Quantcast
Channel: Danya Wadi
Viewing all 7779 articles
Browse latest View live

သြစတေးလျရေတပ်မှမွတ်စလင်အမျိုးသမီး ဗိုလ်ကြီး တစ်ဦး ဂုဏ်ပြု ခံရ

$
0
0

နိုဝင်ဘာ ၂၊ ၂၀၁၅
M-Media

– သြစေတးလျ တော်ဝင်ရေတပ်၏ ပထမဆုံး မွတ်စလင်ဗိုလ်ကြီး မိုနာရှင်ဒီမှာ နှစ် ၂၀ ကျော်ကာလအတွင်း စွမ်းစွမ်းတမံ ဆောင် ရွက်မှုများအပြင် စီးပွားရေးဆိုင်ရာ ထူးချွန်မှုအတွက် 2015 Telstra NSW Business Woman ဂုဏ်ပြုဆုကို ချီးမြှင့်ခံခဲ့ရသည်ဟု သိရသည်။

“လူတွေ တီထွင်ဆန်းသစ်နိုင်စွမ်း ရှိလာအောင် လုပ်ပေးရတာနဲ့ သူတို့ရဲ့ အပူအပင်ကင်းတဲ့ ဘ၀တွေကနေ ထွက်ပြီး ကိစ္စတွေကို မတူညီတဲ့ ရှုထောင့်ကနေ ကြည့်ရှုဖို့ လုပ်ပေးရတာကိုလည်း ကျွန်မ နှစ်သက်ပါတယ်” ဟု သြစတေးလျ စစ်ဘက်ဆိုင်ရာနှင့် ရေတပ်ထောက်ပံ့ မှုရာဌာနမှ ဒါရိုက်တာ ဗိုလ်ကြီး ရှင်ဒီက ပြောကြားခဲ့သည်။

“ကျွန်မဟာ လူတွေကို ကြောက်ရွံ့မှု၊ ဒါမှမဟုတ် ခွဲခြားမှုတွေကနေ ကင်းလွတ်ပြီး အမှန်တရားကို မြင်စေချင်ပါတယ်။ ပြီးတော့ ကွဲပြားတဲ့ အမြင်တွေ၊ ဆောင်ရွက်မှုတွေကိုလည်း အလေးထားလာစေချင်ပါတယ်”

လွန်ခဲ့သည့် ၂၆ နှစ်က အင်ဂျင်နီယာဘွဲ့ ရကာစ အသက် ၂၃ နှစ်အရွယ် ရှင်ဒီမှာ သြစတေးလျ တော်ဝင်ရေတပ်ထဲသို့ ၀င်ရောက်လာခဲ့ပြီး အင်ဂျင်နီယာ တစ်ဦးအဖြစ် ပစိဖိတ် သမုဒ္ဒရာထဲတွင် ဒုံးကျည်စမ်းသပ်ရန်အတွက် HMAS Canberra စစ်သင်္ဘောနှင့် လိုက်ပါခဲ့ရသည်။

သြစတေးလျ တော်ဝင်ရေတပ်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်မှစ၍ ၂၆ နှစ်လုံးလုံး ရရှိခဲ့သော အတွေ့အကြုံများဖြင့် သြစတေးလျ ဝေဟင်တိုက်ပွဲဝင် ဖျက်သင်္ဘောအစီအစဉ်အတွက် ၀ါရှင်တန်ဒန်စီသို့ နိုင်ငံကိုယ်စားပြုကာ သွားရာက်ခဲ့ရသည်။

လက်ရှိ သူမ၏ရာထူးမှာ နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက စစ်လက်နက်ပစ္စည်းများ စူးစမ်းထုတ်လုပ် စုဆောင်းရခြင်းဖြစ်သည်။

“ကျွန်မတို့ဟာ လုံးဝ ထူးခြားဆန်းသစ်ပါတယ်။ လူတွေက ကျွန်မတို့ရဲ့ လှုပ်ရှားမှုတိုင်းကို သိခဲ့တယ်။ ကျွန်မတို့ ဘာတွေလုပ်တော့မယ်၊ ဘယ်နေရာမှာ ရှိနေတယ် စသဖြင့်ပေါ့။ အားလုံးခြုံပြောရရင်တော့ ကျွန်မရဲ့ အတွေ့အကြုံဟာ အပြုသဘော ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်   တော်တော်ကြီးမားတဲ့ စိန်ခေါ်မှုနဲ့လည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်” ဟု တော်ဝင်ရေတပ် ဗိုလ်ကြီးဖြစ်ပြီး၊ အင်ဂျင်နီယာ၊ ရေတပ် ယဉ်ကျေးမှု အကြံပေးနှင့် စီးပွားရေးလုပ်ငန်းရှင်လည်း ဖြစ်သူ ရှင်ဒီက Daily Telegraph သတင်းစာသို့ ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသမီးတစ်ယောက် ဖြစ်နေသည့်အတွက် ပိုမို ကြိုးစားခဲ့ရသည်များကိုလည်း သူမက ဖွင့်ဟခဲ့သည်။

“ဘယ်လုပ်အလုပ်မျိုးမှာပဲဖြစ်ဖြစ် အမျိုးသမီးအင်ဂျင်နီယာတွေဟာ သူတို့ရဲ့ တန်ဖိုးကို သက်သေပြဖို့၊ အစပိုင်းမှာ တော်တော်လေး ကြိုးကြိုး စားစား အလုပ်လုပ်ရသလို၊ တန်ဖိုးရှိတဲ့သူအဖြစ်၊ အသင်းအဖွဲ့အတွက် တကယ့်ကို ကူညီနိုင်သူအဖြစ် အပြည့်အ၀ လက်ခံလာဖို့ ယှဉ်ပြိုင်နိုင် စွမ်း ကိုလည်း ထုတ်ပြရပါတယ်”

သူမ၏ အဓိက စိန်ခေါ်မှုမှာ ရမ်ဇာန်ဥပုသ်လတွင် အစားအသောက်စားသောက်ရန် လုပ်ဖော်ကိုင်ဖက်များက တိုက်တွန်းခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွန်မရဲ့ ပထမဆုံး တုံ့ပြန်မှုကတော့ သူတို့ကို စိတ်ဆိုးတာထက် နားလည်ပေးဖို့ပါ။ ပြီးတော့ သူတို့ကို ကျွန်မအဖြေရဲ့ အစိတ်အပိုင်း ဖြစ် လာအောင် ကြိုးစားပြီး ဆွေးနွေးပြောဆိုမှုတွေကနေ တစ်ဆင့် အဆင့်အတန်းရှိရှိ အသိပညာပေးပါတယ်။ ပြီးတော့ ကျွန်မလုပ်တဲ့အလုပ်နဲ့ ပတ်သက်ပြီး ပရော်ဖက်ရှင်နယ်ဖြစ်အောင်၊ ချွတ်ယွင်းချက်ကင်းတဲ့ ရလဒ်မျိုး ထွက်လာအောင် စတဲ့နည်းလမ်းနဲ့လည်း သူတို့ကို တုန့်ပြန် ပါတယ်”

ယဉ်ကျေးမှုပေါင်းကူးခြင်း
—————————–

ယဉ်ကျေးမှုများအကြား ပေါင်းကူသည့် သူမ၏ ဆောင်ရွက်မှုများမှာ အောင်မြင်ခဲ့ပြီး ရှင်ဒီမှာ သြစတေးလျရေတပ်တွင် အစ္စလာမ့်ယဉ်ကျေး မှုရေးရာ မဟာဗျူဟာ အကြံပေးတစ်ဦးလည်း ဖြစ်လာခဲ့သည်။ ထိုရာထူးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မှုကြောင့် ယခုနှစ်တွင် Conspicuous Service Cross ဂုဏ်ပြုဆုကို ရရှိခဲ့သည်။

ရှင်ဒီ၏ ရည်ရွယ်ချက်ကမူ သြစတေးလျ ကာကွယ်ရေးတပ်ဖွဲ့အတွင်းသို့ မွတ်စလင်များ ပိုမိုဝင်ရောက်လာရေး တိုက်တွန်းရန်ဖြစ်သည်။ လက်ရှိတွင် သြစတေးလျ၏ အင်အား ၄၅၀၀၀ ရှိသည့် စစ်တပ်တွင် အစ္စလာမ်ဘာသာဝင် အရေအတွက်မှာ ၁၀၀ ၀န်းကျင်ခန့်သာ ရှိပြီး   ရေတပ်တွင် ၂၇ ဦး ရှိနေသည်။

အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း သူမက ထိုအဖွဲ့များမှာ မွတ်စလင်မဟုတ်သူများအား ကြောက်လန့်စေရန်နှင့် ဂနာမငြိမ်ဖြစ်စေရန်အတွက် အစ္စလာမ့်သွန်သင်မှုများကို အလွဲသုံးစားလုပ်နေခြင်းဟု ပြောကြားခဲ့သည်။

“မွတ်စလင်အချို့ကြောင့် မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုလုံး သံသယမျက်စိနဲ့ အကြည့်ခံရပါတယ်” ဟု ဗိုလ်ကြီး ရှင်ဒီက ပြောကြားခဲ့ပြီး အချို့သော မွတ်စလင်လူငယ်များမှာ “သူတို့နှင့် ငါတို့” ဆိုသည့် သဘောထားများ ရှိနေသည်ဟုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။

“တိုင်းပြည်နဲ့ လူမျိုးကိုချစ်တဲ့ သြစတေးလျနိုင်ငံသား တစ်ယောက်အဖြစ် ဂုဏ်ယူနိုင်ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ မွေးဖွားရာ ဇာတိရင်းမြစ် ကိုလည်း ချစ်ပါ။ အဲဒီ အသိုက်အ၀န်း၊ လူ့အဖွဲ့အစည်းနှစ်ခုစလုံးအတွက်လည်း လုပ်ပါ။ ဒီလိုပဲ ကျွန်မရဲ့ဘ၀ကို ရှင်သန်ခဲ့တာပါ။ ဒီ အခြေ အနေ ၂ ခုကြားမှာ ဘ၀တစ်ခု ရှာလို့ရအောင် ကျွန်မ အခြားသူတွေကို ကူညီချင်ပါတယ်” ဟု ရှင်ဒီက ဆိုသည်။

