို ဆန့်ကျင်ကြ” လို့ ကန့်ကွက်ပါတယ်။ NDA ခေါင်းဆောင် တယောက်က “သူမ ခေါင်းကို ဖြတ်ပစ်မယ်” လို့ ခြိမ်းခြောက်ပါတယ်။ ” သူမသာ ဝန်ကြီးချုပ် ဖြစ်ရင် ဒို့တိုင်းပြည်က လူတွေဟာ ခွေးတွေနဲ့ အတူ မြေကြီးပေါ်မှာ အိပ်ကြရလိမ့်မယ်”လို့ ဝါဒ ဖြန့်ပါတယ်။
NDA ညွန့်ပေါင်းအဖွဲ့ က ဆိုနီယာဂန္ဒီဟာ ဥပဒေအရ ဝန်ကြီးချုပ် မဖြစ်သင့်ကြောင်း စွပ်စွဲပါတယ်။ အဲဒီ စွဲဆိုမှုကို အိန္ဒိယနိုင်ငံ ဗဟိုတရားရုံးချုပ် က ပယ်ချလိုက်ပါတယ်။
အိန္ဒိယအခြေခံဥပဒေအရ ဝန်ကြီးချုပ်သည် –
(၁) အိန္ဒိယနိုင်ငံသားဖြစ်ရမည်
(၂) အထက်/အောက် လွှတ်တော်တစ်ရပ်ရပ်မှာ ရွေးကောက်ခံအမတ်ဖြစ်ရမည်
(၃) အောက်လွှတ်တော်အမတ် ဖြစ်လျှင် အသက် ၂၅ နှစ် ပြည့်ပြီးသူ ၊ အထက်လွှတ်တော်အမတ် ဖြစ်လျှင် အသက် ၃၀ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်
(၄) ဗဟို / ပြည်နယ်အစိုးရ၊ ၎င်းတို့နှင့် ဆက်စပ်သော အာဏာပိုင် အဖွဲ့အစည်းများ၏ တာဝန်တစ်ခုခုကို ချုပ်ကိုင်ထားသူ မဖြစ်ရ – ဟု ပြဒါန်းထားပါတယ်။
ဒီတကြိမ်မှာလည်း ဆိုနီယာဂန္ဒီဟာ မာမူဟန်ဆင်းကို သူမနေရာ (ဝန်ကြီးချုပ် ) အတွက် ထောက်ခံပေးလိုက်ပါတော့တယ်။
အာဏာက ဘယ်သူ့ဆီမှာ
————————-
၂၀၀၉ ရွေးကောက်ပွဲ မှာ သူမရဲ့ ခေါင်းဆောင်မှုအောက်မှာ အိန္ဒိယအမျိုးသားကွန်ကရက်ဦးဆောင်တဲ့ UPA မဟာမိတ် အဖွဲ့ ဟာ တောင်ပြူ ကမ်းပြို အနိုင်ရပြီး မာမူဟန်ဆင်း ဝန်ကြီးချုပ် ဖြစ်လာပြန်တယ်။ ကွန်ကရက်ပါတီ တစ်ခုထဲပင် ၂၀၆ အမတ်နေရာ ရရှိပြီး (၁၉၉၁ နောက်ပိုင်း) သမိုင်းမှာ အမြင့်ဆုံး ရလာဒ် ဖြစ်လာခဲ့တယ်။
ဆစ်လူမျိုး မာမူဟန်ဆင်းဟာ ဝန်ကြီးချုပ်အဖြစ် (၂၀၀၄ – ၂၀၁၄) ဆယ်နှစ်တိုင်တိုင် ရှိနေပြီး ပါတီဥက္ကဌကြီး ဆိုနီယာဂန္ဒီက လွှတ်တော်အမတ် အဖြစ်ဖြင့် အစိုးရကို ဦးဆောင်နေပါတယ်။ မာမူဟန်ဆင်းဟာ ဆိုနီယာဂန္ဒီရဲ့ ရုပ်သေးရုပ်ပဲ ဖြစ်ပါတယ်။
၂၀၁၁ မှာ အသက် ၆၄ နှစ်ရှိပြီ ဖြစ်တဲ့ အမျိုးအမည် မသိတဲ့ ရောဂါကြောင့် နယူးယောက် ကင်ဆာကုသရေးဌာန တစ်ခုမှာ ခွဲစိတ်ကုသခံပြီး ပြန်လည်ကျန်းမာလာပါတယ်။
၂၀၁၂ မှာ သူ့သား ရာဟုဂန္ဒီကို ပါတီမှာ အဓိကတာဝန်များကို ထမ်းဆောင်နေပြီ ဖြစ်ကြောင်း ပြောဆိုပါတယ်။
၂၀၁၃ မှာ ဆိုနီယာဂန္ဒီဟာ အိန္ဒိယအမျိုးသားကွန်ကရက်မှာ ၁၅ နှစ်တိုင်တိုင် တင်မြှောက်ခံရတဲ့ ပထမဆုံးသော ပါတီဥက္ကဌ ဖြစ်လာပါတယ်။
၂၀၁၄ အထွေထွေ ရွေးကောက်ပွဲမှာတော့ သူမရဲ့ UPA မဟာမိတ် အဖွဲ့ ဟာ ရှုံးနိမ့်သွားပြန်တယ်။
ဂါးဒီးယန်းသတင်းစာကြီးက သူမ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဝတ်စားဆင်ယင်မှုကို “ငါးဆယ်ကျော် အကောင်းဆုံး” စာရင်းမှာ ထည့်သွင်းလိုက်ပါတယ်။
သူမကို Forbes မဂ္ဂဇင်းက လွှမ်းမိုးမှု အရှိဆုံး ပါဝါအကြီးဆုံး ပုဂ္ဂိုလ်များ စာရင်းမှာ အကြိမ်ကြိမ် ဖော်ပြခဲ့ပါတယ်။ တိုင်းမ်မဂ္ဂဇင်းက လွှမ်းမိုးမှု အရှိဆုံး ၁၀၀ စာရင်း၊ New Statesman က ကမ္ဘာ့ လွှမ်းမိုးမှု အရှိဆုံး ၅၀ စာရင်း၊မှာ ဖော်ပြခဲ့ပါတယ်။
