****ကမ္ဘာကိုအုပ်ချုပ်ခဲ့သောဘုရင်တမန်တော်စိုလိုင်မာန်(အ)နဲ့ ဘုရင်မဟဇရသ်ဘိလ်ကီးစ်သခင်မတို့ရဲ့ စိတ်ဝင်စားစရာနှင့် သံဝေဂတရားရစရာ ဝါကေအဟ် *****
ဟဇရသ်စိုလိုင်မာန်(အ)ရဲ့ထံမှာ ဟွဒ်ဟွဒ်လို့ခေါ်တဲ့ ဘီးတောက်ငှက်ရှိတယ်…တနေ့ထိုဟွဒ်ဟွဒ် ငှက်က ကောင်းကင်ပေါ်ပျံဝဲ လှည့်ပတ်ကြည့် ရင်းနဲ့ ဆွန်အအ်ဆိုတဲ့နေရာမှာ ပန်းခြံတစ်ခုထဲမှာ တခြားယမန်နိုင်ငံဘီးတောက်ငှက်နဲ့တွေ့ တယ်…ဟဇရသ် စိုလိုင်မာန်(အ) ဟွဒ်ဟွဒ်ငှက်ရဲ့ နာမည်က ယအ်ဖူးရ်ဖြစ်ပါတယ်…ယအ်ဖူးရ်ကိုယမန်ဘီးတောက်ငှက်ကမေးတယ်..သင်ဘယ်ကလဲ??ယအ်ဖူးရ်ကဖြေတယ် ကျွန်တော်က ဟဇရသ်စိုလိုင်မာန် (အ)နဲ့အတူ စီးရီးယားဖက်ကနေလာတာပါ…ယမန်ဘီးတောက် ကပြောတယ်…စိုလိုင်မာန်ကဘယ်သူလဲ?? ယအ်ဖူးရ်ငှက် ကဖြေတယ်…ဟဇရသ်စိုလိုင်မာန်ဆိုတာ ဂျင်တွေ ရှိုင်သွာန်တွေ ငှက်သတ္တဝါတွေ တရိစ္ဆာန်အားလုံး ပြီးရင် လေကို အမိန့်ပေးလို့ရတဲ့ ဘုရင်ပဲဖြစ်ပါတယ်…အလွန်အားအင်ကြီးမားတဲ့ဘုရင်ဖြစ်တယ် လေကိုအမိန့်ပေးပြီး ကြိုက်သလိုဆောင်ရွက်လို့ရတဲ့အပြင် အရာရာတိုင်းက သူ့ရဲ့နောက်လိုက်ဖြစ်တယ်….ဆိုတော့ ယအ်ဖူးရ်ငှက်က ယမန်ဘီးတောက်ငှက်ကိုမေးတယ် သင်ကဘယ်ကလဲ??ငါကတော့ ဒီနိုင်ငံမှာ ပဲနေ တယ် ဒီနိုင်ငံမှာက ဘုရင်မအုပ်ချုပ်တာ သူ့ရဲ့နာမည်ကဘိလ်ကီးစ်ဖြစ်တယ်..အဲ့ဒီဘုရင်မရဲ့လက်အောက်ခံခေါင်းဆောင်ပေါင်း တစ်သောင်းနှစ် ထောင် ရှိ တယ်…အဲ့ဒီခေါင်းတစ်သောင်းနှစ်ထောင်ထဲက ခေါင်းဆောင်တစ်ယောက်တစ်ယောက်ရဲ့ထံမှာ လက်အောက်ငယ် သား တစ်သိန်း တစ်သိန်းရှိတယ်….ပြီးတော့ သူတို့တွေက နေ မီးတွေကို ကိုးကွယ်ကြတယ်..အဲ့ဒီဘုရင်မရဲ့ နန်းတော်ကအရမ်း ထူးဆန်း တယ်… အဆင့်ဆင့်ဖြစ် တယ်…ပထမနန်းတော်ကြီးထဲမှာ ဒုတိယနန်းတော်ရှိတယ်….