Telstra Business Women ဆု၏ သံတမန်ဖြစ်သူ ကိတ် မက္ကင်ဇီက ဗိုလ်ကြီးရှင်ဒီ အပါအ၀င် ထိုဆုကို ရရှိခဲ့သူများ အားလုံးမှာ ၎င်းတို့၏ သက်ဆိုင်ရာ စီးပွားရေးနယ်ပယ်များတွင် ချီးကျူးစရာကောင်းသည့် ရလဒ်များကို ဆောင်ရွက်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“The 2015 NSW ဆု ရရှိသူဟာ အင်မတန်ထူးချွန်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်ပြီး ကြင်နာတတ်သူ၊ သတ္တိရှိသူ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ချင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်” ဟု မက္ကင်ဇီက ဆိုသည်။

ထို့ပြင် အဆိုပါဆုကို ရွေးချယ်ခဲ့သည့် ဒိုင်လူကြီးများကလည်း ဗိုလ်ကြီးရှင်ဒီ၏ သြစေတေးလျ တော်ဝင်ရေတပ်အတွင်း ယဉ်ကျေးမှုများ အကြား   ပေါင်းကူးပေးမှုတွင် အားထုတ်မှုနှင့် သြစတေးလျ ကာကွယ်ရေးတပ်ဖွဲ့မှာ အားလုံးပါဝင်နိုင်သည့် တပ်ဖွဲ့မျိုး ဖြစ်လာရေး သူ၏ စွမ်းဆောင်မှုများမှာလည်း လေးစားချီးကျူးဖွယ်ရာ ကောင်းသည်ဟု ပြောကြားခဲ့သည်။

Ref: Onislam

http://www.m-mediagroup.com/news/47984


Filed under: သတင်းများ, အစ္စလာမ်ဘာသာ

တရုတ်နိုင်ငံထုတ်ပထမဆုံး ခရီးသည်တင်လေယာဉ် ကို ထုတ်ဖော်ပြသ

$
0
0

နိုဝင်ဘာ ၂၊ ၂၀၁၅
M-Media

plane

– တရုတ်နိုင်ငံပိုင် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော COMAC မှ ပထမဆုံးထုတ်လုပ်သည့် ခရီးသည်တင် ဂျက်လေယာဉ်ကို ယနေ့တွင် မြို့တော်ရှန်ဟိုင်း၌ ပြသခဲ့သည်ဟု သိရသည်။

C919 ဟု အမည်ပေးထားသည့် အဆိုပါ လေယာဉ်မှာ အင်ဂျင် ၂ လုံးတပ်လေယာဉ်ဖြစ်ပြီး ခရီးသည် ၁၅၈ ဦး လိုက်ပါ စီးနင်းနိုင် မည်ဖြစ်သည်။ ထိုလေယာဉ်ပြပွဲကို ပူဒွန်နိုင်ငံတကာလေဆိပ်အနီးရှိ လေယာဉ်ထားသည့်ရုံတွင် ပြုလုပ်ခဲ့ပြီး တရုတ် အာဏာပိုင်များနှင့် ဧည့်သည်တော် စုစုပေါင်း ၄၀၀၀ ခန့် တက်ရောက်ကြည့်ရှုခဲ့ကြသည်။

တရုတ်နိုင်ငံ၏ လေကြောင်းစီးပွားရေးမှာ အလျင်အမြန် တိုးတက်လာနေသော်လည်း လက်ရှိအချိန်တွင် ဘိုအင်းနှင့် Airbus လေယာဉ် များကိုသာ မှီခိုနေရသည်။ ထို့ပြင် အာဏာရ ကွန်မြူနစ်ပါတီကလည်း နိုင်ငံခြားလေယာဉ်ထုတ်လုပ်ရေး လုပ်ငန်းများသို့ စီးဆင်းသွားသည့် စီးပွားရေး အကျိုးကျေးဇူးများကို ပြန်လည်ရရှိအောင် ဆောင်ရွက်ချင်နေသည်။

COMAC ကော်ပိုရေးရှင်းကမူ မိမိတို့မှာ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လေယာဉ်အစီးရ ၅၁၇ စီး ၀ယ်ယူရန် အမှာစာရရှိထားသည် ဟု ပြောကြား ခဲ့သည်။ အများစုမှာ တရုတ်လေကြောင်းလိုင်းများမှ ဖြစ်သော်လည်း လေကြောင်းလုပ်ငန်းတွင် ထိပ်တန်း ကုမ္ပဏီဖြစ်သည့် GE Capital Aviation Services မှ အမှာစာများလည်း ပါဝင်သည်။

Ref: Aljazeera

http://www.m-mediagroup.com/news/47969


Filed under: သတင်းများ

အိန္ဒိယက Pali ကုလားသံ စစ်စစ်နဲ့  ရွတ်ထားတဲ့  သရဏဂုံ နဲ့  ငါးပါး သီလ ! Buddha Vandana

$
0
0

Myittar Shin Shin

>>download >> http://sendvid.com/rlaq1n9n

ဒါက အိန္ဒိယ က Pali ကုလားသံစစ်စစ်နဲ့ ရွတ်ထားတဲ့  သရဏဂုံ နဲ့  ငါးပါးသီလ ! Buddha Vandana !

နားထောင်ကြည့် ကြပါ ။ ရင်ထဲမှာ ဘာနဲ့ မှ မတူအောင် အေးချမ်းကြည်နူးမှု ကို ရရှိစေမှာပါ !

Original Pali သံ က Original ပါဘဲ !

ဗုဒ္ဓ တရား ဟော တဲ့ အခါ တိရိစ္ဆာန် တွေတောင် လာနား ထောင်ကြတယ် ဆိုတာ ဒီလို ရင်ကို အေးမြစေ ပြီး မာန်မာန လောဘ ဒေါသ တွေကို လျော်ကျ သွားစေတဲ့  ကုလားသံ ချိုချိုလေး ကြောင့် ပါ !

Sadhu . . .Sadhu . . Sadhu !

တရုတ် ကမ္ဘောဒီယား ဗိယက်နမ် တိဘက် ဂျပန် မှာလည်း ဒီအသံထွက် ပါဘဲ ခင်ဗျား !

ဒီအသံထွက်က အစစ် ဟုတ်မဟုတ် ဆရာတော်ကြီး တွေ ကို ဖွင့့် ပြပြီး လျောက် မေး ကြည့် လည်း ရတယ် နော် !’

******************** ************************

မြန်မာပြည်မှာ က ကုလားသံ ကို လျှာ လိပ်အောင် ဆိုရတာ အခက်
အခဲ ရှိလို့  မြန်မာပြည်မှာ ပထမဆုံးသံင်္ဃာ ရတနာစ တင်တုံး က သံင်္ဃတော်တွေ အစည်းအဝေးနဲ့  မြန်မာတွေ လွယ်လွယ် ရွတ်လို့ ရအောင် ပြောင်း ခဲ့ တာပါ !
မြန်ပြည် က Pali က Pali အစစ်နဲ့  မြန်မာ စကား ကြားမှ မြန်မာ Pali ဆိုပြီး ဘာသာ စကား တစ်ခု ထပ်ပြီး ပညတ် ပြီး ထွင်လို က်တာပါ !
အဲ လို ကိုယ့် အခက်အခဲ နဲ့ ကိုယ် Made in မြန်မာ Pali ထပ်ထွင်ပြီး ပညတ် လိုက်တာ က ပြဿနာ မဟုတ်ပါ ဘူး !

အဲလို လုပ်ထား ပါတယ် ဆိုတာ ကို မြန်မာပြည် က ဗုဒ္ဓ ဘာသာဝင်တွေ ကို ပြောပြ သင့် တာကို မရှင်းပြ မပြောပြထား လို့  တော်တော်များ များ မသိကြတာပါ ခင်ဗျား !

ဗုဒ္ဓဘာသာ က ကုလားပြည် က စပြီး မြန်မာသာမက ထိုင်း တရုတ် ဂျပန် တိဘက် ကိုးရိယား သီဟိုလ် ကမ္ဘောဒီယား ဘူတန် စတဲ့ ကိုးကွယ်တဲ့ နိုင်ငံတွေ အများ ကြီးပါ ခင်ဗျား !

အဲဒီ နိုင်ငံတွေအား လုံးမှာ ကုလား သံ အမှန်နဲ့  စ နဲ့ ရွတ်တာကို မှားပြီး မြန်မာပြည်မှာ သ နဲ့ ရွတ်တဲ့  Pali က အမှန် လို့  ခံငြင်း ကြတဲ့  စာသင်စ ရဟုန်း ကိုယ်တော်တွေလည်း အများ ကြီးပါ !

အဲဒီ ကိုယ် တော်တွေပြောသလို သ အသံထွက် က မှန်တယ်ဆိုရင် တရားစခန်း တွေ ဆိုင်းဘုတ် တစ်ချက် လေ့ လိုက်ကြပါ !
မြန်မာလို ရေးတော့  ဝိပဿနာ ! အိင်္ဂလိပ် လို ဘာကြောင့်  Vipassana ဝိပါးစနာ လို့ ရေးထားပါသလဲ ? ကမ္ဘာ က Vipassana အမှန်ကို ဘဲ သိတာလေ ! ဝိပဿနာ လို့ ပြောရင် နား မလည် ပါ ဘူး ခင်ဗျား !

ကျွန်တော် ရေးထားတာမှန်မမှန် ဒါနဲ့ တိုက်ကြည့် ပါ ။ ဒါ မြန်မာပြည်က ဘုန်းကြီးတင်ထားတာပါ !

