Quantcast
Channel: Danya Wadi
Viewing all 7779 articles
Browse latest View live

NLD ဥက္ကဌ ဒေါ်စုမှ ပြည်သူ လူထုအား နုတ်ဆက် စကားပြော

$
0
0

အဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၉ ရက်ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်က ပြည်သူလူထု အား နုတ်ဆက်စကားပြောကြား


Filed under: ရွေးကောက်ပွဲ, Videos

၉၅%နိုင်မယ်လို့ NLD မျှော်လင့်နေတယ်

$
0
0

ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၉၅ရာခိုင်နှုန်း တစ်နိုင်ငံလုံးမှာ အနိုင်ရမယ်လို့ မျှော်လင့်တဲ့အကြောင်း ပါတီဗဟို အလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ကမာရွတ်မီဒီယာကို ပြောပါတယ်။ ဒီလိုမျှော်လင့်တဲ့အတိုင်းသာ အနိုင်ရခဲ့မယ်ဆိုရင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်း)၊ ရခိုင်အမျိုးသားပါတီ (ANP) တို့နဲ့ ညှိနှိုင်းပူးပေါင်းသွားမှာဖြစ်သလို တပ်မတော်နဲ့လည်း ပူးပေါင်းသွားဖို့ရှိတယ် လို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗီဒီယိုသတင်းအဖြစ်နဲ့ မကြာခင်မှာ ထုတ်လွှင့်သွားပါမယ်။


Filed under: ရွေးကောက်ပွဲ

ကွယ်လွန်သူ မြင်းမူမြို့နယ်အဖွဲ့ချုပ် အမတ်လောင်း အနိုင်ရရှိ

$
0
0

image

By ဒီဗွီဘီ 9 November 2015  Print  Email  
မဲဆွယ်စည်းရုံးနေစဉ် နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန် သွားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြင်းမူမြို့နယ်  မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်လောင်း  ဦးစိုးမြင့်က  အနိုင်ရ သွားပါတယ်။

မြင်းမူမြို့နယ်တခုလုံးမှာ မဲရုံ ၅၈ ရုံရှိပြီး အန်အယ် ဒီပါတီက  ၅၄ ရုံမှာ အနိုင်ရတယ်လို့ အန်အယ်လ်ဒီ ပါတီရဲ့  မြင်းမူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးစိုးစံ သက်ထွန်းက ပြောပါတယ်။

“ဆုံးသွားတဲ့ ဦးစိုးမြင့်နေရာအတွက်က မဲတွေကတော့ ပယ်မဲပါ။ ဒါပေမယ့် ပယ်မဲတွေ အရမ်းများပါတယ်။ ကျနော်တို့ အမတ်လောင်း နိုင်ပါတယ်။”လို့ ပြောပါတယ်။

“ကျနော်တို့ကတော့ ပြည်သူ့လွှတ်တော်မှာ ကျနော်က နိုင်တယ်။ တိုင်းဒေသကြီး ၂ မှာလည်း ကိုယ်စားလှယ် လောင်း ဒေါ်နီလာလွင်က နိုင်ပါတယ်။ အမျိုးသား လွှတ်တော်မှာလည်း ဦးကျော်သောင်းနိုင်တယ်။ ”

ကွယ်လွန်သွားတဲ့ ဦးစိုးမြင့်က အနိုင်ရပေမယ့် ကွယ်လွန် သူဖြစ်နေလို့ ပယ်မဲတွေ ဖြစ်သွားတဲ့ အတွက် တိုင်း ဒေသကြီး အမှတ် ၁ နယ်မြေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးက အနိုင်ရသွားပါတယ်။

ဦးစိုးမြင့်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၆ ရက်နေ့ နေ့ခင်းက မြင်းမူမြို့လယ်ခါင်မှာ မဲဆွယ်စည်းရုံးနေစဉ် ရုတ်တရက် လဲကျပြီး ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဦးစိုးမြင့်ဟာ  ကြံ့ခိုင်ရေးပါတီက ဦးသောင်းမြင့်၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးပါတီက ဦးကျော်စိုးဦးတို့နဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင် ရတာဖြစ်ပါတယ်။