ရိုမန်ကက်သလစ် ဘာသာဝင် ဘဲလ်ဘာသာစကားကျောင်းဆင်း ဆိုနီယာဂန္ဒီကို ၂၀၀၆ မှာ ဘရပ်ဆဲလ်တက္ကသိုလ်က ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့၊ ဘယ်ဂျီယံအစိုးရက လီယိုပိုဘုရင့်အမိန့်တော်တံဆိပ်၊ ၂၀၀၈မှာ မဒရပ်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့များ ချီးမြင့်ပါတယ် ။
မှီငြမ်း – ဝီကီပီဒီယာ နှင့် အခြားသတင်းအချက်အလက်များ
Filed under: ဆောင်းပါးများ, ရွေးကောက်ပွဲ

ကော်ဖီ တစ်နေ့ ၃ခွက်သောက်ခြင်းက အသက်ရှည်စေ
ကော်ဖီတစ်နေ့ ၃ခွက်ကနေ ၅ခွက်သောက်ခြင်းက အသက်ပိုရှည်စေတယ်လို့ လေ့လာမှုသစ်တစ်ရပ်အရ သိရပါတယ်။
ပုံမှန် (အရသာအပြင်းအပျော့) ကော်ဖီသောက် သုံးခြင်း က နှလုံးရောဂါနဲ့ အရွယ်မရောက်ခင်သေဆုံးမှု အန္တရာယ် ကို လျှော့ချပေးပါတယ်။ ပါကင်းဆန် ရောဂါကဲ့သို့ ဦးနှောက် ပိုင်းဆိုင်ရာ ရောဂါများ၊ ဆီးချိုရောဂါ စတဲ့ အန္တရာယ်တွေကိုလည်း လျှော့ချပေးကြောင်း သိပ္ပံ ပညာရှင် တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
သေကြောင်းကြံစည်မှု အန္တရာယ်ကိုလည်း လျှော့ချပေး နိုင်ပုံရပါတယ်။ ကင်ဆာရောဂါနဲ့ သေဆုံးမှုနှုန်းနဲ့ ဆက်စပ်မှု ကိုတော့ မတွေ့ရသေးပါဘူး။
ကော်ဖီထဲမှာပါတဲ့ ကဖိန်းဓာတ်က အဓိကမဟုတ်ပါဘူး။ ကော်ဖီသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ကော်ဖီ မှာပါတဲ့ အခြားသော အပင်ဒြပ်ပေါင်းတွေဆီကနေ ချိတ်vဆက်ရရှိတာဖြစ်တယ်လို့ သိရပါတယ်။
“ကော်ဖီမှာပါဝင်တဲ့ ဇီဝအကျိုးသက်ရောက်မှုရှိ ဒြပ်ပေါင်း တွေက အင်ဆူလင် ဆေးယဉ်မှုကို လျှော့ချပေးပါတယ်။ ဒီအကျိုးသက်ရောက်မှုတွေဖြစ်စေတဲ့ ဇီဝကမ္မဖြစ်စဉ် တွေကို ဆက်လက်လေ့လာမှု လုပ်ဖို့လိုအပ်သေးတယ်။” လို့ အမေရိကန် ပြည်သူ့ကျန်းမာရေးကျောင်းမှ ဦးဆောင် သုတေသီ Ming Ding ကပြောခဲ့ပါတယ်။
( Skyler )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com
Ref: Mirror
Filed under: ကျန်းမာရေး

ရွေးကောက်ပွဲတိုင်တန်းချက်တွေ မှန်မှန်ကန်ကန် ဖြေရှင်းဖို့ အမေရိကန်တိုက်တွန်း
19.11.2015 09:06
ဗွီအိုအေ (မြန်မာပိုင်း)
မျှဝေပါ
မြန်မာအစိုးရဟာ အစိုးရခေါင်းဆောင်တွေနဲ့ ဒေါ်အောင် ဆန်းစုကြည်တို့ကြား နောက်တက်လာမယ့် အစိုးရ အတွက် အာဏာလွှဲပြောင်းရေး ဆွေးနွေးပွဲမလုပ်ခင် တလကျော် အချိန်ယူမယ်လို့ ပြောဆိုလိုက်ပါတယ်။ မြန်မာပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ကို ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်ကနေ ဗုဒ္ဓဟူးနေ့က တွေ့ဆုံမေး မြန်းရာမှာ ဒီလိုစီစဉ်ထားတဲ့ အချိန်ဇယားနဲ့ပတ်သက်ပြီး စိုးရိမ်စရာ ဘာမှ မရှိပါဘူးလို့ ပြောဆိုလိုက်ပါတယ်။
