Quantcast
Channel: Danya Wadi
Viewing all 7779 articles
Browse latest View live

Channel News Asia နှင့် အင်တာဗျူး ( 10.11.2015 )

$
0
0

https://www.facebook.com/martin.swe.7/videos/555979591224844/

ဖြေ ။ ။ သမ္မတ ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် ဆုံးဖြတ်ချက်တွေ အားလုံးကို ကျမကဘဲ ချမှာပါ……..ဘာလို့လည်းဆိုတော့ ကျမက ရွေးကောက်ပွဲမှာ နိုင်ခဲ့တဲ့ ပါတီရဲ့ ခေါင်းဆောင်မို့လို့ပါဘဲ ။ သမ္မတဆိုတာက အခြေခံဥပဒေရဲ့ လိုအပ်ချက်တွေနဲ့ကိုက်ညီအောင်သာ ကျမတို့က ရွေးချယ်တဲ့သူတစ်ဦး ဖြစ်ပါတယ် ။

မေး ။ ။ ဒါဆိုရင် သမ္မတက လုံးဝ အာဏာမရှိဘူး လို့ ဆိုလိုတာလား ။

ဖြေ ။ ။ မရှိပါဘူး ….သမ္မတဖြစ်လာသူဟာ သူ့မှာ လုံးဝ အာဏာမရှိဘူး ဆိုတာ နဲ့ ပါတီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်းဘဲ ပြုမူဆောင်ရွက်ရမယ် ဆိုတာကို သေသေချာချာ နားလည် သဘောပေါက်ရပါမယ် ၊

မေး ။ ။ ဒီလိုပုံစံမျိုးကိုမှ အကောင်းဆုံးအခြေအနေဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာကြောင့် ယုံကြည်ရတာလဲ ။

ဖြေ ။ ။ ဒါကဘဲ ဖြစ်နိုင်သဘာဝကျတဲ့ တစ်ခုတည်းသော နည်းလမ်းပါ ၊ ဘာလို့လည်းဆိုတော့ ဘယ်ဒီမိုကရေစီနိုင်ငံမှာဘဲဖြစ်ဖြစ် ရွေးကောက်ပွဲနိုင်တဲ့ ပါတီရဲ့ ခေါင်းဆောင်ကဘဲ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ကြစမြဲပါဘဲ ။ တကယ်လို့ အခြေခံဥပဒေက ( သမ္မတဖြစ်ဖို့ ) ခွင့်မပြုဘူး ဆိုတော့လည်း ကျမတို့အနေနဲ့ ပုံမှန်ဒီမိုကရေစီနည်းလမ်းတွေအတိုင်း ရှေ့ဆက်သွားနိုင်ဖို့ အစီအစဉ်တွေကို လုပ်ကြရတာဘဲပေါ့ ။

မေး ။ ။ ဒေါ်စုရဲ့ ဆန္ဒအရ သမ္မတအနေနဲ့ အာဏာတစ်ခုမှ မပိုင်ဘူး ဆိုတဲ့အချက်က အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ဘယ်လိုများ ထိခိုက်နိုင်မယ် ထင်ပါသလဲ ။

ဖြေ ။ ။ အစိုးရရဲ့လုပ်ငန်းဆောင်တာတွေကို ဘာကြောင့်များ ထိခိုက်ရမှာပါလဲ ။ အစိုးရအဖွဲ့ ရှိမယ် ၊ အဲဒီအစိုးရအဖွဲ့ကို ပုံမှန်အတိုင်း စီမံ ခန့်ခွဲ ကြမှာပါ ။ သမ္မတ ဘာလုပ်နိုင်တယ်ဆိုတာကိုလည်း တိတိကျကျ ပြောပြပေးကြမှာပါဘဲ ။

မေး ။ ။ အမိန့်အာဏာခိုင်ခိုင်မာမာနဲ့လုပ်ပုံကိုရော ၊ နောက်ပြီး ပါတီ နဲ့ ပါတီဝင်တွေအပေါ် ဒေါ်စုရဲ့ လက်ရှိ စီမံခန့်ခွဲပုံတွေကို ကြည့်ပြီးတော့ရော တချို့က စိုးရိမ်နေကြပါတယ်……ဒေါ်စုအနေနဲ့ အစိုးရအဖွဲ့ကို သိပ်တင်းတင်းကျပ်ကျပ်ကြီး နဲ့ အာဏာရှင်ဆန်ဆန် ကိုင်တွယ်သွားမလား လို့ပါ ။ အဲဒါကို ဘယ်လို ဖြေကြားချင်ပါသလဲ ။

ဖြေ ။ ။ ကျမတို့အနေနဲ့ အာဏာရှင်အစိုးရ ဖြစ်မလာနိုင်တဲ့ အင်မတန် ရိုးစင်းတဲ့အကြောင်းတစ်ချက်ရှိပါတယ် …..ဘာလို့လည်း ဆိုတော့ ကျမတို့ရဲ့အင်အားဆိုတာ ပြည်သူလူထုမို့လို့ပါဘဲ ။ ကျမတို့တွေ ဒီနေ့ ဒီကာလထိ ရှင်သန်ရပ်တည်လာနိုင်တာ ပြည်သူ့ထောက်ခံမှုကြောင့်ပါ ။ ပြည်သူ့ထောက်ခံမှုကို အားကိုးရတဲ့အစိုးရတစ်ရပ်ဟာ ဘယ်သောအခါမှ အာဏာရှင်ဖြစ်မလာပါဘူး ။

မေး ။ ။ အစိုးရ ဖွဲ့တဲ့အကြောင်းနဲ့ပတ်သက်ပြီး ပြောရရင် ဒေါ်စုအနေနဲ့ စစ်တပ်နဲ့ပူးပေါင်းလုပ်ဆောင်နိုင်စွမ်း အပေါ် တစ်ချို့က စိုးရိမ်မကင်းဖြစ်နေကြတယ်နော်…..စစ်တပ်ကလည်း လွှတ်တော်ရဲ့ ၂၅ ရာခိုင်နှုန်းကို ဆက်ယူထားတုန်းဘဲလေ ။ စစ်တပ်နဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ သို့မဟုတ် တွဲလုပ်ဖို့ ဘယ်လို စဉ်းစားထားပါသလဲ ။

ဖြေ ။ ။ စစ်တပ်ဘဲဖြစ်ဖြစ် တခြားအဖွဲ့အစည်းတစ်ခုခုနဲ့ဘဲဖြစ်ဖြစ်ပါ…..ပူးပေါင်းလုပ်ဆောင်တယ် သို့မဟုတ် တွဲလုပ်ကြတယ် ဆိုတာ ရည်မှန်းချက်ကို ရောက်ဖို့ အလုပ်လုပ်ကြတာကို ပြောတာပါ ……ချက်ချင်းလက်ငင်း ဖြစ်လာတတ်တာမျိုး မဟုတ်ပါဘူး ။ အလုပ်လုပ်ခြင်းအားဖြင့် တဖြည်းဖြည်းလေ့လာတည်ဆောက်ရတာပါ ။ သဘောတရားသီအိုရီတွေနဲ့ချည်း လုပ်လို့ရတာမျိုး မဟုတ်ပါဘူး ။ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကတော့ အခြေအနေတွေက ဘယ်လို ဖြစ်ပျက်ပြောင်းလဲနေတယ် ဆိုတာအပေါ်မှာ မူတည်ပါတယ် ။ တင်းတင်းမာမာ အမိန့်တွေ ၊ မြန်မြန်ဆန်ဆန်စည်းကမ်းတွေ ချပြီး လုပ်လို့ရတာမျိုး မဟုတ်ပါဘူး ။ NLD က တရားဝင်ပြောထားတာရှိပါတယ်…… လွှတ်တော်ထဲက ၂၅ % ဟာ အချိန်တန်ရင် လွှတ်တော်ထဲက ထွက်သွားရမယ် ဆိုတာကိုပါ ….ဘာလို့လည်းဆိုတော့ ဒီလိုဝင်ထိုင်နေတာဟာ ဒီမိုကရေစီကျင့်ထုံးတွေနဲ့ ကိုက်ညီမှု မရှိလို့ပါဘဲ ၊ ဒါပေမယ့် အားလုံး ရင်ကြားစေ့ပြေလည်ဖို့ ရှေ့ရှုပြီး ဒီလမ်းကြောင်း ( ၂၅ % ဘယ်လိုထွက်သွားမလဲ ဆိုတဲ့လမ်းကြောင်း ) ကို ချဉ်းကပ်ဖို့ကိုတော့ ကျမတို့အားလုံး ညှိနှိုင်းဆောင်ရွက်ကြမယ် လို့ တရားဝင် ပြောထားပြီး ဖြစ်ပါတယ် ။