ကျန်ရှိနေတဲ့ ဦးစိုးမြင့်ရဲ့ ရုပ်ကလပ်ကိုတော့ ဒီကနေ့ နိုဝင်ဘာ ၈ ရက်နေ့ နေ့ခင်း ၁ နာရီမှာ သင်္ဂြိုဟ် လိုက် ပါတယ်။


Filed under: General

မာန်အောင်တွင်ဒေါက်တာအေးမောင် ရှုံးကြောင်း အတည်ပြု ပြောကြား

$
0
0

image

သစ်​တူးလွင်

မာန်အောင်မြို့နယ်တွင် သူ ရှုံးနိမ့်ကြောင်း ယနေ့ နံနက် က နိရဉ္စရာသို့ ဒေါက်တာ အေးမောင်က အတည်ပြု ပြော ကြား သည်။

မာန်အောင်တွင် နေရာ (၄) ခုစလုံးတွင် ရခိုင်အမျိုးသား ပါတီ ရှုံးနိမ့်ကြောင်း သူ အတ ည်ပြု ပြောဆိုသည်။

Arakan State
https://www.facebook.com/NarinjaraNews


Filed under: General

NLDတနိုင်​ငံလုံးတွင်​(၉၅%)​ကျော်​နိုင်​​ကြောင်း သတင်း ရရှိထား၍ များလွန်​သည့်​ သတင်း ​နောက်​ထပ်​ မတင်​​ပေးပါ ….

$
0
0

image

image

image

မဲဆန္ဒနယ်​​မြေမျာနိုင်ထားသည်​မှာ များ​လွန်​၍ ​ကျေညာ၍ မဆုံးပါ။ သို့ဖြစ်​ရာ အ​သေးစိတ်​ ​ကျေညာခြင်း မပြုပါ​ကြောင်း စာဖတ်​ပရိသတ်​များ နားလည်​​ပေးပါရန်​ ​မေတ္တာ ရပ်​ခံပါသည်​။

NLD အစိုးရ ဖွဲ့ နိုင်​​ကြောင်း သတင်းစကား ပါးလိုက်​ပါသည်​။


Filed under: General

NLD ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲ ရလဒ် လာရောက် ကြည့်ရှူနေသူ ပြည်သူများ

$
0
0

၂၀၁၅ နိုဝင်ဘာ ၉ ရက် ယနေ့ နံနက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရုံးချုပ်ရှေ့တွင် NLD ကိုယ်စားလှယ်များ၏ ရွေးကောက်ပွဲရလဒ် လာရောက်ကြည့်ရှူနေသူ ပြည်သူများကို တွေ့ရစဉ်။


Filed under: ရွေးကောက်ပွဲ

ငြိမ်းချမ်းစွာပြီးဆုံးတဲ့မြန်မာ့ရွေးကောက်ပွဲ အမေရိကန် ကြိုဆို

$
0
0
9.11.2015

မြန်မာ နိုင်ငံမှာ နိုဝင်ဘာလ ၈ ရက်နေ့ သမိုင်းဝင် ရွေးကောက်ပွဲကို အတူတကွ အောင်အောင်မြင်မြင် ကျင်းပနိုင် ခဲ့တဲ့ အတွက် မြန်မာ   ပြည်သူ   လူထုနဲ့ နိုင်ငံအတွင်းက အဖွဲ့အစည်းတွေ အားလုံးကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ဂုဏ်ယူ ဝမ်းမြောက်မိ ပါကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က သတင်း ကြေညာချက် တရပ်ကို တနင်္ဂနွေနေ့မှာ ထုတ်ပြန် လိုက်ပါတယ်။

နိုင်ငံအတွင်းက သန်းနဲ့ချီတဲ့ ပြည်သူလူထုဟာ ဒီမိုကရေစီစနစ်ဆီကို ပိုမိုနီးစပ်စေဖို့ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တာ ဖြစ်တယ်လို့   ကြေညာ ချက်မှာ ဖေါ်ပြထားပါတယ်။

ဒီရွေးကောက်ပွဲတွေဟာ ပြီးပြည့်စုံတဲ့အနေအထားဖြစ်ဖို့ အဝေးကြီးလိုသေးတယ်ဆိုတာကို သိထားပေမယ့် ဒါဟာ ရှေ့ကိုတိုးတဲ့အရေးပါ တဲ့ ခြေလှမ်းဖြစ်တယ်ဆိုပြီးတော့လည်း ကြေညာချက်မှာ ရေးသားထားပါတယ်။