“ကျနော်တို့ လက်ရှိအခြေအနေကတော့ ကျနော်တို့ ဘာမှ မမြင်ရဘူးပေါ့နော်။ ကျနော်တို့ စိုးရိမ်စရာတော့ မတွေ့ပါဘူး။ နောက်တခုက သမ္မတကြီးကလည်း အမြဲတမ်းပြောတယ်။ ဒီကြားကာလ တည်ငြိမ်မှု အခြေအနေကို ၀ိုင်းဝန်းထိန်းသိမ်းသွားမယ်လို့ ကျနော်တို့ကို ပြောထားတာရှိတယ်။ တဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင်က သူ့ပါတီ ထောက်ခံသူတွေကို တည်တည်ငြိမ်ငြိမ် အေးအေး ချမ်းချမ်း နေကြဖို့ တိုက်တွန်းနေတာ ရှိတယ်။ ပြည်သူအများစုကလည်း ဒီအချိန်မှာ တိုင်းပြည် တည်ငြိမ်ဖို့ဆိုတာ အရေးကြီးဆုံးလို့ မြင်တဲ့အတွက် ကြောင့်မို့လို့ ကျနော်ထင်တယ် ကြီးကြီးမားမားတော့ ဘာမှ စိုးရိမ်စရာ မရှိဘူးလို့ မြင်ပါတယ်။”
အတိုက်ခံပါတီခေါင်းဆောင်အနေနဲ့ မကြာသေးခင်ကပဲ နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော် ဥက္ကဌတို့ကို တွေ့ဆုံဖို့ အဆိုပြုထားတဲ့ ကိစ္စကိုလည်း အခုနှစ်ကုန်ပိုင်းမှာ တွေ့ကြပါလိမ့်မယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ လုပ်ငန်း အပြီးသတ်ပြီး ချိန်မှာ တွေ့ကြမှာ ဖြစ်ပါတယ်လို့ ၀န်ကြီး ဦးရဲထွဋ်က ပြောပါတယ်။
“ရွေးကောက်ပွဲကော်မရှင်က သူ့ရဲ့လုပ်ငန်းအပြီးသတ်ဖို့ ၄၅ ရက် သတ်မှတ်ထားပါတယ်။ ဒါကြောင့် ကော်မရှင်ရဲ့ လုပ်ငန်းအချိန်ယူဖို့ တွက်ဆထားတာကြောင့် တွေ့ဆုံ ဆွေးနွေးမှုဟာ ၄၅ ရက် နောက်ပိုင်းမှာမှ ဖြစ်ပါ လိမ့် မယ်။”
မြန်မာသတင်းမီဒီယာတွေမှာတော့ အာဏာရ USDP ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်တန်းပါတီဝင်တဦးကို ကိုးကားပြီး သူတို့ပါတီက အနိုင်ရ NLD ကိုယ်စားလှယ်တွေအပေါ် ရွေးကောက်ပွဲ တိုင်တန်းချက်တွေ ၁၀၀ နီးပါး ရှိနိုင်တယ် လို့ ဖော်ပြကြပါတယ်။
ဒီတိုင်တန်းချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးမှာဖြစ်ပြီး တကယ်လို့ ရွေးကောက်ခံ ကိုယ်စားလှယ် အဖြစ်ကနေ ပယ်ဖျက်ခံရမယ်ဆိုရင် လွှတ်တော် ၂ ရပ်စလုံးမှာ NLD ရဲ့ အသာစီးရမှုကို ထိခိုက်နိုင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ပြောခွင့်ရသူကတော့ ရွေးကောက်ပွဲ ပြသနာ တွေကို ဖြေရှင်းရာမှာ မူမမှန်မှုတွေ ရှိတယ်ဆိုတဲ့သတင်း တွေ အခုထိမရရှိသေးပါဘူးလို့ ပြောပါတယ်။
ကျနော်တို့နားလည်ထားသလောက်တော့ ပြဿနာတွေ ကို ဖြေရှင်းတဲ့နေရာမှာ အစပိုင်းသာ ရှိနေသေးပြီး ရွေးကောက်ပွဲ တိုင်တန်းချက်တွေကို လက်ခံနေဆဲ ရှိတယ်ဆိုတာပါပဲ။ အဲဒီလို တိုင်တန်းချက်တွေကို ဖြေရှင်းပေးတဲ့ နေရာမှာ လျှင်မြန်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့၊ ပြေပြေပြစ်ပြစ် ဖြေရှင်းနိုင်အောင် လုပ်ဆောင်ကြဖို့ ဘက်ပေါင်းစုံကို အမေရိကန်ပြည်ထောင်စုက တိုက်တွန်း ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာ အကဲ ခတ်တွေက ဒီဖြစ်စဉ်ကို နီးနီးကပ်ကပ် စောင့်ကြည့် သွားမှာ ဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောခွင့်ရသူ John Kirby က VOA ကို ဗုဒ္ဓဟူး နေ့မှာ ပြောဆိုပါတယ်။
Filed under: သတင်းများ, ရွေးကောက်ပွဲ

မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက်မူကြမ်း ကုလထောက်ခံ
19.11.2015
ဗွီအိုအေ (မြန်မာပိုင်း)
ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူ့အခွင့်အရေး တတိယကော်မတီကနေ ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံမှာ လူနည်းစု မူဆလင်တွေအပေါ် အစိုးရရဲ့ ခွဲခြားဆက်ဆံမှု ကို ပြစ်တင်ဝေဖန်လိုက်ပြီး ရိုဟင်ဂျာတွေကို နိုင်ငံသား ခံယူခွင့်ပြုနိုင်ဖို့ ၁၉၈၂ နိုင်ငံသားခံယူခွင့် ဥပဒေကို ပြင်ဆင်ပေးဖို့ ဆုံးဖြတ်ချက် မူကြမ်းတရပ်ကို အတည်ပြုလိုက်ပါတယ်။
ဥရောပနိုင်ငံတွေအပြင် အမေရိကန်ပြည်ထောင်စုနဲ့ တခြား အနောက်နိုင်ငံတွေက ပူးတွဲတင်သွင်းတဲ့ ဒီလိုက်နာဖို့ မလိုအပ်တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ လူ့အခွင့်အရေး တတိယကော်မတီက တခဲနက် ထောက်ခံ အတည်ပြု ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်မူကြမ်းမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ နဲ့ တခြားလူနည်းစုတွေ ခွဲခြားဆက်ဆံခံနေရတာလူ့အခွင့် အရေး ကျူးလွန်ချိုးဖောက်ခြင်း ခံနေရတာတွေအတွက် လွတ်လပ်စွာ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း ထပ်လောင်း ဖော်ပြထားပါတယ်။
ဒါကြောင့် မြန်မာအစိုးရအနေနဲ့ လူနည်းစု ရိုဟင်ဂျာတွေ အပါအ၀င် နိုင်ငံတွင်းရှိ လူတိုင်းရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေကို လေးစားလိုက်နာဖို့လည်း ဒီဆုံးဖြတ်ချက်မူကြမ်းမှာ တိုက်တွန်းထားပါတယ်။
တချိန်တည်းမှာပဲ ဒီမူကြမ်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအပြင် ဒီမိုကရေစီ ဖော် ဆောင် မှု အပါအ၀င် ဖွံ့ဖြိုးတိုးတက်မှုတွေကို ကြိုဆို ထားပြီး စစ်တပ်နဲ့ ရွေးကောက်ခံ လွှတ်တော်ဖွဲ့စည်း တဲ့ အရပ်သားအစိုးရ လက်အောက်မှာ အားလုံးအတူတကွ စုစည်းနေထိုင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဒီဆုံးဖြတ်ချက်မူကြမ်းကို ရှေ့လ ကုလသမဂ္ဂရဲ့ အထွေထွေ ညီလာခံကြီးမှာ နောက်ထပ် မဲခွဲဆုံးဖြတ် အတည်ပြုမှာ ဖြစ်ပါတယ်။ မြန်မာသံအမတ်ကြီး ဦးကျော်တင့်ကတော့ သူ့အစိုးရအနေနဲ့ ဆုံးဖြတ်ချက် မူကြမ်းပါ အချက်အလက်တွေကို ကန့်ကွက်တဲ့အကြောင်း ကော်မတီကို ပြောကြားခဲ့ပြီး ရိုဟင်ဂျာ အသုံးအနှုန်းကို လည်း ကန့်ကွက်ခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့လည်း မြန်မာနိုင်ငံ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီသီတင်းပတ်အတွင်း ဆွေးနွေးဖို့ ရှိပါတယ်။
Filed under: သတင်းများ

အာဘာဘိလ်ငှက်အုပ်အကြောင်း
အဘာဘီးလ် ငှက်အုပ် ……………
အဘာဘီးလ် ၏ အဓိပ္ပါယ်မှာ “ငှက်အုပ်” (သို့)
အုပ်စုလိုက်ရှိသောငှက်များဟု ဆိုလိုသည်။
ကျမ်းမြတ်ကုရ်အာန်တွင်လာရှိသည်မှာ-
ထို့ပြင်တဝ ကိုယ်တော်မြတ် (ဆွ) ၏ အရှငိသခင်သည်
ထိုသူတို့အပေါ် အုပ်စုလိုက်;အုပ်စုလိုက် ငှက်များကို
စေလွှတ်တော်မူခဲ့သည်။'(စူရဟ် ဖီးလ်)
အဘာဘီးလ် ငှက်မျိုးစိတ်နှင့်စပ်လျဉ်း၍ “မုဖဆ်စိရ်”
ပညာရှင်ကြီးများက အဆိုအမျိုးမျိုးဖွင့်ဆိုထားကြသည်။
ယင်းတို့အနက် အချို့မှာ-