မေး ။ ။ ဒေါ်စုက ဘယ်တော့ ဒီညှိနိုင်ဆွေးနွေးတာကို စမှာလဲ ။ သူတို့ဘက်ကရော ဆွေးနွေးဖို့ကို ဖွင့်ထားပေးသလား ။

ဖြေ ။ ။ ကျမတို့ အစိုးရဖွဲ့ပြီဆိုတာနဲ့ ဆွေးနွေးညှိနှိုင်းဖို့ သူတို့ ဖွင့်ကို ဖွင့်ပေးရပါလိမ့်မယ် ။
.
Credit : Spring Flowers

Credit : Channel News Asia


Filed under: အင်တာဗျူး, ရွေးကောက်ပွဲ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တန်ဖိုးရှိတဲ့ စကားပါ။

နိုင်ငံတော်သမတမည်သူပင်ဖြစ်စေကာမူ NLD ပါတီ ဥက္ကဌ ဒေါ်စု ဆုံးဖြတ်ချက် ချပြီး သမတ အထက်က လုပ် ဆောင် မယ် ဟု ပြော

$
0
0

ဗွီအိုအေ (မြန်မာပိုင်း)

Myanmar's opposition leader Aung San Suu Kyi says she will be "above the president" if her party wins Sunday's election. In a constitutional clause that appears directed at her, a person can't become president if he or she is married to a foreign national or has children who are foreign nationals. Suu Kyi's late husband was British, as are their two sons.

အသစ်ပေါ်လာမယ့် လွှတ်တော်တွေကနေ ဘယ်သူ့ကိုပဲ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်သည်ဖြစ်စေ ဆုံးဖြတ်ချက်တွေကို ချမှတ် သွား မှာကတော့ သူပဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ သူဟာ အနိုင်ရပါတီရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် ဆုံးဖြတ်ချက်တွေအားလုံးကို ချမှတ်သွားမှာဖြစ်ပြီး သမ္မတရဲ့ အထက်ကနေ လုပ်ဆောင် သွားမယ်ဆိုတာ ရှင်းပါတယ်လို့ အင်္ဂါနေ့က စင်္ကာပူအခြေစိုက် Channel News Asia CNA သတင်း ဌာနနဲ့ တွေ့ဆုံ   မေးမြန်းခန်း အတွင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ သမ္မတမှာ ဘာလုပ်ပိုင်ခွင့်အာဏာမှ ရှိမှာမဟုတ်ဘူး လို့လည်း   ဖြည့်စွက်ပြောဆိုပါတယ်။

နိုဝင်ဘာလ ၈ ရက်၊ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ NLD က ပြည်လုံးကျွတ်နီးပါး အနိုင်ရနေတဲ့ရလဒ်တွေ ထွက် လာနေချိန် မှာပဲ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောတာလည်းဖြစ်ပါတယ်။

အဲဒါဟာ လုပ်ရမယ့် တခုတည်းသော နည်းလမ်းဖြစ်ကြောင်း၊ ဘာ့ကြောင့်လဲဆိုတော့ ဘယ်လို ဒီမိုကရေစီနိုင်ငံမျိုးမှာမဆို အနိုင်ရ ပါတီရဲ့ခေါင်းဆောင် ဟာ အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်တာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တကယ်လို့ ဒီ အခြေခံ ဥပဒေက အဲဒါကို ခွင့်မပြုဘူးဆိုရင် ပုံမှန် ဒီမိုကရေစီနည်းလမ်းအတိုင်း ရှေ့ဆက်သွားနိုင်အောင် လိုအပ်တာတွေ လုပ်သွားရမယ် လို့လည်း   ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

သူပြောတဲ့ပုံစံနဲ့ လုပ်မယ်ဆိုရင် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းလုပ်ဆောင်ချက်တွေပေါ် သက်ရောက်မှု မရှိဘူးလားဆိုတဲ့ မေးခွန်းကို တော့ ဘာ့ကြောင့်   သက်ရောက်ရမှာလည်းလို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြီး မေးခွန်းထုတ်ပါတယ်။ ဘာ့ကြောင့်လည်းဆို အစိုးရအဖွဲ့ တခုရှိနေ   မယ်၊ စနစ်တကျ လည်ပတ်လုပ်ဆောင်မယ်၊ သမ္မတအနေနဲ့ သူ ဘာလုပ်နိုင်တယ်ဆိုတာ အတိအကျ ပြောသွားမှာ ပဲဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။


Filed under: သတင်းများ, ရွေးကောက်ပွဲ

NLD အနိုင်ရမှုနှင့် အစိုးရဖွဲ့နိုင်မှု အခြေအနေ

$
0
0

image

image

ရွေးကောက်ပွဲ ရလဒ်များ UEC ဆက်လက်ကြေညာ၊ဒုသမ္မတ ရွေးချယ်နိုင် သည့် အမျိုးသားလွှတ်တော် နေရာ အများစု NLD အနိုင်ရ

နိုဝင်ဘာ ၁၁၊ ၂၀၁၅
M-Media
.
ရွေးကောက်ပွဲရလဒ်တွေကို ၁၂ ကြိမ်မြောက်အဖြစ် ဒီနေ့ မွန်းလွဲ ၃ နာရီမှာ UEC ကထပ်မံကြေငြာခဲ့ပါတယ်။ အမျိုးသားလွှတ်တော်အတွက် အနိုင်ရကိုယ်စားလှယ် ၅၀ စာရင်းကြေငြာရာမှာ NLD က ၄၈ ယောက်နိုင်ပြီး ပြည်ခိုင်ဖြိုးပါတီက ၂ ယောက် နိုင်ခဲ့ပါတယ်။
.


ရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ UEC မှ ယခုအချိန်ထိ ထုတ်ပြန်ကြေငြာခဲ့သည့် အကြိမ်အရေအတွက်မှာ ၁၁ ကြိမ်ရှိသွားပြီဖြစ်ပြီး အနိုင်ရရှိသည့်စာရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
.
ပြည်သူ့လွှတ်တော် ( ၁၄၉) နေရာ
—————————–
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်- ၁၃၄ ဦး
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၈ ဦး ၊
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၄ ဦး
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁
ဝ ဒီမိုကရက်တစ်ပါတီ ၁ ဦး
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ၁ ဦး
.
အမျိုးသားလွှတ်တော် (၈၃) နေရာ၊
————————————-
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်- ၇၇ ဦး
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ၄ ဦး ၊
တစ်သီးပုဂ္ဂလ ၁ ဦး၊
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ၁ ဦး
.
တိုင်း/ပြည်နယ် လွှတ်တော် (၂၇၄ ) နေရာတွင်
—————————-
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD)- ၂၃၄ ဦး
ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မှ ၂၆ ဦး ၊
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ၇ ဦး
ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ၂ ဦး၊
ဝ ဒီမိုကရက်တစ်ပါတီ ၂ ဦး
ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၁ ဦး
မွန်အမျိုးသားပါတီ – ၁ ဦး
ကရင်ပြည်သူ့ပါတီ – ၁ ဦးတို့ ဖြစ်ပါတယ်။