ပြည့်ဝတဲ့ဒီမိုကရေစီနဲ့ အရပ်သားအစိုးရစစ်စစ်ဖြစ်ဖို့အတွက် အရေးပါတဲ့တည်ဆောက်ပုံနဲ့ ခလုတ်ကသင်းတွေ ရှိနေပါသေးတာတွေ့ရပြီး အဲဒီအထဲမှာ လွှတ်တော်ထဲမှာ ရွေးချယ်တင်မြှောက်မခံရဘဲ စစ်တပ်ကနေရာ ယူထားတာ၊ ရိုဟင်ဂျာတွေအပါအဝင် ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာတုန်း က မဲပေး ခဲ့ပြီး အခုတကြိမ်မှာမဲပေးခွင့်မရကြတဲ့ အုပ်စုတွေ၊ နိုင်ငံသားဖြစ်ခွင့်နဲ့ နေထိုင်ခွင့်စတာတွေအပေါ် မူတည်ပြီး ကိုယ်စား လှယ်   ဖြစ်ခွင့်မရှိဘူးဆိုပြီး ထင်သလို ဆုံးဖြတ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တခြားနိုင်ငံတကာနဲ့ ပြည်တွင်းက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေနဲ့အတူ ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို စောင့်ကြည့်နေပါတယ်။ မဲရေတွက်မှုတွေကိုလည်း စောင့်ကြည့်နေမယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။

အခုရွေးကောက်ပွဲဟာ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းဖို့အတွက် အရေးပါတဲ့ခြေလှမ်းမို့ နိုင်ငံအတွက် အကောင်း ဆုံး     ဖြစ်အောင်၊ စည်းလုံးညီညွတ်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့ ပူးပေါင်းဆောင် ရွက် ကြ ဖို့ ကျွန်ုပ်တို့က အားပေးပါတယ်လို့ ဖေါ်ပြထားပါတယ်။

နိုင်ငံတည်ငြိမ်ရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်လေးစားမှုကို ထိန်းသိမ်းထားရေးနဲ့ အလုံးစုံနိုင်ငံရေး အကူး အပြောင်း အတွက် ရွေးကောက်ပွဲအလွန်ကာလဟာ အရေးကြီးပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဆက်လက် လုပ်ဆောင်သွားဖို့ အတွက် ကူညီထောက်ပံ့မှုတွေ ဆက်လက်ပေးသွားဖို့ သံန္နိဌာန် ချထားကြောင်းလည်း ကြေညာချက်မှာ ရေးသားထားပါတယ်။


Filed under: သတင်းများ, ရွေးကောက်ပွဲ

မြန်မာပြည်သူများ ၈၀ ရာခိုင်နှုန်း မဲပေးခဲ့ခြင်း ကို ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ယင်းလတ် ရှင်နာဝပ် ဂုဏ်ပြု

$
0
0
ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ – ရိုက်တာ

မြန်မာနိုင်ငံသားတွေ ၈၀ ရာခိုင်နှုန်းကျော် ဆန္ဒမဲပေးခဲ့တာကို ဂုဏ်ယူတဲ့အကြောင်း ထိုင်းနိုင်ငံ  ၀န်ကြီးချုပ်ဟောင်း ယင်းလတ်ရှင်နာဝပ် က ပြောပါတယ်။

တိုင်းပြည်ပြောင်းလဲရေးအတွက် ၈၀ ရာခိုင်နှုန်းသော နိုင်ငံသားတွေ ပူးပေါင်းခဲ့တာဟာ ပြီးပြည့်စုံတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ ယင်းလတ်က လူမှုရေးကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးပါတယ်။

နိုင်ငံသားတွေရဲ့ ဆန္ဒနဲ့ ကြိုတင် မျှော်လင့်ချက်တွေကြောင့် တည်ငြိမ်မှုနဲ့ ရှေ့ဆက်နိုင်ဖို့ ကမ္ဘာကြီးက ထောက်ခံမှုနဲ့ ကောင်းမွန်တဲ့ဆန္ဒတွေ တိုင်းပြည်နဲ့ နိုင်ငံသားတွေကို ပို့ပေးနိုင်တယ်လို့ ဆိုပါတယ်။

http://burmese.dvb.no/archives/121655


Filed under: သတင်းများ, ရွေးကောက်ပွဲ

ကယားပြည်နယ်၊လွိုင်ကော်မြို့ပေါ်မှာဖြစ်ပွားနေတဲ့ အငြင်းပွား ဖွယ်ရာ ကြိုတင် မဲ

$
0
0

The Irrawaddy (Burmese Version)