Pali ကို ကုလား သံ အသံထွက် အမှန်နဲ့  မြန်မာပြည်က ဆရာတော် တစ်ပါးတင်ထား တဲ့  Blog လေးပါ

ဆရာ ပါရဂူ ဒေါက်တာ များ ခင်ဗျား ! လေးစားလျက်ပါ ။
အစ အဆုံးဖတ်ကြည့် ပါခင်ဗျား ။ ဗုဒ္ဓဘုရား ဟိန္ဒူ ကုလား လူမျိုး ဖြစ်ကြောင်း ရေးထားပါတယ် ခင်ဗျား

http://sawyanning.blogspot.com/…/myanmar-buddhism-monk.html…

ကျွန်တော် နည်းနည်း လေး အထက်စည်း ကနေ ခပ် ရင့် ရင့် လေး ရေးနေတာ မြန်မာ လူမျိုး တွေ ကို မုန်း လို့ မဟုတ်ပါဘူး ခင်ဗျား !
ချစ်လို့ ပါ ! ချစ်လို့ ဆန်ရင်း နာနာထောင်း နေတာပါ ခင်ဗျား !
စေတာနာ ဓလေ့  သဒ္ဒါ တရား ဖေါ်ရွေ မှုတွေ မှာ ချစ်စရာ ကောင်းသလောက် သမိုင်းအမှန် ကို လက်မခံ ဖုံးဖိပြီး လူမျိုးရေး ဘာသာရေး ဆဲဆိုပြီး ပြောဆိုတတ်သော အကျင့်  ။ ကိုယ့် လူမျိုးဟာ ကမ္ဘာမှာ အောက်ကနေ ရေရင် 1 ကနေ 5 အတွင်းချိတ်နေတာ ကို လစ်လျှူ ရှု ထားပြီး အားရှိ ရင်း ကုလားနဲ့  တရုတ်ကို မဲ နေတဲ့ အကျင့် လေးတွေ ကို ပြင်ပြီး ကျွန်တော် ဖိပြောနေတာတွေ ကို မခံချင်စိတ်နဲ့ ကြိုးစားလာအောင် အမုန်းခံပြီး စေတနာ ဖိအားလေး ပေးထားတာပါ ခင်ဗျား !

မှားတာရှိ ရင်ခွင်လ့လွတ် ပေးကြဖို့  _/\_ လက်အုပ်ချီ ဂါရဝ ပြု တောင်းပန် အပ်ပါတယ် ခင်ဗျား !

ကျွန်တော့ wall ပေါ် က Post တွေ မှာ သမိုင်းသက်သေ အထောက် အထား တွေ အကုန် အတိ အကျ တင်ပေးထား ပါတယ် ခင်ဗျား !
ဖင်ပိတ် မငြင်းခင် အဲ ဒါတွေ အားလုံး အရင် ဝင်ကြည့် ကြပါ အုံး လို့  မေတ္တာ ရပ်ခံ အပ်ပါတယ် ခင်ဗျား !

******************** **********************

ဒါဆို ငါတို့ ဆိုနေရွတ်နေတဲ့  Pali အသံထွက်ကို ပြောင်းရမယ် လို့ ဆိုလိုတာလား ဟု မေးလာသော

ရဟန်းတစ်ပါးအား

အောက်ပါအတိုင်း ပြန်လည် ရှင်းလင်း ဖြေကြား ပေးထားပါသည် ခင်ဗျား !

အရှင် ဘုရား !

ဂန္ဒီ ရဲ့ သမိုင်းကြောင်း သိချင်ရင် အိန္ဒိယ ထိ သူ့ အမျိုးတွေ ကို သွားမေးမှာ ပါလား ဘုရား ??

ဘယ်သူမှ အဲလိုသွားမေးစရာ မလိုပါဘူးဘုရား !.Internetျပါ် က wiki တို့  world historu တို့  နောက်ဆုံးမှာ ( .eu ) ပါတဲ့ သမိုင်းဆိုက်တွေကို ဝင်လေ့လာလိုက်ရင် မိနစ်ပိုင်းအတွင်း အစ အဆုံးအကုန်သိလို့ ရပါတယ် ဘုရား !

ဗုဒ္ဓ သည် ပုံပြင်မဟုတ်ပါ ! တကယ်ရှိခဲ့ တာပါ ဘုရား !
တကယ်ရှိရင် ဘယ်သူမှလိမ် လို့ မရ ဖုံးလို့ မရတဲ့ သမိုင်းမှန်ဆိုတာရှိပါတယ် ဘုရား !

တပည့် တော် Wall ပေါ်မှာ အခြား ဗုဒ္ဓ ဘာသာတိုင်းပြည်တွေ အပြင် နိုင်ငံတကာမှာ ရွတ်နေတဲ့ Pali အသံထွက် အမှန် video file တွေပါ တင်ပေးထားပါတယ် ဘုရား !

ဗုဒ္ဓသည် ဟိန္ဒူ ကုလား လူမျိုးဖြစ်ပါတယ် ဆိုတာရှင်းပြဖို့  ကုလားဆို တာ ကုလားစကားဘဲ ပြောမှာဘဲလေ ! အဲဒါကြောင့်  Pali အသံထွက် အမှန်ဟာ ကုလားသံဖြစ်တယ်လို့  ရှင်းပြရတာပါ ဘုရား !

မြန်မာပြည်မှာ သုံးနေတဲ့  Pali ဟာ စ သံ ကို သ သံပြောင်းထားပြီး မြန်မာမှု ပြုထားတဲ့  Pali ပါဆိုတာ သိထာကဖို့ ဘဲ လိုတာပါ ဘုရား !

ဒါ ကို ဖျက်သိမ်းဖို့  မလို ပါဘူး ဘုရား !

ဘာဖြစ်ဘို့ လဲ ဆိုတော့ မြန်မာမှု Pali ကလည်း အသံကို ပြန် ပညက်ထားပေမဲ့  Original Pali နဲ့ အဓိပ္ပါယ် က တူတူဘဲလေ ဘုရား !
နမော ဗုဒ္ဓ လို့  ပြောမဲ့ အစား ဗုဒ္ဓ အားရှိခိုးကန်တော့ပါ၏ လို့ ပြောတော့လည်း အဓိပ္ပါယ် က တူတူပါဘဲ ဘုရား !

ပဉိက က ကိုယ်ရွတ်နေတဲ့ အဓိပ္ပါယ် ကို သိရှိ နားလည် ဖို့ ပါ ဘုရား !
ဒီ ကနေဦးချ _/\_ ကန်တော့ လိုက်ပါတယ် ဘုရား !


Filed under: ဗုဒ္ဓဘာသာ

သမ္မတဦးသိန်းစိန်ကိုအခြေခံဥပဒေ ချိုးဖောက် မှု နဲ့ NLD တိုင် ကြား

$
0
0
2015-11-04
theinsein-620
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန် ကို တွေ့ရစဉ်
Photo: President Office Website

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သမ္မတဦးသိန်းစိန် ဆန့်ကျင်ချိုးဖောက်နေတယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်ထောင် စုရွေးကောက် ပွဲကော်မရှင် ကို နိုဝင်ဘာလ ၂ ရက်နေ့ ရက်စွဲနဲ့ စာရေးသားတိုင်ကြားလိုက် ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာဖော်ပြထားတဲ့ သမ္မတနဲ့ဒုသမ္မတဟာ ကိုယ့်ရဲ့ပါတီ လုပ်ငန်းတွေမှာ ဆောင်ရွက်ခြင်း မပြုရဆိုတဲ့ ပုဒ်မ -၆၄ နဲ့ ၆၅ ကို   ချိုးဖေါက်တာ တွေ့ရတဲ့အတွက် တိုင်ကြားလိုက်တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းမြင့်က RFA  ကိုပြောပါတယ်။

“အဓိကထောက်ပြတာတော့ဗျာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ မှာဆိုရင် သမ္မတ၊ ဒုသမ္မတတွေဟာ မိမိတို့နဲ့ သက်ဆိုင် တဲ့ပါတီလုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်ခြင်း မပြုရဆိုတာ တိတိလင်းလင်းပါထားတယ်ဗျာ၊ အခုပါဝင်ဆောင် ရွက် နေ တာတွေ က တွေ့နေရတာကိုး၊ နောက်တစ်ချက်ကလည်း သမ္မတ၊ ဒုသမ္မတတွေ တာဝန်ပေးခဲ့စဉ်က ကတိသစ္စာပြုတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စောင့်သိ ရိုသေလိုက်နာပါမည် ဆိုပြီးရှိထားတယ်လေ၊ အဲ့ဒါကိုထောက်ပြတာပါ၊ ကော်မရှင်က ပါတီတွေ ဟာ ရွေးကောက်ပွဲကော်မရှင် ရဲ့ဥပဒေနဲ့အညီ၊ နောက်တစ်ခါ နိုင်ငံရေးပါတီ မှတ်ပုံတင် နဲ့အညီ၊ ညီမညီကြည့် ရ မှာ ကော်မရှင်ရဲ့အလုပ်ကို၊ အဲ့တော့ ကျနော်တို့ ကော်မရှင်ကို တင်ပြတယ်”

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွဲ့ဖြိုးရေးပါတီ ဥက္ကဌအဖြစ် ဆက်လက်တည်ရှိနေတဲ့ သမ္မတဦးသိန်းစိန်ဟာ၊ သူ့ရဲ့ အောက်တိုဘာလ နဲ့ နိုဝင်ဘာ လတွေအတွင်းသွား လာခဲ့တဲ့ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းကခရီးစဉ်တွေမှာ ပါတီလုပ် ငန်းတွေဆောင် ရွက်ခဲ့ တာတွေ့ရတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တိုင်ကြားစာထဲမှာ ထောက်ပြထားပါတယ်။

http://www.rfa.org/burmese/news/theinsein-violates-elections-laws-11042015112243.html


Filed under: သတင်းများ, ရွေးကောက်ပွဲ

နောက်​​ဆုံး မဲစာရင်း​ဆက်​လက်​မှားယွင်း

$
0
0

image


Image caption


Filed under: General

ပြည်သူ မကြိုက်တော့သည့် အတွက် ရိုမေးနီးယား အစိုးရ နှုတ်ထွက်ပေး

$
0
0

image

နိုဝင်ဘာ ၄၊ ၂၀၁၅
M-Media

– လူပေါင်း ၃၀ ကျော်သေဆုံးခဲ့သည့် နိုက်ကလပ် မီးလောင်မှုနှင့် ပတ်သက်၍ ပြည်သူများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီးနောက် ရိုမေးနီးယား ၀န်ကြီးချုပ် ဗစ်တာ ပွန်တာက ရာထူးမှ နှုတ်ထွက်ကြောင်း ယနေ့တွင် ကြေငြာလိုက်သည်။