Filed under: ရွေးကောက်ပွဲ

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည်ဟု သူရ ဦးရွှေမန်း ပြော

$
0
0

image

By ဒီဗွီဘီ 11 November 2015

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်   တွေ့ဆုံဆွေးနွေးဖို့   တောင်း ဆို တဲ့ စာကို လက်ခံရပြီး အဆင်ပြေမယ့်အချိန်မှာ တွေ့ဆုံဖို့ ဆောင်ရွက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင်လက်မှတ်ရေးထိုး ဖိတ်ကြားတဲ့စာကို နိုဝင်ဘာ ၁၀ ရက်နေ့မှာ လက်ခံ ရရှိခဲ့ပြီး လာမယ့်အပတ်အတွင်း အဆင်ပြေမယ့်အချိန်မှာ အမျိုးသားသင့်မြတ်ရေးကိုအခြေခံပြီး အခြားအရေးကိစ္စများရှိပါက လည်း   ဆွေးနွေးနိုင် ဖို့ စီစဉ် ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ ဖေ့ဘုတ်စ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ရေးမှာ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင် ကြပါစေလို့ သူရဦးရွှေမန်းက ရေးသား ထား ပါသေး တယ်။


Filed under: ရွေးကောက်ပွဲ

Astronomers are freaking out over this newly discovered Earth-sized planet — and for good reason

$
0
0
Business Insider



hires

(Dana Berry)
A newly discovered exoplanet has a lot of astronomers excited, and for good reason.

The exoplanet, dubbed GJ 1132b, is about the size of Earth and lives in a solar system roughly 39 light-years from Earth, a team of scientists reported in the November 12, 2015, issue of the journal Nature.

Furthermore, the exoplanet is the closest rocky Earth-sized exoplanet ever discovered, by far.

The next closest is about three times farther away.

GJ 1132b’s size and distance are what have astronomers like Drake Deming at the University of Maryland — who was not part of the study — saying that this planet is “arguably the most important planet ever found outside the solar system,” he told The Guardian.

The reason is because GJ 1132b is close enough for astronomers to point their telescopes at it and sniff out any traces of an atmosphere.

Atmospheric signatures of life

Studying the atmospheres of exoplanets for signs of life is the next big step in the search for extraterrestrial life beyond our solar system.

But it’s an extremely difficult project because most Earth-sized planets — the exoplanets that astrobiologists think are most likely to harbor life — are too distant to study in any detail.

One of the ways astronomers determine the chemical composition of gases on planets in our own solar system is by studying the light passing through their atmospheric layers, like Earth’s shown in the photo below with our crescent moon in the foreground:

View gallery

.

A crescent moon rises over the cusp of the Earth's atmosphere in this picture by Japan Aerospace Exploration Agency astronaut Koichi Wakata onboard th...

(Thomson Reuters)
Chemical compounds and molecules interact differently with different energies of light, and, as a result, each molecule leaves a unique fingerprint that scientists can see when they map out the light over what is called a spectrum.

But when an object is hundreds of light-years away, it’s nearly impossible to differentiate the light that’s passing through an exoplanet’s atmosphere from the light that’s emanating from a larger, brighter star.

A significant stepping stone

Now, GJ 1132b has changed that, offering astronomers a perfect specimen to test their instruments and methods for detecting life.

View gallery

.

Venus

(NASA Goddard Spaceflight Center)
“It’s nearby, it’s Earth-like, and its star won’t interfere,” Deming told The Guardian.

This newly discovered exoplanet is, however, just a stepping stone.

The possibility of finding life on it is practically zero. GJ 1132b might be only 16% larger than Earth, but it’s surface temperature is a balmy 450 degrees Fahrenheit.

“Our ultimate goal is to find a twin Earth, but along the way we’ve found a twin Venus,” David Charbonneau, a co-author on the new paper and an astronomer at the Harvard-Smithsonian Center for Astrophysics, said in a press release. “We suspect it will have a Venus-like atmosphere, too, and if it does we can’t wait to get a whiff.”

The reason for these toasty temperatures is because GJ 1132b sits just 1.4 million miles from its host star — 26 times closer than Mercury is to our sun. It takes just 1.6 days for GJ 1132b to complete a single orbit around its star.

The most common star in the galaxy

The star is what astronomers call a red dwarf, which astronomers suspect is the most common star throughout our home galaxy, the Milky Way.

Red-dwarf stars are cooler, smaller, and dimmer than our sun. The one that GJ 1132b is orbiting is about one-fifth the size of our sun and only emits about 1/200th the amount of light.

Here’s a diagram comparing, to scale, the size of our sun with a red dwarf (second from the left) and Jupiter (far right):

View gallery

.

BrownDwarfs_Comparison_01

(Uploaded by Esmera en on Wikipedia)

Just because they’re different from our sun, however, doesn’t mean life couldn’t spawn around them. It just means that the habitable zone — the region in space where liquid water could exist on a planet’s surface — is closer to the star than it is for our sun.

Some astronomers estimate that red-dwarf stars comprise 75% of all stars in the galaxy. This means that most of the exoplanets in our galaxy are likely orbiting red-dwarfs.

Whether any of those planets are habitable, however, is a subject of intense debate, which is why the discovery of GJ 1132b is so exciting. And while GJ 1132b is not likely habitable, it’s possible that it has some neighbors that are.

To first spot GJ 1132b as it passed in front of the star, scientists used the MEarth-South array, a group of telescopes at the Cerro-Tololo Inter-American Observatory in Chile.

Now that they know it’s there, the researchers have requested time on the Hubble Space Telescope (which observes the same type of light we see with our eyes) and the Spitzer Space Telescope (which observes longer wavelengths than Hubble, in the infrared range) to study GJ 1132b more fully.

With the viewing powers of Hubble and Spitzer combined, the scientists could get a much broader spectrum of light to study even more chemical compounds than they otherwise would with just one of the telescopes.

NOW WATCH: Here’s why aliens might actually exist

http://finance.yahoo.com/news/astronomers-freaking-over-newly-discovered-201319286.html


Filed under: Articles

ရွေးကောက်ပွဲအပြီးကော်မရှင်မှာဒဏ်ရာတွေနဲ့ ကျန်ခဲ့ကြောင်း ဦးတင်အေး ပြော

$
0
0
2015-11-11
tinaye-press-nov-11-620.jpg
နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ရုံးက သတင်းမီဒီယာစင်တာမှာ နိုဝင်ဘာ ၁၁ ရက်နေ့က ဥက္ကဌဦးတင်အေး ရှင်းလင်းပြောကြားနေစဉ်
Photo: Myo Thant Khaing/ RFA

ရွေးကောက်ပွဲအပြီး ဒိုင်လူကြီးက နိုင်တဲ့သူကိုနိုင်တဲ့ အထိမ်းအမှတ်အဖြစ် လက်မြှောက်ပေးရမှာဖြစ်ပေမယ့် ဒိုင်မှာတော့ ဒဏ်ရာဒဏ် ချက်တွေ နဲ့ ကျန်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးတင်အေးက ပြောပါတယ်။

နိုင်ငံရေးပါတီတွေက မဲစာရင်းတွေ မှန်ကန်မှုရှိရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အပြင် ဝေဖန်တိုက်ခိုက်မှုတွေ ရှိခဲ့တာနဲ့ပတ်သက် လို့ နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ရုံးက သတင်းမီဒီယာစင်တာမှာ ဥက္ကဌဦးတင်အေးက ဒီကနေ့ ပြောကြားခဲ့တာပါ။

