Quantcast
Channel: Danya Wadi
Viewing all articles
Browse latest Browse all 7779

လွှတ်တော်ရပ်နားရန်ရှိသော်လည်းကျန်ဥပဒေများ ပြဋ္ဌာန်း နိုင်ရေး ဆောင်ရွက် ရန် လိုကြောင်း သူရ ဦးရွှေမန်း ပြောကြား

$
0
0
Wed, 2015-08-26 11:43

 ရွေးကောက်ပွဲ စည်းရုံးရေးကာလများတွင် လွှတ် တော်အစည်းအဝေးရပ်နားထား ရန်ရှိသော်လည်း ပြဋ္ဌာန်းရန် ကျန် ရှိနေသည့် ဥပဒေများကို အကြွေးကျန်မရှိအောင် ဆောင်ရွက်ရန် လွှတ်တော် ကော်မတီများက ဆောင်ရွက်ရန်လိုကြောင်း ပြည် သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေ မန်း ကပြောကြားသည်။

သြဂုတ် ၂၅ ရက်က ပြည်သူ့ လွှတ်တော် အဆောက်အအုံ၏ အစည်းအဝေးခန်းမတွင် ကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များ၊ ကော်မရှင် အဖွဲ့ဝင် များနှင့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပစဉ် သူရဦးရွှေမန်းကယင်း သို့ ပြောကြားခြင်းဖြစ်ပြီး ၎င်း၏လူမှုကွန်ရက်စာမျက်နှာ တွင် လည်း ရေးသားထားသည်။

‘‘ရွေးကောက်ပွဲစည်းရုံးရေး ကာလမှာလည်း ရတဲ့ရက်ကလေး ကို တက်ပေးဖို့၊ ကျန်နေတဲ့ ဥပ ဒေတွေကို ဖြတ်ဖို့ပေါ့’’ဟု ပြည်သူ့ လွှတ်တော်၊   ပြည်သူ့ငွေ စာရင်း ကော်မတီဥက္ကဋ္ဌ ဦးသူရိန်ဇော်က ပြောသည်။

ပြည်သူ့ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းထားသည့်လွှတ်တော် ၏ အဓိကအကျဆုံးတာဝန်မှာ ဥ ပဒေများပြဋ္ဌာန်းရန်ဖြစ်သည်။

လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းပေးရန် ဥပဒေကြမ်းပေါင်း ၅၀ ခန့်ရှိနေပြီး ယင်းတို့အနက် ပြည်သူ့လွှတ်တော်က ၁၇ ခု၊ အမျိုးသားလွှတ်တော် က၂၄ ခုနှင့် ပြည်ထောင်စုလွှတ်တော်က ကိုး ခုဖြစ်ကြောင်း သူရဦးရွှေမန်းကရေးသားထားသည်။

၂၀၁၅  အထွေထွေ  ရွေး ကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကာလမှာ   ရွေးကောက် ပွဲ မတိုင်မီ ရက်ပေါင်း ၆၀  ဖြစ်၍ စက်တင်ဘာ ၈ ရက်တွင် စတင်မဲဆွယ်နိုင်ပြီဖြစ်သည်။ ယခုကျင်းပဆဲ ပထမအ ကြိမ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးများ သြဂုတ် ၂၈ ရက်တွင် ပြီးစီးနိုင်ဖွယ်ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ထံမှ သိရသည်။

‘‘လွှတ်တော်ကတော့ မကြာ ခင်ရပ်နားမှာပေါ့။ လွှတ်တော် ရပ်နားသော်လည်း ကော်မတီ၊ ကော်မရှင်များ အနေနဲ့ လုပ်စ ရာရှိတာတွေကို ဆက်လုပ်ကြ ပေါ့’’ ဟု လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်ခဲ့သူ ပြည် သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အ ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဌေးဦးကပြော သည်။ အမျိုးသားလွှတ်တော်အ စည်းအဝေးများ ရပ်နားထားပြီး   ဖြစ်သော် လည်း ပြည်သူ့လွှတ် တော် အစည်းအဝေးနှင့် ပြည် ထောင်စုလွှတ်တော် အစည်းအ ဝေး ကျင်းပလျက်ရှိသည်။


Filed under: သတင်းများ

Viewing all articles
Browse latest Browse all 7779

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>