“ကျွန်တော့်ရဲ့လုပ်ပိုင်ခွင့်ကို ကျွန်တော် လွှဲပြောင်း ပေးတော့မှာဖြစ်ပြီး ရာထူးကနေလည်း နှုတ်ထွက်တော့ မှာပါ။ ကျွန်တော့်အစိုးရကလည်း အကြွင်းမဲ့ နှုတ်ထွက်မှာ ဖြစ်ပါတယ်။ အစိုးရရဲ့ ဒီလိုနှုတ်ထွက်မှုဟာ လမ်းပေါ် ထွက်ပြီး ဆန္ဒပြနေတဲ့သူတွေ ကျေနပ်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်” ဟု ယနေ့တွင် ထုတ်ပြန် သော ပွန်တာ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

Rock ဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ်နေစဉ် အောက်တိုဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော Colectiv နိုက်ကလပ်မီးလောင်မှုတွင် သေဆုံးသူ ၃၂ ဦးအထိ မြင့်တက်လာမှုနှင့် အစိုးရ၏ ကိုင်တွယ်မှုကို မကျေနပ်သည့် ပြည်သူထောင်ပေါင်းများစွားမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဆန္ဒပြခဲ့ကြပြီး ကတ်ဘိနတ်အဖွဲ့ နှုတ်ထွက်ရန်လည်း ထောင်းဆိုခဲ့ကြသည်။

အဆိုပါ နိုက်ကလပ်၏ ပိုင်ရှင် ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ပေါ့ဆမှု၊ လူသတ်မှုနှင့် လက်ရောက်မှုတို့ဖြင့် တရားစွဲဆိုထားသည်။ အာဏာရ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အကြီးအကဲ လီဗီယူ ဘရာ့ဂ်နီယာကမူ ဖြစ်ပျက်ခဲ့သမျှအတွက် တစ်ဦးဦးက တာဝန်ယူပေးရမည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

Ref: Aljazeera


Filed under: သတင်းများ

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ အပိုင်း-၂

$
0
0

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ ရုပ်သံ “(အပိုင်း ၂)


Filed under: General

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ အပိုင်း-၁

$
0
0

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း သူ့ရဲ့နေအိမ်မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲကို ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ ၄ဝဝ နီးပါးလောက် တက်ရောက်ခဲ့ပါတယ်။

အာက်အက်ဖ်အေ ဝိုင်းတော်သား ကိုဝင်းနိုင်က ကောက်နှုတ်တင်ပြထားပါတယ်။

ရိုက်ကူး – မျိုးဇော်ကို၊ အောင်သိင်္ခ/RFA


Filed under: သတင်းများ, ရွေးကောက်ပွဲ

မဲဆန္ဒရှင်သက်သေခံလက်မှတ်နှင့်စပ်လျဉ်း၍ အသိပေး ကြေညာ ချက်

မဲဆွယ်စည်းရုံးစဉ် အန်အယ်လ်ဒီ အမတ်လောင်း ဦးစိုးမြင့်ရုတ်တရက် ကွယ်လွန်

$
0
0

image

By ဒီဗွီဘီ 6 November 2015  
စစ်ကိုင်းတိုင်း  မြင်းမူမြို့နယ် တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကနေ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဦးစိုးမြင့်ဟာ ဒီနေ့မွန်းလွဲပိုင်းက  မဲဆွယ်စည်းရုံးရေး ဆင်းနေစဉ် ရုတ်တရက် ကွယ်လွန်သွားတယ်လို့ စစ်ကိုင်းတိုင်း အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါက်တာ မြင့်နိုင် က  ဒီဗွီဘီကို အတည်ပြုပြောပါတယ်။

မြင်းမူ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးစံသက်ထွန်းကလည်း ကိုယ်စားလှယ်လောင်း ဦးစိုးမြင့်ဟာ နေ့လယ် ၁၂ နာရီကျော်လောက်က မြင်းမူဈေးထောင့်မှာ မဲဆွယ်စည်းရုံးစဉ် ကွယ်လွန် သွားတာလို့ ပြောပါတယ်။

“သူက နှလုံးရောဂါ ရသွားတဲ့သဘောပါပဲ။ အခု မြင်းမူ ဆေးရုံကြီးမှာ ရင်ခွဲကြည့်လိုက်တော့ နှလုံးမှာ အဆီတွေ အများကြီးဖုံးနေတယ်။ ဒီမှာ ကျနော်တို့  မဲဆွယ်စည်းရုံး ရေးအတွက် သီးချင်းဆိုနေတဲ့အချိန်မှာ ရုတ်တရက်လဲ ကျသွားတာပေါ့။”

သူရုပ်အလောင်းကို မြင်းမူမြို့ အမှတ် ၄ နေအိမ်ကို ပြန်သယ်သွားပြီဖြစ်ပြီး ဈာပနအတွက် ပြင်ဆင်နေ တယ်လို့ ဦးစိုးစံသက်ထွန်းက ပြောပါတယ်။

ဦးစိုးမြင့်ဟာ ဒီမိုကရေစီအတွက် တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူတဦး ဖြစ်တဲ့အတွက် သူချစ်တဲ့ ဒီမိုကရေစီ ရရှိဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။

“ကျနော့်အနေနဲ့ကတော့ စိတ်မကောင်ဘူးပေါ့ဗျာ။ ကျနော်တို့နဲ့ လက်တွဲပြီးလုပ်ခဲ့တဲ့ ရဲဘော်ရဲဘက် တယောက် ဒီလိုမျိုးအချိန်မှာ ရုတ်တရက်ဖြစ်သွား တဲ့ပေါ်မှာ စိတ်မကောင်ဘူး။ ယုံလည်းမယုံနိုင်ဘူး။ တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်။ ဦးစိုးမြင့်ချစ် တဲ့ ဒီမိုကရေစီကို အကုန်လုံးက ၀ိုင်းဝန်းပြီးတော့ သူ့အတွက် ပိုပြီးတော့ အာရုံစိုက်ပြီး လုပ်ဆောင်နေကြဖို့ ပြောချင်ပါတယ်။”

ဦးစိုးမြင့်ဟာ အသက် ၅၃ နှစ်ရှိပြီး ကွယ်လွန်ချိန်မှာ သမီး မစိုးနန္ဒထွန်းတဦးတည်း ကျန်ရှိခဲ့ပါတယ်။

မြင်းမူမြို့နယ်  မဲဆန္ဒနယ်အမှတ် ၁ မှာ  အန်အယ်လ်ဒီ ပါတီက ဦးစိုးမြင့်၊ ကြံ့ခိုင်ရေးပါတီက ဦးသောင်းမြင့်နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးကျော်စိုးဦး တို့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၀င်ရောက် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။


Filed under: General

အဖေနှင့်သမီးဇာတ်လမ်းဖြစ်ရပ်မှန် –အရှင်နန္ဒော ဘာသာ လင်္ကာရ

$
0
0

ဖြစ်ရပ်မှန်ဇတ်လမ်းလေးတစ်ပုဒ်ပါ
===================

တစ်ခါတုန်းက ရွာကလေးတစ်ရွာမှာ သားအဖ နှစ်ယောက်ရှိတယ် ။ ဖခင်ဖြစ်သူက သမီးလေကို မွေးမွေးပြီး ကတည်းက အလွန်အမင်းကို ချစ်မြတ်နိုးခဲ့ရတယ် ။

သမီးလေး မွေးပြီးလို့ လသားအရွယ်မှာပဲ မိခင်က ဆုံးပါးရှာတဲ့အတွက် မိတဆိုးသမီးလေးဆိုပြီး လိုလေသေးမရှိ ထားခဲ့တယ် ။

ဒါပေမယ့်လည်း ဘ၀ကံနုံချာလွန်းတဲ့အတွက် ဆင်းဆင်းရဲရဲ့ချို့ချို့တဲ့တဲ့နေခဲ့ရရှာတယ် ။

ဒီလိုနဲ့ သမီးလေး အပျိုပေါက်အရွယ်ရောက်လာခဲ့တယ် ။

“ အဖေ . . သမီး မြို့မှာသွားပြီးကျောင်းတက်ချင်တယ် ” အားတက်သရော ပြောလာတဲ့ သမီးငယ်စကားကြောင့် ဖခင်ဖြစ်သူရဲ့ ရင်ထဲ ဆို့နင့်သွားခဲ့ရတယ် ။

“ အေးပါသမီးရယ် အဖေပိုင်တဲ့လယ်ကလေးရောင်းပြီး သမီးကို မြို့ကျောင်းထားပေးမှာပေါ့ ” ဆိုပြီးအားပေးစကားပြောဆိုခဲ့တယ် ။ ဒီလိုနဲ့ သမီးလေးတစ်ယောက်မြို့ကျောင်းကို တက်ခဲ့ပါပြီ ။

လယ်ယာ မဲ့ဖြစ်သွားတဲ့ ဖခင်ကတော့ တောရွာမှာပဲ သူများလယ်ကို အငှားသွားလုပ်လိုက် ၊ သူများခိုင်းတာလေးလုပ်လိုက်နဲ့ ချို့တဲ့စွာနေ ခဲ့ရ တယ် ။

လစဉ်လတိုင်း ရသမျှ ပိုက်ဆံလေးကို ခြစ်ခြုတ်စုလို့ သမီးလေးအတွက် ပေးပိုရရှာတယ် ။ တစ်နေ့တော့ သမီးလေးကိုတွေ့ချင်လွန်း အားကြီး တဲ့ ဖခင်က မြို့ကို တက်သွားပြီး သမီးလေးကျောင်းကိုလိုက်သွားခဲ့တယ် ။

သမီးဖြစ်သူက ဖခင်ကိုတွေ့တဲ့အခါ မျက်နှာတစ်ချက်ပျက်သွားပြီး မသိချင်ယောင်ဆောင်လို့ မခေါ်မပြောပဲ ထွက်သွားခဲ့တယ် ။ ဖခင်က ၀မ်းနည်းစွာ နဲ့ပဲ ရွာကိုပြန်လာခဲ့တယ် ။

နောက်တစ်နေ့မှာ ရွာကိုသမီးဖြစ်သူလိုက်လာပြီး ဖခင်ကိုပြောတယ် ။ “ အဖေရယ် ရှက်စရာကြီး သမီးကျောင်းကိုဘာလို့လိုက်လာရတာလဲ … သမီးကိုတွေ့ချင်တယ်ဆို စာရေးလိုက်ပေါ့ လာတွေ့မှာပေါ့ အခုတော့ အဖေ့ကို သမီးအဖေမှန်းသာသိသွားရင် သမီးရှက်လွန်းလို့ မျက်နှာဖော်ရဲမှာမဟုတ်ဘူး ” လို့ပြောခဲ့တယ် ။

ဖခင်ဖြစ်သူက မျက်နှာညှိုးနွမ်းစွာနဲ့ မျက်ရည်တွေစီးကျလို့ သမီးဖြစ်သူကို ဘာမှပြန်မပြောပဲ တွေတွေကြီးပဲစိုက်ကြည့်နေခဲ့တယ် ။

အဲဒီလိုနဲ့ . . .