“ကျနော်ကတော့ မနေ့ကပဲ ကာတွန်းတစ်ပုဒ်ကိုခေါင်းထဲမှာဆွဲလိုက်ပါတယ်၊ ရွေးကောက်ပွဲကြီးကတော့ ပြီးသွားပါပြီ၊ ပြီးသွား တဲ့ အခါကျတော့ နိုင်တဲ့သူကို ဒိုင်လူကြီးက လက်မြှောက်ပေးရမှာ၊ သို့သော်လည်း လက်မြှောက်ပေးနေတဲ့ အနိုင်ကိုပြနေတဲ့ ဒိုင်လူကြီးကတော့ ဒဏ်ယာဒဏ်ချက်တွေအများကြီးနဲ့ ဖူးနေယောင်နေ၊ ပလာစတာတွေအများကြီး ကပ်ထားတဲ့ ကာတွန်း တစ်ခု ကျနော်ခေါင်းထဲကနေထွက်လာပါတယ်၊ ကျနော်ဖက်ကတော့ အစွမ်းကုန်ကြိုးစား ပြီးပါပြီ၊ တချို့ကလည်း ဥပဒေမသိပဲနဲ့ စိတ်ထင်ရာတွေပြောနေ ပါလားဆိုပြီးတော့ သူတို့အစားကျနော်သနားတောင် သနားမိပါတယ်”

ဒါ့အပြင် ပြည်သူတွေဟာ မဲစာရင်းတွေကပ်ထားချိန်မှာ မိမိတို့အမည်ပါမပါကို စစ်ဆေးဖို့ အားနည်းခဲ့ကြောင်းလည်း ပြော ပါတယ်။   နေပြည်တော် မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆ သိန်းရှိရာမှာ ၂ သိန်းလောက်သာ မိမိတို့ အမည်စာရင်းပါ၊ မပါ မှားယွင်းမှု ရှိ၊ မရှိကို စစ်ဆေးခဲ့တာတွေ့ရကြောင်း ပြောပါတယ်။

ကော်မရှင်အနေနဲ့ ရသုံးငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်သွားမှာဖြစ်သလို တစ်ချိန်တည်းမှာလည်း ဘယ်နိုင်ငံခြား တိုင်းပြည်ကမှ ငွေကြေး တစ်ပြားတစ်ချပ်မှ လက်ခံယူတာ မရှိကြောင်း နိုင်ငံခြားအဖွဲ့အစည်းတွေက လိုအပ်တဲ့ ပစ္စည်းတွေကိုဝယ်ပေးခဲ့တာသာ ရှိကြောင်း လည်း ပြောပါတယ်။

ဒါ့အပြင် ကြိုတင်မဲနဲ့ပတ်သက်ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တဲ့အတွက် မနက်ဖြန်လားရှိုးမှာ သတင်း စာရှင်းလင်းပွဲ ကျင်းပပြီး ရှင်းလင်းသွားမယ်လို့လည်း ပြောပါတယ်။

http://www.rfa.org/burmese/news/utinaye-press-conference-11112015120341.html


Filed under: သတင်းများ, ရွေးကောက်ပွဲ

ခေါင်းဆောင်(၃)ဦး နဲ့ တွေ့ဆုံ ဖို့ ဒေါ်အောင်ဆန်းစုကြည် တောင်း ဆို

$
0
0
2015-11-11
dassk-minaunghlaing-620.jpg
နေပြည်တော်သမ္မတ အိမ်တော်ဝင်း အစည်းအဝေးခန်းမ မှာ အောက်တိုဘာ ၃၁ ရက်နေ့ကကျင်းပတဲ့ နိုင်ငံရေး ထိပ်သီးအစည်း အဝေးပွဲကို တက်ရောက်လာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံကြစဉ်
Photo: RFA

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဆုံ ဆွေးနွေးလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ မေတ္တာရပ်ခံ လိုက် ပါတယ်။ နိုင်ငံ့ခေါင်းဆောင် ၃ ဦးနဲ့ လာမယ့် သီတင်းပတ် အတွင်း တွေ့ဆုံဆွေးနွေးလိုကြောင်း တစ်ဦးချင်းစီကို သီးသန့်မေတ္တာ ရပ်ခံစာတွေ ပေးပို့တောင်းဆိုလိုက်တာပါ။

နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံစာကို လက်ခံရရှိကြောင်းနဲ့   ရွေးကောက်ပွဲ ရလဒ်ကို အစိုးရနဲ့ တပ်မတော်က လက်ခံသွားမယ်ဆိုတာ ထပ်မံပြောလိုကြောင်း နဲ့ တွေ့ဆုံရေးအတွက်   ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းတွေ ပြီးဆုံးချိန်မှာ နှစ်ဘက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အကြောင်းပြန်ကြားထားကြောင်း ပြောပါတယ်။

“အဲ့ဒါနဲ့ ပတ်သက်လို့ သမ္မတကြီးက သူရဲ့နိုဝင်ဘာလ ၆ ရက်နေ့ မိန့်ခွန်းမှာထဲက ရွေးကောက်ပွဲအလွန်ကာလမှာ ကြားကာလ တည်ငြိမ်အေးချမ်းရေး အတွက် နိုင်ငံရေး အင်အားစုတွေနဲ့ ဆွေးနွေးပါမယ်လို့ ပြောထားခဲ့ပြီးဖြစ် ပါတယ်၊ လောလောဆယ် ဒီနေ့မှာအကြောင်းပြန်ကြားထားတာကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ထုံး လုပ် နည်းတွေ   ပြီးပြီဆိုတာနဲ့ ကျနော်တို့ တွေ့ဆုံနိုင်ရေး အတွက်ညှိနှိုင်းဆောင်ရွက် ပါမယ်လို့ အကြောင်းပြန်ထားပါတယ်”

“နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲမှာ တဆင့်ဖော်ထုတ်ခဲ့သည့် လူထုဆန္ဒကို တည်ငြိမ်အေးချမ်းစွာ အကောင်အထည်ဖော်နိုင် ဖို့အတွက် အမျိုးသား ရင်ကြားစေ့ရေးကို အခြေခံပြီး တွေ့ဆုံဆွေးနွေးလိုတာဖြစ်တယ် လို့” ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်က လက်မှတ်ရေးထိုးတောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီကနေ့မှာပဲ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာကိုလက်ခံရရှိကြောင်းနဲ့ လာမယ့်အပတ် အတွင်း တွေ့ဆုံဆွေးနွေး လိုကြောင်း သူ့ရဲ့ အင်တာနက်ဖေ့စ်ဘွတ်စာမျက်မှာ ပြောထားပါတယ်။

အလားတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်အောင်လှိုင် အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ တွေ့ဆုံခွင့်တောင်း ခံစာကို လက်ခံရ ရှိကြောင်း၊ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စား လှယ်နေရာ အများစုရရှိနေမှုအပေါ် ဂုဏ်ပြုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံနိုင်ရေးကို ရွေးကောက် ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေ ပြီးဆုံးချိန်မှာ   နှစ်ဘက်ညှိနှိုင်းဆောင်ရွက် သွားမှာဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဝန်ကြီးဦးရဲထွဋ်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ တွေ့ဆုံဆွေးနွေးရေး တောင်းဆိုချက်နဲ့ပတ်သက်လို့ RFA အဖွဲ့သူ မခင်ခင်အိ စုစည်းတင်ပြ ထားတာကိုလည်း နားဆင်နိုင်ပါတယ်။

http://www.rfa.org/burmese/news/dassk-request-meet-3-leaders-11112015103657.html


Filed under: သတင်းများ, ရွေးကောက်ပွဲ

အနိုင်ရ NLD ပါတီ၏ သမ္မတ တင်မြှောက် ခွင့်နှင့် အစိုးရ အဖွဲ့ ဖွဲ့ခွင့် အာဏာ

$
0
0

လတ်တလော NLD ပါတီသည် လွှတ်တော်အမတ်နေရာ ၃၃၃ ဦးကျော် အနိုင်ရရှိထား၍ သမ္မတတင်မြှောက်ခွင့်နှင့်   ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းခွင့် ရရှိထားပြီဖြစ်သည်။


ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၆၆၄   နေရာ ရှိပါတယ်။

အမျိုးသားလွှတ်တော်တွင် အရပ်သားနှင့်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၂၄ ဦးရှိပါသည်။ အမျိုးသားလွှတ်တော်က ဒုတိယ သမ္မတ ၁ ဦး တင်မြှောက်ရပါမည်။

ပြည်သူ့လွှတ်တော်တွင် အရပ်သားနှင့်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၄၄၀ ရှိပါတယ်။ ပြည်သူ့လွှတ်တော်က ဒုတိယသမ္မတ ၁ ဦး တင်မြှောက် ရပါမည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်သည် ပြည်သူ့လွှတ်တော်တွင် ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်တွင် ၅၆ ဦး စုစုပေါင်း ၁၆၆ ဦးရှိပါသည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ဒုတိသမ္မတ ၁ ဦးတင်မြှောက် ရပါမည်။

ဒုတိယသမ္မတ ၃ ဦးထဲမှ သမ္မတ ၁ ဦးကို ရွေးချယ်တင်မြှောက်ရမည်ဖြစ်ပြီး လွှတ်တော်အမတ်အရေအတွက် ၆၆၄ တွင် အနည်ဆုံး ၅၀ ရာခိုင်နှုန်းကျော် အမတ်အရေအတွက် ၃၃၃ ဦး ပိုင်ဆိုင်ထားသော နိုင်ငံရေးပါတီက မိမိတင်မြှောက်လိုသူကို သမ္မတ တင်ခြင်းဖြင့် သမ္မတ တင်မြှောက်နိုင်သည်။

နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြည်နယ်/တိုင်းအစိုးရအဖွဲ့ကို ဥပဒေနှင့်အညီ ဖွဲ့စည်းခွင့်ရှိသည်။

လတ်တလော NLD ပါတီသည် လွှတ်တော်အမတ်နေရာ ၃၃၃ ဦးကျော် အနိုင်ရရှိထား၍ သမ္မတတင်မြှောက်ခွင့်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ကို ဖွဲ့စည်းခွင့် ရရှိထားပြီဖြစ်သည်။

http://burma.irrawaddy.org/election/news/%E1%80%A1%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1


Filed under: သတင်းများ, ရွေးကောက်ပွဲ

ရွေးကောက်ပွဲလွန်ကြားကာလတည်ငြိမ်ရေး ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ သမ္မတရုံး ပြောကြား

$
0
0
2015-11-11
president-office-620.jpg
သမ္မတရုံးကထုတ်ပြန်လိုက်သည့် “မိဘပြည်သူများသို့ ကျေူးဇူးတင်ရှိကြောင်း သတင်းထုတ်ပြန်ချက်” ကို နိုဝင်ဘာလ ၁၁ ရက်နေ့ က တွေ့ရစဉ်
Photo: Myanmar President Office/ Facebook

ရွေးကောက်ပွဲအလွန် ကြားကာလ တည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက်အားလုံး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သမ္မတရုံးက ဒီကနေ့ သတင်းထုတ်ပြန် လိုက်ပါတယ်။

နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့အတွက် တိုင်းရင်းသား မိဘပြည်သူတွေ အားလုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အဆင့်ဆင့်သော ကော်မရှင်များ၊ ပံ့ပိုးကူညီဆောင်ရွက်ခဲ့ကြသော တပ်မတော် တပ်ရင်း တပ်ဖွဲ့များနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ မဲရုံတာဝန်ထမ်းဆောင်ခဲ့ကြသော ဝန်ထမ်းများ၊ ရွေးကောက်ပွဲ အထူးရဲများ၊   လေ့လာစောင့်ကြည်မှုတွေ ဆောင်ရွက်ခဲ့ကြသော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများ၊ ဂုဏ်သိက္ခာရှိရှိ ပါဝင်ယှဉ်ပြိုင် ခဲ့ကြတဲ့   နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းအားလုံးကို နိုင်ငံတော်နဲ့ နိုင်ငံသားများကိုယ်စား ကျေးဇူးတင် ရှိကြောင်း ဖော်ပြထားပါတယ်။

လက်ရှိအချိန်အထိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ခဲ့သည့်ရလဒ်များအရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လွှတ်တော်     နေရာ အများစုဖြင့် ဦးဆောင်နေတဲ့အတွက် ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့   အောင်မြင်မှုကို လှိုက်လှဲဝမ်းမြောက်စွာ ချီးကျူး ဂုဏ်ပြုကြောင်းကိုလည်း ရေးသားထားပါတယ်။

နိုင်ငံတော် အစိုးရအနေနဲ့ မဲဆန္ဒရှင် တိုင်းရင်းသားပြည်သူတွေရဲ့ ရွေးချယ်မှုနှင့် အဆုံးအဖြတ်ကို လေးစားလိုက်နာပြီး သတ်မှတ်အချိန်များ အတိုင်း အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်းနိုင်ရေးကိုဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အဆိုပြုတဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲလုပ်ငန်းများ ပြီးဆုံးချိန်မှာ နှစ်ဘက်ညှိနှိုင်းဆောင်ရွက် မယ်လို့လည်း   ဖော်ပြထားပါတယ်။

http://www.rfa.org/burmese/news/president-office-after-elections-peace-11112015112953.html


Filed under: သတင်းများ, ရွေးကောက်ပွဲ

ကာကွယ်ရေးဦးစီးချုပ်တို့နဲ့တွေ့ဆုံဖို့ဒေါ်အောင်ဆန်း စုကြည် ပန်ကြား၊ မြန်မာလူထုရဲ့အောင်ပွဲအဖြစ် ဗြိတိန် ၀န်ကြီးချုပ် ချီးကျူး။

$
0
0

VOA Burmese Fan Page

ပထမပိုင်း နာရီဝက်

ရွေးကောက်ပွဲရလဒ် ထပ်မံထုတ်ပြန်ချက်တွေမှာ NLD ပါတီ ဆက်လက်အနိုင်ရနေ၊ သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ကာကွယ်ရေး ဦးစီးချုပ်တို့နဲ့ တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ကြား၊ ရွေးကောက်ပွဲဟာ အပြောင်းအလဲလိုချင်တဲ့ဆန္ဒကို ထုတ်ဖော်ခဲ့ကြတဲ့   မြန်မာ လူထု ရဲ့အောင်ပွဲအဖြစ် ဗြိတိန်ဝန်ကြီးချုပ် ချီးကျူး။ စသည်…


Filed under: သတင်းများ, ရွေးကောက်ပွဲ, Videos

လားရှိုးကြိုတင်မဲကိစ္စ ကော်မရှင် ဥက္ကဋ္ဌ ရှင်းလင်း သတင်း မဇ္ဈိမ

$
0
0

image


 ရွေးကောက်ပွဲ အထူးကဏ္ဍ အနယ်နယ်မှ ရွေးကောက်ပွဲ သတင်းများ
ဦးလွင်
Tue, 11/10/2015 – 2

နေပြည်တော်၊ နိုဝင်ဘာ ၁၀ ။ ။ လားရှိုးတွင် အငြင်းပွား ခံနေရသည့် ကြိုတင်မဲကိစ္စ၊ အနိုင်၊ အရှုံးရလာဒ် ထုတ်ပြန် ရန် နှောင့်နှေးနေသည့် ကိစ္စကို ပြည်ထောင်စုရွေး ကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက နိုဝင်ဘာ ၁၀ ရက် က ရှင်းလင်းခဲ့သည်။

နိုဝင်ဘာ ၁၀ရက် ၄နာရီက ပြည်ထောင်စု ရွေး ကောက် ပွဲကော်မရှင် ရုံးချုပ်၌ ရွေးကောက်ပွဲတွင် ဖြစ်လာသည့် အငြင်းပွားမှုများ ကိုင်တွယ်ဖြေရှင်းရေး ပုဂ္ဂိုလ် ဦးမြင့်နိုင် အပါအဝင် လေးဦးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် သတင်းထောက်များက လားရှိုးကြိုတင်မဲကိစ္စများ မေးမြန်း ခဲ့သည်။ ထိုစဉ် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက လာရောက်ရှင်းလင်းခဲ့ပြီး သတင်းစာရှင်းလင်းပွဲ ရုတ်သိမ်း ခဲ့သည်။

