Quantcast
Channel: Danya Wadi
Viewing all 7779 articles
Browse latest View live
↧

ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး ဖြတ်သန်းခဲ့သော ဘဝရက်စွဲများ

$
0
0

image

ဖိုးစိုင်း (ဂျာနယ်လစ်| November 19, 2015
   
၁၉၂၇ ခုနှစ် မတ်လ ၁၂ ရက်၌ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် သူရဦးတင်ဦးကို မွေးဖွားခဲ့သည်။ ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်း၌ ဆယ်တန်းအောင်သည် အထိ ပညာသင်ကြားခဲ့သည်။
၁၉၃၆-၃၈ ခုနှစ်၊ တနိုင်ငံလုံး ကျောင်းသားသပိတ် ဖြစ်သည့် အချိန် ပုသိမ်မြို့ ဗဟိုအမျိုးသား အထက်တန်းကျောင်း တွင် ပညာသင်ကြားနေစဉ် ကျောင်းမှ ပြုလုပ်သော စီတန်းလှည့်လည် ဆန္ဒပြပွဲများ၌ ကျောင်းမှဦးစီးဖွဲ့သည့် ပင်နီ လူငယ် တပ်ဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့သည်။
၁၉၄၂ ခုနှစ်တွင် အထက်တန်းပညာ သင်ကြား နေစဉ် ဂျပန်ဘာသာပါ လေ့လာသင်ယူပြီး ပုသိမ် မြို့ရှိ ဂျပန် အုပ်ချုပ်ရေးရုံး၌ ဂျပန်စကားပြန် အလုပ်ကို နှစ်လခန့် လုပ်ကိုင်ကာ မိခင်ဖြစ်သူအား တဖက်တလမ်းမှ ဝင်ငွေ ရှာဖွေ ပေးခဲ့သည်။ ထို့နောက် စကားပြန်အလုပ်ကို မနှစ်မြို့၍ ပင်ကိုယ် အမျိုးသားရေးစိတ်ကြောင့်ပင် မိခင်ဖြစ်သူအား အကျိုးအကြောင်း ပြောပြကာ ကိုရင် (သာမဏေ) ဝတ်သည်။ ထို့နောက် လူ ထွက်၍ တပ်မတော်ထဲသို့ ဝင်ရန် ဆုံးဖြတ်ခဲ့သည်။
၁၉၄၃ ခုနှစ် နှစ်ကုန်ခန့်တွင် သူရဦးတင်ဦး သည် အသက် ၁၆ နှစ် ပြည့်အပြီး စစ်ထဲဝင်ရန် အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။ ထို့နောက် ဗဟိုကင်းတပ် (ယခု ပဒုမ္မာကွင်း) တွင် ရှိသည့် ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) တွင် တပ်သား အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၄၄ ခုနှစ် အသက် ၁၇ နှစ် အရွယ်၌ အင်္ဂလိပ် စစ်တန်းလျားဟောင်း (ယခု ရန်ကုန်တိုင်း လွှတ်တော်) နေရာတွင် ဗမာ့တပ်မတော် အချက်ပြတပ်ရင်း၌ ဆက်သွယ်ရေးပညာ သင်ကြားခဲ့သည်။ အချက်ပြ လေ့ကျင့်ရေး တပ်ရင်းတွင် သင်တန်း တက်နေစဉ် မင်္ဂလာဒုံ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်တက္ကသိုလ် တတိယပတ် စစ်သင်တန်း (Third Batch Officer Training School) ၌ ဗိုလ်လောင်းသင်တန်း တက်ခွင့်ရခဲ့သည်။ ယင်းနှစ် နိုဝင်ဘာလ ၁၀ ရက်တွင် တတိယအပတ် ဗိုလ်သင်တန်း ဆင်းအပြီး ဗမာ့ကာကွယ်ရေး တပ်မတော် (BDA) တွင် အလုပ်သင် ပြန်တမ်းဝင် အရာရှိ အဖြစ် ရာထူးခန့်အပ်ခြင်း ခံရသည်။ ဖက်ဆစ်တော်လှန်ရေး တပ်မတော် ပြန်လည် ဖွဲ့စည်းပေးမည့် အစီအစဉ် အရ မျိုးချစ်ဗမာ့တပ်မတော် ဖျက်သိမ်းသည့် အခါ ဇာတိရွာ ပုသိမ်မြို့နယ်၊ ရေကျော်သရက်ကွင်းရွာသို့ ပြန်လာခဲ့ သည်။
၁၉၄၆ ခုနှစ်၌ ကန္ဒီစာချုပ်အရ တပ်ပြန်လည် ဖွဲ့စည်းသည့် အခါ ကန္ဒီစာချုပ်အရ ရွေးချယ်ခန့်အပ် ထားသည့် သတင်း ကြား၍ ပြန်တမ်းဝင် အရာရှိ အဖြစ် (သို့မဟုတ်) အင်္ဂလိပ်ဘုရင့် စစ်တက္ကသိုလ်တွင် ဗိုလ်လောင်း အဖြစ် ကျောင်းတက်ရန် ထောက်ခံထားသည်ကို သိပြီး လျှောက်ထားခဲ့ရာ အရာရှိပေါင်း ၁၅၀ ခန့်အပ်ရာတွင် နောက်ဆုံး ၁၅၀ စာရင်းဖြင့် ပါရှိခဲ့သည်။ အသစ်ပြန်လည် ဖွဲ့စည်းလိုက်သော တပ်မတော်တွင် (ကြည်း/၃၆၅၁) ဒုတိယအဆင့် (Second Lieutenant) ပြန်တမ်းဝင်အရာရှိ အဖြစ် စတင် ခန့်အပ်ခံရသည်။ ထို့နောက် ဗြိတိသျှ စစ်တပ်မှ အရာရှိများ သင်ကြားသည့် အရာရှိ အခြေခံစစ်ပညာ သင်တန်း တက်ရောက်ခွင့် ရရှိခဲ့သည်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဗမာ့သေနတ်ကိုင်တပ်ရင်း ၁ ၌ ဒုဗိုလ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ သည်။ ၁၉၄၇ ခုနှစ် နိုဝင်ဘာလမှ ၁၉၄၈ ခုနှစ် ဇန်နဝါရီလလယ်ထိ စင်ကာပူနိုင်ငံရှိ ဗြိတိသျှအရှေ့ဖျား တပ်များ ဆိုင်ရာ ဌာနချုပ်မှ ဦးစီးဖွင့်လှစ်သည့် တပ်မှူး ငယ်တာဝန် သင်တန်းတွင် တက်ရောက်ခဲ့သည်။
၁၉၄၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် လက်နက်ကိုင်တပ်များ လေ့ကျင့်ညွှန်ကြားရေးမှူးရုံးတွင် ဗိုလ်ကြီး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး၊ ဗိုလ်မှူးကြီး ဗထူး ဦးစီးသည့် တပ်တွင် စစ်မြေပြင် တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။
၁၉၄၉ ခုနှစ် ဇွန်လ ၂၂ ရက်နေ့၌ ဗမာ့ သေနတ်ကိုင် တပ်ရင်း ၁ တွင် တပ်ခွဲမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၅၄-၅၅ ခုနှစ်တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသို့ ကျူးကျော် ဝင်ရောက်လာခဲ့သည့် တရုတ်ဖြူ (ကူမင်တန်) တပ်များကို ရွပ်ရွပ်ချွံချွံ တွန်းလှန် တိုက်ခိုက်ခဲ့သည်။ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော် (ကွယ်လွန်) ဦးစီးသော ရန်ကြီးအောင် စစ်ဆင်ရေးတွင် ထိုင်းနယ်စပ်ရှိ ပေ ၇၀ဝ၀ မြင့်သော လွယ်တွမ်ကြီး တရုတ်ဖြူ (ကူမင်တန်) စခန်းသို့ တက်တိုက်ပြီး ပြည်ထောင်စု နိုင်ငံတော်အလံကို ခဲရာခဲဆစ် စိုက်ထူနိုင်ခဲ့သည်။ ယင်းသို့ တိုက်ထုတ်နိုင်မှုကြောင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ဦးတင်ဦးအား သီဟသူရဘွဲ့ ပေးအပ်ရန် ထောက်ခံ အဆိုပြုခဲ့သော်လည်း သူရဘွဲ့သာ ပေးအပ် ချီးမြှင့်ခြင်း ခံခဲ့ရသည်။
၁၉၅၄-၅၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ဒုဗိုလ်မှူးကြီး ရာထူးသို့ တိုးမြှင့်ခြင်း ခံခဲ့ရသည်။
၁၉၅၆ ခုနှစ် ရှမ်းပြည်၊ တောင်ကြီး၊ လွမ်လင် မြို့၌ သူရဦးတင်ဦးသည် တပ်ရင်းမှူး အဖြစ် တာဝန် ကျသည်။
၁၉၅၇ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တပ်မတော်ကြည်း ဗိုလ်သင်တန်းကျောင


Filed under: သူ့အကြောင်း
↧

ဒေါ်အောင်ဆန်းစုကြည် သမ္မတအထက်ကနေ ညွှန်ကြား သွားမယ်ဆိုတဲ့အပေါ် ဦးကိုနီ ဖြေရှင်းချက်

$
0
0

image

တစ်ကယ်တော့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေခံဥပဒေဟာ အစစ်အမှန်သမ္မတအုပ်ချုပ်ရေးစနစ်မဟုတ်သေးဘူး။ အစစ်အမှန်သမ္မတအုပ်ချုပ်ရေးစနစ်ဆိုတာ သမ္မတကိုပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ပြီး အုပ်ချုပ်ရေးနှင့်ဆိုင်သမျှအာဏာအားလုံးကို အပြီးအပြတ်အပ်ရတယ်။ အဲဒီအခါကြတော့ သမ္မတဟာသူ့ရဲ့ အထက်မှာဘယ်သူမှမရှိတော့ဘူး။ အုပ်ချုပ်ရေးမှာသူကအကြီးဆုံးပဲ။ သူ့ကိုတစ်ယောက်ယောက်က ညွှန်ကြားလို့မရတော့ဘူး။ ဒါက သမ္မတအုပ်ချုပ်ရေးစနစ် အစစ်အမှန်ဆိုလျှင်တော့မှန်တယ်။ သို့သော် ကျွန်တော်တို့ရဲ့ လက်ရှိသမ္မတအုပ်ချုပ်ရေးစနစ်က သမ္မတ ကို ပြည်သူလူထုက တိုက်ရိုက်မရွေးဘူး။ ပြည်သူလူထုက ပြည်သူ့လွှတ်တော်ကိုရွေးတယ်။ အမျိုးသားလွှတ်တော်ကိုရွေးတယ်။ နှစ်ရပ်ပေါင်းလိုက်တော့ ပြည်ထောင်စုလွှတ်တော်ဖြစ်လာတယ်။ အဲ့တော့ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်မင်းတွေကနေပြီးတော့ နိုင်ငံတော်သမ္မတကို ရွေးကောက်ပြီးတာဝန်ပေးတာဖြစ်တယ်။ အဲ့တော့ နာမည်သာသမ္မတဖြစ်ပေမဲ့လို့ သူ့ကိုရွေးချယ်ထားတာ ပါလီမာန်ကနေ ရွေးချယ်ထားတာ။ လွှတ်တော်က ရွေးချယ်ခန့်ထားတဲ့ သမ္မတဖြစ်တဲ့အတွက် သူဟာလွှတ်တော်ရဲ့ အောက်မှာရှိနေတယ်…။
#ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၀၃)မှာ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမည်လို့ ရှင်းရှင်းလင်းလင်းကို ရေးသားထားပါတယ်။
ဒီအဓိပ္ပါယ်က သမ္မတဟာ လုပ်ချင်တာလုပ်မရဘူး ပြည်ထောင်စုလွှတ်တော်က ခန့်ထားသည့်အတွက် သမ္မတသည် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံပြီးအလုပ်လုပ်ရမည်ဆိုတဲ့ အဓိပ္ပါယ်ပါ။ အဲ့တော့ကောင်းပြီ ဒီစကားလုံးကိုပဲကောက်ပြီး ကျွန်တော်တို့ပြန်စဉ်းစားလိုက်လျှင် ပြည်ထောင်စုလွှတ်တော်ဆိုတာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတာ။ အဲ့တော့ ပါတီအနေနှင့်ပြောရလျှင် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ပါတီတွေထဲကနေပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြည်သူလူထုကနေ အများဆုံးအမတ်တွေကိုရွေးပြီးတော့မှ လွှတ်တော်ကိုပို့လိုက်တယ်။ အဲ့တော့ တစ်နည်းအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်တဲ့သမ္မတဖြစ်တဲ့အတွက် ဒီသမ္မတဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ချမှတ်တဲ့ မူဝါဒတွေ လမ်းစဉ်တွေကို အကောင်အထည်ဖော်ရမည့် လူပုဂ္ဂိုသာဖြစ်တယ်။ လွှတ်တော်ဆိုတာ ပါတီကနေပေါ်လာတာဖြစ်သည့်အတွက် ပါတီရဲ့ခေါင်းဆောင်သည် အမြဲတမ်းအရေးကြီးတဲ့နေရာမှာ ရှိနေမည်။
ဘာဖြစ်လို့တုန်းဆိုတော့ ဒီမေးခွန်းကအရေးကြီးပါတယ်။ ပါတီခေါင်းဆောင်ဟာ တိုင်းပြည်ကို သူကတာဝန်ခံရမည့်သူ ဖြစ်နေတယ်။ ဒီမိုကရေစီကိုဖော်ဆောင်မည့် တကယ့်ပြည်သူလူထုကို အေးချမ်းသာယာတဲ့ အနေအထားတစ်ခုကို ထားရှိမယ်ဆိုတဲ့ကတိကဝတ်နဲ့ တက်လာတာ။ ဒီကတိကိုပေးထားတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ပေးထားတာ။ အဲ့တော့ ဒီကတိကို သူကတာဝန်ခံရတော့မယ် ပြည်သူလူထုအပေါ်မှာ။
ဒီလိုဆိုလျှင် သူ့ကိုကျွန်တော်တို့က လုပ်ပိုင်ခွင့်တွေလဲပေးရတော့မည်။ ပြည်သူလူထုအပေါ်မှာ တာဝန်ခံရတော့မည့် ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတကို လိုအပ်သလို သူကညွှန်ကြားတာတို့ ထိန်းကြောင်းပေးတာတို့ ဒါတွေကရှိမှာပဲ။ ဒါ့ကြောင့်မို့ သမ္မတရဲ့အထက်မှာ ဒေါ်အောင်ဆန်းစုကြည်ကရှိမည်ဆိုသောအချက်ဟာ ဥပဒေနှင့်ဆန့်ကျင်သောပြောစကား မဟုတ်ပါဘူး။ အင်မတန်ကိုမှန်တယ်။ သူကပကတိအမှန်တရားကိုပြောလိုက်တာပါ။


Filed under: ဥပဒေ, ပေါ်လစီ
↧
↧

သမ္မတအိုဘားမားမလေးရှားသို့ ရောက်ရှိပြီး ပထမဆုံး လုပ်ခဲ့သည့် လူငယ် တွေ့ဆုံပွဲ၌ မြန်မာ့ ရွေးကောက်ပွဲ ဒီမိုကရေစီ ကို ဦးတည် ဟု ဆို