သမီးလေးဖြစ်သူ ဘွဲ့ယူတဲ့နေ့ရောက်လာပါပြီ ။ သမီးဖြစ်သူက ရွာက အဖေလည်း ဘွဲ့ယူတာ ကြည့်ချင်မှာပဲလေ ငါ့အဝေးကနေ ကြည့်ခိုင်း ရင်ရတာပဲဆိုပြီး သူ့အဖေကို မြို့ကိုလိုက်လာဖို့ ရွာကိုစာပို့လိုက်တယ် ။ သိပ်မကြာခင်မှာပဲ ရွာက စာပြန်လာတယ် ။

“ သမီးလေး…

သမီးလေး စာပိုတဲ့အချိန် အဖေလူ့လောကမှာ မရှိတော့ဘူးကွယ် သမီး လေးမြို့ကိုခေါ်မယ့်ရက် ဆို..အဖေ ဟာ တမလွန်မှာ   ရောက်နေရော   ပေါ့ ဒါကြောင့်ဒီစာလေးကို ကြိုရေးထားခဲ့တာပါ ..

သမီးရေ သမီးငယ်ငယ်တုန်းကပေါ့ သမီး နဲ့အဖေ တခြားရွာကို သွားစဉ်က နေကလည်းပူ လယ်ကွင်းပြင်ပြင်ထဲ မှာ စကားလေးမပီကလာပီ ကလာနဲ့ သမီး ရေဆာတယ်လို့ ပူဆာခဲ့တယ်နော် ။

အဖေတို့ဆီမှာသောက်ရေကလည်းပါမလာတော့ သမီးကို နေရိပ်ထဲခဏထားပြီး ကွင်းပြင်ကြီးထဲ အဖေပြေးလွှားလို့ တခြားရွာမှာ   သောက်   ရေ   သွားယူခဲ့ဖူးတယ် ။

သမီး နောက်ထပ် ဆယ်နှစ်အရွယ်လောက်မှာပေါ့ ။ သမီးလေး ကျောင်းမှာ မျက်နှာမငယ်ရဖို့ .. အဖေ ဟာ နေ့တိုင်း ထမင်းတစ်နပ်ပဲ စားပြီး ခြိုးခြံချွေတာခဲ့ဖူးတယ် ။

သမီးရေ .. သမီးကို ဒါတွေပြန်ပြောနေရတာ သမီးဆီက အဖေ့မေတ္တာကို နားလည်ပေးနိုင်ဖို့တစ်ခုပါပဲ ။

သမီးလေး . . သမီးလေး သတိမထားမိလို့ပါကွယ် သမီးလေး မြို့ကျောင်းကို အဖေ အပတ်စဉ်တိုင်းရောက်ပါတယ် သမီးလေးရှက်မှာစိုးလို့ အဖေ အဝေးကနေပဲ သမီးလေးကို ငေးမောကြည်နူးနေခဲ့ရတယ် ။

သမီးရယ် …သမီးဆီက အဖေဘာမှမမျှော်လင့်ပါဘူး လူ့ဘ၀ဆိုတာက တိုတိုလေးပါ အဲဒီတိုတိုလေးအတွင်းမှာ သမီးကိုပြည့်ပြည့်စုံစုံ မထားနိုင် ခဲ့တဲ့ အဖေ့ကိုယ်သာ အဖေယူကြုံးမရဖြစ်ခဲ့တာပါ

သမီးရယ်. . . အဖေတို့ မိဘတွေဆိုတာ သားသမီးကိုရွေးချယ်ခွင့်မရှိသလို သားသမီးတွေကလည်းအဖေတို့ကိုရွေးချယ်ခွင့်မရှိခဲ့ပါဘူး ။

ဘ၀အဆက်ဆက်က ဖြည့်ဆည်းလာတဲ့ ပါရမီတွေကြောင့်သာ ဒီဘ၀မှာ မိဘနဲ့သားသမီးဆိုပြီး တော်စပ်လာခဲ့ကြရတာပါ ။

သမီးလေးရေ ..သမီးကို အဖေခွင့်လွှတ်ပါတယ် ။ ကံတရားက မိဘကိုစော်ကားလို့ အပြစ်ပေးမှာကို အဖေက စိုးရိမ်ပူပန်နေခဲ့ရတာပါ ။ သမီးလေး သွားလေရာ ခလုတ်မထိ ဆူးမညိပါစေနဲ့ ။ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ …

သမီးရေ …ဖေဖေ သွားနှင့်ပြီ ..ကွယ် လူ့လောကမှာ အကောင်းအဆိုးကို အမှားအမှန်ကို ခွဲခြားနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားပါလို့ ..မှာရင်း အဖေသွားနှင့်ပြီကွယ် ……

အရှင်နန္ဒောဘာသာ လင်္ကာရ


Filed under: ဆောင်းပါးများ

ရွေးကောက်ပွဲရလဒ်သမ္မတဦးသိန်းစိန် လက်ခံ မည်

$
0
0
နိုင်ငံတော်သမ္မတဦးသိန်းစိန်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်။

အစိုးရနဲ့ တပ်မတော်အနေနဲ့ လာမယ့်ရွေးကောက်ပွဲ ရလဒ်အပေါ် လေးစား လိုက်နာ သွားမှာဖြစ်တယ်လို့ သမ္မတကြီးကပြော ဆိုလိုက် ပါတယ်။ ထွက်ပေါ် လာမယ့် ရွေးကောက်ပွဲ ရလဒ်အပေါ်လေးစားလိုက်နာမှုနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်မှု မရှိဖို့လည်း ထပ်မံ ကတိပေးပြောဆို ခဲ့ပါ တယ်။ ရွေးကောက်ပွဲ အပြီး နောက်ထပ် သမ္မတတာဝန်မယူခင် ကြားကာလ မှာတည်ငြိမ်အေးချမ်း ဖို့ နိုင်ငံရေး အင်အား စုခေါင်း   ဆောင်တွေ နဲ့တွေ့ဆုံပြီး အဖြေရှာမယ်လို့လည်းပြောဆိုပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းကမေခကပေး ပို့ထားပါတယ်။

မနေ့က ည၈နာရီမှာ မဲဆန္ဒရှင်ပြည်သူများကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရွေးကောက်ပွဲ ဆိုင်ရာ မိန့်ခွန်းမှာ အခုလို ထည့်သွင်းပြော ဆိုခဲ့တာပါ။ ထွက်ပေါ်လာမယ့် ရွေး ကောက်ပွဲ ရလဒ်အပေါ်လေးစားလိုက်နာမှုနဲ့ပတ်သတ်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေကြောင်း ဒီအပေါ်က   နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အခုလိုပြောဆိုပါတယ်။

” ကျွန်တော်တို့ အစိုးရ၊ တပ်မတော် အနေနဲ့ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲများရဲ့ရလဒ်ကို လေးစား လိုက်နာသွား မည်ဖြစ်ကြောင်း ကို ထပ်မံပြောကြားလိုပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မဲဆန္ဒရှင် ပြည်သူများ ရွေးချယ် တင်မြှောက်လိုက် တဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များဟာ အစိုးရအဖွဲ့ကို ဦးဆောင်မယ့် သမ္မတလောင်းများကို ပြည်သူလူထုကိုယ်စား ဆက်လက် မဲပေး ရွေးချယ်သွားကြမှာ ဖြစ်ပါတယ်။ ဒီလို ရွေးကောက်ပွဲ ရလဒ်များနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့ကို ကျွန်တော့်အနေနဲ့ လက်ခံသွားမှာ ဖြစ်ပြီး နိုင်ငံရေး အင်အားစု အသီးသီးရဲ့ ခေါင်းဆောင်များ အနေနဲ့လည်း လေးစား လက်ခံ သွားကြ မယ်လို့ ယုံကြည်ပါတယ်။

ရွေးကောက်ပွဲ အပြီး နောက်ထပ်သမ္မတ တာဝန်မယူခင် ကြားကာလ မှာ တည်ငြိမ်အေးချမ်းဖို့ နိုင်ငံရေး အင်အားစုခေါင်းဆောင်တွေ နဲ့တွေ့ဆုံပြီး အဖြေရှာမယ်လို့လည်း မိန့်ခွန်း ပြောဆိုခဲ့ပါတယ်။

“ကြားကာလ တည်ငြိမ်အေးချမ်းမှု ရှိစေဖို့အတွက်လည်း နိုင်ငံရေး အင်အားစုများမှ ခေါင်းဆောင်များနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာသွား မှာ ဖြစ် ပါတယ်။ ဒီနိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများကလည်း ကြားကာလ တည်ငြိမ်အေးချမ်းမှုနဲ့ နိုင်ငံရေး အခင်းအကျင်းသစ်ကို ချောမွေ့ ညင်သာစွာ အသွင်ကူးပြောင်းစေဖို့ များစွာ အထောက်အကူပြုသွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ အားလုံး မျှော်မှန်းနေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ မြန်မာနိုင်ငံတော်သစ်ကို တည်ဆောက်တဲ့နေရာမှာ ခရီးရှည်ကြီးကို အားလုံးအတူ ဖြတ်သန်းကြရဦးမှာ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း ရွေးကောက်ပွဲပေါင်း များစွာကို ဖြတ်သန်းပြီး နိုင်ငံရေး   ဖြစ်ထွန်း တိုးတက်မှု အဆင့်ဆင့်ကို တည်ဆောက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီလို အဆင့်ဆင့် တက်လှမ်းရာမှာ ယခု ကျင်းပတော့မည့် သမိုင်းဝင် ရွေးကောက်ပွဲကြီးကို လွတ်လပ်ခြင်း၊ မျှတခြင်းဆိုတဲ့ ဝိသေသတွေနဲ့ အောင်မြင်စွာ ကျင်းပနိုင်မှ သာ ပြုပြင်ပြောင်းလဲ မှုများ   ရှေ့ဆက်နိုင်မယ့် နိုင်ငံရေး အခင်းအကျင်းသစ် တစ်ခုကို တည်တည်ငြိမ်ငြိမ် ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အခုလိုပြောဆိုခဲ့တာပါ။