“ပြဿနာက ရှင်းရှင်းလေးပဲ မဲဆန္ဒပေးသူက သုံးထောင် ရှိတယ်။ ဘာကြောင့် မဲလက်မှတ်က တစ်သောင်း ကျော် နေ လဲ။ မဲဆန္ဒရှင်တစ်ဦးက အနည်းဆုံး သုံးစောင် ပေး ရတယ်။ ပြည်သူ့လွှတ်တော်အတွက် တစ်စောင်ပေးရ တယ်။ အမျိုးသားလွှတ်တော်အတွက် တစ်စောင်ပေး ရတယ်။ တိုင်းဒေသကြီးအတွက် တစ်စောင်ပေးရတယ်။ တိုင်းရင်းသားအတွက် တစ်စောင်ပေးရတယ်။ ဒီအတွက်ကြောင့် လူသုံးထောင်က မဲတစ်သောင်း ကျော် ဖြစ်နေတာ။ အဲ့ဒါကြောင့်ဒါသည် ကျွန်တော်တို့ သတင်း စာရှင်းလင်းပွဲ ရပ်ပါမယ်။ လားရှိုးကိစ္စ မရှိတာရှိရင် မေး.. မရှိရင် ပြီးပါပြီ”ဟုဆိုကာ ဦးတင်အေးက စင်ပေါ်မှ ဆင်း သွားခဲ့ခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲအပြီးတွင် ရွေးကောက်ပွဲကော်မရှင် ရုံးချုပ်၌ “လားရှိုးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲသို့ ပေးပို့သည့် ကြိုတင်မဲလက်မှတ်များကို ကန့်ကွက် ခြင်း ကိစ္စအား ဖြေရှင်းတင်ပြခြင်း”ဟုဆိုကာ ရှင်းလင်း သည့်စာများ ထုတ်ပြန်ကာ ကပ်ပေးခဲ့သည်။

လားရှိုးတွင် ကြိုတင်မဲပေးသည့် မဲဆန္ဒရှင် စုစုပေါင်း ၃၉၅၂ဦးရှိပြီး ပြည်သူ့လွှတ်တော်အတွက် ၃၉၅၀စောင်၊ အမျိုးသားလွှတ်တော်အတွက် ၃၉၃၀စောင်၊ ပြည်နယ် လွှတ်တော် (၁)အတွက် ၁၀၆၁စောင်၊ ပြည်နယ် လွှတ် တော် (၂)အတွက် ၂၈၇၂စောင်၊ ဗမာတိုင်း ရင်းသားရေး ရာဝန်ကြီး နေရာအတွက် ၃၅၉၀စောင်၊ ကချင်တိုင်း ရင်း သား ရေးရာ ဝန်ကြီးနေရာအတွက် ၃၉စောင်၊ လီဆူတိုင်း ရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ၅စောင်၊ လားဟူ တိုင်း ရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ၁၁စောင် စုစုပေါင်း ၁၅၄၆၀စောင် ဖြစ်သည်ဟု ကော်မရှင်က ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၁၀ရက် ညနေပိုင်းတွင်မူ လားရှိုးတွင် မဲရလာဒ် များ ရေတွက်အပြီး ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက် ခမ်းက အနိုင်ရရှိသွားပြီဖြစ်သည်။

ဒုတိယသမမ္မတ ဒေါက်တာစိုင်းမောက်ခမ်းရရှိသည့် မဲအရေအတွက်မှာ ၃၀၉၀၉မဲဖြစ်ပြီး အမျိုးသား ဒီမို ကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဦးထွန်းရွှေရရှိသည့် မဲအရေအတွက်မှာ ၂၆၇၂၆ ဖြစ်သည်။


Filed under: သတင်းများ, ရွေးကောက်ပွဲ

၂၀၁၅ ရွေးကောက်ပွဲ HRW တုံ့ပြန်

$
0
0

မြန်မာနိုင်ငံရဲ့ သမိုင်းဝင် အထွေထွေ ရွေးကောက်ပွဲကြီး ပြီးဆုံးသွားပြီးတဲ့ တချိန်တည်းမှာပဲ မျှော်လင့်ချက်တွေကတော့ အမျိုးမျိုး ထွက်ပေါ်လာနေပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲရဲ့ လက်ရှိ ရလဒ်တွေအရတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကပဲ ဦးဆောင်နေပြီး အစိုးရဖွဲ့နိုင်မယ့် အနေအထားမှာ ရှိနေပါတယ်။

ဒါပေမဲ့လည်း ကာကွယ်ရေးဌာန အပါအ၀င် တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကဏ္ဍနေရာတွေမှာ စစ်တပ်ကပဲ ဆက်လက် ထိန်းချုပ်ထားမယ်ဆိုရင်တော့ ဒါတွေဟာ မဖြစ်သင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဝေဖန်လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရှားဖောင်က တင်ပြထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က အထွေထွေရွေးကောက်ပွဲကြီး ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် မြန်မာအစိုးရအနေနဲ့ အပြောင်းအလဲကို တကယ် ဖော်ဆောင်ချင်တယ်ဆိုရင် နောက်တက်မယ့် အစိုးရလက်ထက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံအတွင်း အရေးကြီးတဲ့ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးဌာနဲ့ နယ်စပ်လုံခြုံရေး ကဏ္ဍတွေမှာ စစ်တပ်က ထိန်းချုပ်ထားတာကို ပြင်ဆင်သင့်တယ်လို့ HRW ရဲ့ အာရှရေးရာဌာနခွဲက အလုပ်မှုဆောင် ညွှန်ကြားရေးမှူး Brad Adams က ဗွီအိုအေကို ပြောပါတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်ပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်နဲ့ မညီညွတ်ပါဘူး။ စစ်တပ်အနေနဲ့ ကာကွယ်ရေး၊ ရဲ၊ နယ်စပ်လုံခြုံရေး၊ ပြည်ထဲရေးတို့ကို ဆက် ထိန်းချုပ်မထားသင့်ပါဘူး။ ရွေးကောက်ခံတဲ့ အစိုးရသစ်ကသာ တာယူဝန်သင့်ပါတယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့က စစ်တပ်နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လို့လည်း အဓိက ၀န်ကြီးဌာနတွေကို ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို လွှဲပြောင်းပေးသင့်ပါတယ်။ ပြည်သူတွေကို ဒီဌာနတွေကို စစ်တပ်အောက်မှာ မထားလိုကြတော့တဲ့အတွက် အခုလို အာဏာရ USDP ပါတီကို ရွေးကောက်ပွဲကနေ အသိပေးလိုက်တာ ဖြစ်ပါတယ်။”

ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ့ တွေ့ဖို့ တောင်းဆိုတာကို သမ္မတက လက်ခံခဲ့တဲ့အပေါ်မှာလည်း Brad Adams က အခုလို ပြောပါတယ်။

“ပြီးခဲ့တဲ့ အချိန်တွေတော့ ပြန်မရနိုင်တော့ပါဘူး။ တကယ်တော့ ဒီအရင်ကတည်းက တွေ့သင့်ပါတယ်။ သမ္မတ၊ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့အနေနဲ့ လူထုက အမှန်တကယ် ဘာလိုချင်တယ်ဆိုတာလည်း သိသင့်ပါတယ်။ ဆိုလိုတာက ရွေးကောက်ပွဲ လုပ်သင့်တာလည်း ကြာပါပြီ၊ စစ်အာဏာရှင်စနစ်လည်း ဆယ်စုနှစ်နဲ့ချီပြီး မရှိသင့်ပါဘူး။ ဒါတွေက ပြန်ပြင်လို့ မရတော့ပါဘူး။ ဒါပေမဲ့ စစ်တပ်အနေနဲ့ အခုအချိန်မှာ လုပ်နိုင်တာက ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့၊ လူထုရဲ့ ယုံကြည်မှုကို ပြန်ရဖို့ တာဝန်သိသိ ဆောင်ရွက်ဖို့ပါ။ ဒါတွေကို စလုပ်ဖို့ကတော့ ဒီမိုကရေစီ တိုင်းပြည်တိုင်းမှာလိုပဲ ရွေးချယ်တင်မြှောက်ခံရတဲ့ အရပ်သားအစိုးရက အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် အုပ်ချုပ်ခွင့်ပေးဖို့ပဲ ဖြစ်ပါတယ်။”