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ ဖြစ်ပွားနေတဲ့ အငြင်းပွားဖွယ်ရာ ကြိုတင်မဲ ၅၀၀ ကျော်နဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်ရန် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုကို တင်ပြလိုက်ပြီ ဖြစ်ကြောင်း လွိုင်ကော်မြို့နယ် NLD ပါတီ ဥက္ကဌ ဦးတင်မြင့် က သတင်းထောက်များကို ရှင်းပြ ပါတယ်။

ရုပ်သံ – ကျော်ခ၊ ဧရာဝတီ


Filed under: ရွေးကောက်ပွဲ, Videos

ရခိုင်အမျိုးသားပါတီဥက္ကဌ၊ဒေါက်တာအေးမောင် မဲရှုံး RFA အင်တာဗျူး

$
0
0

ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို RFA သတင်းထောက် ကိုမင်းသိန်းအောင်က စစ်တွေမြို့ကသူ့ရဲ့နေအိမ် မှာ တွေ့ဆုံ   မေးမြန်း ထားပါတယ်။

ရိုက်ကူး – မင်းသိန်းအောင်


Filed under: ရွေးကောက်ပွဲ, Videos

NLD က ရန်ကုန်တိုင်း အတွင်း ၃၅ နေရာမှာ အနိုင်ရထား ပြီ

$
0
0

မြန်မာနိုင်ငံမှာ ၂၅နှစ်အတွင်း ပထမဆုံးအကြိမ် အဓိကပါတီအားလုံး ယှဉ်ပြိုင်ကြတဲ့ ၂၀၁၅ ရွေးကောက်ပွဲကြီးရဲ့ ရလဒ်အဖြေတွေ တစစနဲ့ ထွက်လာနေပါပြီ။ လက်ရှိအချိန်အထိ သိရသမျှရလဒ်တွေအရတော့ အတိုက်အခံပါတီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရန်ကုန်တိုင်းအတွင်း ၃၅နေရာမှာ အနိုင်ရထားပါပြီ။
တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင်လည်း ၇၀ရာခိုင်နှုန်းနိုင်မယ်လို့ ပါတီဘက်က ဆိုထားပါတယ်။ ဒါပေမယ့် မဲရေတွက်မှုတွေက အခုထက်ထိ မပြီးသေးပါဘူး။  မဲပေးပြီး နောက်တနေ့ အခြေအနေတွေကို မမေစန္ဒီ က ပြောပြထားပါတယ်။
‪#‎၂၀၁၅ရွေးကောက်ပွဲ‬ ‪#‎ဘီဘီစီမြန်မာပိုင်း‬
ရွေးကောက်ပွဲဆိုင်ရာ နောက်ထပ်သတင်းများ- http://bbc.in/1WM7rp4


Filed under: ရွေးကောက်ပွဲ, Movie

ရွေးကောက်ပွဲတွင် ၇၀ ရာခိုင်နှုန်းကျော် နိုင်ဟု NLD ပြော

$
0
0

image

  မဇ္ဈိမ

အေအက်ဖ်ပီ
09/11/2015 –

ဒေါ်အောင်ဆန်းစုကြည်အတိုက်အခံပါတီ NLD က နိုဝင်ဘာ ၉ ရက်တွင် စစ်တပ်၏ အာဏာချုပ်ကိုင်မှုမှ အဓိကအာဏာအပြောင်း အလဲဖြစ်   စေမည့် ရွေးကောက်ပွဲ ၌ မဲ ၇၀ ရာခိုင်နှုန်းကျော်ထက်မနည်း နိုင်သည်ကို တွေ့ရ ကြောင်း ပြောသည်။

“တစ်နိုင်ငံလုံးအနှံ့ အတိုင်းအတာနဲ့ ကျွန်တော်တို့တွေ ၇၀ ရာခိုင်နှုန်းကျော် နိုင်နေပါပြီ။ ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် အတည်ပြုချက် မထုတ်ပြန်သေး ပါဘူး။”ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က အေအက်ဖ်ပီသို့ ပြောခဲ့သည်။