အဲ့ဒီဒုတိယထဲမှာ တတိယနန်းတေယ်ရှိ တယ်..တတိယ ထဲမှာ…စတုတ္ထနန်းတော် ရှိတယ် …အလိုပဲ ခုနှစ်ဆင့်သွားမှပဲ သူ့ရဲ့အတွင်းပိုင် ပုလ္လင် ကိုရောက်တာ…သူပုလင်ရဲ့အကျယ်က ကိုက်၄၀ရှိတယ်…အမြှင့်က၃ကိုက်ရှိတယ်.. .ပုလ္လင်ကို ကျောက်စိမ်း ပတ္တမြား ပုလဲဖြူနဲ့ အခြားသောကျောက်သံပတ္တမြားပေါင်းစုံနဲ့ အနားတွေကို ကွပ်ထားတယ်….ယမန်ဘီးတောက်ငှက် ကပြောတယ်ယအ်ဖူးရ်ကို ငါ့နဲ့အတူလိုက်ခဲ့ပါလာ…ယအ်ဖူးရ်ကပြောတယ် ငါအချိန်မရဘူး ငါ့ရဲ့ဘုရင်ကြီး က အဆွရ်နမားဇ်ချိန်ရောက်ပြီ ဝိုဇူလုပ်ဖို့ရေကို ငါပဲစီစဉ်ရပါတယ် အခုတောင်တောက်ကျနေပြီး ငါသွားတော့ မယ်ပြောပြီးထွက် လာတယ်….တဖက်မှာ ဟဇရသ်စိုလိုင်မာန် (အ)ကလဲ ယအ်ဖူးရ်(ခ)ဟွဒ်ဟွဒ်ရောက် မလာတော့စိတ်ဆိုးနေ တယ်..ဟွဒ်ဟွဒ်နဲ့ အတူ တမန်တေယ်စိုလိုင်မာန်(အ)ရဲ့ထဲမှာ နောက်တ ကခြား အေကားဗ် ငှက်ရှိတယ်…အဲ့ဒီအေကားဗ် ရိုပြောတယ် ဟွဒ်ဟွဒ်ကိုကြည့်စမ်း ဘာလို့မလာသေတာလဲ…ထိုငှက်က ကောင်းကင်မှာဝဲပျံပြီး ဥပမာ လူတစ်ယောက်ရဲ့လက်ထဲမှာ ခွက်ကိုကြည့်ရင် မြင်ရသလို အဲ့ပုံစံရှာတော့ ဟွဒ်ဟွဒ်လာနေတာကိုမြင်တော့ ဟဇရသ်စိုလိုင်မာန်(အ) ကို အကြောင်းကြားတယ်…ဟဇရသ်စိုလိုင်မာန်(အ)ကနမားဇ်ဖတ်ပြီး ဟွဒ်ဟွဒ်ကို ဘာကြောင့်နောက်ကျရလဲလို့မေးတော့…ဟွဒ်ဟွဒ်က ဘုရင်မ ဟဇရသ် ဘိလ်ကီးစ်သခင်မရဲ့အကြောင်းစုံကို ရှင်းပြတယ်…. ဟဇရသ် စိုလိုင်မာန်(အ) ကပြောတယ်…အလ္လာဟ့်နဲ့ဆန့်ကျင်ပြီး တုဖက်နှိုင်းယှဉ်နေတာကို အရင်ဆုံး ဒအ်ဝသ်ပေးမယ်ဆိုပြီးတော့ ဟွဒ်ဟွဒ်ကို စာတစ်ဆောင်ရေးပေးလိုက်တယ်…ဘုရင်မဟဇရသ်ဘိလ်ကီးစ် ထံကိုပေးဖို့…စာထဲမှာရေးထားတာက….