$
0
0

သမ္မတ အိုဘားမား မလေးရှားသို့ ရောက်ရှိပြီး ပထမဆုံး လုပ်ခဲ့သည့် လူငယ်တွေ့ဆုံပွဲ၌   မြန်မာ့ရွေးကောက်ပွဲသည် ဒီမိုကရက်တစ်နိုင်ငံ ဖြစ်လာရန် အစပြုခြင်းဟု သတင်းစကားပြောဆို

၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက် ရန် မလေးရှားနိုင်ငံသို့ အမေရိကန် သမ္မတ အိုဘားမား ရောက်ရှိပြီး ပထမဆုံး   ပြုလုပ်သည့် လူငယ် တွေ့ဆုံပွဲ၌ မြန်မာ့ရွေးကောက်ပွဲသည် ဒီမိုကရက် တစ်နိုင်ငံ ဖြစ်လာရန် အစပြုခြင်းဖြစ်သည်ဟု သတင်းစကား ပြောဆိုခဲ့ပါသည်။

သမ္မတ အိုဘားမားသည် နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းတွင် မလေးရှားသို့ ရောက်ရှိခဲ့ပြီး နာရီပိုင်း အတွင်းမှာပင် YSEALI (Young Southeast Asian Leaders Intiative) အစီအစဉ် လူငယ်တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာ့ရွေးကောက်ပွဲနှင့် ပတ်သက်သော မှတ်ချက်ကို ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။

“ဒီနှစ်အတွင်းမှာပဲ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး စီးပွားရေး တိုးတက်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်ဆီးပေးဖို့က စပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို မြှင့်တင်ဖို့ ကြိုးစားခဲ့ပါတယ်။
အားလုံးကို အထူးသဖြင့် မကြာခင်ကပဲ သမိုင်းဝင် ရွေးကောက်ပွဲကို ကျင်းပပြီးခဲ့တဲ့ မြန်မာလူမျိုးတွေ ကို ပြောချင်တာကတော့ ဒါဟာ နိုင်ငံရေး အပြောင်းအလဲမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပြီး ပိုပြီး ငြိမ်းချမ်းတည်ငြိမ်တဲ့ ဒီမိုကရက်တစ် နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ အစ ပြုခြင်းပါပဲ”ဟု သမ္မတ အိုဘားမားက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အစိုးရချင်း ဆက်ဆံရေးနှင့် ကုန်သွယ်မှု သဘောတူညီချက်များကို အမြဲလုပ်နေမည်   ဖြစ်သော်လည်း လူတိုင်း အခွင့်အလမ်း ရရှိရန်လည်း လုပ်ဆောင်သွားမည်ဟု သမ္မတ အိုဘားမား က ပြောပါသည်။

“အစိုးရချင်း ဆက်ဆံရေးနဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေကတော့ အမြဲပဲ လုပ်နေမှာပါ။ ကျွန်တော်တို့ဟာ စီးပွားရေးကိစ္စနဲ့ ပတ်သက်ရင် အောက်ကနေ အထက်ကို ချဉ်းကပ်ရမှာပါ။ အထက်ကနေ အောက်ကို သွားရမှာ မဟုတ်ပါဘူး။ အချမ်းသာဆုံး၊ သြဇာ ရှိသူတွေကိုသာမကဘဲ သာမန်လူတွေကိုပါ ထည့်စဉ်းစားရပါမယ်။ အားလုံးကို အခွင့်အလမ်းတွေ ပေးရမှာပါ။ လူချင်း ဆက်ဆံရေး၊ အရှေ့တောင်အာရှနဲ့ အမေရိကန်က လူငယ်တွေ အချင်းချင်း ဆက်ဆံရေးက အရေးကြီးပါတယ်”ဟု သမ္မတ အိုဘားမားက ပြောကြားခဲ့သည်။

သမ္မတ အိုဘားမားက လူငယ်များအား မိန့်ခွန်း ပြောကြားပြီးနောက် အမေးအဖြေ အစီအစဉ်ကို စတင်ခဲ့ရာ မြန်မာလူငယ်တစ်ဦးအား သမ္မတ အိုဘားမားကိုယ်တိုင် ဖိတ်ခေါ်ခဲ့ပြီး အတွေ့အကြုံ များကို ပြောကြားစေခဲ့သည်။ သမ္မတ အိုဘားမား ဖိတ်ခေါ်ခဲ့သည့် လူငယ်မှာ    Myanmar Knowledge Society မဂ္ဂဇင်း အယ်ဒီတာ တစ်ဦး ဖြစ်ပြီး ၎င်းက မြန်မာ့နိုင်ငံရေး တိုးတက်မှု   ဖြစ်စဉ်ကို ပြောကြားခဲ့ပါသည်။

ပုံမှန်အားဖြင့် သမ္မတ အိုဘားမား၏ အာဆီယံ လူငယ်ဆိုင်ရာ တွေ့ဆုံပွဲများတွင် အိမ်ရှင်နိုင်ငံမှ ကိုယ်စားပြုသူများကို ဦးစားပေးခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ မြန်မာကိုယ်စားပြု လူငယ်ကို ဦးစားပေးခဲ့ပြီး အိမ်ရှင် မလေးရှားနိုင်ငံမှ လူငယ်ကို ဒုတိယမြောက် ပြောကြားစေသူအဖြစ် ဖိတ်ခေါ်ခဲ့ပါသည်။

သမ္မတ အိုဘားမား၏ လူငယ်တွေ့ဆုံပွဲတွင် မေးခွန်းများကို ပြန်လည် ဖြေကြားရာ၌ မြန်မာနိုင်ငံ ကို သာဓက ပြဆိုခြင်းအား လေးကြိမ်ထက်မနည်း သုံးစွဲခဲ့ပြီး မြန်မာနိုင်ငံတွင် တိုင်းရင်းသားများ၊ လူနည်းစု ပြဿနာများ ရှိနေခြင်းက လက်ရှိအချိန်တွင် မြန်မာအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေကြောင်း လည်း ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် စစ်အာဏာရှင် စနစ်မှာ ဒီမိုကရက်တစ် နိုင်ငံအဖြစ် သို့   ကူးပြောင်းရန် ကြိုးစားသည့်နိုင်ငံများကို ပြောဆိုရာတွင်လည်း အင်ဒိုနီးရှားနှင့်    မြန်မာနိုင်ငံကို   ဥပမာပေး၍ ပြောဆိုခဲ့ပါသည်။


Filed under: သတင်းများ, ရွေးကောက်ပွဲ, General
↧

NLD ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်

↧

တစ်ပတ်ကို တစ်ကြိမ်သာ ချစ်တင်းနှောတဲ့ စုံတွဲတွေဟာ အပျော်ရွှင်ရဆုံးသူတွေဖြစ်

$
0
0

Friday, November 20, 2015

ချစ်တင်းနှောတာဟာ လူအများစုကို ပျော်ရွှင်စေတယ်ဆိုပေမယ့် ဆုံးစမရှိတဲ့ ချစ်တင်းနှောခြင်းတွေ ကတော့ Relationship တစ်ခုကို ပျော်စရာကောင်းဖို့အတွက် မရှိမဖြစ်လိုအပ်တာတော့ မဟုတ်ပါ ဘူး။ ပြီးခဲ့တဲ့ ၁၀စုနှစ် လေးခုစာလောက် အချိန်ယူခဲ့တဲ့ လေ့လာမှု သုံးခုအရ စုံတွဲအများစုအတွက်တော့ တစ်ပတ်မှာတစ်ကြိမ်ဆိုရင် လုံလောက်ပါသတဲ့။

University of Toronto-Mississauga က သုတေသီတွေက အသက်အရွယ်၊ အိမ်ထောင်၊ရည်းစားသက်တမ်းတွေကို မကြည့်ဘဲ တစ်ပတ်မှာတစ်ကြိမ် ချစ်တင်းနှောကြတဲ့ အမျိုးသားအမျိုးသမီးတွေကို ရှာဖွေလေ့လာခဲ့ကြတာဖြစ်ပါတယ်။

လူမှုရေးစိတ်ပညာပါမောက္ခ Amy Muise က “ ကျွန်မတို့လေ့လာတွေ့ရှိချက်အရ ကိုယ်ရဲ့အဖော်နဲ့ ချစ်ခင်ကြင်နာ တဲ့ဆက်သွယ်မှုကို ထိန်းသိမ်းထားနိုင်ဖို့က အရေးကြီးတယ်ဆိုတာကို သိရပါတယ်။ ဒါပေမယ့် ဒီလိုကြင်ကြင်နာနာဆက်ဆံတတ်ကြတယ်ဆိုရင်တော့ နေ့စဉ်နေ့တိုင်း ချစ်တင်းနှောနေဖို့ မလိုအပ်ဘူးဆိုတာပါပဲ။ပျော်ရွှင်မှုအတိုင်းအတာဟာ ဒီလိုလိင်ကိစ္စနဲ့လည်း ဆက်စပ်မှုရှိပြီး ကိုယ့် အဖော် နဲ့ကိုယ်နဲ့ကြားမှာ ဘ၀နဲ့ပတ်သက်ပြီး လိုအပ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေနဲ့ စိတ်ကြေနပ်မှုတွေ အားလုံးကို ဆက်သွယ်ဝေမျှကြဖို့က အဓိကသော့ချက်ပါပဲ။” လို့ ဆိုပါတယ်။

“လူတွေက တစ်ခါတစ်လေကျ ငွေကြေးပိုပြည့်စုံပြီး လိင်ကိစ္စပိုများလေ ပိုပျော်စရာကောင်းလေလို့ ထင်နေကြတာ။ ဒါပေမယ့် ဒါဟာ တကယ့်အချက်မဟုတ်ပါဘူး။ အဓိကက ကိုယ့်ရဲ့အဖော်ဖြစ်သူနဲ့  ကြည်နူးစရာဆက်သွယ်မှုတွေရှိပြီး ဖိအားတွေအများကြီးမပါတဲ့ ချစ်တင်းနှောခြင်းကသာ အရေးပါ တာဖြစ်ပါတယ်” လို့ သူက ရှင်းလင်းပြောကြားသွားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi


Filed under: ကျန်းမာရေး, General
↧
↧

Obama and U.N. Just Passed ‘Agenda 21 On Steroids,’ and No One Noticed

$
0
0
by Elle – Nov 19, 2015
GovernmentSlaves.Info

(Tara Dodrill)  While the mainstream media has ignored the freedom-infringing nature of Agenda 21, the world’s leaders and the United States have passed another “biodiversity” plan which many are calling the current program’s “evil twin.”

The newest program is calledAgenda 2030 for Sustainable Development, and it was passed this fall by United Nations members with barely a mention on any mass media outlet. The Heartland Institute think tank calls it a “rebooting” of Agenda 21, and it has the full support of the Obama administration.

“2015 is a pivotal year for global development,” the White House said in a statement. “The adoption of the 2030 Agenda, which sets out a global development vision and priorities for the next 15 years, captures the hopes and ambitions of people around the globe for meaningful change and progress, including here in the United States.”

The Heartland Institute even calls Agenda 2030 “Agenda 21 on steroids,” and the document itself seems to acknowledge that.

“This is an Agenda of unprecedented scope and significance,” the Agenda 2030 preamble states. “It is accepted by all countries and is applicable to all, taking into account different national realities, capacities and levels of development and respecting national policies and priorities.”

Agenda 2030 has 17 goals, some of which may seem innocent on the surface but which, once implemented, will erode liberty, said Tom DeWeese of the American Policy Center. For example, the first goal is to end poverty everywhere.

“The only answer the plan offers for eliminating poverty is redistribution of wealth,” DeWeese wrote at AmericanPolicy.org. “The document calls for ‘equal rights to economic resources.’ That means government is claiming an absolute power to take away anything that belongs to you to give to whomever it deems more deserving.”

Another goal is to “make cities and human settlements inclusive, safe, resilient and sustainable.”

“This is Smart Growth which promises a utopia of families and neighbors playing and working together, riding bikes, walking to work in stress free communities,” DeWeese wrote. “It really means the end of private property rights, single family homes, and stack and pack high rises where residents are over taxed, over regulated, rents are high and individual thoughts and actions are viewed as a threat to the “well-ordered society.”

Sustainable development, the preamble says, is the primary goal.

“All countries and all stakeholders, acting in collaborative partnership, will implement this plan,” it reads. “… We are determined to take the bold and transformative steps which are urgently needed to shift the world onto a sustainable and resilient path. As we embark on this collective journey, we pledge that no one will be left behind.”

Agenda 21 was launched in 1992, with the United States government a signatory to the “voluntary, non-binding” action plan.

“While Agenda 21 focused mainly on the environment, Agenda 2030 encompasses far more and is touted to be the ‘new universal agenda’ for humanity,” Nancy Thorner and Bonnie O’Neil of the Heartland Institute and the Illinois Review wrote. “It professes to be an altruistic plan that will benefit future generations. The reality, however, is that U.N. Agenda 2030 will rob individuals of most every freedom through its imposed mandates.”

They added that “American citizens need to wake up to the fact that their American sovereignty is being challenged by the United Nations.”

The Agenda 2030 plan clearly states that it is a “new universal agenda” for all of humanity.

Even though the phrase “Agenda 21” remains largely unfamiliar to the vast majority of Americans, its dictates are already impacting their lives. More than 500 cities and towns across the country have passed some version of the global biodiversity plan as enacted by the United Nations.