Filed under: ရွေးကောက်ပွဲ

“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်မဲရုံတွင်မဲလာ ရောက် ပေး စဉ် ပြော ကြား ချက်”

“မဲဆန္ဒရှင်တွေရဲ့ဆုံးဖြတ်ချက်ကိုလက်ခံမယ်” ဟု သမ္မတ ဦးသိန်းစိန် ပြော

လိုအပ်ရင် တာဝန်က နှုတ်ထွက် မယ်လို့ ANP ဥက္ကဌ ဒေါက် တာအေးမောင် ပြောဆို

$
0
0

image

2015-11-09  
ဒေါက်တာအေးမောင် ကို မေးမြန်းချက် 

ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ကို နိုဝင်ဘာလ ၉ ရက်နေ့က စစ်တွေမြို့ သူ့နေအိမ်မှာ တွေ့ရစဉ်

ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် လိုအပ်ရင် ပါတီ ဥက္ကဌတာဝန်က နှုတ်ထွက်မယ် လို့ ရခိုင်အမျိုးသား ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

အာအက်ဖ်အေနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ ဒေါက်တာ အေးမောင်က အခုလို ပြောဆိုခဲ့ပါတယ်။

“ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲကာလမှာ ကျနော် ကိုယ်တိုင်နိုင်အောင် တတ်နိုင်သလောက် ကြိုးစား သော်လည်း၊ ပြည်နယ်တည်ဆောက်ရေးကို မဦးဆောင် နိုင် တဲ့အခါမှာ တာဝန်ကျနော့်မှာရှိပါတယ်၊ အဲ့တွက် လည်း ဥက္ကဌ ရာထူးကို သင့်လျော်တဲ့လူငယ်၊ လူရွယ် တွေရှိရင်လည်းရွေးထားပေး၊ ကျနော်ကတော့ အဆင် :သင့်ပဲ၊ ပါတီဘက်ကသဘောတူရင် ကျနော့်ဘက်က ပါတီဥက္ကဌ ရာထူးကနေ နှုတ်ထွက်ပေးဖို့ အဆင့်သင့် ရှိပါတယ်”

ဒေါက်တာအေးမောင်ဟာ ရခိုင်ပြည်နယ် မာန်အောင် မြို့နယ် ကနေ ပြည်နယ်လွှတ်တော်အတွက် ယှဉ်ပြိုင် ရာမှာ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ တာပါ။ မဲရလဒ်တွေကတော့ ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်က ကြေညာမှ အတည်ဖြစ်မှာပါ။

ဒေါက်တာအေးမောင်ဟာ လက်ရှိအမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး နိုင်ငံတော် သမ္မတ ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ဒေါ်အောင်ဆန်း စုကြည် ၊ လွှတ်တော်ဥက္ကဌ ၂ ဦးပါဝင်တဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ တက်ရောက်ခဲ့သူဖြစ်ပါတယ်။

ဒေါက်တာအေးမောင် ကို စစ်တွေမြို့က သူ့ရဲ့နေအိမ်မှာ RFA သတင်းထောက် ကိုမင်းသိန်းအောင် တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။


Filed under: General

မြန်မာ့ရွေးကောက်ပွဲကိုအမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဌာန နဲ့ သမ္မတအိမ်ဖြူ တော် ချီးကျူး

$
0
0

မြန်မာ့ရွေးကောက်ပွဲအတွင်း မြန်မာပြည်သူတွေ အင်တိုက်အားတိုက် မဲပေးခဲ့ကြသလို အောင်မြင်စွာပြီးဆုံးသွား တဲ့အတွက်လည်း   နိုင်ငံတကာ က ချီးကျူးကြတဲ့ထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သမ္မတအိမ်ဖြူ တော်တို့လည်း ပါဝင်ပါတယ်။ ဒေါ်လှလှသန်းက တင်ပြထားပါတယ်။


Filed under: ရွေးကောက်ပွဲ, Videos

သမ္မတသည်ပါတီ၏ဆုံးဖြတ်ချက်ကို နာခံရ မည် ဟု ဒေါ်အောင် ဆန်း စု ကြည် ပြော ဆို

$
0
0

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပါတီ NLD ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Channel NewsAsia)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက အစိုးရဖွဲ့စည်းနိုင်ခဲ့လျှင် ခန့်အပ်ခံရမည့် သမ္မတသည် လုပ်ပိုင်ခွင့် ရှိလိမ့်မည်မဟုတ်ဟု ပါတီ၏ ဆုံးဖြတ် ချက်နှင့် မူဝါဒအတိုင်း လိုက်နာရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