ဒီပြင်လာမယ့် တနင်္ဂနွေနေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ တရားမျှတပြီး လွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ စိန်ခေါ်မှုတွေ အခက်ခဲတွေ ရှိနေတယ်လို့လည်း သမ္မတကြီးက မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။ ဒီအပြင် ဒီအခြေအနေရောက်လာဖို့ ခက်ခဲစွာဖြတ်သန်းခဲ့ရတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

အစိုးရအနေနဲ့ တပ်မတော်သား တွေနဲ့ ပြည်သူ့ဝန်ထမ်းတွေအပေါ်မှာ ဘာလွှမ်းမိုးမှုမှမရှိ လွတ်လပ်စွာမဲပေးနိုင်ဖို့ လုပ်ဆောင်ထားတယ် လို့လည်း သမ္မတက မိန့်ခွန်းမှာပြောဆိုခဲ့ပါတယ်။

နိုင်ငံ ကံကြမ္မာပြောင်းဖို့ ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေအနေနဲ့ မဖြစ်မနေမဲပေးဖို့ တိုက်တွန်းခဲ့သလို ကော်မရှင်အနေနဲ့လည်း မဲပေးခွင့် မဆုံးရှုံးရအောင် လုပ်ဆောင်ပေးထား ကြောင်းပြောဆိုထားတယ်လို့ သမ္မတကပြောဆိုခဲ့ပါတယ်။

သမ္မတကြီးရဲ့ရွေးကောက်ပွဲဆိုင်ရာ မိန့်ခွန်း အပေါ် နိုင်ငံရေးလေ့လာ သုံးသပ်သူ သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကတော့ အခုလို သုံးသပ် ပါတယ်။

“အဲ့တော့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့ လိုတယ်။ အဲ့ဒီ့လွတ်လပ်ပြီးတော့ တရားမျတတဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ရလဒ်ကို ပြည်သူကလည်း ထောက်ခံမယ်။ တပ်မတော်ကလည်း ထောက်ခံမယ် တခြားလူတွေလည်း ထောက်ခံကြပါလို့ ပြောတဲ့စကား ကတော့   ဒါဟာ တော်တော်ကောင်းမွန်တဲ့ စကားလို့ပဲ ထင်ပါတယ်။ အခင်းအကျင်း သစ်ကြီးကိုလည်း ခေါ်သွားမယ်ဆိုတော့ ဒါက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ကြိုးစားမယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးကို မှန်းဆလို့ရတဲ့အခါကျတော့ ကောင်းတယ်လို့ထင်ပါတယ်။ အဲ့တာနဲ့ပတ်သက်လို့တော့ သံသယဖြစ်စရာတွေက အများကြီးရှိနေတယ်။ မဲပေးတဲ့နေရာမှာလည်း မဲဖောင်းပွတာတွေရှိနေတယ်။ ကြိုတင်ဆန္ဒမဲပေးထားတဲ့ သူတွေကလည်း မဲလက်မှတ်တွေရထားတယ်။ ဆိုတဲ့အခါကျတော့ ပြသနာတွေ အများကြီး ရှိနိုင်တယ်။ ဒါကတော့ ကံသေကံမ အာမခံချက်အနေနဲ့ ဘယ်လိုမှ မပြောနိုင်ဘူး။”

မနေ့က မိန့်ခွန်းမှာ သမ္မတကြီးက မဲဆွယ်စည်းရုံးမှုမှာ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို လိုက်နာခဲ့တဲ့ ပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ အပေါ် ဝမ်းမြောက်ကြောင်း၊ ငြိမ်းချမ်းစွာ ကိုယ်ထောက်ခံတဲ့သူကို အားပေးခဲ့တဲ့ ပြည်သူတွေကို လည်း   ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါအပြင် တက်ကြွစွာပါဝင်လုပ်ဆောင်ပေးကြတဲ့ လူငယ်တွေနဲ့ အရပ်ဘက် အဖွဲ့စည်းတွေကိုလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့သလို ပြည်သူတွေအနေနဲ့ ဆန္ဒမဲမဖြစ်မနေ ထည့်ဖို့တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့လည်း သမ္မတဟာ ပါတီလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အတွက် အခြေခံ ဥပဒေကို ချိုးဖောက်ရာ ရောက်တယ်လို့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကန့်ကွက်ခဲ့သလို၊ မဲဆန္ဒရှင်တော်တော်များများဟာ မဲပေးခွင့်ဆုံးရှုံးမှုတွေ ရှိတာကြောင့်   ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။

http://burmese.voanews.com/content/reaction-on-president-speech/3044365.html


Filed under: သတင်းများ, ရွေးကောက်ပွဲ

NLD အေရးပေါ် ကြေညာ ချက်ထုတ်ပြနှ်

$
0
0

myanmar

မဲပေးနိုင်သူ ၈ဝ ရာခိုင်နှုန်း မဲလာ ပေးမယ် ခန့်မွန်း

အဓိက အတိုက်အခံ နိုင်ငံရေး ပါတီ ဖြစ်တဲ့ အမြိုးသား ဒီမိုကရေစီ အဖွျဲ့ခုပ် NLD ပါတီ က ဒီ ကေန့ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး   အေရးပေါ် ကြေညာ ချက် ဆိုပြီး ကြေညာချက် ၂ စောင် ထုတ်ပြန် လိုက် ပါတယ်။

ပထမ ကြေညာချက် ထဲ မွာ ရန်ကုန် တိုင်း မြို့နယ် တခြို့ မွာ ရွေးကောက်ပွဲ ကော်မရွင် က ထုတ်ပေး ထားတဲ့ သက်သေခံ မဲ လက်မွတ် အပို တွေ ဖောင်းပွ လွန်း နေတယ် ဆိုပြီး ပြော ပါတယ်။

ဒီလို သက်သေခံ လက်မွတ် အပို တွေ ထုတ်ပေး တာဟာ ရိုးဖြောင့်တဲ့ လုပ်ရပ် မဟုတ်ဘူး ဆိုပြီး NLD ပါတီ စွပ်စွဲ ပြစ်တင် လိုက်ပြီး မဲ မသမာ မှု တွေ ဖြစ်ပေါ် လာ နိုင်တယ် လို့ သတိ ပေး ပါတယ်။

ဒါ့ကြောင့် NLD ပါတီဝင် တွေ အပါအဝင် အျမား ပြည်သူတွေ အနေနဲ့ အဲဒိ အပို လက်မွတ် တွေ တွေ့ရွိ ရရွိ ထားရင် အနီးကပ်ဆုံး NLD ပါတီ ရဲ့ ကိုယ်စားလွယ် လောင်း တွေ ဆီ ပေးအပ် ကြပါ လို့ တိုက်တွန်း ထားပါတယ်။

ဒီကေန့ ရွေးကောက်ပွဲ မှာ မဲပေး နိုင်တဲ့ အချိန် သတ်မတ် ချက် က မနက် ၆ နာရီ ကေန ညနေ ၄ နာရီ ဖြစ်ပါတယ်။

မဲဆန္ဒ ရှင် ဦးရေ နွစ်ထောင် နဲ့ အထက် ရှိကြတဲ့ မဲဆန္ဒ နယ် တွေ မွာ ဆိုရင် သတ်မှတ် ထားတဲ့ စုစုပေါင်း ၁ဝ နာရီ အတွင်း အားလုံး မဲပေး နိုင်ဖို့ အခြိန် လုံလောက် မွာ မဟုတ် ဘူး ဆိုပြီး အျမားက သုံးသပ် မိထားကြ ပါတယ်။

NLD ဒုတိယ ကြေညာ ချက် ထဲ မွာ အဲဒီလို မဲရုံ တွေ မွာ ဆိုရင် သက်ဆိုင်ရာ အာဏာပိုင် တွေ က ညနေ ၄ နာရီ နောက်ပိုင်း အထိ မဲပေး နိုင်ဖို့ စီစဉ် ပေးမှာ ဖြစ်တယ် လို့ NLD ပါတီ အနေနဲ့ သိထား ရတယ် ဆိုပြီး ပြောပါတယ်။

ဒါ့ကြောင့် ရုတ်တရက် လျှပ်စစ် မီး ပြတ်တောက်တာ မြိုး ဖြစ်ရင် အကူအညီ ဖြစ်စေဖို့ မဲရုံစောင့် NLD ကိုယ်စားလွယ် တွေ ကို အရေးပေါ် သုံး ဘက်ထရီ မီးတွေ ယူဆောင် သွား ကြဖို့ တိုက်တွန်း ထားပါတယ်။

မဲ ဆန္ဒရှင် တွေ အနေနဲ့ ဒီကေန့ မဲရုံ မှာ မဲ လက်မဗတ် တွေ ကို ထုတ်ယူ တဲ့ အခါ မဲလက် မွတ် တွေ စုတ်ပြဲ နေရင် ဖြစ်ဖြစ်၊ အမှတ် အသား တွေ အစွန်း အထင်းတွေ ပါနေတာ မြိုး ဖြစ် ဖြစ် တွေ့ရရင် မဲ လက်မှတ် ပြန်လဲ ပေးဖို့ တောင်းဆို နိုင်တယ် ဆိုပြီး ရွေးကောက်ပွဲ   ကော်မရှင် ဘက်ကို အသိပေး ကြေညာ ပါတယ်။

ဒါပေမဲ့ ဆန္ဒမဲ လက်မှတ် ပေါ်မှာ ဆန္ဒပြု ပြီး သွားရင်တော့ မဲလက်မှတ် အသစ် လဲ ပေး တော့မွာ မဟုတ် ဘူး ဆိုပြီး တော့လည်း သတိ ပေးပါတယ်။