+++

ZenGardner.com


Filed under: General
↧

ကျောက်ကပ်ရောဂါမဖြစ်ပွားမီ  ကြိုတင်သိရှိနိုင်ဖွယ် ရှိသော နည်းလမ်းကို တွေ့ရှိ

$
0
0
နယူးယောက်၊

လေ့လာတွေ့ရှိချက်အသစ်အရ သွေးကိုစမ်းသပ်ခြင်းဖြင့် ကျောက်ကပ်ပျက်စီးမှုရောဂါများကို ရောဂါ မဖြစ်ပွားမီ ငါးနှစ်မှစတင်ကာ သိရှိ နိုင်ဖွယ်ရှိကြောင်း သိရသည်။

သုတေသီများသည် CKD (cardiovascular disease) တွင် ပါဝင်သော ကိုလက်စထရော ပါဝင်မှုကို နှိုင်းယှဉ်လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။ အဆိုပါရောဂါသည် အမေရိကန်ပြည်ထောင်စု တွင် လူဦးရေ ၁၅ ရာခိုင်နှုန်းမှာ ခံစားနေကြရပြီး နှစ်စဉ် လူဦးရေ ၄၇ဝဝဝ ခန့် သေဆုံးလျက်ရှိသည်။ လူအများစုသည် ၎င်းတို့၏ ကျောက်ကပ်ရောဂါအခြေ အနေနှင့်ရောဂါကျွမ်းမှုကို မသိရှိကြ ပေ။ နာတာရှည် ကျောက်ကပ်ရောဂါ လက္ခဏာဖြစ်သော ဆီးတွင်သွေးပါ ခြင်း၊ ခြေ လက်ဖော   ရောင်ခြင်းနှင့် ရေငတ်ခြင်းတို့သည် ကျောက်ကပ် ပျက်စီးမှုအခြေအနေ ဆိုးရွားမှသာ ပြသော လက္ခဏာများ ဖြစ်သည်။

ကျောက်ကပ်ရောဂါဖြစ်ပွားမှု ကို ကြိုတင်စမ်းသပ်ရာတွင် သွေး အတွင်းမှ ခရစ်တင်နင်းပါဝင်မှုနှင့် ဆီးအတွင်းမှ ပရိုတင်းပါဝင်မှုတို့ကို နှိုင်းယှဉ်လေ့လာရန်လိုအပ်ပြီး ယင်း သို့လေ့လာခြင်းဖြင့် ဆရာဝန်များ ကို ရောဂါအခြေအနေ စစ်ဆေးရာ တွင် အထောက်အကူဖြစ်စေသည်ဟုသိရသည်။ သို့သော် ကျောက်ကပ် ပျက်စီးမှုရောဂါများအတွက် ရောဂါ မဖြစ်ပွားမီ အချိန်ဆောလျင်စွာ သိရှိ ရန်နှင့် ရောဂါအန္တရာယ်ကို ကြိုတင် ခန့်မှန်းရာတွင် အနည်းငယ် အခက် အခဲများရှိနေသေးကြောင်း သိရ သည်။ သို့သော် ယခုတွေ့ရှိချက်ကို လက်တွေ့စမ်းသပ်ရာတွင် အနည်း ငယ် လိုအပ်ချက် ရှိနေသေးသော် လည်း အနာဂတ်တွင် ကျောက်ကပ် ရောဂါကို ကြိုတင်သိရှိနိုင်မှုအတွက် အရေးပါသော တွေ့ရှိမှုဖြစ်သည်ဟု သုတေသီများက ဆိုသည်။

သုတေသီများသည် ၎င်းတို့၏ တွေ့ရှိချက်ကို လူပေါင်း ၂၂၉၂ ဦး နှင့်စမ်းသပ်မှုပြုလုပ်ခဲ့ရာတွင် သွေး အတွင်း ခရစ်တင်နင်း ပါဝင်မှုမြင့် မားနေသော ရာခိုင်နှုန်း ၄ဝ သည် ကျောက်ကပ်ရောဂါဖြစ်ပွား   နေကြောင်း ပြသခြင်းမရှိသော်လည်း နောက် ငါးနှစ်အကြာတွင် ကျောက်ကပ်ရော ဂါဖြစ်ပွားနေ သည်ကို တွေ့ရှိခဲ့သည်။ စမ်းသပ်ခံသူများမှာ အသက် ၆၃ နှစ် ၆၅ နှစ်အရွယ် ရှိသူများဖြစ်ကြပြီး စမ်းသပ်မှုကို ၂ဝဝ၃ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်တို့တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယင်းတွေ့ရှိမှုသည် ဆေးဘက် ဆိုင်ရာသုတေသီများကို ကျောက်ကပ် ရောဂါဝေဒနာရှင် များ ရောဂါ မဖြစ်ပွားမှုကြိုတင်သိရှိနိုင်စေရန် လမ်းစတစ်ခု ဖြစ်စေခဲ့သည်။

Ref: UPI


Filed under: ကျန်းမာရေး
↧

မျက်စိအမြင်အာရုံ ချို့ယွင်းစေသော အကြောင်းများ

$
0
0

ပေါက်ပေါက်

မျက်စိရောဂါနှင့်ကမ္ဘာ

ကမ္ဘာပေါ်တွင် မျက်စိကွယ်သူနဲ့အ မြင်အာရုံချို့ယွင်းသူများမှာ ၂ဝ၁၅ခုနှစ် စက်တင်ဘာလ ကုန်အထိ ၂၈၅သန်း ခန့်ရှိနေကြပြီး ၎င်းအမြင် အာရုံချို့ယွင်းသူများ၏ ရာခိုင်နှုန်း၈ဝမှာ ကာ ကွယ်ကုသ၍ ရနိုင်သော အခြေအနေကောင်း များရှိနေကြောင်း သိရပါတယ်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ဝင်နိုင်ငံများအားလုံးက နှစ်စဉ် အောက် တိုဘာလ၏ ဒုတိယရက်သတ္တပတ် ကြာသပ တေးနေ့ ကိုကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ (World Sight Day)အဖြစ် သက္ကရာဇ်၂ဝဝဝ   ပြည့်နှစ်မှစ၍ ကျင်းပလာခဲ့ကြပါတယ်။

မျက်စိရောဂါနှင့်မြန်မာပြည်

မြန်မာနိုင်ငံတွင် အမျိုးသားအမြင်သန် စွမ်းရေး(Vision 2020) အစီအစဉ်ကို သက္က ရာဇ်၂ဝဝဝ ပြည့်နှစ် အောက်တိုဘာ ၁ဝရက် နေ့မှစတင်၍ အကောင်အထည်ဖော်စတင်ခဲ့ ပါတယ်။ ၂ဝ၁၅ခုနှစ် အောက်တိုဘာလအထိ လေ့လာဆန်းစစ်မှုမှတ်တမ်းများအရ မြန်မာ နိုင်ငံတွင် လူဦးရေ ၅၂သန်းခန့်ရှိရာ ၎င်းတို့ အနက် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်စား သောက်နိုင်စွမ်း မရှိလောက်   အောင်   မျက်စိအ မြင်အာရုံချို့ ယွင်းနေသူဦးရေမှာ ဝ ဒသမ ၆ ရာခိုင်နှုန်းကျော်ရှိနေကြောင်း သိရပါတယ်။

မျက်စိအမြင်အာရုံချို့ယွင်းစေသောအကြောင်းများ

မျက်စိရောဂါအမျိုးမျိုး၊ မတော်တဆထိ ခိုက်မိခြင်း(သို့)လုပ်ငန်းခွင်မှထိခိုက်မှုအန္တရာယ်၊ အာဟာရ ချို့တဲ့ခြင်း၊ ဆီးချို(သို့) သွေးတိုး (သို့) ကျောက်ကပ်ရောဂါတို့အတွက် သုံးစွဲလျက် ရှိသော ပဋိဇီဝ   ဆေးဝါး များ၏ ဘေးထွက်ဆိုး ကျိုးများ စသည်တို့ကြောင့် အမြင်အာရုံပျက် စီးနိုင်သလို မျက်စိကို အလွန်အကျွံသုံး၍ ဂိမ်း ဆော့ခြင်း၊ ကွန်ပျူတာကြည့်ခြင်း၊ ဖုန်းကစား ခြင်း၊ စာကြည့်ခြင်း၊   နေရောင်ခြည်အောက် ဦး ထုပ်၊ ထီး၊ နေကာမျက်မှန် စသဖြင့် အကာ အကွယ်မပါဘဲသွား လာခြင်း၊ ဆေးလိပ်အရက် သောက်ခြင်း၊ အသားမှုန့်များနှင့် အချိုမှုန့်ကဲ့ သို့ ဓာတုပစ္စည်းများကို စားသောက်ခြင်းတို့က လည်း မျက်စိချို့ယွင်းစေတဲ့အကြောင်းတရား များပါပဲ။

(၁) မျက်စိအတွင်းတိမ်ရောဂါ

အသက်အရွယ်ကြီးသူတွေမှာ အဖြစ်များ ပါတယ်။ အတွင်းတိမ်ရောဂါ၏ လက္ခဏာများ မှာ- မျက်စိအမြင်တဖြည်းဖြည်းမှုန်ဝါးလာခြင်း၊ မျက်စိသူငယ်အိမ်နေရာတွင် ဖြူနေခြင်း၊ နီ ရဲခြင်းမရှိဘဲ နာကျင်ကိုက်ခဲခြင်း၊ မျက်မှန်ပါဝါ အနီးကြည့်၊ အဝေးကြည့်အားလုံးအဆင်မပြေ တော့ဘဲ မကြာခဏ မျက်စိစမ်းသပ်၍ မျက် မှန်ပါဝါပြောင်းလဲနေရခြင်း၊ မျက်စိအမြင်တစ် ဖက်နဲ့တစ်ဖက်မတူညီဘဲ ပုံရိပ်များထပ်ခြင်း (သို့)ကြည်လင်မှုမရှိခြင်းတို့ဖြစ်ပါတယ်။ အ တွင်းတိမ်ရောဂါအတွက် မျက်စိကိုခွဲစိတ်ပြီး မျက်တွင်းမှန်(IOL)ထည့်ခြင်းဖြင့် ပကတိအ တိုင်း အမြင်အာရုံကြည်လင်စေ မှာဖြစ်သလို Phaco Machine ဖြင့် အတွင်းတိမ်ကိုချေ၍ ခွဲစိတ်ကုသနည်းဖြင့်လည်း ကုသနိုင် ပါတယ်။

အတွင်းတိမ်ရောဂါအတွက် ဓာတ်စာများ မှာ (က)သဘေင်ာ်သီးထဲတွင်ပါရှိသော rho-dopsin (ခေါ်) ဗီတာမင်အေဓာတ်ပေါင်းစု နှင့်ဗီတာမင်စီတို့က မျက်စိသွေးလည်ပတ်မှု ကိုအထောက် အကူပြုပေးသဖြင့် အမြင်အာ ရုံတိုးတက်ပြီး မျက်စိအားကောင်းစေကာ ကြက် မျက်သင့်ရောဂါ၊ အတွင်းတိမ်နှင့် အသက်အ ရွယ်ကြီးရင့်၍မျက်စိကွယ်ခြင်းတို့ကိုကာကွယ် ပေးပါတယ်။ (ခ) ကွမ်းရွက်က အတွင်းတိမ်၊ ဒဏ်တိမ်ရောဂါတို့ပျောက်ကင်းနိုင်ပါတယ်။ ကွမ်းရွက်ကိုဒဂင်ါ်းပြားစေ့ခန့် အဝိုင်းပြုလုပ်၍ ကပ်ပါ (သို့) ကွမ်းရွက်တစ်ရွက်လုံးကို မျက်စိအ ရွယ်အပေါက်ဖောက်၍လည်းကပ်နိုင် ပါတယ်။ (ဂ) ပင်စိမ်းရွက်ထဲမှာ ဖလေဗိုနွိုက်ဒြပ်ပေါင်း ပါရှိ၍ သက်ကြီးပိုင်းအမြင်အာရုံချို့ယွင်းခြင်း၊ အတွင်းတိမ်နှင့်မျက်စိအာရုံခံလွှာသို့ ခရမ်း လွန်ရောင်ခြည်ကျရောက်ခြင်းမှ ကာကွယ်ပေး နိုင်ပါတယ်။ မွေးရာပါမျက်စိမှုန်ခြင်း၊ မျက်စိ အောင့်ခြင်း၊ စူးခြင်း၊ ကိုက်ခဲခြင်းများအတွက် နေ့စဉ် ပင်စိမ်းရွက် ငါးရွက်ခန့်စားပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။ (ဃ) နိုင်ငံတကာ စိုက်ပျိုးရေးသုတေသနပညာရှင် အဖွဲ့၏မှတ်တမ်းများအရ ပြောင်းဖူးဟာ အ သက်ကြီး၍အမြင် အာရုံခံလွှာ ပျက်စီးခြင်းနှင့် အတွင်းတိမ်ရောဂါတို့ကို ကာကွယ်ပေးနိုင် ကြောင်း၊ မွေးရာပါကလေးများ မျက်စိကွယ် ခြင်းကိုတားဆီးနိုင်ကြောင်း အကြံပြုထားပါ တယ်။ (င) တိမ်ဂမုန်းပင်(ခေါ်) ဂမုန်းတိမ်ပြာ က မျက်စိအတွင်းတိမ်ရောဂါအတွက် လွန် စွာဆေးဖက်ဝင်ပါတယ်။ တိမ်ဂမုန်းပင်၏ဥ ကို တူးယူ၍   နေရိပ်တွင်အခြောက်လှန်းပြီး အ မှုန့်ကြိတ်ပါ။ ၎င်းအမှုန့်ကို ပျားရည်ဖြင့်ရော ၍ မန်ကျည်းစေ့ခန့် အရွယ်လုံးထားကာ ည စဉ် တစ်လုံးစီသောက်ပါ။ ၎င်းအမှုန့်ကို မကြာ ခဏရှူပေးပါ။ ၎င်းအမှုန့်ကို အဝတ်သန့်သန့် တွင်ထည့်၍ မျက်စိပေါ်ကို ၁ဝမိနစ်ခန့်အုပ် ထားပါ။ တိမ်ဂမုန်း၏ဥကိုပြုတ်၍ ၎င်းပြုတ် ရည်ဖြင့်မျက်နှာသစ်ပါ။ မျက်စိကိုဆေးကြော ပေးပါ။ (စ)တစ်ကြိမ်ကို မိနစ် ၄ဝခန့်၊ တစ် ပတ်ကိုလေး ကြိမ် လမ်းလျှောက်လေ့ကျင့်ခန်း လုပ်ပါ။ ဤနည်းက မျက်စိအတွင်းဖိအားတွေ   လျှော့ ချနိုင်ပြီး အတွင်းတိမ်မဖြစ်အောင် ကာ ကွယ်ပေးနိုင်ပါတယ်။ (ဆ)ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ် သောက်ခြင်းကြောင့် အတွင်းတိမ် စွဲရောဂါဖြစ်စေနိုင်ပါတယ်။

(၂)မျက်စိရေတိမ်ရောဂါ

ရေတိမ်ရောဂါမှာ (၁)ထောင့်ကျဉ်းရေ တိမ်နှင့်(၂)ထောင့်ကျယ်ရေတိမ်ဟူ၍ နှစ်မျိုး ရှိပါတယ်။ (၁)ထောင့်ကျဉ်းရေတိမ်၏လက္ခ ဏာများမှာ-မျက်စိကိုက်ခြင်း၊ မျက်စိနီခြင်း၊ အမြင်အားရုတ်တရက် မှုန်သွားခြင်း၊ မီးအိမ် မီးလုံးများကြည့်ပါက သက်တံ့ရောင်အဝိုင်းများ မြင်ရခြင်း၊ မျက်စိသူငယ်အိမ် ကျယ်နေခြင်းတို့ ဖြစ်ပြီး မျက်စိအတွင်းရေဖိအားများလာ၍ မျက် စိအာရုံကြောပျက်စီးနိုင်သဖြင့် မပေါ့ဆသင့် ပါဘူး။ (၂) ထောင့်ကျယ်ရေတိမ်၏လက္ခဏာ များမှာ မျက်စိအမြင်တဖြည်းဖြည်း မှုန်လာခြင်း၊ အမြင်တစ်ဖက်နှင့်တစ်ဖက်မတူညီခြင်း၊ မျက် စိမြင်ကွင်းကျဉ်းလာခြင်း၊ မိမိ၏တစ်ဖက်တွင်ရှိ သောအရာဝတ္ထုပစ္စည်းများကိုမမြင်ရတော့ဘဲ ခလုတ်တိုက်ထိခိုက်မိခြင်း တို့ဖြစ်ပါတယ်။

