Quantcast
Channel: Danya Wadi
Viewing all articles
Browse latest Browse all 7779

ဘင်္ဂလားဒေ့ရှ်တပ်မတော်နှင့်ရခိုင်-ဒိုင်းနက် သောင်း ကျန် သူများ တိုက် ပွဲ ဖြစ် ပွား

$
0
0
ဘင်္ဂလားဒေ့ရှ် တပ်မတော်နှင့် ရခိုင်-ဒိုင်းနက် သောင်းကျန်သူများ တိုက်ပွဲဖြစ်ပွား

သြဂုတ်လ (၂၄)၊ ၂၀၁၅ ခု။
ဗမာ့တိုင်း(မ)စ်။ ။စစ်တကောင်းတောင်တန်းဒေသရှိ Rangamati ခရိုင်၊ Baghaichhari နယ်မြေအတွင်း ဘင်္ဂလားဒေ့ရှ်တပ်မတော်မှ စစ်တပ်ဖွဲ့နှင့် ထိုဒေသအနီးတဝိုက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ခြေကုတ်ယူထားသည့် ရခိုင်-ဒိုင်နက် လက်နက်ကိုင် သောင်းကျန် သူများအကြား ယခုလ (၁၅) ရက်နေ့၊ စောစောပိုင်းက တိုက်ပွဲတစ်ရပ် ဖြစ်ပွားခဲ့ရာ သောင်းကျန်သူ ငါးဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းနိုင်ခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါတိုက်ပွဲအတွင်း သေဆုံးခဲ့သူများမှာ Tatumoni Tripura (28) နှစ်၊ Jackson Chakma (25)နှစ်၊ Rupayan Chakma (24) နှစ် Kanti Marma (ရခိုင်) (28) နှစ်နှင့် Babul Chakma (20) နှစ်တို့ဖြစ်ပြီး ယင်းတို့၏အလောင်းများကို ခွဲစိပ်စစ်ဆေးရန် Khagrachhari နယ်ဆေးရုံကြီးသို့ ပို့ဆောင်ထားသည်။
ယင်းသောင်းကျန်းများမှ တရုတ်လုပ် ရိုင်ဖယ်နှစ်လက်၊ SLR (M-16) သုံးလက်၊ အသေးစား စက်သေနတ်တစ်လက်၊ ပစ္စတို တစ်လက်၊ SMC ထိန်းချုပ်စက်တစ်ခုနှင့် ကျည် ၅၃၉ တောင့်အပြင် စစ်ဘောင်းဘီ (၆) ထည်၊ အင်္ကျီ (၁၀) ထည်၊ ဦးထုပ် (၁၀) လုံးနှင့် ခါးပတ်အချို့ ကိုလည်း ဘင်္ဂလားဒေ့ရှ် တပ်မတော်က သိမ်းဆည်းရရှိခဲ့သည်။
တိုက်ပွဲတွင် နှစ်ဘက်စလုံးက အနည်ဆုံး ကျည်ဆံ ၄၅၀ တောင့် အပြန်အလှန် ပစ်ခတ်ခဲ့သည်ဟု သိရပြီး သောင်းကျန်သူများဘက်မှ လူ အတော်များများ ထိခိုက်ဒဏ်ရာ ရရှိသွားပြီး ယင်းတို့ ဆုပ်ခွာထွက်ပြေးရာ လမ်းကြောင်းတွင် သွေးလျှံသွေးစများဖြင့် နီရဲရဲဖြစ်နေကြောင်း   နှင့် ဘင်္ဂလားဒေ့ရှ်တပ်မတော်ဘက်မှ Liaquat အမည်ရှိ တပ်ကြပ်တစ်ဦး ဒဏ်ရာရရှိကြောင်း Baghaihat တပ်နယ်မြေ စစ်တပ်တာဝန် ခံ ဒုတိယ ဗိုလ်မှူးကြီး Ali Haider Siddiqui က ပြောကြားခဲ့သည်။
တိုက်ပွဲဖြစ်ပွားခဲ့ရခြင်းနှင့် ပတ်သက်၍ ဒုတိယဗိုလ်မှူးကြီး Ali Haider Siddiqui က “Barada ကျေးရွာမှာ လက်နက်ကိုင် သောင်းကျန်း သူတစ်စု ခြေကုပ်ယူထားတယ်လို့ သတင်းကြားသိရတာကြောင့် လွန်ခဲ့တဲ့ သောကြာနေ့ညက ဗိုလ်မှူး Ashik bin Jalil ဦးဆောင်တဲ့ တပ်မတော်အဖွဲ့ တစ်ခုက အဲဒီရွာကို သွားဝိုင်းတာ အဲဒီမှာ သောင်းကျန်းသူတွေက စပစ်ခတ်တယ်” ဟု ဆိုသည်။
“မနက် (၅း ၀၀) နာရီမှာ သောင်းကျန်းသူတွေက စပစ်တော့၊ တပ်မတော်ကလဲ ပြန်တိုက်တယ်။ အဲ့လိုဘဲ တိုက်ပွဲက တစ်နာရီနီးပါး ဖြစ် ခဲ့တယ်၊ ပြီးရင် သောင်းကျန်းသူတွေ နောက်ဆုတ် ထွက်ပြေးသွားတယ်” ဟု ၎င်းက ဆက်ရှင်းပြသည်။
တပ်မတော်ဘက်မှ ယခု လက်နက်ကိုင်အဖွဲ့သည် ဒေသတွင်းရှိ နိုင်ငံရေးအဖွဲ့အစည်း နှစ်ရပ်ဖြစ်သော United Peoples’ Democratic Front (UPDF) နှင့် Jana Sanghati Samiti (JSS-MN Larma) ခါးပိုက်ဆောင်တပ်များ ဖြစ်သည်ဟု ပြောကြားခဲ့သော်လည်း ယင်း အဖွဲ့အစည်းများက မဟုတ်မှန်ကြောင်း ငြင်းဆိုထားသည်။
ယခုအဖွဲ့သည် ရခိုင်ပြည်နယ် လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ALP နှင့် AA တို့နှင့် ဆပ်စပ်မှုရှိသည် ဟု ဒေသခံအချို့က ပြောကြားလျက်ရှိပြီး ယင်းအဖွဲ့နှစ်ဖွဲ့သည်လည်း ဤဒေသတဝိုက်တွင် ခိုအောင်းလျက်ရှိသည်ဟု သတင်းရရှိသည်။
ထို့အပြင် လွန်ခဲ့သည့်ရက်ပိုင်းများက သတင်းအရ ဘင်္ဂလားဒေ့ရှ်တပ်မတော်မှ တပ်ဖွဲ့တစ်ဖွဲ့က နယ်မြေလုံခြုံမှု စစ်ဆင်ရေးတစ်ရပ် ပြု လုပ်ခဲ့ရာ AA တပ်သားအချို့သည် ယင်းအတွက်ကြောင့် နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ထဲသို့ ကူးပြောင်း ဝင်ရောက်ခဲ့ စဉ် မြန်မာတပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ဦးသေးဆုံးခဲ့သည်။


Filed under: သတင်းများ

Viewing all articles
Browse latest Browse all 7779

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>