أن لا تعلو علي وأتونى مسلمين
ကုရ်အာန်ထဲ ကအာယသ်ပါ…အဓိပ္ပါယ်…ငါရဲ့ဆက်ဆံပေး ပို့ပြောဆိုမှုကို မကောင်းမမြင်ပါနဲ့ ၄င်းနောက် မွစ္စလ်မာန်အဖြစ်နဲ့လက်ခံဖို့ ငါ့ထံကို လာခဲ့ပါ….ပြီးတော့…စာထဲမှာ နဗီဖြစ်ကြောင်းကိုလည်း ရေးပေးပြီး ဘုရင်တံဆိပ်ရိုက်ပြီး ဟွဒ်ဟွဒ်ကို…သွားပို့ဖို့ပေး လိုက်တယ်… ဟွဒ်ဟွဒ်ကလည်း နန်းတော်က အဆင့်ဆင့်ခက်ခက်ခဲခဲရအောင်သွားပြီး…ဘုရင်မ ဟဇရသ်ဘိကီးစ် သခင်မက အိပ်ပျော်နေတော့ ဟွဒ်ဟွဒ်က စာကို ဘုရင်မရဲ့ရင်ဘတ်ပေါ်မှာထားခဲ့ပြီး ပြန်လာခဲ့တယ်…ဘိလ်ကီးစ်သခင်မနိုးလာတော့ စာကိုကြည့်ပြီး အရမ်းသောကရောက် သွားတယ် ပြီးတော့ မိမိရဲ့နန်းတွင်းထဲက သူတွေနဲ့တိုင်ပင်တယ်…သူတို့တွေကပြောတယ် စစ်တိုက်မယ်…ကျွန်တော်တို့မှာ စစ်အင် အားလက်နက် အပြည့်အစုံရှိတယ် ဘယ်တုန်းကမှလဲမရှုံးခဲ့ဘူး တိုက်ပွဲဝင်မယ်…ဒါပေမယ့် ဘုရင်မရဲ့သဘောပါ… ဘုရင်မပြောသလိုပဲဆောင်ရွက် ပါမယ် လို့ပြောတော့…ဘုရင်မဘီလ်ကီးစ်သခင်မကပြောတယ် တိုက်တယ်ဆိုတာမကောင်းဘူး…ဟိုဖက်ကဘုရင်ကို လက်ဆောင်ပေးပြီးကမ်း လှမ်းကြည့်မယ်…အကယ်၍ဘုရင်က လက်ဆောင်ကို လက်ခံတယ်ဆိုရင် သာမာန်လူပဲ.ဘုရင်က..အကယ်၍ လက်ဆောင်ကိုလက်မခံရင် အဲ့ဒါသာမာန်လူမဟုတ်ဘူး နဗီပဲဖြစ်ပါတယ်ဆိုပြီးတော့….မိမိရဲ့စစ်သည်တော်နဲ့အတူ ကျွန်အယောက်၅ရာ..ပိုးထည်ပေါင်း ၅ရာ..ပြီးတော့ ရွှေငွေအတုံး တစ်ထောင်…ပြီးတော့ အလွန်တန်ဖိုးကြီးတဲ့ သရဖူ ၄င်းသရဖူမှာ ကျောက်မြတ်ရတာနာပေါင်းစုံ ပါဝင်တယ်..ပြီးတော့ မြောက် များစွားသော ကျောက်သံပတ္တမြားတွေကိုထည့်ပြီး စာရေးပြီး ဘုရင်ကြီးစိုလိုင်မာန်(အ)ထံကို ပို့တယ်…ဟွဒ်ဟွဒ်က ဒီသတင်းကိုရတာနဲ့ ဟဇရသ်စိုလိုင်မာန်ကို အကြောင်းကြားတယ်…ဟဇရသ်စိုလိုင်မာန်(အ)ကဒီသတင်းကိုကြားကြားချင်း ဂျင်ကိုအမိန့်ပေးတယ်…အခုနန်းမြို့ရိုး ကနေ ခြောက်မိုင်အထိ လမ်းကို ရွှေနဲ့ခင်းလိုက်ပါ…ပြီးရင် လမ်းဘေးရဲ့အကာတံတိုင်းကို ရွှေတစ်ချပ် ငွေတစ်ချပ်လုပ်ပါ…ပြီးရင် နန်းတော်ရဲ့မြို့ရိုးအားလုံးကို ကျောက်သံပတ္တမြားတွေနဲ့ကွပ်ထားလိုက်ပါလို့ အမိန့်ပေးလိုက်တယ်…လူလုပ်တာမဟုတ်ဘူး ဂျင်တွေလုပ်တာ အမိန့်အတိုင်း တခဏအတွင်း အားလုံးပြီးမြှောက်သွားတယ်….