မျက်စိရေတိမ်ရောဂါအတွက် ဓာတ်စာ များမှာ (က)ကန်စွန်းရွက်စားသုံးပေးခြင်းဖြင့် သက်ကြီးပိုင်း အမြင်အာရုံချို့တဲ့ခြင်း၊ မျက်ရည် ပူကျခြင်း၊ မျက်စိကွယ်ခြင်းနှင့်ရေတိမ်ရောဂါ တို့ကိုကာကွယ်နိုင်   ကြောင်း အမေရိကန်ဆေး သိပ္ပံပညာရှင်များက အကြံပြုထားပါတယ်။ (ခ) မင်းကွတ်သီးစားပါ။ (ဂ) flavonoids ပါသော စပျစ်သီးကိုမှန်မှန်စားပေးခြင်းဖြင့် မျက်စိအတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါနှင့် အသက်အရွယ်ကြီးချိန်တွင် ဖြစ်လေ့ရှိသော အစက်အပြောက်များပေါ်ကာ အမြင်အာရုံချို့ ယွင်းမှုများ ကို ၃၆ ရာခိုင်နှုန်းကျော်လျော့ပါး သက်သာစေပါတယ်။ (ဃ) နနွင်းမှုန့်စစ်စစ်ကို နေ့စဉ် လက်ဖက် ရည်ဇွန်း   လေးပုံတစ်ပုံလောက် သောက်ပေးခြင်းက ရေတိမ်စွဲခြင်းကိုမဆိုးရွား လာအောင် ထိန်း ထားပေးနိုင် ပါတယ်။ (င) မျက်စိလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ယောဂကျင့်ခြင်း တို့က မျက်စိရဲ့သွေးလည် ပတ်မှုအားကောင်း စေပြီး မျက်စိကို ကျန်းမာလာစေနိုင်ပါတယ်။ (စ) မြင်းခွာရွက်ကိုမှန်မှန်စားပေးခြင်းဖြင့် အ မြင်အာရုံကိုကြည်လင်ကောင်းမွန်စေပြီး မျက် စိရေတိမ်ရောဂါ ကို မဖြစ်စေပါဘူး။

(၃) မတော်တဆထိခိုက်မိခြင်း (သို့) လုပ် ငန်းခွင်မှ ထိခိုက်မှုအန္တရာယ် ခိုက်ရန်ဒေါသ ဖြစ်ခြင်းနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် များက မျက်စိ၊ မျက်ခွံနှင့်မျက်နှာဝန်းကျင်ရှိ အရိုးများကျိုးပဲ့ပျက်စီးပြီး အမြင်အာရုံကိုထိ ခိုက်စေပါတယ်။ အမှိုက်၊ ဖုန်၊ သဲ၊ ခဲ၊ သစ် သားစ၊ မီးပွား၊ သံမှုန်၊ ပိုးကောင် စသဖြင့် မျက်စိ အတွင်းသို့ ဝင်ပါက မျက်ရည်ယိုခြင်း၊ မျက်စိ နာခြင်း၊ မျက်စိနီခြင်းတို့ဖြစ်စေကာ ဆိုးဆိုး ရွားရွားအခြေအနေမှာ မျက်စိကွယ်သွားနိုင် ပါတယ်။ ဖော်ပြပါ မတော်တဆထိခိုက်အန္တ ရာယ်မျိုးနှင့် ကြုံတွေ့လာပါက မပေါ့ဆသင့်ဘဲ နီးစပ်ရာမျက်စိကုဌာနသို့ အမြန်ဆုံးသွားပြ ၍ ကုသမှုခံယူပါ။ အကယ်၍ အက်ဆစ်(သို့)ထုံး(သို့)ရေမွှေးတို့ မျက်စိထဲဝင်ပါက ဦးစွာမျက်စိကိုဖွင့်ပြီးရေများများလောင်း ပါ။ ပြီးရင် မျက်စိကုဌာနသို့ ဆောလျင်စွာပြသပါ။

(၄) မျက်ခမ်းစပ်ရောဂါ

မျက်ခမ်းစပ်ရောဂါကြောင့် မျက်ခွံနှင့် မျက်တောင်မွေးစိုက်ပြီး နောက်ဆက်တွဲ ပြ ဿနာအဖြစ် မျက်ကြည် လွှာမှာ အနာဖြစ်စေ နိုင်ပါတယ်။ ရောဂါဖြစ်ပါက Tetracycline မျက်စဉ်းကို တစ်နေ့နှစ်ကြိမ်ခတ် ထားပေးရ ပါမယ်။မျက်ခမ်းစပ်ရောဂါအတွက် ဓာတ်စာ များမှာ (က)ကြိတ်မှန်ရွက်ပÍ္စငါးပါးကို နုပ်နုပ် စဉ်းပြီးသား ၂၅ကျပ်သား၊ ထန်းလျက် သန့် သန့် ၁ဝကျပ်သား၊ အရည်ည§စ်ပြီးသား ရှောက် သီးဖတ် ၁ဝ ကျပ်သား၊ ကြက်သွန်နီ ပါးပါး လှီးပြီးသား ၁ဝကျပ်သား၊ စမုန်မျိုးငါးပါး (ဇီယာ- စမုံစပါး-စမွတ်-စမံဖြူ-စမုန်ဖွဲ) အမှုန့်နှစ်ပဲ သားစီ လိုအပ်ပါတယ်။ ၎င်းဆေးအစုတို့ကို အိုးသစ်တစ်လုံးထဲတွင် ဆား သင့်ရုံနှင့်ရေသင့် ရုံထည့်ပါ။ ပြီးနောက် မီးဖိုတွင် ယိုထိုးသလို ထိုးပါ။ ယိုအဖြစ်သို့ရောက်လာပါက အအေးခံ ၍သန့်စင်သောဘူးတွင်ထည့်ပြီး အစာနှင့်ဝေး ချိန် နံနက်အိပ်ရာထ-နေ့လယ်-ညအိပ်ရာ ဝင် တစ်နေ့သုံးကြိမ် စားပေးပါ။ (ခ) တစ်ကိုယ် ရေသန့်ရှင်းမှုဖြင့်ကာကွယ်ပါ။ (ဂ) အမြဲတစေ သန့်ရှင်းသောရေဖြင့် မျက်နှာသစ်ပါ။ (ဃ) အမြဲတစေ မျက်နှာသုတ်ပဝါ၊ တို့ဖတ်ပဝါ၊ လက် ကိုင်ပဝါ တို့ကို မိမိတစ်ဦးတည်း သီးသန့်သုံးစွဲပါ။

(၅) အာဟာရချို့တဲ့၍ဖြစ်သောမျက်စိရောဂါ

အထူးသဖြင့် ကလေးငယ်တွေမှာ အဖြစ် များပါတယ်။ ကလေးငယ်များ ဖျားနာ၊ ဝမ်း လျှော၊ ဝက်သက်   ရောဂါဖြစ်ပွားခြင်း၊ ဗီတာ မင်အေချို့တဲ့ခြင်း၊ အစားအစာများတွင် အာ ဟာရဓာတ်နည်းပါးခြင်း၊ ငယ်ရွယ်စဉ်က မိခင် နို့စို့ခွင့်မရခဲ့ခြင်း စသည်တို့ကြောင့် ကလေး များမှာ မျက်စိအားနည်းခြင်းနှင့် မျက်စိရော ဂါတွေဖြစ်လာနိုင်ပါတယ်။

ကလေးမျက်စိအားကောင်းစေမယ့် ဓာတ် စာများမှာ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ကွေကာ အုပ်၊ ဥအမျိုးမျိုး၊ အစိမ်းရင့်ရောင်ဟင်းသီး ဟင်းရွက်များဖြစ်ကြသော ဟင်းနုနယ်ရွက် နှင့်ဗိုလ်စားပဲသီးများ၊ အဝါရောင် အသီးအနှံ များဖြစ်ကြသော လိမ္မော်သီး၊ ကန်စွန်းဥအဝါ (ရွှေကန်စွန်းဥ)၊ မုန်လာဥနီ၊ သခွားမွှေးသီး၊ သဘေင်ာ်သီး၊ မက်မွန်သီး၊ သရက်သီးမှည့်များ၊ ပဲပင်ပေါက်၊ ကြက်အသည်း (အထူးသဖြင့် ကြက်ဆင် အသည်း)၊ အမဲအသည်း၊ ပင်လယ် ငါးတို့ဖြစ်ပါတယ်။

(အထူးသတိပြုရန်)

မျက်စိအဝေးမှုန်ရောဂါ၊ မွေးရာပါ အ တွင်းတိမ်ရောဂါ၊ ကြက်မျက်သင့်ရောဂါ၊ အ မြင်အာရုံ လွှာ ကင်ဆာရောဂါ၊ မျက်စိစွေစောင်း ရောဂါ၊ မျက်ရည်အိတ်မပွင့်ခြင်းစသဖြင့် မွေး ကင်းစအရွယ် မှစပြီး ကျောင်းမတက်မီအရွယ် အတွင်းတွေမှာဖြစ်တတ်၍ မိဘများအနေဖြင့် မိမိရင်သွေးငယ်များ ၏အမြင်နှင့် မျက်စိအ နေအထားတို့ကို တစ်ဖက်စီ စစ်ဆေးပေးပါ။

(၆) ဆီးချို၊ သွေးတိုးရောဂါများကြောင့် နောက် ဆက်တွဲဖြစ်ပွားသည့် မျက်စိရောဂါ

မျိုးရိုးလိုက်ခြင်း၊ ပတ်ဝန်းကျင်အခြေအ နေ၊ နေထိုင်စားသောက်မှုပုံစံမမှန်ခြင်း၊ စိတ် ဖိစီးမှုများခြင်း၊ အညောင်း ထိုင်ခြင်း၊ ကျန်းမာ ရေးလိုက်စားမှုအားနည်းခြင်း၊ မွေးရာပါရော ဂါစသည်တို့ကြောင့် ကမ္ဘာနှင့် တစ်ဝန်း ဆီးချို နဲ့သွေးတိုးရောဂါဖြစ်ပွားနှုန်းမြင့်မားလျက်ရှိ ကြပါတယ်။ ၎င်းရောဂါများ၏နောက်ဆက် တွဲအဖြစ် အမြင်အားကျဆင်းလာခြင်း၊ ရုတ် တရက်မျက်စိကွယ် သွားခြင်း၊ အမြင်အာရုံလွှာ ပျက်စီးခြင်း၊ အမြင်အာရုံလွှာသွေးကြောပေါက် ခြင်း စသည်တို့ဖြစ်လာနိုင် ပါတယ်။ ဒါကြောင့် ၎င်းဝေဒနာရှင်များဟာ မျက်စိရောဂါပြဿ နာများမှ ကြိုတင်ကာကွယ်ထားသည့် အနေ ဖြင့် ထိုရောဂါရှိကြောင်း စတင်သိရှိချိန်မှစ၍ မျက်စိကုဌာနသို့ စောစီးစွာ ကြိုတင်စစ်ဆေး ၍ ကာကွယ်ကုမှုခံယူသင့်ပါတယ်။ တတ်ကျွမ်း သည့်ဆရာဝန်များက ခေတ်မီလေဆာစက်ဖြင့် ကုသခြင်း၊ မျက်စိတွင်းသို့ဆေးထိုး၍ကုသခြင်း တို့ဖြင့် မျက်စိရောဂါကို ကာကွယ်ပေးနိုင်ပါ တယ်။
Last modified onFriday, 06 November 2015 05:05


Filed under: ကျန်းမာရေး
↧

IS အား ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို အိန္ဒိယ မွတ်စလင်များ နိုင်ငံ တစ်ဝှမ်းတွင် ပြုလုပ်

$
0
0

image

နိုဝင်ဘာ ၂၀၊ ၂၀၁၅
M-Media

– အိန္ဒိယနိုင်ငံတွင် ထင်ရှားသည့် အစ္စလာမ်ဘာသာရေး အဖွဲ့ဖြစ်သော ဂျမာအသ် အိုလမာ အလ်-ဟင်ဒ်အဖွဲ့မှ ဦးဆောင်ကာ နိုင်ငံတစ်ဝှမ်းတွင် IS အကြမ်းဖက်အဖွဲ့ အား ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့ သည် ဟု သိရသည်။

“အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်ဖို့ အစ္စလာမ်က ခွင့်မပြုပါဘူး။ အစ္စလာမ်ရဲ့အမည်နာမ၊ ဂျေဟာဒ်ရဲ့ အမည်နာမတွေကို အသုံးပြုပြီး သတ်ဖြတ်တာတွေ များလာတဲ့အတွက် ဒီလိုလုပ်ရပ်ကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ဟာ ကျွန်တော်တို့ရဲ့ ဘာသာရေး တာဝန်ပါပဲ” ဟု ဂျမာအသ် အိုလမာ အီ-ဟင်ဒ်အဖွဲ့ အကြီးအကဲ မောင်လာနာ မဟ်မူးဒ် မဒနီက ပြောကြား ခဲ့သည်။

Read more : http://www.m-mediagroup.com/news/48813


Filed under: သတင်းများ, အစ္စလာမ်ဘာသာ
↧
↧

သွားနာခြင်းကိုပြေပျောက်စေမယ့် နည်းလမ်းအသွယ်သွယ်

$
0
0

Friday, 13 November 2015
ပေါက်ပေါက်

အနာမျိုး (၉၆) ပါးထဲမှာ ခံစားရခက်ခဲတဲ့ သွားရောဂါဝေဒနာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သွားပိုးစား၍ သွားကိုက်တာမျိုး မဟုတ်ဘဲ၊ အပူကန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ သွားဖုံးနာခြင်း၊ သွားဖုံးပြည် ယိုခြင်း၊ သွားဖုံးသွေးယိုခြင်း၊ သွားနဲ့ ခြင်း၊ မှက္ခရုနာများ၊ ရေခဲတုံး(သို့ မဟုတ်)အစာမာမာ ဖိကိုက် မိခြင်း စတဲ့ ခံတွင်းရောဂါအမျိုးမျိုးတို့ ကြောင့် သွားနာရောဂါ ဖြစ်တတ်ပေရာ အောက်ပါ ရိုးရှင်း လွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများဖြင့် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၁) ရေနွေးနွေးလေးထဲမှာ ဆားနဲနဲခပ်၊ tea tree oil(ခေါ်)လ္ဘက်စိမ်းရွက်အဆ်ီထဲ့ပြီး၊ အာလုပ် နာနာကျင်းပေးပါ။ (tea tree oil ကို city mart ဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်) လ္ဘက်ခြောက်ရေနွေးကြမ်းငုံပေးခြင်းကလည်း သွားနာ၍ထုံ ကျင်ခြင်းကို သက်သာလာစေပါတယ်။

(၂) ကြက်သွန်ဖြူ နဲ့  လေးညှင်းပွင့်များကည်း သွားနာခြင်းကို သက်သာစေပါတယ်။ ကြက်သွန်ဖြူ ကို ညက်ညက်ထောင်း၍ နာနေတဲ့သွားပေါ်အုံပေးပါ (သို့ မဟုတ်) လေးညှင်းပွင့်ငုံထားပါ။

(၃) နာနေတဲ့သွားရဲ့ ပါးပြင်ကို အပေါ်ကနေရေခဲအိတ်ကပ်ပေးပါ။ ဒီနည်းက သွားနာခြင်းကို သက်သာ   စေ တဲ့ အပြင် ရောင်ကိုင်းမှု ကိုပါ ပြေလျော့စေပါတယ်။

(၄) သစ်ကြပိုးခေါက် နဲ့  မုန့် ဖုတ်ဆော်ဒါ တွေကလည်း သွားနာခြင်းအတွက်   ဆေးကောင်းလေးတွေ ပါဘဲ။