၁/ အဘာဘီးလ်ဆိုသည်မှာ တောင်ထိပ်တောင် စောင်း များတွင် အသိုက်အမြုံ ပြုလုပ်ကာ အစုလိုက်နေထိုင်ကြ သည့် ငှက်မျိုးဖြစ်၏။
၂/ အဘာဘီးလ်သည် ပင်လယ်သမုဒ္ဓယာထဲမှ ထွက် ပေါ်ရောက်ရှိလာတက်သည့် အစိမ်းရောင် ငှက်ကလေး များဖြစ်သည်။
၃/ အဘာဘီးလ်ဆိုသည်မှာပျံလွှားနှင့်ဆင်တူရိုးမှားရှိသည့်
ငှက်ငယ်လေးများဖြစ်သည်။
****************
စင်စစ်သော်က အဘာဘီးလ် ငှက်အုပ်ဆိုသည်မှာ-
အလ္လာဟ်အရှင်မြတ်က မိမိ၏အိမ်တော်(ကအ်ဘဟ်)ကို
ဖျက်စီးရန် ရောက်ရှိလာသော အဗ်ရဟာ မင်းဆိုး၏ စစ်တပ်ကြီးကို ချေမှုန်းရန် အတွက် အလ္လာဟ်အရှင်မြတ် ဘက်မှ စေလွှတ်လိုက်သည့် ငှက်အုပ်ပင်ဖြစ်သည်။ ခိုငှက်ထက် သေးငယ်ပီး ယခင်က ထိုငှက်မျိုးကို မတွေ့ခဲ့ရချေ။
ဤဖြစ်ရပ်သည် ကျော်ကြားသည့်သမိုင်း ဖြစ်ရပ်တခုဖြစ် သည်။အဗ်ရဟာ မင်းဆိုး၏ ခေတ်အချိန်တခါ က ဖြစ် သည်။
ထိုခေတ်ကလည်း အလ္လာဟ်အရှင်မြတ်၏ ကအ်ဗဟ် ကျောင်း တော်မြတ်ကြီးမှာ နေရာဒေသအသီးသီးမှ လာ ရောက်ဖူးမြော်'(သွဝါးဖ်)လှည့်သူများနှင့် စည်ကား လျက်ရှိသည်။ ဤသည်ကို အဗ်ရဟာ မင်းဆိုးမှာ မနာလို မရှုစိမ့် ဖြစ်ခဲ့သည်။ထို့နောက် ထိုမင်းဆိုးသည်
သူ့ဘက်မှာလည်း ကျောင်းတော်တခု ကို ဆောက်လုပ်ပြီး
၎င်း၏ကျောင်းတော် သို့(သွဝါးဖ်)ပြုရန် လူများကို ဖိတ် ခေါ်တော့သည်။သူ၏ ဖိတ်ကြားချက်ကို မည်သူကမှ
လက်မခံပေ။ ထိုအခါ အဗ်ရဟာမင်းဆိုးသည် အမျက် ဒေါသထွက်ကာ အလ္လာဟ်အရှင်မြတ်၏ (ကအ်ဗဟ်’) ကျောင်းတော်ကို ဖျက်စီးရန် ဆင်တပ်ဖြင့် ချီတက် လာသည်။
ကအ်ဗဟ် ကျောင်းတော်အနားသို့ပင်မရောက်လိုက်ချေ။
အလ္လာဟ်အရှင်မြတ်သည် ယင်းစစ်တပ်ကြီးအား ဖျက်စီး ရန်အတွက် ခိုထက်သေးငယ်သော ငှက်အုပ်ကို စေလွှတ် ခဲ့သည်။ ယင်းငှက်လေးများသည် ခြေနှစ်ဖက်၌ ကျောက် စရစ်ခဲလေး တခုစီကို ကုတ်ချီပီး နှုတ်သီး ၌လည်းခဲ တစ်လုံး ကို ကိုက်ချီထားကာ အဗ်ရဟာတပ်ဆီသို့ ပျံသန်းလာကြသည်။
၎င်းနောက် ထိုအဘာဘီးလ် ငှက်အုပ်သည် မိမိတို့ကိုက် ချီ ထားသည့် ခဲလုံးလေးများကို စစ်တပ်ပေါ်သို့ ပစ်ချ လိုက် သည်နှင့် ထိမှန်သူသည် ဦးခေါင်းမှ ခြေထောက် အထိ ဖောက်ထွင်းသွားကာ သေဆုံးသွားကြ လေသည်။
************************
#Islam ပေါင်းချုပ်ကျမ်း
Filed under: အစ္စလာမ်ဘာသာ, ဆောင်းပါးများ

သခွားသီးရဲ့ အကျိုးကျေးဇူးများ
သခွားသီးတစ်လုံးမှာ ဗီတာမင် B 1၊ B2 ၊ B6 ၊ဖော်လစ် အက်ဆစ်၊ ဗီတာမင် C ၊ဗီတာမင် K ၊ ကယ်လ် ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ အစုံပါဝင်ပါတယ်။ သခွားသီး ဟာ ရေဓာတ် တွေ အများကြီးပါဝင်တာကြောင့် အသားအရေကို စိုပြည် လှပစေတယ်ဆိုတာတော့ လူတိုင်းက သိပြီးသား ဖြစ်ပါ လိမ့် မယ်။ သခွားသီးဟာ အသားအရေအတွက်သာမက ဘဲ အခြားသော နည်း အမျိုးမျိုး နဲ့လည်း လူတွေကို အကျိုးပြုနေပါသေး တယ်။