ဘုရင်မရဲ့ သံတမန်တွေက လာရင်နဲ့ နန်းတော်ကိုမရောက်ခင်…ရွှေတွေနဲ့ခင်း ထားတဲ့လမ်းကိုရောက်တော့ အားလုံးကအံ့သြပြီး ရွှေလမ်းပေါ်မှာ ခြေမချရဲကြဘူး မတတ်နိုင်တဲ့အဆုံး ဒီရွှေလမ်းကပဲလာမှ နန်းတော် ကိုရောက်မယ်ဆိုတော့ သူတို့မှာပါလာတဲ့ ဘုရင်မရဲ့လက်ဆောင်က မပြောပါးသလောက်ဖြစ်နေတာကို ရှက်ပြီး တချို့က ကြောက်ရွံ့လို့ မျက်ရည် ပါ ကျ တယ်…နောက်ဆုံးနန်းတော်ကိုရောက်လာတော့ ဘုရင်မပေးခိုင်းတဲ့လက်ဆောင်ကိုပေးတော့ ဟဇရသ်စိုလိုင်မာန် (အ)ကပြော တယ်…ဘာလဲ..မင်းတို့တွေက ဒါတွေပေးပြီး မာနထောင်စည်းလုံးဖို့လာတာလာ…ငါ့အတွက်က ဒါတွေမလိုဘူး…ငါ့ရဲ့အရှင် အလ္လာဟ် အရှင်မြတ်က ငါ့ကို အတိုင်းထက်အလွန် ချီးမြှင့်ထားတယ်…မင်းတို့ရဲ့လက်ဆောင်ကို မင်းတို့ပဲပြန်ယူသွားပါ…လက်မခံကြောင်း အကြောင်းကြား လိုက်ပါ….သံတမန်တွေကပြန်လာပြီး ဘုရင်မဟဇရသ်ဘိလ်ကီးစ်ကို ဖြစ်ပျက်ခဲ့တဲ့မြင်ကွင်းအကြောင်းစုံကို တင်ပြတော့ ဘုရင်မကပြော တယ်….ဒါ သာမန်လူမဟုတ်ဘူး…နဗီပဲဖြစ်တယ်…ငါကိုယ်တိုင်ပဲသွားပါတော့မယ်ဆိုပြီးပြောတယ်….ဘုရင်မလာမယ်ဆိုတဲ့ သတင်းကိုရတော့ တမန်တော်စိုလိုင်မာန်က လာမယ့်လမ်းဘေးတစ်လျှောက်လုံးမှာ သတ္တဝါပေါင်းစုံကို ကြိုဆိုဖို့ အမိန့်ပေးတယ်…ပြီးတော့ မိမိရဲ့ပုလ္လင်ရဲ့ညာ ဖက်ခြမ်းမှာ ရွှေနဲ့လုပ်ထားတဲ့ ခုံပေါင်း ၄ထောင်..ဘယ်ဖက်ခြမ်းမှာ ရွှေခုံ၎ထောင်နဲ့မိမိရဲ့မှုးမတ်များ ဂျင်န်များထိုင်ရန် စီစဉ်လိုက်တယ်…ပြီးတော့ပြောတယ်…
.ايكم يأ تيني بعرشها قبل أن يأتوني مسلمين
သူတို့မရောက်လာခင် ဒီကို ဘုရင်မ ရဲ့ပုလ္လင်ကို ဘယ်သူယူလာနိုင်မလဲ??ထိုထဲကဂျင်န်တစ်ယောက်ကပြောတယ်…أنا اتيك به قبل أن تقوم من مقامك