(၅) ၁၉၉၃-၁၉၉၄ ခုနှစ်ကာလများမှာ တိုင်းရင်းဆေးသုတေသီနဌာနခွဲနဲ့  သွားဖက်ဆိုင်ရာ   ဆေး တက္ကသိုလ် တို့  ပူးပေါင်း၍ သုတေသနတွေ့ ရှိချက်အရ ဒန္တသုခပြုတ်ရည် ၁ ရာခိုင်နှုန်း ငုံဆေးရည် ရဲ့ အကျိုးအာနိသင်ဟာ ၀.၀၂ ရာခိုင်နှုန်း Chlorhexidine gluconate ငုံဆေးရည်နဲ့ အကျိုး အာနိသင် တူညီကြောင်း တွေ့ ရှိပြီးဖြစ်ပါတယ်။ ၄င်းပြုတ်ရည်ကို ငုံထွေးခြင်းဖြင့် သွားကျောက် တည်ခြင်း၊ သွားဖုံးရောင်ခြင်းကိုပါ သက်သာပျောက်ကင်းနိုင်ပါတယ်တဲ့။ ဒါ့ပြင် သွားနာခြင်းစတဲ့ သွားရောဂါ အမျိုးမျိုးတို့ အတွက် ဒန္တသုခအရွက်သတ္တုရည်ညှစ်၍ လိမ်းပေးပါ (သို့ မဟုတ်) အရွက်/အကိုင်း/အခြောက်ခံကာ ရေနွေးကြမ်းကဲ့သို့ သောက်ပေးပါ။

(၆) သွားဖုံရောင်၍ သွားနာခြင်းအတွက် နနွင်းမှုန့် နှင့် ရေနွေးဖျော်၍ငုံပေးခြင်း၊ နနွင်းမှုန့်  ထဲဆား ထည့်၍သောက်ပေးခြင်း၊ သွားအောက်ခြေတွင် နနွင်းမှုန့် သိပ်ပေးခြင်း စသည်ဖြင့်ပြု လုပ်နိုင်ပါတယ်။

(၇) သွားနဲ့ သွားဖုံးရောဂါအမျိုးမျို့းတို့ အတွက် ဖန်ခါးသီး ကိုထောင်း၍ ရေအေးစိမ်ပြီး၊ ငုံထွေးဆေးရည်အဖြစ်သုံးနိုင်ပါတယ်။ (ရေခဲရေမဟုတ်ပါ)

(၈) တမာရွက်ခြောက်မှုန့်ကို သိန္ဒောဆား ဆတူကြိတ်ပြီး နံက်တိုင်းသွားတိုက်ပေးခြင်းဖြင့် သွားနာ၊ သွားကိုက်၊ သွားပိုးစား၊ သွားဖုံးရောင်၊ ခံတွင်းပုပ်ရေဂါ စတဲ့ခံတွံင်းရောဂါများအပြင်   နှုတ် မမြိန်   သောရောဂါတို့ ကိုပါ ပျောက်ကင်းစေပါတယ်။

(၉) သွားနာ၊ သွားဖုံးရောင်၊ သွားဖုံးပြည်ယို ရောဂါများကို မာလကာခေါက်ပြုတ်ရည် ငုံပေးခြင်း (သို့ မဟုတ်) မာလကာသီးအစေ့ မှုန့် ကို သွားအောက်ခြေ(သွားခြေ) တွင်သိပ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

(၁၀) သွားဖုံးသွေးထွက်တတ်သူများ သံပုရာရည်ကို နေ့ စဉ် မှန်မှန်သောက်ပေးပါ။

(၁၁) သင်္ဘောဆီး(အစေး)များက သွားနာ၊ သွားကိုက်ရောဂါအတွက် ဆေးဘက်ဝင်လှပါတယ်။

(၁၂) ကြိတ်မှန်ရွက်ကို အမှုန့် ထောင်း၍ရလာသော အမှုန့် လ္ဘက်ရည်ဇွန်း ၁-ဇွန်းစာကို နွားနို့  ၁-ဖန်ခွက်ဖြင့် ညအိပ်ယာဝင်ခါနီး တိုင်း ၁-လကြာအောင် သောက်ပေးခြင်းဖြင့် ယိုင်နဲ့ နေသော သွားများကို ခိုင်မာလာစေပါတယ်။

(၁၃) နတ်ဆေးဂမုန်းကို လှီး၍အခြောက်ပါ။ သွာကိုက်၊ သွားနာ၊ သွားနဲ့ ၊ သွားဖုံးရောင်ခြင်းတို့   အတွက် အိပ်ယာဝင်ခါနီးတိုင်း ထို နတ်ဆေးဂမုန်းအခြောက်ကို ကွမ်းဝါးသကဲ့သို့ ငုံထားပါ။ ၄င်း နတ်ဆေး ဂမုန်းအပင်မြစ်ကိုလည်း ကျကျပြုတ်၍ ငုံပေးပါ။ နံက်အိပ် ယာထတဲ့အခါ နာကျင်ခြင်းဝေဒနာ များ သိသိသာသာ ပျောက်ကင်းသွားပါလိမ့်မယ်။

(၁၄) သွားဖုံးရောင်ခြင်းနဲ့  သွားရောဂါ အမျိုးမျိုးတို့ အတွက် ပူစီနံရွက် သတ္တုရည်ကို ပါးစပ်ထဲထဲ့ပေးပါ။

(၁၅) ပျဉ်းတော်သိမ် အရွက်၊ အခေါက်တို့ ကို ဆားအနည်းငယ်ထည့်၍ ပြုတ်သောက်ပေးခြင်းဖြင့် သွားနာခြင်းကို သက်သာ ပျောက်ကင်း စေပါတယ်။

(၁၆) လယ်ပတူမျိုးနွယ်ဝင် မုရားကြီးရွက် ကို အရိပ်(နေရိပ်)မှာအခြောက်ခံစေ၍ ပြာချပါ။ ထိုပြာကိုညက်အောင်ပြု၍ နာနေတဲ့ သွားအောက်ခြေမှာ သိပ်ပေးပါ။

(၁၇) သလဲသီးခွံကို ဆားနဲ့ ပြုတ်၍ငုံပေးခြင်းဖြင့် သွားဖုံးပြည်ယိုခြင်း၊ သွားဖုံးသွေးထွက်ခြင်း နဲ့ သွားနာခြင်းတို့ ကို ပျောက်ကင်း စေနိုင်ပါတယ်။

(၁၈) သွားဖုံး နှင့်ပတ်သက်သော ရောဂါအမျိုးမျိုးတို့ အတွက် မဲဇလီအပွင့် နဲ့  အရွက် တို့ ကို နွမ်း ဖတ်သွားတဲ့ အထိ ခပ်ကျကျ ပြုတ်၍ငုံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

(၁၉) သွားနာ၊ သွားကိုက်ခြင်းအတွက် ကုက္ကိုစေ့ ၁၀-စေ့ ကို ငရုပ်ကောင်း ၅-စေ့ ဖြင့် ညက်   နေအောင်ကြိတ်ချေပြီး သွား အောက်ခြေမှာသိပ်ပေးပါ။ ကုက္ကိုပင် အမြစ်၊ အခေါက်တို့ ကို အရိပ် (နေရိပ်)မှာအခြောက်လှမ်း၊ အမှုန့် ကြိတ်၍ ယိုင်နဲ့ နေတဲ့သွား အောက်ခြေမှာ တနေ့ ၂-ကြိမ် သိပ်နယ်ပေးပြီး ငုံထားပါ။ သွားဖုံးရောင်ခြင်းအတွက် ကုက္ကိုခေါက်ပြုတ်ရည်ကို ငုံထားပေးပါ။

(၂၀) မြတ်လေးပန်းပင်၏ အရွက်ကိုပြုတ်ရည်ကို ငုံဆေးအဖြစ် ငုံထားပေးခြင်းဖြင့် သွားနာပျောက် ကင်းစေပါတယ်။

(၂၁) ရဲယိုသီး မမှည့်တမှည့်ကို မီးဖုတ်၍ ဆားသင့်ရုံထဲ့ကြိတ်ပြီး သွားတိုက်ပေးခြင်းဖြင့် သွား နှင့်   သွားဖုံးတို့ ကိုခိုင်မာစေပါတယ်။ သွားဖုံးရောင်ခြင်းအတွက်လည်း ရဲယိုသီး မမှည့်တမှည့် ၁-လုံးကို မီးဖုတ်ပြီး ဆားရောနယ်စားပေးပါက သက်သာပျောက်ကင်း စေပါတယ်။

(၂၂) ခရေပင်ရဲ့  အသီး (ခရေသီး) ကိုြ့ပုတ်၍ ငုံပေးခြင်းဖြင့် သွာကိုက်၊ သွားနာ သွားဖုံးနာ ရောဂါ တို့ ကို ပျောက်ကင်းစေပါ တယ်။ ခရေခေါက်၊ ဆီးဖြူခေါက်နဲ့  ရှားပင်အခေါက်တို့ ကို (၃)မျိုးရောပြုတ် ၍ နေ့ ဘက် ၄-ကြိမ် (သို့ မဟုတ်) ၅-ကြိမ်လောက် ငုံထွေးပစ်ဖြင်းဖြင့် မှက္ခရုပေါက်ခြင်း၊ သွားဖုံးရောင်ခြင်း နဲ့  ခံတွင်းနာ အားလုံး သက်သာပျောက်ကင်းပြီး သွာများခိုင်မာလာ စေပါတယ်။


Filed under: ကျန်းမာရေး
↧

ကုလဖွံ့ ဖြိုးရေး အစည်း အဝေးတွင် လူထု ခေါင်းဆောင် ဒေါ်စုမှ တရား ဥပဒေ စိုးမိုးရေး ကိစ္စ ပြောကြားချက်