သခွားသီးစားခြင်းဟာဆိုရင် အဝလွန်တဲ့ပြဿနာတွေ ၊ ဆီးချိုရောဂါတွေနဲ့ နှလုံးရောဂါတွေမဖြစ်အောင် ကာကွယ်ပေးတယ်လို့လည်း သိရပါတယ်။ သခွားသီးရဲ့ ၉၀ ရာနှုန်းလောက်မှာ ရေဓာတ်တွေပါဝင်နေတာကြောင့် နေပူအိုက်စပ်ထဲကပြန်လာတဲ့ အချိန်မျိုးမှာ တခြား အချိုရည်တွေ သောက်မနေဘဲနဲ့ သခွားသီးကို ၇ စိတ်လောက် စားပေးတာနဲ့ လန်းဆန်းမှုကို ပြန်လည် ရရှိစေမှာပါ။ အကယ်လို့ သင်ဟာ အများကြီးမစားချင်ရင် တော့ ရေစိမ်ထားတဲ့ သခွားသီး သုံးစိတ်လောက်ကို စားလိုက်တာကလည်း သင့်ကို ပြန်လည်လန်းဆန်း လာစေမှာပါ။
အသားအရေအတွက်ကတော့ သခွားသီးက ကောင်းကျိုးများပါတယ်။ သူဟာ အသားအရေ ကျိန်းစပ်တာတွေ ရောင်ရမ်းတာတွေကို ဖြည်းဖြည်းလေးပွတ်ပေးတာနဲ့ သက်သာစေပါတယ်။ နေလောင်နေတဲ့ သင့်အသားအရေကိုလည်း သခွားသီးစိတ်လေးတွေကို ကပ်ထားလိုက်တာနဲ့ ပြန်လည်ဝင်းပလာစေပါလိမ့်မယ်။
အရေပြား မှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချုင်ရင်တော့ သခွားသီးကွင်းနဲ့ အဆီများတဲ့ နေရာတွေကို မိနစ် အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးလိုက်ပါ။ သခွားသီးမှာ ပါတဲ့ phyto ဆိုတဲ့ ပစ္စည်းဟာ အရေပြားကို တင်းရင်းစေပြီး အပေါ်ယံအလွှာကို ကျစ်လစ်စေတာကြောင့် အဆီတွေကို လျော့ပါးသွားစေပါတယ်။ ပါးရည်တွန့်နေတာတွေကိုလည်း ထိရောက်စွာ ကုသပေးနိုင်တယ်လို့လည်း သိရပါတယ်။
သခွားသီးမှာ ပါဝင်တဲ့ ဗီတာမင် K ဟာ အရိုးတွေကို ကျန်းမာသန်စွမ်းစေပြီး ကျိုးပဲ့နိုင်ချေတွေကို လျှော့ချပေးနိုင်တယ်လို့လည်း သိရပါတယ်။ဲ့ ဗီတာမင် K ဟာ အရိုးကို အထောက်ကူပြုဆုံးဖြစ်တဲ့ ကယ်လ်ဆီယမ်ဓာတ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်တာကြောင့် အရိုးအတွက် လိုအပ်တဲ့ အခြေခံပစ္စည်းလဲဖြစ်နေတာပါ။
အစားအစာ စားပြီးလို့ ခံတွင်းနံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ရင်တော့ ပါးစပ်ထဲက ခံတွင်းနံ့ဆိုးတွေကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေဆုံး သွားစေနိုင်တယ်လို့လည်း သိရပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ခေါင်းကိုက်နေရင်လည်း သခွားသီးအနည်းငယ်စားပြီး အိပ်လိုက်ပါ။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင်ဘီ၊ လျှပ်လိုက်ရည် စတဲ့ အာရုံကြောကို အကျိုးပြုတဲ့ ပစ္စည်းတွေ ပါဝင်နေတာကြောင့် အိပ်ရာထလာတာနဲ့ ခေါင်းကိုက်ဝေဒနာကို သိသိသာသာ လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါ့ကြောင့် သခွားသီးဖျော်ရည်တစ်နေ့တစ်ခွက် သောက်ပေးတာဟာ ခန္ဒာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ်ရဲ့ ၁၁ ရာခိုင်နှုန်းကို ဖြည့်တင်းပေးနိုင်တယ်လို့လည်း သိရပါတယ်။
(Paing A K)
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref :MNT
Filed under: ကျန်းမာရေး

သူရဦးရွှေမန်းနှင့်ဒေါ်အောင်ဆန်းစုကြည် တို့၏ ပူးတွဲ ကျေညာ ချက်
☆☆ ပြည်ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၉ ရက်နေ့၊ နံနက် ၉ နာရီတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးမှု ပူးတွဲကြေညာ ချက် ☆☆
Credit : H.E. Thura U Shwe Mann