ဘုရင်ကြီးရဲ့နေရာကနေမထခင်အရင် ကျွန်တော်ယူလာပေးပါမယ် …အလိုချိန်မှာ အိဖ်ရီးသ်ဆိုတဲ့ ဂျင်န်ကပြောတယ်…قال عفريت من الجن أنا اتيك به قبل أن يرتد إليك طرفك
မျက်တစ်မိတ်အတွင်း အမြန်ဆုံး ယူလာပေးပါမယ်…အိဖ်ရီးသ်ဂျင်န်က မျက်တစ်မိတ်အတွင်း ဘုရင်မကမြေပေါ်ကလာနေ တယ်…ဂျင်န်က မြေအောက်ကနေယူလာခဲ့တယ်….တမန်တော်စိုလိုင်မာန်က မိမိရဲ့ပုလ္လင်အနားမှာမှာ ဘိလ်ကီးစ်သခင်မရဲ့ ပုလ္လင်ကိုထားလိုက်တယ်.. ဘီလ်ကီးစ် သခင်မရောက်လာတော့မိမိရဲ့ ပုလ္လင်ကိုမြင်ပြီး အံ့သြသွားတယ် သာမန်လူမဟုတ်တာတော့သေချာပြီ..အလိုချိန်မှာ ဟဇရသ်စိုလိုင်မာန် (အ)ကမေးတယ် ဒီပုလ္လင်ကိုမြင်ဖူးလား???ဘိလ်ကီးစ်သခင်မကလည်း ဘုရင်မဆိုတော့ သာမန်အတွေးမှမဟုတ် တာ…မြင်ဖူးသလိုလိုပဲဆိုပြီျးဖြတယ်….ကျွန်မရဲ့ပုလ္လင်ပါလို့မဖြေဘူး….ဟဇရသ်စိုလိုင်မာန်(အ)က…ကြမ်းပြင်ကို မှန်ပြင်လုပ်ထားတယ် ထိုမှန်ပြင်ရဲ့အောက်မှာ ရေတွေရှိနေတယ်….ကြည့်လိုက်မယ်ဆိုရင် ရေပြင်လိုဖြစ်နေတယ်…ဘယ်လိုမှ မှန်ပြင်မှန်းမသိရဘူး…ရေပြင်ပဲထင် လိမ့်မယ်..ဟဇရသ်စိုလိုင်မာန်(အ)က ဘိလ်ကီးစ်သခင်မကို ကြွလာရန်ဖိတ်ခေါ်လိုက်တော့ ဘုရင်မက..တံခါးဝမှာရေပြင်ထင်ပြီး မိမိရဲ့ဝတ်ဆင်ထားတဲ့ အဝတ်စားအောက်ပိုင်းကို ခြေသလုံးပေါ်အောင် မလိုက်ပြီး လာဖို့လုပ်တော့ ဟဇရသ်စိုလိုင်မာန်(အ)ကပြောတယ် အဝတ်စားကို မစရာမလိုဘူး ဒီတိုင်းတာလျှောက်လာခဲ့ပါ…ဘုရင်မဘိလ်ကီးစ်က ခြေချလိုက်တာနဲ့ ရေမဟုတ်ပဲ မှန်ပြင်ဖြစ်နေတာကိုသိပြီး မိမိကိုယ်ကိုနောင်တရပြီး ချက်ချင် အစ္စလာမ်ကိုလက်ခံလိုက်တယ်….ဘယ်လိုသဘောပေါက်လက်ခံလဲဆိုရင် ဒီလိုပါ…မှန်ပြင်ရဲ့အောက် မှာ ရေရှိတာကိုပဲသိတယ်…မှန်ပြင်ဆိုတာကို မသိမမြင်ဘူး…အလိုပါပဲ …ဘုရင်မကမိမိကိုယ်းကွယ်တဲ့ နေကိုပဲမြင် တယ် နေရဲ့အရင်မှာ နေကို ဖန်ဆင်းတဲ့အရှင်ရှိပါလား…..ဆိုပြီးတော့ နောင်တရမိခဲ့ပြီး အစ္စလာမ်ကို လက်ခံခဲ့ပါတယ်….အလ္လာဟ်ရှင်အစားပေးတော် မူပါစေ…. .
Filed under: အစၥလာမ္ဘာသာ