$
0
0

ဒီနေ့ ကုလဖွံ့ဖြိုးရေး အစည်းအဝေးမှ လူထုခေါင်းဆောင်ရဲ့ ပြောကြားချက်က ကြက်သိမ့်ထစရာပါ
~~~~~~~~~~~~~~~~

ကျွန်မတို့ နိုင်ငံရဲ့ အဓိက ပြသာနာက ဘာလဲဆိုတော့ တရားဥပဒေ စိုးမိုးရေးဆိုတာ ဒီနိုင်ငံမှာမရှိဘူး။ တရား ဥပဒေစိုးမိုးရေး မရှိပဲနဲ့ ရာထူးရှိတဲ့လူတွေ စိုးမိုးရေးဖြစ်နေတယ်။ ရာထူးရှိတဲ့သူ စိုးမိုးရေး ဆိုတာဟာ ကျွန်မတို့ ပြည်သူတွေအတွက် လုံခြုံမှု လုံးဝမရှိဘူး။ ရာထူးရှိတဲ့ လူတွေရဲ့ လိုအင်ဆန္ဒအရ အားလုံးဖြစ်ရတာ။

အဲတော့ ဒါတွေဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စတွေ အထူးသဖြင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သွားနေပါတယ်ဆိုတဲ့ နိုင်ငံတခုမှာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စတွေမို့လို့ ကျွန်မတို့ဒီစနစ် ကို ပြောင်း လဲရမယ်။

ဒါ့ကြောင့် ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဆောင်ပုဒ်ဟာ”’ ပြောင်းလဲချိန်တန်ပြီ ” “အမှန်တကယ် ပြောင်းလဲဖို့ NLD ကို မဲပေးစို့”ဆိုတာ ကျွန်မတို့က အမှန်တကယ် ပြောင်းလဲမှုကို လိုချင်တယ်။ အပေါ်ယံကြော ပြောင်းလဲမှု ကို မလိုချင်ဘူး။အပေါ်ယံကြော ဒီမိုကရေစီဆိုတာ ဘယ်သူ့ကိုမှ အကျိုးမပြုဘူး။ အာဏာရှိတဲ့သူတွေတော့ ချမ်းသာချင်ရင် ချမ်းသာသွားမှာပေါ့လေ။ ဒါကြောင့် ကျွန်မတို့စနစ်ကို ပြောင်းရမယ်။

‪#‎ဒေါ်အောင်ဆန်းစုကြည်‬

20 11 2015


Filed under: သတင်းများ, ဥပဒေ, General
↧

refugees arriving in Greece by boat

$
0
0

You’ve probably seen footage on the news of refugees arriving in Greece by boat, but you’ve probably not seen anything like this. You’ve heard opinions about who they are or what they want, but you can see it firsthand in this video. These are the ones lying destitute on the road, and we must be the Good Samaritan. As team leader Dan Stephens shares, “We are the first faces they see when they land.” It’s our calling to show them the love of our Savior, and that is what many of you have helped us to do by your generous gifts. Learn, pray, and get involved here ▶http://bit.ly/1WNfyDO


Filed under: General, Videos
↧

တမန်တော်နူးဟ်(အ) သင်္ဘော တည်ဆောက် သည့် အကြောင်း

$
0
0

အောက်ကပုံက တမန်တော်နူးဟ်(အ)ရဲ့သင်္ဘော ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ်နဲ့ တည်ရှိနေတဲ့ပုံပါ…

တမန်တော်နူးဟ်(အ)ကအလ္လာဟ့်အမိန့်နဲ့သင်္ဘောတည်ဆောက်ဖို့လုပ်တော့ မိုအ်မင်န်အဖွားအိုက တမန်တော်နူးဟ်(အ)ကိုမေးတယ်…သင်ဘာလို့ဒီသင်္ဘောကိုဆောက်နေတာလဲ???..

တမန်တော်နူးဟ်(အ)ကဖြေတယ် အလွန်ပဲကြီးမားတဲ့ ရေမုန်တိုင်းကြီးလာဖို့ရှိတယ်…ထိုရေမုန်တိုင်းကြီးကြောင့် ကာဖိရ်တွေ အားလုံး ပျက်စီးသွားကြမယ်..မိုအ်မင်န်တွေက ဒီသင်္ဘောရဲ့အကြောင်းခံနဲ့ လွှတ်မြောက်ခွင့်ရလိမ့်မယ် ဆိုပြီးဖြေတယ်….အိုးတမန်တော် ရေမုန်တိုင်းလာတော့မယ်ဆိုရင်ကျွန်မကိုလည်းအကြောင်းကြားပြောပေးပါ..သို့မှသာကျွန်မလည်း ဒီသင်္ဘောနဲ့အတူလိုက်ပါလာရအောင်….အဖွားအိုရဲ့ တဲစုတ်လေးကလဲ မြို့ပြင်နဲ့နည်းနည်း အလှမ်းဝေး တဲ့နေရာမှာရှိနေတယ်…အလိုနဲ့ ရေမုန်တိုင်းကြီးကျေရာက်လာဖို့အချိန်နီးတော့ တမန်တော်နူးဟ်(အ)က တခြားသူတွေအားလုံးကို သင်္ဘောပေါ်မှာတက်ခိုင်းဖို့လု  ပ်လိုက် တယ်…သို့ပေမယ့် အဖွားအိုကိုခေါ်ဖို့မေ့သွားတယ်…ဒီလိုနဲ့အလ္လာဟ့်ဖက်ကကြောက်မက်ဖွယ်ကောင်းတဲ့ရေမုန်တိုင်းကြီးကျရောက်လာတော့…ရှိသမျှကာဖိရ်တွေအားလုံးကသေကြေ ပျက်စီးဆုံးရှုံးသွားကြတယ်…အလ္လာဟ့်ရဲ့ဒီအဇားဗ်က ငြိမ်သက်သွားပြီးရေတွေကျသွားတဲ့အချိန် တမန်တော်နူးဟ်က သင်္ဘောပေါ်ကနေမိုအ်မင်န်တွေကို သင်္ဘောအောက်ကိုဆင်းခိုင်းတုန်းလေးပဲ ရှိသေးတယ်…အဖွားအိုကတမန်တော်နူးဟ်(အ)ရဲ့ထံကိကိုလာပြီးမေးတယ်…အိုးတမန်တော် ရေမုန်တိုင်းကြီးဘယ်တော့လာမှာလဲ??…ကျွန်မကသင်္ဘောပေါ်ဘယ်တော့တက်ရမလဲ ပြီးတော့ ရေမုန်တိုင်းဘယ်တော့လာမလဲဆိုတာကို နေ့တိုင်းစောင့်မျှော်နေတာ…တမန်တော်နူးဟ်(အ)က အံ့သြပြီးဖြေတယ်…ရေမုန်တိုင်းကြီးက လာပြီးသွားပါပြီ…ပြီးတော့ကာဖိရ်တွေအားလုံးပျက်စီးကြ ကုန်ပြီ…သင်္ဘောကိုအကြောင်းခံပြီး အလ္လာဟ်ကမိမိရဲ့မိုအ်မင်န်ဗန္ဒဟ်တွေကို ကယ်တင် လိုက် ပါပြီ…ဒါပေမယ့်အံ့သြဖို့ကောင်းတာက အဖွားအိုကဘယ်လိုဖြစ်ပြီး အသက်ရှင်လွှတ်မြောက်သွား တာလဲ???ဆိုပြီးတမန်တော်နူးဟ်(အ)ကမေးတော့…အဖွားအိုကဖြေတယ်…ကောင်းပါပြီဒီလိုလား…ဘယ်အရှင်ကသင့်ကိုသင်္ဘောရဲ့အကြောင်းခံနဲ့ကယ်တင်ခဲ့သလဲ…အဲ့ဒီအရှင်ကပဲကျွန်မကိုလည်း ကျွန်မရဲ့စုတ်ပြတ်နေတဲ့ တဲစုတ်လေးကိုအကြောင်းခံပြီး ကယ်တင်လိုက်တာပါဆိုပြီးတော့ အဖွားအိုကဖြေလိုက်ပါတယ်…
روح البيان..ص..85..جلد..2

ဘယ်သူကအလ္လာဟ့်အတွက်ဖြစ်မလဲ အဲ့ဒီသူကို အလ္လာဟ်က အချိန်တိုင်းမှာ ထိန်းသိမ်းစောင့်ရှောက်နေမှာဖြစ်ပါတယ်…ဘာအကြောင်းခံမှမလိုပဲ အလ္လာဟ့်ဖက်ကအကူအညီရရှိမှာဖြစ်ပါတယ်….အလ္လာဟ်နှစ်သက်တဲ့သူဖြစ်အောင် ကျွန်တော်တို့တွေလည်း ကြိုးစားရမှာဖြစ်ပါတယ်…အလ္လာဟ်အစားပေးတော် မူပါစေ….s.j.h.khan

 


Filed under: အစၥလာမ္ဘာသာ, General
↧
↧

အပျို ၃ မျိုးတဲ့ ဘာတွေလဲ ဖတ်ကြည့် ရအောင်။

$
0
0

Credit : Original Writer

Credit: Facebook – စာမူပိုင်ရှင်

၁။ အပျို
၂။ အပျိုစစ်
၃။ အပျိုစင်

ခေတ်ရေစီးကြောင်းအရ တဖြည်းဖြည်း စီးဆင်းလာတဲ့ ဒီရေစီးကြောင်းကြီးထဲမှာ လူမှုရေး ၊စီးပွားရေး တွေအပြင် ယဉ်ကျေးမှု တွေပါ တိုက်စားခံလာရပါပြီး….။ နယ်ချဲ့ လာတဲ့ အနောက်တိုင်း ယဉ်ကျေးမှုက ခုဆိုရင် မြန်မာ့မြေပေါ် ဝင်ရောက်လာခဲ့ပါပြီး…။ နယ်ချဲ့တယ်ဆိုတာ လက်နက် ဆွဲကိုင်ပြီး တော်လှန်တိုက်ခိုက်နေမှနိုင်ငံကို အပိုင်သိမ်းနိုင်မှ နယ်ချဲ့တာမဟုတ်ပါဘူး…။ ခုလို မြန်မာ့မြေပေါ်မှာ မြန်မာတွေရဲ့  စိတ်ဓာတ် နဲ့  ယဉ်ကျေးမှုတို့  ပြောင်းလဲ တိုက်စားခံရတာလဲ နယ်ချဲ့ခံရတာပါပဲ…။ဒါကိုတော့ ယဉ်ကျေးမှု နယ်ချဲ့ ခြင်းလို့ ခေါ်မှာပေါ့..။ခက်တာက တို့ လူမျိုးတွေ ကိုယ်နယ်ချဲ့ လက်အောက်ရောက်မှန်းမသိရောက်နေတာကို သတိမမူမိတာပင်…။

ဒီလို အနောက်တိုင်း ယဉ်ကျေးမှုတွေ စီးဝင်လာတာနှင့်အမျှ အနာဂတ်လူငယ်တွေရဲ့  စိတ်ဓာတ်တွေ ပြောင်းလဲလို့ လာပါပြီး..။ အတုမယူသင့်သည်များကို အတုယူလို့ လာပါပြီး….။ ထိန်းသိမ်းသင့်သည်များကို တဖြည်းဖြည်း မေ့ပျောက်လာခဲ့ကြပြီး…။ သိသိရဲ့ နှင့် မေ့တတ်ချင်ယောင်ဆောင်ကြတာလဲ ဖြစ်နိုင်ပါသည်…။ဝတ်စားဆင်ယဉ်မှုတွေသာမက နေထိုင်မှု စနစ်တွေပါ မေ့ပျောက်ပြောင်းလွဲချင်ခဲ့ပြီး…။

ပြီးခဲ့သော ချစ်သူများနေ့ …။ ချစ်သူများနေ့  ဆိုတာ မြန်မာတွေရဲ့  နေ့ ထူးနေ့ မြတ်တော့ မဟုတ်ပါ…။ ဒါပေမဲ့ ချစ်သူတွေရဲ့ ကြား တစ်ဦးကို တစ်ဦး ဂရုစိုက် ကြင်နာမှု၊ အပြန်အလှန် ပန်းစီးလေး   တွေပေး ချော့ကလက်လေးတွေပေးနဲ့  ချစ်သူနှစ်ဦး အနေနှင့်ရော တွေ့ မြင်ရသူတွေပါ ကြည်နူးစရာ မြင်ကွင်းလေးမို့ ကိုယ့်နိုင်ငံရဲ့  နေ့ ထူးနေ့ မြတ် မဟုတ်ပေမဲ့ လက်ခံနိုင်ပါ တယ်…။အယ်…လက်မခံနိုင်တာက ဘာလဲ……။ လက်မခံနိုင်တာက ချစ်သူတွေချင်း လက်ဆောင်ပစ္စည်းခြင်းတွင်မက ဘဝခြင်းပင်လဲယူကြတဲ့ အထိဖြစ်ကြတာကိုပင်…။

ကိုကို၊မောင်မောင်တွေကလဲ ချစ်သူများနေ့  အထိမ်းအမှတ်ဆိုပြီး မတောင်းသင့် မတောင်း အပ်သည်များကိုတောင်း၊လိုက်လျှောသူကလဲ လိုက်လျှောနှင့် ကြည်နူးသင့် သည်ထက် ကြေကွဲ ခဲ့ရသည်က ပိုသော အခြေအနေမျိုး ရောက်ရှိလာခဲ့ပါသည်…။ ချစ်သူများနေ့ မှာ ဟိုတယ်တွေ မိုတယ်တွေဟာ အရင်နေ့ တွေထက် လူတွေ ပြည့်လို့  အပြင်ကနေ တိုကင်နှင့် စောင့်ယူရသည့် အထိပင်တဲ့….။ဒါမြန်မာနိုင်ငံမှာနော်..။တို့ မြန်မာလူမျိုးတွေ ဖြစ်နေတာ…။
ကဲ…ဒီတော့ ထိမ်းသိမ်းရန် ဆိုတဲ့ အခြေအနေ တစ်ခုကို မေ့တတ်သူ ညီမငယ်လေးများအား သတိပေးရန် ရေးလိုက်ခြင်းဖြစ်ပါသည်….။

၁။ အပျို …….

အပျိုဆိုတာ ဘာကို ဆိုလိုသလဲ…..၊။
အားလုံးသိကြမှာပါ…။ အပျိုဆိုတာ အိမ်ထောင်မရှိသေးတဲ့သူ၊ တရားဝင် လက်မထပ်ရသေးတဲ့ သူဟာ အပျိုပါပဲ…။ အိမ်ထောင်မရှိဘူး၊လက်မထပ်ရသေးဘူးဆိုပေမဲ့ ချစ်သူလဲ ရှိခဲ့ ဖူးချင် ရှိခဲ့ဖူးမယ်…။ ချစ်သူရှိတယ်ဆိုတဲ့ နေရာမှာတောင် သမီးရည်းစား ဆိုတဲ့ အခြေအနေတွေ ထက် ကျော်လွန်ခဲ့ရင်လဲ ကျော်လွန်ခဲ့မယ်…။ဒါကို ကိုယ်တိုင်ကပဲ သိပါလိမ့်မယ်….။ ဒါပေမဲ့ အားလုံးအမြင်မှာ သူဟာ အပျိုပါပဲ…။ဒါကို အပျိုလို့ ခေါ်ပါတယ်….။ဒီ အပျိုဆိုတဲ့ စာရင်းထဲမှာ လက်မထပ်ရသေးသည့် အမျိုးသမီးအားလုံးပါဝင်ပါတယ်…။

၂။ အပျိုစစ်…….

အပျိုစစ် ဆိုတဲ့ နေရာမှတော့ လက်မထပ်ရသေးသူ အားလုံး မပါဝင်နိုင်တော့ပါဘူး…။ သူဟာ ချစ်သူရှိခဲ့ဖူးသူ ဖြစ်ပေမဲ့ သာမန်သမီးရည်းစား ဆိုတဲ့ အခြေအနေနှင့်သာရှိပြီး လက်ရှိအပျိုရည်ကို ထိန်းသိမ်းထားနိုင်သူ၊ အမှားအယွင်းမရှိသူကို ဆိုလိုပါတယ်…။ ချစ်သူနှုတ်ခမ်း နမ်းဖူးတယ် ဆိုတဲ့ အခြေအနေမျိုးတော့ရှိနိုင်မှာပါ…။ ဒါပေမဲ့ သူမဟာ ကာမဆန္ဒ ဖောက်ပြားခဲ့ဖူးခြင်းမရှိသည့် အတွက် အပျိုစစ်လို့ ခေါ်ဆိုနိုင်ပါတယ်…။

၃။ အပျိုစင်…….

အပျိုစင်ဆိုတဲ့ နေရာမှာတော့ အမျိုးသမီးငယ်တွေ အားလုံး မပါဝင်နိုင်တော့ပါဘူး….။ခုလို အခြေအနေ မှာ အတော်လေးကို ရှားပါးလာပြီးလို့ လဲ ပြောလို့ ရပါတယ်…။အပျိုစင် ဆိုတာဘာလဲ…။ အပျိုစင်ဆိုတာ ယောင်္ကျားတစ်ယောက်ကို ချစ်ခဲ့ရင် ချစ်ခဲ့လိမ့်မယ်…။ ဒါပေမဲ့ ဘယ်ယောကျာင်္းများနှင့် ထိတွေ့ ခဲ့ဖူးခြင်း မဆိုထားနှင့် သူမ၏ စိတ်နှလုံးထဲတွင်ပင် ညစ်ညမ်းသော အတွေးအခေါ်မရှိ ပကတိ ဖြူစင်သော မိန်းမပျိုလေးများပင်ဖြစ်သည်…။ ယနေ့ လို အနောက်တိုင်းယဉ်ကျေးမှု တိုက်စားခံရသည့် အခြေအနေတွင် အတော်လေးကို ရှားပါးခဲ့ပြီး…။

အပျိုစင်မပြောနှင့် အပျိုစစ် ဆိုလျှင်တောင် ကံကောင်းတယ် မှတ်ပါလို့ များ သက်ပြင်းတွေ ရှိုက်ကုန်ကြပြီးလား…။ ကိုယ့်ကိုကိုယ် ထိန်သိမ်းရမှာ ကိုယ်ကိုတိုင်ရဲ့  တာဝန်ပါ…။ တခြားသူက မည်မျှပင် ထိန်းသိမ်းစေကာမူ ကိုယ်ကိုတိုင်မှ မထိန်းသိမ်းခဲ့လျှင် ဘဝကြီး ရေစုန်မျှောပြီးပင်…..။

ဒါကြောင့် ညီမငယ်များ အပျိုစင်ဆိုတဲ့ အခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ရင်တောင်မှ အပျိုစစ်ဆိုတဲ့ အခြေအနေမျိုးကို ကိုင်စွဲထားနိုင်ဖို့  ကြိုးစားစေချင်ပါတယ်….။

ခုလို မြန်မာ့ စီးပွားရေးကြီး ချွတ်ချုံကျ နေတဲ့ အခြေအနေမှာ မိသားစုဝင်တွေမှာ မိဘ နှစ်ပါးလုံးက အလုပ်တွေ လုပ်နေရတော့ သားသမီးများအား ထိန်းသိမ်း စောင့်ရှောက်ရန် အချိန်တွေက နည်းပါးလာခဲ့တယ်…။ ရင်အုပ်မကွာ စောင့်ရှောက်မှု တွေနည်းပါးလာတာနှင့်အမျှ သားသမီးတွေဟာလဲ လွတ်ချင်တိုင်း လွတ်နေကြတာ များလာပါပြီး…။ဒီအခြေအနေမှာ ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြပါ ညီမလေးတို့ ရယ်….။

ကိုယ်ကိုတိုင် တန်ဖိုးထားမှ အခြားသူတွေကလဲ ကိုယ့်ကို တန်ဖိုးထားမှာပါ…။အကြွေပန်း ကို ကောက်နမ်းချင်တယ်ဆိုတဲ့ သူတွေက ရှားပါးပါတယ်…။ ခရေပန်းလို အကြွေ ကို ကောက် နမ်းခံရဖို့ က ခရေပန်းလို ကြွေခဲ့ပေမဲ့ မွှေးရနံ့ လေးရှိအောင် အရည်အချင်းတွေ ပြည့်စုံ နိုင်ရမှာနော်…။ဒါတောင် ဆယ်ပွင့်ကြွေလို့  တစ်ပွင့် အကောက်ခံရချင်မှ အကောက်ခံရမှာ…။ ဘယ်သူမှ မကောက်မိပဲ အခြောက်ခံသွားရတာနှင့် အနင်းခံသွားရတဲ့ ခရေပန်းတွေ ပင်အောက်မှာ အများကြီး ကျန်ခဲ့ပါတယ်…။