Filed under: သတင်းများ, ရွေးကောက်ပွဲ

❤◦အဖေဆိုတဲ့မြစ် ❤◦
✉ အဖေဆိုတဲ့မြစ် ✉
အဖေကိုချစ်ရင် ကျေဇူးပြု၍ဖတ်ပေးပါဗျာ
[အဖေများနေ့အတွက်သားဂုဏ်ပြုတယ်အဖေ]
မိတ်ဆွေတို့မှာ-
အဖေရှိသည်ဖြစ်စေ၊မရှိတော့သည်ဖြစ်စေ
မိတ်ဆွေကိုယ်တိုင်အဖေဖြစ်နေသည်ဖြစ်စေ၊မဖြစ် သေးသည်ဖြစ်စေ
မိတ်ဆွေဟာအဖေဖြစ်ချင်သည်ဖြစ်စေ၊မဖြစ်ချင် သည်ဖြစ်စေ
ကျေးဇူးပြု၍ကျွန်တော်ရေးတဲ့”အဖေဆိုတဲ့မြစ် “ကဗျာလေး ကိုဖတ်ကြည့်ပေးပါ။
ဘာဖြစ်လို့လဲဆိုတော့ –
အဖေဆိုတာမြစ်တစ်စင်ဖြစ်နေလို့ပေါ့
အဖေဆိုတဲ့မြစ်ဟာ မတိမ်ကောတဲ့အချစ်ကို မြစ်ဖျားခံခဲ့တယ်။
ယောကျာ်းတိုင်း”လင်”ဖြစ်ခွင့်မရှိသလို၊
လင်တိုင်း”အဖေ”ဖြစ်ခွင့်မရှိ ပါ။
မိသားစုအတွက်ဆို –
အဖေ့အားတွေကုန်သွားပါစေ။
အဖေ့သားတွေတုန်သွားပါစေ။
အဖေ့အာရုံးတွေမှုန်သွားပါစေ။
အဖေ့မြစ်ရေဟာစုန်မြဲသာစုန်နေတာပါ။
အဖေဆိုတာ-
ငိုကြွေး နေသူတွေအတွက် တေးသွားတစ်ကွက်။
နာကျင်နေသူတွေအတွက် ဆေးခါးတစ်စက်။
အကာကွယ်လိုသူတွေအတွက် ဒိုင်းလွှားတစ်လက်။
ရင်ဆိုင်လိုသူတွေအတွက် ဓါးသွားတစ်လက်။
မလိမ္မာသူတွေအတွက် ကျမ်းကောင်းတစ်ရွက်ဖြစ်တယ်။
အဖေဟာ-အမေ ရွှေဆွဲကြိုးဆွဲနိုင်ဖို့အတွက်
ပုဆိုးပြဲ ကို အခါခါလှည့်ဝတ်ရင် ငွေကြောထွင်ခဲ့တယ်
ပုခက်လွှဲနေတဲ့ အမေ့လက်တွေခိုင်မြဲစေဖို့ပေါက်တူး ကိုင်တဲ့အဖေ့လက်တွေသွေးစိမ်းရှင်ရှင်ထွက်ခဲ့ရတယ်။
သားသမီး ထမင်းနပ်မှန်ဖို့အတွက်အတင်း အကျပ်ဖိနှိပ်ခံ ခဲ့ရတဲ့အဖေ။
ပညာတံခွန် လေးတန်းမအောင်သေးတဲ့အဖေက
သားသမီးတွေကို မာရသွန်ပြေးလမ်းပေါ်တင်ပေးဖို့
ထာဝစဉ် ဈေထမ်းရောင်းပြီးကျွေးခဲ့တယ်။
နေပူပူမှာ အရေထူနေတဲ့အဖေ ။
ပင်လယ်ပြင်ရေလှိုင်ကြားက တံငါသည်အဖေ။
မိုက်မှားတဲ့သားငပျင်းတွေအတွက် ဆိုက္ကားနင်း နေတဲ့အဖေ။
မီးပူပူပန်းဖိုထဲကအဖေ၊နေပူပူကူလီထမ်းနေတဲ့အဖေ။
ဆူးစောက်သွားတွေနဲ့ စက်သးယန္တရားကြားကအဖေ။
ရွှံနွံထဲမှာလယ်ထွန်နေတဲ့အဖေ။
သက္ကရာဇ် နွံထဲမှာ အရွယ်လွန်နေတဲ့အဖေ။
ကျောက်မီးသွေးမိုင်တွင်ထဲကအဖေ၊
တေားနက်နက်သစ်တေားဝိုင်းထဲကအဖေ၊
စားဖိုဆောင်ထဲကအဖေ။စတို ခေဖာင်ထဲကအဖေ၊
ဦးဏှောက် စားနေတဲ့အဖေ။ကုန်းကောက် ဖျားနေတဲ့ အဖေ။
သားသမီးတွေလူတစ်လုံးသူတစ်လုံးဖြစ်ဖို့လူလုံးမလှ ဖြစ်နေ တဲ့အဖေ။
သားသမီးတွေအပူးလုံးမကြွဖို့ ယူကြုံးမရဖြစ်နေတဲ့အဖေ
မီးဖွားစရိတ်ကိုခရီးသွားရင်ရှာနေတဲ့အဖေ၊
နေလောင်စပ်ခါးမှာ သက်စွန့်စံဖျားရုန်ကန်နေတဲ့အဖေ။
နှဖူးကချွေး၊ခြေမ ထိကျခဲ့တဲ့အဖေ။
ကုန်းရုန်းရှာရင်းတုံးလုံးပက်လက်ဖြစ်သွားတဲ့အဖေ။
ကိုယ့်ကိုတိုင်ကပညာနည်းလို့ကျဖမ်းလုပ်သားဖြစ် နေပေမဲ့။
ကိုယ့်သားသမီးတွေပညာမနည်းဖို့အသက်လဲရင် လုပ်ကျွေးနေတဲ့အဖေ။
မောင်တစ်ထမ်းမယ်တစ်ရွက်ဆိုတဲ့စကားပုံအတိုင်း
တစ်ထမ်းဆိုတဲ့ဝန်နှစ်ခုကိုရှေ့နောက်မျှအောင်ထမ်းရင်။
ဣနြေ္ဒမပျက် ခြေလှမ်းနေတဲ့သူဟာကျွန်တော်တို့ရဲ့ အဖေပါဘဲလေ။
အဖေ့သားကြီးကတစ်နေရာ။
အဖေသမီးတွေကအိမ်ထောင်တွေကျ။
အဖေ့သားငယ်ကျွန်တော်ကဒီမှာပါအဖေ……..