နိုဝင်ဘာလ ၁၀ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်ခဲ့သော စင်ကာပူ ရုပ်သံ Channel NewsAsia ရုပ်သံ သတင်း ဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အကယ်၍ NLD ပါတီ အနိုင်ရရှိခဲ့ပါက သမ္မတသည် အခြေခံဥပဒေ အရ ခန့်အပ်ခြင်း သာ ဖြစ် လိမ့်မည်ဟု ပြောသည်။

“သူ့မှာ အာဏာရှိမှာ မဟုတ်ဘူး၊ ပါတီရဲ့ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ရမယ်ဆိုတာကို သူ့အနေနဲ့ အပြည့်အ၀ နားလည်ထားရပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ယုတ္တိကျကျလုပ်နိုင်ဖို့ ဒီတနည်းပဲ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ဒီမိုကရေစီနိုင်ငံမှာမဆို အနိုင်ရရှိတဲ့ ပါတီရဲ့ ခေါင်းဆောင်က အစိုးရ အကြီးအကဲ ဖြစ်လာပါတယ်။ တကယ်လို့ ဒီအခြေခံ ဥပဒေက ပါတီခေါင်းဆောင်က အစိုးရအဖွဲ့ အကြီးအကဲလုပ်တာကို ခွင့်မပြုဘူး ဆိုရင် ကျမတို့ အနေနဲ့လည်း အစီအစဉ်တွေ လုပ်ရပါမယ်။ ဒါမှသာ ကျမတို့ ပုံမှန် ဒီမိုကရေစီ နည်းလမ်းအတိုင်း ဆက်သွားနိုင် မှာ ဖြစ်ပါတယ်” ဟု သူကထပ်ပြောသည်။

မြန်မာနိုင်ငံ၏ နိုဝင်ဘာ ၈ ရက် သမိုင်းဝင် ရွေးကောက်ပွဲ မကျင်းပမီ ကတည်းက သမ္မတ၏ အထက်တွင် သူရှိကြောင်း NLD ပါတီ ဥက္ကဋ္ဌ   ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ နိုဝင်ဘာလ ၁၀ ရက်နေ့တွင်လည်း အကယ်၍ ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိခဲ့ပါက စစ်အစိုးရ ရေးဆွဲခဲ့သည့် အခြေခံဥပဒေအရ သမ္မတရာထူး တာဝန်ထမ်းဆောင်နိုင်ခွင့် မရှိသည့်အတွက် ခန့်အပ်ခံရသည့် သမ္မတကို သူက ဦးဆောင်မည်ဖြစ်ကြောင်း ထပ်မံ ပြောကြားခဲ့သည်။

သူက ပါတီ၏ ခေါင်းဆောင် ဖြစ်သည့်အတွက် ခန့်အပ်ခံရမည့် သမ္မတသည် ညွှန်ကြားချက်မှန်သမျှက သူ့ဆီက လာလိမ့် မည်ဆိုသည်ကို နားလည် ထားရမည်ဟု သူက ထပ်ပြောသည်။ ထိုအချက်က အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုကို ထိခိုက် စေလိမ့်မည် မဟုတ်ဟုလည်း ဆိုသည်။

“အစိုးရရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေကို ဘာကြောင့် ထိခိုက်ရမှာလဲ။ ဘာကြောင့် လဲဆိုတော့ အစိုးရတခု ရှိနေမှာပဲ။ အဲဒါက စနစ်တကျ အလုပ်လုပ်နေလိမ့်မယ်။ ဘာလုပ်နိုင်တယ်ဆိုတာကို သမ္မတကို အတိအကျပြောမှာ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အခါ အာဏာရှင် စနစ်ကဲ့သို့ ဖြစ်လာနိုင်မည်လားဟု Channel NewsAsia က မေးသည့် အခါ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ၏ အင်အားက ပြည်သူတို့ အားပေးထောက်ခံမှု အပေါ်တွင် မူတည်နေသည့် အတွက် NLD က ထိုလမ်းကြောင်းသို့ သွားလိမ့်မည် မဟုတ်ကြောင်း ပြောသည်။