ကိုယ့်ချစ်သူ ဆိုတာနှင့်ပဲ ကိုယ့်ညီမတွေ အစွမ်းကုန် အလိုမလိုက်ကြပါနှင့်….။ ချစ်သူဆိုတာ လက်ထပ်ထားတဲ့သူမဟုတ်သေးပါဘူး…။ အချိန်မတန်ခင် မကြွေလိုက်ကြ ပါနှင့်နော်…။ကိုယ့် အပျိုစင်ဘဝလေး အငှားစွင့်စွင့် ပွဲလယ်တင့်တဲ့ ပန်းလေးတစ်ပွင့်ဖြစ်အောင် “ကို့” ညီမတွေ ကြိုးစားကြပါ…။ နေကြာပန်းလို နေရှိရာကို ကောက်ကောက်ပါလိုက်တဲ့ အဖြစ်နဲ့  ဘဝကို ပုံမအပ်လိုက်ကြပါနဲ့ …။ ကိုယ့်ကို စစ်မှန်စွာ ချစ်တဲ့သူဟာ ဥယာဉ်မှူးလို့  ပန်းတစ်ပွင့်ကို အရိပ်တစ်ကြည့်ကြည့် ကြည့်ပြီး စောင့်ရှောက်ပေးမှာပါ….။ အရိပ်နေနေ အခက်ချိုးချိုး ဆိုတာမျိုးနှင့် ကိုယ့်ဘဝကို ချိုးယူပြီး ချိုးစရာ အကိုင်းအခက်ကုန်သွားရင် တခြားအပင်ကို ကူးမည့်သူ မဟုတ်ပါဘူး…။

ကို့ ညီမတွေ အချစ်နဲ့  ရာဂ ကို ခွဲခြားသိမြင်နိုင်ကြပါစေ…။ ကိုယ်ကိုတိုင် အပျို၊ အပျိုစစ် နှင့် အပျိုစင် ဆိုတာ ခွဲခြားသိမြင်ပြီး ကိုယ်ပိုင်ဆိုင်ထားတဲ့ ဘဝလေးကို တန်ဖိုးထားတတ်ကြပါစေ…။

 


Filed under: ဆောင်းပါးများ, General
↧

သမ္မတ ဦးသိန်းစိန် မလေးရှားသို့ ရောက်ရှိ

$
0
0

၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်မည့် သမ္မတ ဦးသိန်းစိန်သည် ယနေ့ (နိုဝင်ဘာ ၂၀ ရက်) မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ သမ္မတ ဦးသိန်းစိန်ကို မလေးရှားနိုင်ငံ အမျိုးသမီး၊ မိသားစုရေးရာနှင့် လူအဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဋ္ဌာန ၀န်ကြီး Rohani Abdul Karim က ကြိုဆိုခဲ့ပါသည်။

သမ္မတ ဦးသိန်းစိန်သည် ၎င်း၏ သမ္မတ သက်တမ်း အတွင်း နောက်ဆုံးအနေဖြင့် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် အရှေ့အာရှ အစည်းများ တက်ရောက်ရန် ရောက်ရှိခဲ့ခြင်း ဖြစ်ပြီး အစည်းအဝေး ကာလအတွင်း အမေရိကန်၊ ရုရှ၊ အိန္ဒိယ၊ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်တို့နှင့် သီးခြားတွေ့ဆုံရန် အစီအစဉ် ရှိပါသည်


Filed under: Breaking News, General, World News
↧

သမ္မတဦးသိန်းစိန်၏ နောက်ဆုံးအောင်ပွဲ သည် အာဏာလွှဲပြောင်းရေးဟု ဆို

$
0
0

သမ္မတဦးသိန်းစိန် , ဦးရဲထွဋ် , ပြန်ကြားရေးဝန်ကြီးဌာန

အာဏာလွှဲပြောင်းရေးနှင့် ပတ်သက်၍ သံသယဖြစ်နေမှုများကို တုံ့ပြန်သည့် အနေဖြင့် သမ္မတ ၏ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က တိုင်းပြည်၏ နုနယ်သေးသော ဒီမိုကရေစီ အတွက် အစဉ်အလာကောင်းတခု ချမှတ်ပေး နိုင်ရန် သမ္မတဦးသိန်းစိန်တွင် ရည်ရွယ်ချက် ရှိကြောင်းပြောကြားလိုက်သည်။ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးခြင်းကို အစိုးရအဖွဲ့၏ “နောက်ဆုံး အောင်ပွဲ”ဖြစ်သည်ဟု လည်းသူက ဆိုသည်။

“ကျနော်တို့ အခုကြိုးစားနေတာက ကောင်းမွန်တဲ့ ဒီမိုကရေစီ အစဉ်အလာတခုကို တည်ထောင်ရေးဖြစ်ပါတယ်။ ရွေး ကောက် ပွဲတခုကနေ ဖွဲ့စည်းခဲ့တဲ့ အစိုးရက နောက် ထပ် ရွေးကောက်ခံ အစိုးရတခုကို ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ပေးတာမျိုး ကျနော် တို့ နိုင်ငံရဲ့ သမိုင်းမှာ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကထဲက ဒီလိုမျိုး မရှိခဲ့ပါဘူး။ ကျနော်တို့ အစိုး ရရဲ့ ပြုပြင်ပြောင်းလဲရေးရဲ့ နောက်ဆုံး တာဝန် တခုအနေနဲ့ ကျနော်တို့ ဒါကိုလုပ်ပါမယ်။ အဲဒါက ကျနော်တို့ရဲ့ နောက်ဆုံး အောင်ပွဲပါ။” ဟု ဦးရဲထွဋ်က ဧရာဝတီသို့ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိခဲ့ပြီးနောက် NLD ပါတီ ဥက္ကဌ ဒေါ်အောင် ဆန်း စုကြည် နှင့် တွေ့ဆုံ ဆွေးနွေးရန် သဘောတူခဲ့ပြီး ဖြစ်သော သမ္မတ ဦးသိန်းစိန်က လွန်ခဲ့သော ၁၀ ရက် NLD ပါတီ အနိုင်ရကြောင်း သေချာသွားသည့် အချိန်တွင်   ဒေါ်အောင်ဆန်းစုကြည်က သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုခဲ့ ပါသည်။

သမ္မတက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု ချက်ချင်းမပြုလုပ်ခဲ့ဘဲ နှောင့်နှေးနေခြင်းက NLD ပါတီ ဦးဆောင် သော အစိုးရသစ်တခု ပေါ်ပေါက်လာရေးကို အတားအဆီးဖြစ်နိုင်သည်ဟု တချို့က သတိပေးခဲ့ကြ သည်။

အဆိုပါ စိုးရိမ်မှုများက အခြေအမြစ် မရှိဟု ဦးရဲထွဋ်က ပြောသည်။ ရွေးကောက်ပွဲပြီးသည့် နောက် ပထမဆုံးကျင်းပ သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်က ချောမွေ့ငြိမ်းချမ်းသော အာဏာလွှဲပြောင်းရေးအတွက် ပြင် ဆင်ထား ရန် မှာကြားခဲ့ပြီး ဖြစ်သည်ဟု သူက ထပ်ပြောသည်။

ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးမှု မည်သည့် အချိန်တွင် ဖြစ်လာမည် ဆိုသည်နှင့် ပတ်သက်၍ လည်း သမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူက ယခင်က ထုတ်ပြန်ခဲ့ပြီး ဖြစ်သည့် အတိုင်း ရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ငန်း စဉ်များ ပြီးဆုံးသည့် အချိန်တွင် တွေ့ဆုံမည်ဟု အခိုင်အမာပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ ရွေးကောက်ပွဲပြုလုပ်ပြီး ၄၅ ရက်အတွင်း တွင် ရွေးကောက်ပွဲကော်မရှင် ၏ လုပ်ငန်းများကို ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်သည်။ အညင်းပွားမှုများ၊ တိုင်ကြားမှုများ ရှိလာပါကလည်း အဆိုပါ ရက် အတွင်းတွင် ကော်မရှင်က ဖွဲ့စည်းပေးသည့် ခုံရုံးက ကြားနာဖြေရှင်းပေးရမည် ဖြစ်သည်။ ရွေးကောက်ပွဲက နိုဝင်ဘာ လ ၈ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ၄၅ ရက်ပြည့်မည် ဖြစ်သည်။

“နိုင်ငံတော် သမ္မတက သူအဆင်ပြေတဲ့အချိန် သူဆုံးဖြတ်မှာပေါ့။ အဲဒါရှင်းနေတာပဲလေ။ ဒါပေမယ့် နားလည်ထားဖို့ က တွေ့ခြင်း မတွေ့ခြင်းနဲ့ တာဝန်လွှဲပြောင်းနဲ့ ဘာမှမဆိုင်ဘူး။ အဲဒါတော့ နားလည်ထားဖို့ လိုတယ်။” ဟု ဦးရဲထွဋ် ကပြော သည်။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ကတိပေးခဲသည့်အတိုင်း လုပ်ဆောင်ခဲ့သည့် အစိုးရတခုကို အသိအမှတ် မပြုဘဲ သံသယရှိနေသူများကိုလည်း ဝေဖန်ခဲ့သည်။

“ကျနော်ပြောမယ်၊ သမ္မတကြီး ဦးသိန်းစိန် ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုတဲ့ ၂၀၁၁ ကလည်း မယုံဘူး။ ငြိမ်းချမ်းရေး လုပ်မယ် ပြောတော့လည်း မယုံဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့   ရွေးကောက်ပွဲ ကျင်းပမယ်ဆိုတော့လည်း မယုံဘူး။ ဒါပေမယ့် သမ္မတကြီး ဦးသိန်းစိန်က ကတိပေးထားတဲ့ အတိုင်းလုပ်ပြခဲ့ပြီးပြီ။ တာဝန်လွှဲပေးတာကိုလည်း လုပ်ကိုလုပ်မှာ။” ဟု ဦးရဲထွဋ်က ဧရာဝတီသို့ပြောသည်။

မဲမသမာမှုများစွာရှိခဲ့သည်ဟု အများက ယူဆထားခဲ့သော ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှ ပေါ်ထွက် လာသည့် ဦးသိန်းစိန် ခေါင်းဆောင်သော အရပ်သား တပိုင်းအစိုးရ၏ သက်တမ်းက လာမည့် ၂၀၁၆ ခုနှစ် မတ်လ တွင် ကုန်ဆုံးမည်ဖြစ်သည်။

ပြီးခဲ့သည့် အပတ်အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် နှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်း တို့ နှင့် တွေ့ဆုံရန် စာရေးသား တောင်းဆိုခဲ့သည်။ စာ များထဲတွင် အတိုက်အခံ ခေါင်းဆောင်က အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆွေးနွေးရန် ဆန္ဒရှိနေကြောင်းဖော် ပြ ထားပြီး နောက် အပတ်တွင် တွေ့ဆုံနိုင်ရေးအတွက် စီစဉ်ပေးရန် မေတ္တာရပ်ခံခဲ့သည်။

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက   ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လည်း သမ္မတ ဦးသိန်းစိန်ကဲ့သို့ ပင် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းစဉ်များ ပြီးဆုံးသည့် အချိန်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ပြန်ကြားခဲ့ပါသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက ကိုယ်စားလှယ် နေရာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ပါသည်။ ရွေးကောက်ပွဲတွင် NLD နှင့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြည် ထောင်စုကြံ့ခိုင်ရေး ပါတီ အပါအ၀င် နိုင်ငံရေး ပါတီ ၉၀ ခန့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


Filed under: ဆောင်းပါးများ, ရွေးကောက်ပွဲ, General
↧

Obama visits children’s centre in Sentul

$
0
0
 21 November 2015
By Rozanna Latiff –

KUALA LUMPUR: United States president Barack Obama has called on countries around the world to offer a safe haven for refugees, as he took some time off his packed schedule here today to visit the Dignity for Children for Foundation, an educational institution for urban poor and refugee children in Sentul. During the visit, Obama spent about 20 minutes in a classroom with ten child refugees, aged between seven and nine, helping them with their art projects. Obama spoke to the children individually about their classes, their favourite subjects and their hopes and dreams. Speaking to reporters later, Obama said children like them were deserving of the world’s protection and support. “Anyone who has had a chance to see these kids, hopefully you’ll understand the degree with which they’re just like our kids. They deserve love, protection, stability, and an education,” he said. Obama said while the world’s attention was currently focused on the humanitarian crisis in Syria, it should not forget the 60 million people who had been displaced around the globe. He refuted fears that Muslim refugees brought with them the threat of terrorism, saying that the children he met were “the opposite of terror, the opposite of the type of despicable violence we saw in Mali and Paris.” As part of his visit, Obama met with a group of young refugees who had recently completed the process of being resettled in the US. The US, he said, would remain open to refugees as long as he remained in office. “As long as I’m president, we are going to keep on stepping up,” he said. Obama also acknowledged Malaysia’s efforts to welcome and support refugees around the world. Malaysia has taken in 150,000 refugees and asylum-seekers from countries including Sudan, Somalia and Myanmar, he said. The Dignity Foundation aims to empower underprivileged and urban poor children through quality education. It was founded more than 15 years ago by chairman Rev Elisha Satvinder and his wife Petrina after they discovered many underprivileged families in the Sentul area. The foundation has grown from an institution with just 20 students, to a learning centre with 1,000 poor and vulnerable children ranging from 2 to 17 years old. It provides quality education and care in a secure environment for its students from pre-school to Form 5.