သားသမီး တွေရဲ့လုပ်စားကိုမစားရသေးခင်မှာ
ရုပ်ခန္ဓာမြေခသွားခဲ့တဲ့အဖေသားသမီးတွေ အနေ လှဖို့ ကြွေကျခဲ့တဲ့အဖေ
သားသမီးတွေအနေမမေား ဖို့ အသေသေားခဲ့တဲ့အဖေ
အဖေဆိုတာဇနီးသားသမီးတွေနဲ့ ကန္တာရ ခရီးသွားတွေပါ။
ကန္တာရပင်လယ်၊ဆူးရောင်းတော ရွှံနွံတွေပေါးနေလဲ အဖေမကြောက်
လျှောက်မြဲသာလျှောက်နေ တို့ဖေဖေ
မြေပုံပျောက် မျက်ကန်းနေတဲ့
သေကံရောက် ခြေကုန်လက်ပန်းကျနေခဲ့
မိုက်မှာခြင်းကင်းစွာနဲ့နေထိုင်ခဲ့တဲ့အဖေ။
အမှန်အကန် သမ္မာအာဇီဝကို လက်ကိုင်ပြုရင်ငွေရှာနေတဲ့အဖေ
လှောင်ရီသံကြာက အဖေ၊အမှောင်ကျည်ဆံကြားကအဖေ
အဖေဆိုတဲ့မြစ်ထာဝစဉ် စီးဆင်နိုင်ပါစေ
အဖေဆိုတဲ့မြစ်ဘယ်တော့မှမတိမ်းကောပါစေနဲ့လို့-
သားကျွန်တော်ဆုတောင်ရင်း
အဖေ့အကြောင်းကိုပြန်စဉ်စားမိတဲ့အချိန်မှာ
အဖေဆိုတဲ့မြစ်တစ်စင် ကျွန်တော်ရင်ထဲကို
ကန့်လန့်ဖြတ်စီးဆင်းသွားတယ် အဖေ…….။
အဖေ့ချစ်သား သူရဇော်
အဖေ့များနေ့အတွက်သားဂုဏ်ပြုတယ်အဖေ
အဖေဟာကျွန်တော်ဘဝရဲ့စံပြသူရဲကောင်ပါအဖေ…..။
Filed under: သူ့အကြောင်း, ဆောင်းပါးများ

ဆော်ဒီစာကြည့်တိုက်တစ်ခု ၂၀၁၅ အတွက် အကောင်းဆုံး ဗိသုကာလက်ရာဆု ရရှိ
နိုဝင်ဘာ ၁၉၊ ၂၀၁၅
M-Media
– ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့ရှိ ဘုရင်ဖာဟဒ် အမျိုးသား စာကြည့်တိုက် KFNL မှာ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး ဗိသုကာလက်ရာဆုကို ရရှိခဲ့သည်ဟု သိရသည်။
A+Award အစီအစဉ်မှ ချီးမြှင့်သည့် အဆိုပါဆု အတွက် ကမ္ဘာတစ်ဝှမ်း အဆောက်အဦး ၇ ခုကို ပဏာမအဖြစ် ရွေးချယ်ခဲ့ပြီး ထိုအထဲမှ တီထွင်ဆန်း သစ်မှုအရှိဆုံး ဗိသုကာလက်ရာကို ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ဘုရင်ဖာဟဒ် အမျိုးသားစာကြည့်တိုက်မှာ အရှေ့အလယ် ပိုင်းတွင် အကြီးဆုံး စာကြည့်တိုက်လည်း ဖြစ်ပြီး ကမ္ဘာ ကျော် ဗိသုကာပညာရှင် အက်ဟာ့ဒ် ဂါရ်ဘာရ်က ဒီဇိုင်း ဆွဲ တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ဂါရ်ဘာရ် မှာ ဥရောပ၊ အာရှနှင့် အာရပ်နိုင်ငံများမှ အဆောက်အဦး အများအပြားကိုလည်း ဒီဇိုင်းဆွဲပေးခဲ့ သူဖြစ်သည်။
ယခုနှစ် ဗိသုကာလက်ရာဆု ရွေးချယ်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် ကိုက်ညီမှု ရှိ၊ မရှိ၊ ရာသီ ဥတုပြောင်း လဲမှု အပေါ် အကျိုးသက်ရောက်မှု၊ ရှိ၊ မရှိ စသည့် စည်းမျဉ်းစည်းကမ်း အသစ်တစ်ခုပါ ပါဝင်ခဲ့သည်။
ဆုရွေးချယ်သူများကမူ အဆိုပါ စာကြည့်တိုက်မှာ ပြောင်းလွယ်ပြင်လွယ်ဖြစ်ပြီး တီထွင်ဆန်းသစ်မှု အပြည့်ရှိကြောင်း၊ စာကြည့်တိုက်အတွက် စွမ်းအင်သုံးစွဲမှု များများစားစား မလိုခြင်းကလည်း ရွေးချယ်မှုတွင် အသာရစေခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းဒေသ၏ အပူလွန်ကဲသော သဘာဝ ကြောင့် အဆောက်အဦးက အပူများကို စုပ်ယူခြင်းမရှိ စေသည့် နည်းပညာကိုလည်း ထိုအဆောက်အဦးတွင် အသုံးပြုထားပြီး ထိုနည်းပညာကြောင့် အဆောက်အဦး၏ နေရာတိုင်းတွင် အေးမြနေမည်ဖြစ်သည်။
Ref: Arabnews
Filed under: နည်းပညာ, သတင်းများ