တချိန်တည်းမှာပဲ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ရေးအတွက် ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို အစိုးရ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားရာကနေ လွှတ်ပေးသင့်ပြီးလို့လည်း Brad Adams က ပြောဆိုလိုက်ပါတယ်။

“ကျောင်းသားတွေကို ပြန်လွှတ်ပေးသင့်ပါတယ်။ မလွတ်နိုင်ရင်တောင်မှ သူတို့အပေါ် ချမှတ်ထားတဲ့ စွဲချက်တွေကို မပယ်ဖျက်နိုင်ရင်တောင်မှ အာမခံနဲ့ ပြန်လွှတ်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံက အကျဉ်းထောက်တွေဟာ အတော်ပဲ အခြေအနေဆိုးရွားပြီး၊ ကျန်းမာရေး စောင့်ရှေက်မှုကလဲ အားနည်းပါတယ်။ အခု လက်ရှိ ရွေးကောက်ပွဲ အခြေအနေတွေအရ လက်ရှိ အစိုးရကို ပြည်သူတွေက မလိုချင်တော့ဘူးဆိုတာ ပြလိုက်ပါပြီ။ လက်ရှိ အစိုးရကို မယုံကြည်ဘူးဆိုတာ ပြလိုက်ကြပါပြီ။ အစိုးရသစ် တက်လာတဲ့အချိန်အထိ အချိန်ဖြုန်းမနေသင့်ပါဘူး။”

အစာငတ်ခံဆန္ဒပြနေကြတဲ့ ဗကသ ကျောင်းသားတွေဟာ ပြီးခဲ့တဲ့မတ်လ ၁၀ ရက်နေ့တုန်းက အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ချီတက်ဆန္ဒပြရာကနေ ဖမ်းဆီးထိမ်းသိမ်းခံရတာဖြစ်တယ်။ ရွေးကောက်ပွဲမတိုင်မီကလည်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကနေ ရွေးကောက်ပွဲမှာ တရားလွတ်လပ်ပြီး မျှတမှုမရှိကြောင်း၊ လူနဲစုတချို့ မဲပေးခွင့်ဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်တဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။


Filed under: သတင်းများ, ရွေးကောက်ပွဲ

အာဏာလွှဲရင် အမေရိကန် ပိတ်ဆို့မှု ရပ်မှာလား

$
0
0
အမေရိကန် , ဒေါ်အောင်ဆန်းစုကြည် , စီးပွားရေးပိတ်ဆို့မှု , နိုင်ငံရေး

အမေရိကန်သမ္မတအိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ်။ (ဓာတ်ပုံ-Reuters)

မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာက ချီးကျူးခဲ့ပါတယ်။ လွတ်လပ်ပြီး အတော်လေး မျှတမှု ရှိတဲ့ ရွေးကောက်ပွဲလို့ ထောပနာပြုခဲ့ပါတယ်။

မြန်မာနိုင်ငံအစိုးရနဲ့ ခရိုနီသူဌေးကြီးတွေအပေါ်မှာ ပိတ်ဆို့မှုနဲ့ ဆန်ရှင်တွေဆက်လုပ်ပြီး လုပ်ထားဆဲဖြစ်တဲ့ အမေရိကန် အစိုးရကလည်း ဒီရွေးကောက်ပွဲကို သတိနဲ့ ကြိုဆိုလိုက်ပြီးဖြစ်ကာ ပြည်သူပြည်သားတွေကို ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

နှစ်ပေါင်း ၅၀ နှစ်ကျော် တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးရဲ့အောက်မှာ ဒီမိုကရေစီခရီးကြမ်းဟာ ငရဲပါပဲ လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အရှေ့တောင်အာရှရေးရာ အကြီးအကဲ Daniel Russel က ပြောဆို လိုက်ပြီး အခုတော့ အရေးကြီးတဲ့ကာလတခုကိုကျော်ပြီလို့ ဆိုလိုက်ပါတယ်။ ဒီရွေးကောက်ပွဲရလဒ်ကို လက်ခံ ပြီး အာဏာလွှဲပြောင်းရေးဖြစ်ခဲ့မယ်ဆိုရင်တော့ အမေရိကန်အနေနဲ့ ကျန်ရှိနေသေးတဲ့ ပိတ်ဆို့မှုတွေကို  ဖယ်ရှား ပေးမှာဖြစ်လို့ အမေရိကန်အရာရှိတွေက ပြောဆိုလိုက်ပါတယ်။

အရင်အစိုးရခေတ်ဟောင်းက ဗိုလ်ချုပ်ကြီးတွေဟာ SDN (Specially Designated Nationals Lsit) ခေါ် ဆန်ရှင်စာရင်းထဲမှာ ကျန်ရှိနေသေးသလို ခေတ် ပျက်ခေတ်ဆိုးထဲမှာ ကြွယ်ဝချမ်းသာလာတဲ့ ခရိုနီခေါ် သူဌေးကြိးတွေဟာ အမေရိကန်ရဲ့ ဆန်ရှင် စာရင်းထဲမှာ ကျန်ရှိ နေသေးတာ ဖြစ်ပါတယ်။ နာမည်စာရင်းမှာ ဦးထွန်းမြင့်နိုင်(Asia World) ၊ ဦးတေဇ(Htoo Company) ၊ ဦးဇော်ဇော်(Max Myanmar) အပါအ၀င် အများ အပြား ကျန်ရှိနေသေးတာဖြစ်ပါတယ်။

http://burma.irrawaddy.org/news/2015/11/11/100960.html


Filed under: General

ပါရာဂွေးတွင်ဗလီဝတ်ကျောင်းတော်သစ် တစ်လုံး ဖွင့်လှစ်

$
0
0
နိုဝင်ဘာ ၁၂၊ ၂၀၁၅
M-Media

paraguay

– လက်တင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ပါရာဂွေးနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Ciudad del Este တွင် အကြီးဆုံး ဗလီဝတ်ကျောင်းတော်တစ်ခုကို နိုဝင်ဘာ ၉ ရက် တနင်္လာနေ့က ဖွင့်လှစ်ခဲ့ပြီး ပါရာဂွေးသမ္မတ ဟိုရာဇာစီယို မန်နျူယဲလ် ကာတက်စ် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံရေးသမားများနှင့် နိုင်ငံရပ်ခြားမှ သံတမန်များလည်း တက်ရောက်ခဲ့ကြသည်။ Al-Khulafa Al-Rashidin အစ္စလာမ့်စင်တာ အလယ်တွင် ဆောက်လုပ်ထားသည့် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ကန်ဒေါ်လာ ၁ သန်းခန့် ကုန်ကျခဲ့သည်။

ပါရာဂွေးနိုင်ငံ၏ ၁၉၉၂ အခြေခံဥပဒေအရ နိုင်ငံတစ်ဝှမ်းတွင် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားပြီး ၇ သန်းသောလူဦးရေတွင် ခရစ်ယာန်ကက်သလစ်ဘာသာဝင် အများစုဖြစ်ကာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများမှာ ၀.၀၂ ရာခိုနှုန်း ရှိသည်။

Ref: IINA News

http://www.m-mediagroup.com/news/48466


Filed under: အစၥလာမ္ဘာသာ

သမ္မတအိုဘားမားအာရှခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည် နဲ့ လာတွေ့ ဖို့ရှိ