Read More : http://www.nst.com.my/news/2015/11/112876/obama-visits-childrens-centre-sentul


Filed under: Articles, General, World News
↧
↧

ကျမတို့ အတုယူရမည့် မွတ်စလင်တို့၏ ပရဟိတ

$
0
0

2015-02-13-MuslimFreeHospitalSign-thumb

မိုးနှင်းဖြူ ရေးသည်။

မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ( Muslim Free Hospital ) ကို ရန်ကုန်မြို့တွင် ၁၉၃၇ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ မွတ်စလင်ခေါင်းဆောင်တစ်စုက ဆေးဝါးကုသရန် မတတ်စွမ်းနိုင်သော ရန်ကုန်ဒေသခံ ဆင်းရဲနွမ်းပါးသူများကို ကုသပေးရန် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အစဦးပိုင်းတွင် မွတ်စလင်များထံမှရသော ရန်ပုံငွေဖြင့်သာ ရင်းနှီးမတည်ခဲ့သည်။

မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ(ဘားလမ်းဆေးရုံ)မှာ ယခုတိုင်တည်ရှိကာ ၀န်ဆောင်မှုပေးလျက် ရှိပြီး မြန်မာမွတ်စလင်တို့၏ လှူဒါန်း ခဲ့သော   အလှူငွေများဖြင့် လည်ပတ်လျက်ရှိသည်။

၁၉၈၈ ခုနှစ်တွင် နိုင်ငံကို Burma မှ Myanmar သို့ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး မြို့ကို Rangoon မှ Yangon မြို့အဖြစ် ပြောင်း လဲခေါ် ဆိုခဲ့သည်။ သို့တိုင်အောင် မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံ၏ ခံယူချက် ဆောင်ရွက်ချက်များမှာ အပြောင်းအလဲမရှိခဲ့ချေ။
ဆေးရုံစတင် တည်ထောင်စဉ်ကပင် လူမျိုးရေး၊ ဘာသာရေးနှင့် ဆင်းရဲချမ်းသာ ခွဲခြားဆက်ဆံ မှုမရှိခဲ့။ မြန်မာမွတ်စလင်တို့သည် ဆင်းရဲနွမ်းပါးသော မွတ်စလင်များ၊ ဗုဒ္ဓဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များ၊ ဟိန္ဒိုဘာသာဝင်များအပါအ၀င် မည်သည့်ဘာသာဝင် အတွက်မဆို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ဆေးဝါးဒါန ပြုပေးလျက်ရှိသည်။

ယင်းမှာ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော ထူးခြားသည့် အံ့သြဖွယ်ရာပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် မွတ်စလင်လူဦးရေမှာ ၄ ရာခိုင်နှုန်းသာရှိ၍ လူနည်းစုဖြစ်သည်။ မြန်မာနိုင်ငံက မွတ်စလင်အများစုမှာ ထိတ်လန့်စွာနေထိုင်ရသည်။ ငြိမ်းချမ်းစွာနေထိုင်သော မွတ်စလင်များအား ဆန့်ကျင်အကြမ်းဖက် မည့် ဘေးအန္တရာယ်မှာလည်း မြင့်တက်လျက်ရှိသည်။

စစ်သွေးကြွ ဗုဒ္ဓဘာသာဘုန်းကြီးတို့က မွတ်စလင်များအား အကြမ်းဖက်ရန် ပေါ်ပေါ်ထင်ထင် လှုံ့ဆော်ကြသည်။ မြန်မာပြည်၏ အချိ့နေရာများတွင် (မွတ်စလင်တို့၏) စီးပွားရေးများ၊ နေအိမ်များ မီးရှို့ခံရသည်။ မွတ်စလင်တို့ သတ်ဖြတ်ခံရသည်။ ဘုန်းကြီးများက မွတ်စလင်တို့အား တိရိစ္ဆာန်နှင့် ခိုင်းနှိုင်းပြောဆိုကာ တိုင်းပြည်မှ ထွက်ခွာသွားရန် တောင်းဆိုခဲ့ကြသည်။ ၂၀၁၃ ခုနှစ်က တိုင်းမ် မဂ္ဂဇင်း ဆောင်းပါးတွင် မန္တလေးမြို့က ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါး၏ အကြမ်းဖက်ဖန်တီးမှု အကြောင်း   ရေးသားဖော်ပြခဲ့သည်။ အဆိုပါ   ဆောင်းပါးဖော်ပြချိန်ကစပြီး အခြေအနေက ပိုမိုဆိုးရွားလာခဲ့သည်။

သို့တိုင် မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံမှာမူ ဗုဒ္ဓဘာသာ လူများစုကြီးအား ခွဲခြားဆက်ဆံမှုမရှိ အခမဲ့ ကူညီကုသမြဲ ကုသပေး လျက် ပင်ရှိသည်။ ထို့ပြင် ယင်းဆေးရုံ၌ နိုင်ငံရေးရည်ရွယ်ချက်လည်း မရှိချေ။

gallery_l_08

မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံမှ ၀န်ထမ်းများအကြားတွင်လည်း မတူကွဲပြားသော ဘာသာ တရားများအကြား သင့်မြတ်မှုကို လှစ်ဟပြ သနိုင်ခဲ့သည်။ မွတ်စလင်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်တို့မှ ဆရာဝန်၊ သူနာပြုအားလုံး လေးစာသမှုနဲ့ အတူတကွ လုပ်ကိုင်ကြသည်။
ပံ့ပိုးပေးနိုင်မှု အကန့်အသတ်နှင့်သာရှိသော အဆိုပါ ဆေးရုံ၏ ကုသမှု အရည်အသွေးနှင့် အရေအတွက် မှတ်တမ်းများက အမေရိကန်နိုင်ငံ၌ပင် တွေးကြည့်၍ မရသောနိုင် အချက်အလက် များဖြစ်သည်။ မြန်မာပြည်မွတ်စလင်တို့က နှစ်စဉ် ဒေါ်လာ ၄ သိန်း လှူဒါန်းသည်။ လူနာများတွင် ငွေတတ်နိုင်သူက နိုင်သလောက်ပေးသည်။ ငွေကြေးချို့တဲ့သူများကမူ မပေးနိုင်ကြချေ။

ပြင်ပလူနာဌာနတွင် တစ်ရက်လျှင် လူနာ ၄၅၀ ခန့် ကုသပေးသည်။ ဘားလမ်းဆေးရုံတွင် ကုတင် ၁၆၀ ခန့်ရှိသည်။ လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်ကဆိုလျှင် စာရင်းအင်းများအရ တစ်နှစ်အတွင်း   ဆေးရုံတက် ကုသလူနာ ၆၀၀၀ ခန့်ကို ၀န်ဆောင်မှုပေးနိုင် ခဲ့သည်။   ဆေးရုံတွင် ဆေးဝါးဌာန၊ ခွဲစိတ်ဌာန၊ သားဖွားဌာနနှင့် မျက်စိအထူးကုဌာန စသဖြင့် ဌာနခွဲများ ဖွင့်လှစ်ထားပြီး ဓါတ်မှန်စမ်း သပ်ခန်း၊ ဆေးပေးခန်း၊ Ultrasound နှင့် ခွဲစိတ်ခန်းများ ရှိသည်။ လက်ရှိအချိန်တွင် ပျမ်းမျှတစ်လ အတွင်း မွေးလူနာ ၂၂၀ ခန့်ရှိသည်။
စုစုပေါင်း ဆရာဝန် ၄၅ ဦးက ဆေးရုံတွင် အချိန်ပေး လစာမဲ့လုပ်ကိုင်လျက်ရှိသည်။

ထိတ်လန့်ကြောက်မက်ဖွယ်ရာများနေ့စဉ် ဖြစ်ပျက်နေပြီး ရှုတ်ထွေးပွေလီလှသော ကမ္ဘာကြီးတွင် သူတစ်ပါးတို့အား ကူညီစောင် မရန်အတွက်သာ စိုးရိမ်စိတ်ကြီးနေသူတို့ထံမှ ဖြာထွက်လာသော အလင်းတန်းများကို မြင်ရသည်မှာ ကျေနပ် အားရစရာပင်ဖြစ်၏။

ကျမ ကချင်တိုင်းရင်းသူ တစ်ဦးပါ။
မြန်မာအမည်မိုးနှင်းဖြူပါရှင်
.
** စာရေးသူ မိုးနှင်းဖြူရဲ့ FB စာမျက်နှာမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဆက်စပ် သတင်းနှင့် ဆောင်းပါးများ ဖတ်ရန်
——————————–
ငွေကြေးမပြည့်စုံတဲ့ ဝေဒနာရှင်များကို မွတ်စလင် ကုသိုလ်ဖြစ် ဆေးရုံမှာ အခမဲ့ ကျောက်ကပ်ဆေးပေးနေ
http://www.m-mediagroup.com/news/44898
.
မြန်မာမွတ်စ်လင်မ်တို့၏ အကျိုးပြု သမိုင်း တစ်ပုဒ်နှင့် အားလုံး အတွက် စံနမူနာ
http://www.m-mediagroup.com/news/38059
.
မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ က ဒေါက်တာ ဒေါ်ခင်ဝင်းကြူ ရဲ့ ပုံရိပ် တစေ့တစောင်း
http://www.m-mediagroup.com/news/32641
.
မွတ်စ်လင်မ် ကုသိုလ်ဖြစ် အခမဲ့ဆေးရုံသည် မြန်မာ့ ညီညွတ်သွေးစည်းခြင်း မျှော်လင့်ချက်တစ်ခု
http://www.m-mediagroup.com/news/18346
.
လူမျိုး၊ဘာသာမခွဲ ကုသပေးနေတဲ့ မွတ်စလင် ကုသိုလ်ဖြစ်ဆေးရုံ ၇၆ နှစ်ပြည့်တော့မည်။
http://www.m-mediagroup.com/news/8347
.
ကျောက်တံတားမြို့နယ်ရှိ မွတ်စ်လင်မ် ကုသိုလ်ဖြစ်ဆေးရုံ
http://www.m-mediagroup.com/news/2371
.
ပြည်သူ့ဂုဏ်ရည်ဆု ပဏာမစာရင်းတွင် မွတ်စလင်မ် ကုသိုလ်ဖြစ်ဆေးရုံ ၃ ကြိမ်ဆက်တိုက်ပါဝင်ခဲ့
http://www.m-mediagroup.com/news/2363


Filed under: ကျန်းမာရေး, ဆောင်းပါးများ
↧

ဘူဂေးရီးယားမှပရော်ဖက်ဆာတစ်ဦး ကုရ်အာန် ကိုမိခင်ဘာသာသို့ ပြန်ဆိုပြီးနောက် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်

$
0
0

နိုဝင်ဘာ ၂၁၊ ၂၀၁၅
M-Media

quran

– ဘူဂေးရီးယားမှ အာရဘီဘာရပ်ဆိုင်ရာ ပါမောက္ခတစ်ဦးမှာ ကုရ်အာန်ကျမ်းတော်မြတ်ကို   လေ့လာဖတ်ရှုကာ ဘာသာပြန်ဆိုပြီးနောက်ပိုင်း အစ္စလာမ်သာသနာသို့ ပြောင်းလဲ သက်ဝင် ခဲ့သည်ဟု သိရသည်။

ဆိုဖီယာတက္ကသိုလ်မှ ဂန္တ၀င်အာရဘီစာပေဌာနတွင် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေ သည့် ဒေါက်တာ စဗီတန် တီယိုဖာနော့ဗ် ဆိုသူဖြစ်ပြီး ကုရ်အာန်ကျမ်းတော်မြတ်နှင့် ကျမ်းချက်များဆိုင်ရာ အကြောင်းကို သင်ကြားပို့ချပေးသူ ဆရာတစ်ဦးလည်း ဖြစ်သည်။

တီယိုဖာနော့ဗ်မှာ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်တွင် အစ္စလာမ့်ရေးရာ လေ့လာမှု ဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ရရှိခဲ့ပြီး မော်စကိုရှိ အရှေ့တိုင်းပညာ တက္ကသိုလ်တွင်လည်း ဒုတိယမြောက် ဒေါက်တာဘွဲ့ ရရှိခဲ့သည်။

“လွန်ခဲ့တဲ့ နှစ်အတော်ကြာက နိုင်ငံပိုင် ပုံနှိပ်လုပ်ငန်းကနေ မေတ္တာရပ်ခံမှုကြောင့် ကုရ်အာန် ကျမ်းတော်မြတ် ကို ဘာသာစပြန်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဆိုရှယ်လစ်ခေတ်ပါ။ ဒီဘာသာပြန်မှုက မွတ်စလင်တွေအတွက် ဆိုတာထက် တူရကီနိုင်ငံရဲ့ ပေါ်လစီတွေကို   ကြေကြေညက်ညက် သိရှိနားလည်ဖို့သာ ဖြစ်ပါတယ်။ ဘာသာပြန်လုပ်ငန်းစပြီး သိပ်မကြာခင် ၁၉၈၉ ခုနှစ်မှာပဲ ဒီမိုကရက်တစ် အပြောင်းအလဲ ဖြစ်ပါတယ်။ နိုင်ငံပိုင် ပုံနှိပ်တိုက်က ဒေ၀ါလီခံသွား တယ်။ ဘူဂေးရီးယားလို ဘာသာပြန်ထားတဲ့ ကုရ်အာန်ကျမ်းတော်မြတ်ဟာလည်း အဲဒီနှစ်မှာ မထုတ်လိုက်ရပါဘူး”

“ဒါပေမယ့် ကျွန်တော် ဆက်ပြီး ကုရ်အာန်ကို ဘာသာပြန်တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့်ဘ၀ဟာ   ပြောင်း လဲသွားတာပါ။ မြင့်မြတ်တဲ့ ဒီကျမ်းကို ကျွန်တော် ပိုနားလည်လာတယ်။ ပြီးတော့ နှလုံး သာထဲက ဒီကျမ်းတော်မြတ်ကို နှစ်နှစ်ကာကာ လိုချင်လာပါတယ်” ဟု ပါမောက္ခ တီယိုဖာနော့ဗ် က ပြောကြားခဲ့သည်။

အစ္စလာမ်ကို သက်ဝင်ပြီ

ဆိုဖီယာတက္ကသိုလ်တွင် အာရဘီဘာသာစကားကို ဆက်လက်သင်ကြားပို့ချခဲ့သည့် ဒေါက်တာ တီယိုဖာနော့ဗ်က ထိုအလုပ်မှာ မိမိ၏ နှလုံးသားတံခါးများစွာကို ဖွင့်ပေးခဲ့သည်ဟု ဆိုသည်။

“ကျွန်တော့်ရဲ့ ပညာရှင်ဘ၀မှာ အာရဘီဘာသာစကားကို အလွန်အမင်းစိတ်ဝင်စားမှုက အခြားသော လမ်းတွေကို ပွင့်သွားစေပါတယ်။ ကျွန်တော်စပြီး ဘာသာပြန်တုန်းက ဒီစာအုပ်ကို သာမန်စာအုပ်တစ် အုပ်နေနဲ့သာ မှတ်ယူခဲ့တာပါ။ အချိန်ကြာလာလေလေ ကုရ်အာန်ကျမ်းတော်မြတ်ကို နားလည်လာပြီး စာကြောင်းတိုင်းကို ပိုမို နက်နက်ရှိုင်းရှိုင်း သိရှိလာပါတယ်။ ကောလိပ်မှာတုန်းက ကျွန်တော် ကုရ်အာန်   ဘာသာပြန်နဲ့ အဓိပ္ပါယ်ကို ဖတ်ဖူးပါတယ်။ ဒါပေမယ့် တကယ့် ဘာသာပြန် ပြီးဆုံးတဲ့အခါ မှာတော့ ရှင်းလင်းထင်ရှားမှုကို ခံစားခဲ့ရပါတယ်။ ကုရ်အာန်နဲ့ဆန့်ကျတဲ့ အခြေအနေနဲ့ ကျွန်တော့်ဘ၀ရဲ့ အချိန်တော်တော်များများကို ကုန်ဆုံးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အစ္စလာမ်ကို သက်ဝင်ယုံကြည်ခဲ့ပြီး အခုတော့ ကျွန်တော် မွတ်စလင်တစ်ယောက်ဖြစ်နေ ပြီပေါ့လေ”

တီယိုဖာနော့ဗ်မှာ အာရပ်ကဗျာများကို စတင် ဘာသာပြန်ခဲ့ခြင်း ဖြစ်ပြီး အလယ်ခေတ် အာရဘီစာပေကိုလည်း လေ့လာခဲ့သူဖြစ်သည်။ ထို့ပြင် ကုန်အာန်ကျမ်းတော်မြတ်အပါအ၀င် ၎င်း ဘာသာပြန်ထားသည့် စာအုပ်များကိုလည်း ရိုက်နှိပ်ထုတ်ဝေ ဖြန့်ချီခဲ့သည်။

လက်ရှိနောက်ဆုံးထွက်ရှိသည့် ၎င်း၏ စာအုပ်မှာ The Phenomenology of the Prophet ဖြစ်ပြီး သမ္မာကျမ်းစာကို အခြေပြု၍ ရေးသားထားသည့် စာအုပ်လည်းဖြစ်သည်

“အရှေ့အလယ်ပိုင်းမှာ အရေးပါတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ ရိုက်ခတ်မှုကို ကျွန်တော် ဆန်းစစ်ခဲ့ပါတယ်။ ပြီးတော့ ထူးခြားဆန်းကျယ်တဲ့ ဖြစ်ရပ်တွေကိုလည်း ကျွန်တော် ဆွေးနွေးခဲ့ပါ တယ်။ ဒီစာအုပ်ဟာ ဘာသာရပ်ပိုင်းဆိုင်ရာ လေ့လာမှုတစ်ခုပါ။ ဒီစာအုပ်မှာ စိတ်ဝင်စားစရာ   တော်တော် များပါတယ်။ အောက်တိုဘာလအတွက် အရောင်းရဆုံးစာအုပ်အဖြစ် ရွေးချယ်ခံ ခဲ့ရပါတယ်။ ဘာသာတရားနဲ့ ဘာသာတရားတွေရဲ့ မတူညီမှုတွေကို စိတ်ဝင်စားမှုတွေဟာ မြင့် တက်လာနေပါတယ်” ဟု ဒေါက်တာတီယိုဖာနော့ဗ်က ပြောကြားခဲ့သည်။

Ref: worldbulletin


Filed under: သတင်းများ, အစ္စလာမ်ဘာသာ, General
↧

မလေးရှားရောက် အမေရိကန်ကန်သမ္မတ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံ Video

↧
Viewing all 7779 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>