“ကျမတို့ အချိန်ကြာမြင့်စွာ တောင့်ခံနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့မှာ ပြည်သူရဲ့ ထောက်ခံမှု ရှိနေပါတယ်။ အစိုးရတွေ ဆိုတာ ပြည်သူလူထုရဲ့ ထောက်ခံမှု အပေါ်မှာ မှီခိုရတာဖြစ်တဲ့အတွက် ဘယ်တော့မှ အာဏာရှင် ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

လွှတ်တော်တွင် စစ်တပ်က နေရာ ၂၅ ရာခိုင်နှုန်း ဆက်လက်ရယူထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ စစ်တပ်နှင့်အတူ လုပ်ဆောင်နိုင် စွမ်း အပေါ် စိုးရိမ်နေမှုများနှင့် ပတ်သက်၍ စစ်တပ်နှင့် အခြားအဖွဲ့အစည်းများနှင့် ပူး ပေါင်း ဆောင်ရွက် သွားမည် ဟု ပြော သည်။

“စစ်တပ်ဖြစ်စေ၊ အခြားအဖွဲ့အစည်းနဲ့ပဲ ဖြစ်စေ ပူးပေါင်းဆောင်ရွက်ရေးက လုပ်ကိုလုပ်ရမယ့် အရာဖြစ်ပါတယ်။ အဲဒါက တညတည်း နဲ့တော့ ဖြစ်မလာပါဘူး။ တည်ဆောက်နိုင်ဖို့ လေ့လာရပါမယ်။ ဒါက သီအိုရီ နည်းလမ်းတခုတည်းနဲ့ အလုပ်မဖြစ်ဘူး” ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

“ဒါကြောင့် ကျမတို့ အကြောင်းကိစ္စတွေ ဘယ်လိုဖြေရှင်းမလဲဆိုတာက အဲဒါတွေ ဘယ်လို ပေါ်ပေါက်လာသလဲ ဆိုတာပေါ်မှာ မူတည် ပါတယ်။ အဲဒီ ၂၅ ရာခိုင်နှုန်းက အချိန်တန်ရင် သွားရမယ်ဆိုတာ NLD က တရားဝင်ပြောခဲ့ပြီးပါပြီ။ ဘာကြောင့်လဲ ဆိုတော့ ဒီမိုကရေစီနဲ့ မကိုက်ညီလို့ပါ။ ဒါပေမယ့် ကျမတို့က ပြန်လည်သင့်မြတ်ရေးတခုကို ချဉ်းကပ်တဲ့ နည်းလမ်းတခုနဲ့ စေ့စပ်ညှိနှိုင်း သွားမှာ   ဖြစ်ပါတယ်။”

“ကျမတို့ အစိုးရဖွဲ့စည်းပြီးတာနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ သူတို့ကို လမ်းဖွင့်ပေးသွားမှာ ဖြစ်ပါတယ်” သူက ထပ် ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံနှင့် ပြည်ပရောက် ပြည်သူ သန်း ၃၀ ကျော် မဲပေး ခဲ့ကြသည်။ NLD ပါတီက သမ္မတရွေးချယ်ရန်နှင့် အစိုးရ ဖွဲ့စည်းနိုင်ရေး အတွက် ပြည်ထောင်စုလွှတ်တော်တွင် ၆၇ ရာခိုင် နှုန်း အနိုင်ရရှိရန် ရည်ရွယ် ထားသည်။

http://mobile.irrawaddy.org/news/2015/11/10/100808.html


Filed under: သတင်းများ, ရွေးကောက်ပွဲ

ရွေးကောက်ပွဲမှာစောင့်ကြည့်လေ့လာခဲ့တဲ့ အီးယူအဖွဲ့က ဒီကနေ့ ပဏာမအစီရင်ခံစာ

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် NLD မှ ဖြစ်လာနိုင်ဖွယ်ရှိ

$
0
0

သံတွဲ၊ နိုဝင်ဘာ ၁၀ ရက်

ရခိုင်ပြည်နယ်တွင် သံတွဲ၊ တောင်ကုတ်၊ ဂွမြို့နယ်နှင့် မာန်အောင်မြို့နယ်များတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ စုစုပေါင်း ၁၃ နေရာ အနိုင်ရရှိ ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အတည်ပြုလိုက်ကြောင်း NLD ရခိုင်ပြည်နယ် ဥက္ကဌ ဦးညီပုက RIA ကို ပြောပါတယ်။