$
0
0

သမ္မတအိုဘားမား အာရှခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လာတွေ့ဖို့ရှိ
~~~~~~~~

အမေရိကန်သမ္မတ ဘားရက်အိုဘားမား အနေနဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပမယ့် အရှေ့အာရှနိုင်ငံများ APEC ညီလာခံနဲ့ မလေးရှားနိုင်ငံမှာ ကျင်း ပ မယ့် အရှေ့တောင်အာရှနိုင်ငံများ ASEAN ညီလာခံတွေကို အခုရက်ပိုင်း အတွင်း လာရောက်ဖို့ရှိရာမှာ မြန်မာနိုင်ငံကို ရုတ်တရက် အလည် ပတ်ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။
သမ္မတ အိုဘားမားအနေနဲ့ အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံကို လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုစကား   ပြောကြားနိုင် ဖို့ NLD တာဝန်ရှိသူတွေကို အမေရိကန်အစိုးရ တာဝန်ရှိ သူတွေနဲ့ ဆွေးနွေး လျက်ရှိနေတယ်လို့ NLD ပါတီသတင်း အရင်း မြစ်တွေကို ကိုးကားပြီး ဒီနေ့ ထိုင်းနိုင်ငံ ဖူးခက်ဝမ်သတင်းစာမှာ ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ NLD ပါတီကရော အမေရိကန် အစိုးရအဖွဲ့ကပါ တရားဝင် အတည်ပြု သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး


Filed under: သတင်းများ, Videos

“သမ္မတကို ဘယ်လိုရွေးသလဲ “

$
0
0

(7Day News Infographic ရုပ်သံ)
ရွေးကောက်ပွဲမကျင်းပနိုင်သည့်ဒေသ ၉ နေရာရှိသည့်အတွက် ပြည်သူ့လွှတ်တော်တွင် ရွေးချယ်ခံ ကိုယ်စား လှယ် ၃၂၁ ဦး၊ အမျိုးသား လွှတ်တော် တွင် ရွေးချယ်ခံကိုယ်စားလှယ် ၁၆၈ ဦး၊ လွှတ်တော် ၂ ရပ်ပေါင်းမှ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၆၆ ဦး၊ စုစုပေါင်း ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၆၅၅ ဦးရှိမည်ဖြစ်သည်။

လွှတ်တော် ၂ ရပ်နှင့် တပ်ကိုယ်စားလှယ်များ တင်မြှောက်သည့် ဒုတိယသမ္မတ သုံးဦးအနက် မဲအများဆုံး ရရှိသူက သမ္မတ ဖြစ်မည်ဖြစ် ရာ ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၆၅၅ ဦး၏ ထက်ဝက်ကျော် ၃၂၈ ဦး (အတိအကျဆိုလျှင် ၃၂၇.၅) ရရှိမည့်ပါတီကသာ အစိုးရ ဖွဲ့နိုင်ရန် သေချာမည်ဖြစ်သည်။မူလ က ရွေးကောက်ပွဲ မကျင်းပဖြစ်သောနေရာ ပြည်သူ့လွှတ်တော် ၇ နေရာသာရှိသည်ဟု သတင်း ရရှိထား ရာမှ ကော်မရှင် က မကျင်းပဖြစ်သောနေရာ ပြည်သူ့လွှတ်တော် ၉ နေရာရှိသည်ဟု ထုတ်ပြန်သွား၍ အစိုးရဖွဲ့ ရန်လိုသောနေရာ ကို ပြန်ပြောင်းတွက်ထားခြင်းဖြစ်ပါသည်။


Filed under: ရွေးကောက်ပွဲ, Videos

ဂျပန်သံမှူးကိုယ်တိုင်မြန်မာလိုပြောပြီး ODA ထောက်ပံ့ မယ် NLD ကို တရားဝင် ပူးပေါင်း မယ် လို့ ပြော

$
0
0

ဂျပန်သံမှူး ကိုယ်တိုင် မြန်မာလိုပြောပြီး ODA ထောက်ပ့မယ် NLDကိုတရားဝင်ပူးပေါင်းမယ်လို့ ပြောနေပါပြီအာရှမှာကျနော်သိရ တဲ့ နံပါတ် 1  နိုင်ငံ ကဂျပန်ဘဲုဖြစ်ပါတယ်။ဂျပန်က ဆက်လက်လက်ပြီး အစိုးရ တရပ် ဖွဲ့  ပြီးတဲ့နောက်ထပ်မံ ပြီးကူညီဖို့ ရာ အဆင်သင့်ဖြစ်နေပါတယ်။
ပြည်သူလူထုက ရွေးလိုက်တဲ့ အစိုးရသစ်ကို ဂျပန်နိုင်ငံက အစွမ်းကုန် ကူညီမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံမှူးကြီးပြောကြား (ရုပ်သံ) နိုဝင်ဘာ ၁၃ရက် နံနက်ပိုင်းက ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်တွေကို ကြေညာပေးနေတဲ့   နေပြည်တော် ရွေးကောက် ပွဲ ကော်မရှင် ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနဲ့ သံမှူးကြီးတို့ ရောက်ရှိ လာခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံမှူးကြီးက မီဒီယာတွေ ကို ပြောကြား ရာမှာ ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ အစိုးရသစ်ကို အစွမ်း ကုန် ကူညီသွားမှာဖြစ်ကြောင်း ဆိုပါတယ်။ ဒါ့အပြင် ရင်းနှီးမြှပ်နှံ မှုတွေ စီးပွားရေး အကူအညီများကို ပိုပြီးတော့ အစိုးရသစ်နဲ့ ပူးပေါင်းပြီး လုပ်နိုင်မယ်လို့ခိုင်မာစွာ ယုံကြည်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံမှူးကြီးက ပြောကြားခဲ့ပါတယ်။ Eleven media group


Filed under: သတင်းများ, Videos

အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲနဲ့ မြန်မာ့အရေး

$
0
0

အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲနဲ့ မြန်မာ့အရေး

အမေရိကန်သမ္မတ အိုဘားမားဟာ လာမယ့်သီတင်းပတ်အတွင်း မလေးရှားနိုင်ငံမှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ရှိသလို မလေးရှားမှာ ရှိနေ တဲ့ ဒုက္ခသည်စခန်းကိုလည်း သွားရောက်မယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအရာရှိတွေက မနေ့က သတင်းစာရှင်းလင်းပွဲ မှာ ပြော ဆို သွားခဲ့ပါတယ်။ ဦးကျော်ဇံသာ တင်ပြပေးထားပါတယ်။


Filed under: သတင်းများ, Videos

ရွေးကောက်ပွဲနဲ့ရခိုင်တပ်မတော်

$
0
0

ရွေးကောက်ပွဲနဲ့ရခိုင်တပ်မတော်

ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားတွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးနဲ့ဆုံးဖြတ်ခွင့်တွေရစေဖို့ မြန်မာနိုင်ငံမှာ နောက်တက်မဲ့ အစိုးရအနေနဲ့ဒေသ ခံ ရခိုင်အမျိုးသားရေးပါတီကို ပြည်နယ်ဝန်ကြီးချုပ် ရာထူးကမ်းလှမ်းပေးဖို့ စဉ်းစားသင့်တယ်လို့ AA ခေါ် ရခိုင်တပ်မတော် အရှေ့ဖက်ဒေသ စစ်ရေးတာဝန်ခံ ဒုတိယ ဗိုလ်မှုးကြီး ကျော်ဟန်က ပြောလိုက်ပါတယ်၊ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိနေတဲ့ ဒုတိယ ဗိုလ်မှုးကြီးကျော်ဟန် ကို ဗွီအိုအေ မြန်မာပိုင်းဌာနမှုး ဦးသန်းလွင်ထွန်းက Skype ကနေတဆင့် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။


Filed under: သတင်းများ
Viewing all 7779 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>