မဲပေး နိုင်ကြတဲ့ စုစုပေါင်း လူဦးရေ ၃၃ သန်း ကျော် ထဲက ၈ဝ ရာခိုင်နှုန်း မဲလာ ပေး နိုင်တယ် ဆိုပြီး ပြည်ထောင် စု ရွေးကောက်ပွဲ   ကော်မရှင်   ရဲ့ ထိပ်တန်း အရာရွိ တဦး က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ တနိုင်ငံလုံး မဲရုံ ပေါင်း ၄ သောင်း ကြော် ဖွင့်လွစ် ထားပြီး ဒီကေန့ ရွေးကောက်ပွဲ ရဲ့ လဒ် တွေ ကို နောက် ၃ ရက် ကနေ တပတ် အတွင်း   ထုတ်ပြန် ပေးမှာ ဖြစ်တယ် လို့လည်း ကော်မရှင် က ပြောထား ပါတယ်။

http://www.bbc.com/burmese/burma/2015/11/151107_nld_emergency_statements


Filed under: သတင်းများ, ရွေးကောက်ပွဲ

ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်မှု HRW ဝေဖန်

$
0
0
ဗွီအိုအေ (မြန်မာဌာန)

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၈ ရက် ဒီကနေ့ကျင်းပတဲ့ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဘက်လိုက်မှုတွေ ရှိနေတယ်လို့ နယူးရောက် အခြေစိုက် Human Rights Watch လူ့အခွင့်ရေး အဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ မြန်မာ့ ရွေးကောက်ပွဲကို လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင်ကျင်းပဖို့ ပြည်ထောင်စုရွေးကော်ပွဲ ကော်မရှင်က စိတ်အားထက်သန်မှု မရှိတဲ့ အပေါ် သိပ်ကို စိုးရိမ်စိတ်ပူပန်တယ်လို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သလို တချို့ပါတီတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖေါက်နေပေမယ့် ကော်မရှင်က အရေးယူမှု မရှိတာတွေဟာ စိုးရိမ်စရာကောင်းကြောင်း လူ့အခွင့်ရေးအဖွဲ့ကြီးက ပြောပါတယ်။

ကြာသပတေးနေ့က ရွေးကောက်ပွဲကော်မရှင်က ကျေညာချက် တစောင်ထုတ်ပြန်ပြီး ရွေးကောက်ပွဲဟာ အတိုက်အခံအဖွဲ့ကြီးဖြစ်တဲ့ NLD ကြောင့် အားနဲမှုတွေ ရှိနိုင်တယ်လို့ ဝေဖန်ခဲ့တာ တွေ့ရသလို ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ ဥက္ကဌ ဦးတင်အေးကိုယ်တိုင်က လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့အမတ်တဦး ဖြစ်ခဲ့သလို စစ်ဗိုလ်ချုပ်ဟောင်း တဦးလည်း ဖြစ်နေတာမို့ အခုလို ဘက်လိုက်မှုမျိုး ရှိနေတာဟာ အံ့သြစရာ မဟုတ်ဖူးလို့ HRW ကပြောပါတယ်။ ဒီလို ဘက်လိုက်မှုတွေ ရှိနေတာအတွက် တခြားပါတီတွေက စိုးရိမ်မှုတွေ ရှိနေတာ တွေ့ရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အရင်လွှတ်တော်အမတ်အပါအဝင် မူစလင် လူနဲစုတချို့ရဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားခွင့်တွေကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့အပါအဝင် လူမျိုးရေး ဘာသာရေး ခွဲခြားမှုတွေတွေ့နေရတာမို့ ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်။ မဲစာရင်း မှန်ကန်မှုအတွက်လည်း ကော်မရှင်က ရာခိုင်နှုန်း ၃၀ ပဲ အာမခံခဲ့တဲ့အပြင် တိုင်ကြားမှုတွေနဲ့ ပါတ်သက်ပြီး ဘယ်လိုလုပ်ဆောင်မယ်ဆိုတဲ့ အစီအစဉ် ကောင်းကောင်း မရှိသလို တိုင်ကြားမှုတွေကို သေသေချာချာ အရေးမယူတာဟာ ဒီရွေးကောက်ပွဲအတွက် စိတ်အားထက်သန်နေကြတဲ့ မြန်မာလူထုအတွက် သံသယတွေ ကြီးထွားလာစေတယ်လို့ လည်း ဝေဖန်ခဲ့ပါတယ်။

http://burmese.voanews.com/content/hrw-criticizes-to-uec-for-virs-/3048630.html


Filed under: သတင်းများ, ရွေးကောက်ပွဲ

ဓမ္မတာကာလအတွင်းချစ်တင်းနှောခြင်းနဲ့ပတ်သက်၍ သိထားသင့်သည်များ

$
0
0

image

စုံတွဲတော်တော်များများဟာ ဓမ္မတာဖြစ်နေစဉ်အတော် အတွင်းမှာ ချစ်တင်းနှောခြင်းကို လုံးဝတားမြစ် ထား တတ်ကြပါတယ်။ မိန်းမတွေဟာလည်း ဓမ္မတာဖြစ်နေစဉ် အတောအတွင်းမှာ သတိထားပြီးနေတတ် ကြပါတယ်။ ချစ်တင်းနှောဖို့ကိုလည်း လုံးဝစိတ်မကူးမိကြပါဘူး။

ဒါဟာရှက်တတ်တဲ့ သဘာဝကြောင့်ပဲ ဖြစ်ပါတယ်။ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောရတာ ထူးကဲကောင်းမွန် ကောင်းကောင်းမွန်နိုင်ပါတယ်။ သိသင့်သိထိုက်တဲ့ အချက်တွေကို လေ့လာကြည့်ကြရအောင်ပါ။

၁။ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောတာ အန္တရယ်ကင်းပါ သလား။
ယောကျာ်းအများစုဟာ မိန်းမတွေဓမ္မတာဖြစ်စဉ်အတွင်း ချစ်တင်းနှောရင် သူတို့ကိုတစ်နည်းနည်းနဲ့ ထိခိုက်မှာကို စိုးရိမ်တတ်ကြတယ်။ ဓမ္မတာဖြစ်စဉ်အတွင်း ချစ်တင်း နှောတာဟာ အန္တရယ်မကင်းဘူး ဆိုတာ လုံးဝမဟုတ် ဘူးဆိုတာတော့ သိထားဖို့လိုအပ်ပါတယ်။ STD လို့ ခေါ်တဲ့ လိင်မှတဆင့်ကူးစက်ရောဂါဖြစ်မှာကိုပဲ စိတ်ပူ ရမှာပါ။ ဓမ္မတာဖြစ်စဉ် မိန်းမတွေဟာ သွေးနဲ့အတူ၊ လမ်းကြောင်းထဲကထွက်လာတဲ့ချောဆီအရည် တွေ ထွက်နေတဲ့အတွက်ကြောင့် လိင်မှတဆင့်ကူးစက် ရောဂါဟာ ယောကျာ်းတွေဆီမှာ ဖြစ်နိုင်ခြေပိုပါတယ်။ လိင်မှတဆင့်ကူးစက်ရောဂါဟာ ဓမ္မတာဖြစ်စဉ်အချိန် မှာသာမက အချိန်မရွေးဖြစ်နိုင်ပါတယ်။ အဲ့ဒီတော့ ဓမ္မတာဖြစ်စဉ်အချိန်တွင်းမှာ ချစ်တင်းနှောဖို့ စိတ် ပိုင်းဖြတ်ထားတယ်ဆိုရင်တော့ ကွန်ဒုံးသုံးပြီးတော့ အကာအကွယ်ယူထားဖို့ အရေးကြီးပါတယ်။

၂။ မိန်းမတွေဟာ ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောလိုစိတ် ပိုပြင်းပြကြတယ်။
ဓမ္မတာဖြစ်စဉ်မှာ ချစ်တင်းနှောလိုစိတ်ပြင်းပြတဲ့ မိန်းမ အတော်များများရှိပါတယ်။ မိန်းမတစ်ဦးနဲ့ တစ်ဦး ကွာတာ ကတော့ အခြေအနေပေးမှု အပေါ်မှာပဲကွာပါတယ်။ သာမန်အားဖြင့်တော့ မိန်းမတစ်ဦး ဟာဓမ္မတာဖြစ်စဉ် ကာမဆန္ဒ ပြင်းပြလာတတ်ကြတယ်ဆိုတာပါပဲ။

၃။ချစ်တင်းနှောခြင်းဟာ PMS(ဓမ္မတာမဖြစ်ခင် ဖြစ် တတ် တဲ့ရောဂါလက္ခဏာများ) နဲ့ပတ်သက်ပြီး ခံစားရမှု ကို သက်သာစေပါတယ်။
ချစ်တင်းနှောခြင်းဟာ ရောဂါအတော်များများကို သက်သာစေတယ်ဆိုတာသိထားကြပြီး ဖြစ်ပါတယ်။ ချစ်တင်းနှောခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျော့စေပါ တယ်။ ခေါင်းကိုက်ဝေဒနာကို သက်သာစေပြီး အခြား အကိုက်အခဲ ဝေဒနာတွေကို သက်သာစေပါတယ်။ ချစ်တင်းနှောခြင်းဖြင့် PMSနဲ့ပတ်သက်ပြီး ခံစားရ တာတွေကို သက်သာစေနိုင်တယ်ဆိုတာ မိန်းမအတော် များများက သိထားကြပါတယ်။ ဒါဟာ ဓမ္မတာဖြစ်စဉ် လိင်ဆက်ဆံသင့်ပါတယ်ဆိုတဲ့ လုံလောက်တဲ့ အကြောင်း ပြချက်ကောင်းတစ်ရပ်ပါပဲ။ ယောကျာ်းတစ်ယောက်အနေနဲ့သိထားရမှာကတော့ မိန်းကလေးဟာဓမ္မတာဖြစ်စဉ်မှာ   PMSနဲ့ပတ်သက်ပြီး ခံစားရတာတွေကို မဖြေလျှော့ပေးဘူဆိုရင် မိန်းမဖြစ်သူ ရဲ့ စိတ်ဆိုးမာန်ဆိုး၊ စိတ်မပါလက်မပါ စတဲ့ PMS နဲ့ ပတ်သက်တဲ့ လက္ခဏာတွေကိုတွေ့ရမှာပါ။