” သံတွဲ၊ တောင်ကုတ်၊ ဂွမှာ အပြတ်သတ်နိုင်တယ်။ မာန်အောင် ၄ နေရာမှာ ၁ နေရာတည်းရှုံးတယ်။ ဆိုတော့ အားလုံးစုစုပေါင်း ၁၃   နေရာပေါ့ အနိုင်ရတာ။ “

ရခိုင်ပြည်နယ်မှာ အမျိုးသားပါတီက တစ်ပါတီတည်း အစိုးရဖွဲ့နိုင်ဖို့ မသေချာတော့ချိန်ဖြစ်နေပြီး NLD အနေနဲ့ တစ်ပါတီတည်း က   ပြည်ထောင် စု အစိုးရဖွဲ့ရန် အနီးစပ်ဆုံးရလဒ်တွေ ထွက်ပေါ်နေတာကြောင့် ရခိုင်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ကို NLD ကသာ ဆုံးဖြတ်ရတော့ မယ့်   အနေအထားကို ရောက်ရှိနေပါတယ်။

NLD က ဘယ်သူ့ကို ဝန်ကြီးချုပ်အဖြစ်ရွေးချယ် အဆိုပြုသွားမလဲဆိုတာ လောလောဆယ် ထုတ်ပြန်ခြင်းမပြုဖို့ ပါတီဗဟိုက ညွှန်ကြား ထားကြောင်း   ရခိုင်ပြည်နယ် ဥက္ကဌ ဦးညီပုက RIA ကို ပြောကြားခဲ့ပါတယ်။
NLD   ဗဟိုနာယက ဦးတင်ဦး စစ်တွေသို့ နိုဝင်ဘာ ၂ ရက်နေ့တွင် ရောက်ရှိခဲ့စဉ်။ ဓာတ်ပုံ – Nizar/RIA


Filed under: သတင်းများ, ရွေးကောက်ပွဲ

Channel News Asia နှင့် DASSK အင်တာဗျူး (ကောက်နှုတ်ချက် )

$
0
0

https://www.facebook.com/martin.swe.7/videos/555979591224844/

မေး ။ ။ ဒါဆိုရင် သမ္မတက လုံးဝ အာဏာမရှိဘူး လို့ ဆိုလိုတာလား ။

ဖြေ ။ ။ မရှိပါဘူး ….သမ္မတဖြစ်လာသူဟာ သူ့မှာ လုံးဝ အာဏာမရှိဘူး ဆိုတာ နဲ့ ပါတီရဲ့ ဆုံးဖြတ်ချက်တွေအတိုင်းဘဲ ပြုမူဆောင်ရွက်ရမယ် ဆိုတာကို သေသေချာချာ နားလည် သဘောပေါက်ရပါမယ် ၊

မေး ။ ။ ဒီလိုပုံစံမျိုးကိုမှ အကောင်းဆုံးအခြေအနေဖြစ်လိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘာကြောင့် ယုံကြည်ရတာလဲ ။

ဖြေ ။ ။ ဒါကဘဲ ဖြစ်နိုင်သဘာဝကျတဲ့ တစ်ခုတည်းသော နည်းလမ်းပါ ၊ ဘာလို့လည်းဆိုတော့ ဘယ်ဒီမိုကရေစီနိုင်ငံ မှာ ဘဲဖြစ်ဖြစ်   ရွေးကောက်ပွဲနိုင်တဲ့ ပါတီရဲ့ ခေါင်းဆောင်ကဘဲ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ကြစမြဲပါဘဲ ။ တကယ်လို့ အခြေခံဥပဒေက ( သမ္မတဖြစ် ဖို့ ) ခွင့်မပြုဘူး ဆိုတော့လည်း ကျမတို့အနေနဲ့ ပုံမှန်ဒီမိုကရေစီနည်းလမ်းတွေအတိုင်း ရှေ့ဆက်သွားနိုင်ဖို့ အစီအစဉ်တွေကို လုပ်ကြရ တာ ဘဲပေါ့ ။
.
Credit : Channel News Asia

 


Filed under: အင်တာဗျူး, ရွေးကောက်ပွဲ
Viewing all 7779 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>