၎။ဓမ္မတာဖြစ်စဉ်အတောအတွင်း ချစ်တင်းနှောရင် သန္ဓေမတည်ဘူးဆိုတာ မဟုတ်ဘူးလို့ သိထားပါ။
ဓမ္မတာဖြစ်စဉ် ချစ်တင်းနှောရင် သန္ဓေမတည်ဘူး ဆိုတဲ့ အယူအဆမှားတစ်ရပ်ကိုရှိပါတယ်။ မိန်းမအများစုကတော့ ဓမ္မတာဖြစ်ပြီး ၁၄ရက်အကြာမှာ သန္ဓေတည်နိုင်ပါတယ်။ ဓမ္မတာဖြစ်ပြီး ၁၄ရက်အကြာ အချိန် ဟာ  သားဥကြွေပြီး မျိုးအောင်နိုင်တဲ့ အချိန်ဖြစ် ပါတယ်။ ဓမ္မတာဖြစ်စဉ် ကိုယ်ဝန်ရဖို့ ခဲယဉ်းတယ်ဆိုပေမဲ့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို သိထားပါ။

( Jack )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref: Public Health


Filed under: General

ပုသိမ်မြို့၌ မဲရုံများပိတ်ပြီဖြစ်သော်လည်း လူရာနှင့်ချီ၍ မဲပေးရန်ကျန်ရှိနေ

$
0
0

ဆလိုင်းသန့်စင်

မဲပေးချိန်စေ့ပြီဖြစ်သည့်အတွက် ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၆ နယ်မြေနှင့် အမှတ် ၁၄ နယ်မြေမှ မဲရုံ ၃ ရုံကို မဲရုံမှူးများက ပိတ်သိမ်း လိုက်ပြီဖြစ်သော်လည်း မဲရုံ ပရ၀ဏ်အတွင်း၌ လူထောင်နှင့်ချီ၍ မဲပေးရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။

အမှတ် ၆ နယ်မြေ ကသည်းတန်းမူလတန်းကျောင်း၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ် ၁၃၆ တွင် မဲပေးနိုင်သူဦးရေ ၂၈၉၉ ဦးရှိသည့်အနက် ၁၄၀၀ ကျော်သာ မဲပေးရသေးပြီး မဲရုံပရ၀ဏ်အတွင်း၌ မဲဆန္ဒရှင်ပေါင်း ရာနှင့်ချီ၍ မဲပေးရန် တန်းစီစောင့်ဆိုင်းနေဆဲ ဖြစ်သည်။

ထို့ပြင် အမှတ် ၁၄ နယ်မြေ အမှတ် ၁၅ ပန်းဆက်မူလတန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် မဲရုံအမှတ် ၁၅၄ တွင် မဲပေးနိုင်သူ ၃၀၀၇ ဦးရှိသည့် အနက် မဲဆန္ဒရှင် ၁၃၀၀ ကျော်သာ မဲပေးထားပြီး လူ ၄၀၀ ထက်မနည်းသော မဲဆန္ဒရှင်များမှာ မဲရုံပရ၀ဏ်အတွင်း၌ မဲပေး ရန်စောင့် ဆိုင်းနေသည်ကို တွေ့ရသည်။

ပန်းဆက် ဓမ္မာရုံ၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ် ၁၅၅ တွင်လည်း မဲပေးခွင့်ရှိသူ ၂၉၀၀ ကျော်တွင် လူပေါင်း ၁၅၀၀ ကျော်သာ မဲပေးထားပြီး လူ ၁၀၀ ကျော်မှာ မဲပေးရန် တန်းစီနေသည်ကို တွေ့ရသည်။

ညနေ ၄ နာရီထိုးချိန်၌ မဲရုံများ ပိတ်သိမ်းခဲ့ပြီဖြစ်သော်လည်း မဲရုံပရ၀ဏ်အတွင်း၌ ရောက်ရှိနေသူ မဲဆန္ဒရှင်များအားလုံး မဲပေးနိုင်အောင်   ဆောင် ရွက်ပေး သွားမည်ဖြစ်ကြောင်း မဲရုံမှူးများက ဧရာဝတီကို ပြောသည်။


Filed under: ရွေးကောက်ပွဲ

ရခိုင်ပြည်နယ်တွင် ANP- နိုင်

$
0
0

ရခိုင်ပြည်က ရွေးကောက်ပွဲစာရင်းကို စောင့်ကြည့်နေပါတယ် ။ အားလုံးသောမြို့ နယ်မှာ ရခိုင်အမျိုးသားပါတီက မဲအပြတ်အသတ်နဲ့ အနိုင် ရထား ပါတယ် ။ ဒါ့ကြောင့်မို့ လို့  ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်အစိုးရကို ဖွဲ့ စည်းနိုင်ပြီး ၀န်ကြီးချုပ်-၀န်ကြီးတွေများကို ခန့့် ထားရွေး ချယ် ပိုင်ခွင့် အဆုံးအဖြတ်ကို ရရှိသွားပြီ ဖြစ်ပါတယ် ။

‪#‎ရခိုင်ပြည်အစိုးရဖွဲ့စည်းနိုင်ဖို့ရခိုင်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးညီလာခံ‬ တစ်ခုကို အပူတပြင်း ဆောင်ရွက်ရပါမယ် ။ ပြီးရင် ရခိုင် လူမျိုးများက လက်မှတ်ထိုး အတည်ပြုထားတဲ့  ရခိုင်ဥပဒေကို အတည်ပြု ပေးကြောင်း ရခိုင်အမျိုးသားပါတီကို လွှဲပြောင်းပေးရ ပါတော့ မယ် ။

ပြီးရင် အခြားတိုင်းနဲ့ ပြည်နယ်က တိုင်းရင်းသားလူမျိုးများ အနိုင်ရပါတီတွေနဲ့  ပြည်နယ်ပေါင်းစုံမှာ ပြည်နယ်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ များ ကို ပေါ်ထွက်ရေးအတွက် တိုင်းရင်းသားပါတီများ အစည်းအဝေးကို ချက်ချင်း ဆောင်ရွက်ရပါတော့မယ် ။

အဲဒီနောက်မှာ ရက်ပေါင်း-၆၀- အတွင်း ပြည်ထောင်စုလွှတ်တော်ခေါ်ယူတဲ့ အခါ အစိုးရဖွဲ့ စည်းဖို့  ကြိုးပမ်းကြတဲ့ အခါ ပြည်နယ်အစိုးရ ဖွဲ့ စည်း ဖို့  ၀န်ကြီးချုပ် ရာထူးခန့် အပ်ချိန်မှာ ပြည်နယ်ဖွဲ့ စည်းပုံ အခြေခံဥပဒေတွေကို တင်ပြဆွေးနွေးရုံဘဲ ရှိပါတော့မယ် ။

အဲဒီအခါ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံအတွက် ပြည်နယ်ဥပဒေဖွဲ့ စည်းပုံ အတည်ဖြစ်ရေး ကော်မီတီ တစ်ခု ဖြစ်ပေါ်လာပြီး ဖက်ဒရယ် အစိုးရ   ဥပဒေနဲ့  ပြည်နယ်အစိုးရဥပဒေဆိုတာ ဖြစ်ပေါ်လာပါမယ် ။

ပြီးရင် အစိုးရဖွဲ့ စည်းနိုင်တဲ့  မဲအများဆုံးရ မည်သည့်ပါတီနဲ့ မဆို မူဝါဒသဘောတရားချင်း ကိုက်ညီတယ် ဆိုရင် မဟာမိတ် ပြုရပါမယ် ။ တစ်ချိန်တည်းမှာ ဖက်ဒရယ်အစိုးရမှာ ၀န်ကြီးနေရာကို ရရှိအောင် တောင်းဆိုပြီး ပေးအပ်မှသာ မဟာမိတ် ပြု ရပါလိမ့်မယ် ။

ခုတော့ ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်မှာ မဲအပြတ်အသတ် အနိုင်ရရှိပြီမို့  သတိတရား လက်ကိုင်ထားပြီး ပျော်ကြရွှင်ကြဖို့  အချိန်သာ ဖြစ်နေကြောင်း ပါဗျာ ။

ခိုင်အောင်ကျော် ( နယူးယောက် )


Filed under: ရွေးကောက်ပွဲ

NLD အောင်နိုင်ရေး သီးချင်း

$
0
0

တစ်ကယ်ပြောတာပါ….NLD နိုင်တော့မယ်ဆိုတဲ့သတင်းကြားရင်…

မျက်ရည်တောင်ဝဲမိတယ်


Filed under: ရွေးကောက်ပွဲ, Videos

Fighting Cock and Dog: ကြက်ဖနှင့် ခွေး တိုက်ပွဲ

ရွေးကောက်ပွဲလေ့လာသူတချို့တွေ့ရှိသမျှ

$
0
0
မဲရေတွက်မှုစောင့်ကြည့်နေတဲ့ NLD ရုံးချုပ်ရှေ့က ပရိသတ်

မဲရေတွက်မှုစောင့်ကြည့်နေတဲ့ NLD ရုံးချုပ်ရှေ့က ပရိသတ်

မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ နဂိုထင်ထားတာထက်တော့ ပိုပြီးလွတ်လပ်မှုရှိတယ်လို့ ပြည်တွင်းက ရွေးကောက် ပွဲလေ့လာစောင့်ကြည့်သူတချို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီးကာလ မဲရေတွက်တာတွေ နဲ့ မဲရလဒ်တွေကတော့ စိုးရိမ် စရာအနေအထားတွေရှိလာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ အခြေအနေအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင် က ပြောပြပေးမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲလေ့လာသူတချို့သုံးသပ်ချက်

နိုဝင်ဘာလ ၈ရက်နေ့

ဒီကနေ့ ရွေးကောက်ပွဲနောက်ဆုံးရအခြေအနေတွေနဲ့ပတ်သက်လို့ ပြည်တွင်းကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဖြစ်တဲ့ ဒါန-ရှေ့   ဆောင် မြန်မာ က ဦးမြတ်မင်းဦးနဲ့ ပေါင်းကူးအဖွဲ့က ဒေါက်တာကျော်သူကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်း ထားတာ ကို နားဆင်ကြည့်ပါ။

ပြည်တွင်းစောင့်ကြည့်လေ့လာသူတချို့တွေသမျှ

Filed under: ရွေးကောက်ပွဲ
Viewing all 7779 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>