Quantcast
Channel: Danya Wadi
Viewing all articles
Browse latest Browse all 7779

ဖိသ်ွသွရဟ် –ရိက္ခာဒါနပေးလှူခြင်း

$
0
0

“ဖိသ်ွသွရဟ်”ဆိုသည်မှာ ရမဒွါန်လမြတ် ကုန်ဆုံးသဖြင့် မွတ်စ်လင်မ်တို့ ဆင်နွှဲသည့် “အီဒုလ်ဖိသွိရ်နေ့၌ “အီးဒ်ဆွလာသ်ဝတ်မပြုမီ မရှိဆင်းရဲသားများအား ပေးလှူရသော ရိက္ခာ ဒါနဖြစ်သည်။

-
“ဖိသ်ွသွရဟ်”ရိက္ခာဒါနပေးလှူခြင်းဖြင့် “ရမဒွါန်”လမြတ်၌စောင့်ထိန်းခဲ့သော “ဆွိယာမ်”ဥပုသ်များ၏ချို့ယွင်းလစ်ဟင်းမှုများကို ဖြည့်ဆည်းရာရောက်ပေ၏။ “အလ္လဟ်”အရှင်မြတ်က မိမိအပေါ်၌ ချီးမြှင့်တော်မူခဲ့သော “ဆွိယာမ်” ဥပုသ် စောင့်ထိန်းနိုင်စွမ်း၊ “ရမဒွါန်”လမြတ်၌ အခြားသော လများထက် ကောင်းမှုများ ပိုမို ဆောင်ရွက်နိုင်စွမ်း အစရှိသော နာမ်ပိုင်းဆိုင်ရာ “နိအ်မသ်”ချမ်းသာသုခများနှင့် စားဖွယ်သောက်ဖွယ်များ၊ ဥစ္စာပစ္စည်းများဖြစ်သော ရုပ်ပိုင်းဆိုင်ရာ “နိအ်မသ်” ချမ်းသာသုခများအပေါ် အရှင်မြတ်ကို ကျေးဇူး တင်ရာလည်း ရောက်ပေသည်။

-
ထို့ပြင် “အီဒုလ်ဖိသွိရ်အီးဒ်”ပွဲတော်နေ့သည် စားဖွယ်သောက်ဖွယ်များနှင့် ၀တ်ကောင်းစားလှများဖြင့် “မွတ်စ်လင်မ်”များစုပေါင်း ပျော်ရွှင်ရမည့်နေ့ဖြစ်ရာမရှိဆင်းရဲသားတို့သည်လည်း အခြားသူများနှင့်အတူ ထိုနေ့တွင် စားနိုင်၊ ၀တ်နိုင်၊ပျော်နိုင်ကြစေရန်တရားတော်က“ဖိသ်ွသွရဟ်”-ရိက္ခာဒါန ပေးလှူရန်ပြဋ္ဌာန်း ထားပေသည်။
-

“ဖိသ်ွသွရဟ်” – ရိက္ခာဒါန ပေးလှူရန် ပမာဏ သတ်မှတ်ချက်
========================================

သာဝကကြီး အဗူစအီးဒ် ခုဒ်ရီ(ရ)က ဤသို့ဆင့်ပြန်ခဲ့သည်။
-
ကျွန်ုပ်တို့သည် တမန်တော်မြတ်(ဆွ)သက်တော်ထင်ရှားရှိစဉ်က“ဖိသ်ွသွရဟ်”-ရိက္ခာဒါနကို အစားအစာ တစ်ဆွားအ်၊ သို့မဟုတ် စွန်ပလွံသီး တစ်ဆွားအ်၊ သို့မဟုတ် မုယောဆန် တစ်ဆွားအ်၊ သို့မဟုတ်နို့ခဲ တစ်ဆွားအ် သို့မဟုတ် စပျစ် တစ်ဆွားအ် ပေးဆောင်လေ့ရှိခဲ့ကြ၏။

သာဝကကြီး မုအာဝိယဟ်(ရ)လက်ထက်တွင် မဒီနဟ်မြို့တော်သို့ ဆီးရီးယားနိုင်ငံမှ အကောင်းစား အညိုရောင် ဂျုံများ ၀င်ရောက်လာခဲ့ရာသာဝကကြီး မုအာဝိယဟ်(ရ)က ““ကျွန်ုပ်အနေဖြင့် ဆီးရီးယားမှဝင်လာသော အကောင်းစား ဂျုံတစ်ဆွားအ်သည် အခြား ဂျုံနှစ်ဆွားအ်နှင့်ညီမျှသည် ဟု ကျွန်ုပ်ယူဆသည်”ဟုပြောခဲ့သည်။
သာဝကကြီး အဗူစအီးဒ်(ရ)ကမူ -“ကျွန်ုပ်သည်ကား တမန်တော်မြတ်(ဆွ)၏ လက်ထက်တော်ကာလတွင် “ဖိသ်ွသွရဟ်”-ရိက္ခာဒါနပေးသကဲ့သို့သာလျှင်ပေးဆောင်မည်”ဟုပြောခဲ့၏။

( ဗုခါရီကျမ်း၊ မွတ်စ်လင်မ်ကျမ်း )

“ဖိသ်ွသွရဟ်”-ရိက္ခာဒါနပမာဏသတ်မှတ်ချက်နှင့် ပေးဆောင်ရမည့်အချိန်
================================================

သာဝကကြီး အဗ်ဒုလ္လာဟ် အိဗ်နု အုမရ်(ရ)က ဤသို့ ဆင့်ပြန်ခဲ့သည်။

တမန်တော်မြတ် (ဆွ)သည် “ဖိသ်ွသွရဟ်” – ရိက္ခာဒါနကို အမျိုးသား၊အမျိုးသမီး၊ လွတ်လပ်သူ၊ ကျွန်အားလုံးအတွက် စွန်ပလွံသီး တစ်ဆွားအ်၊ သို့မဟုတ် မုယောဆန် တစ်ဆွား အ်ပေးဆောင် ရန်ပြဋ္ဌာန်းတော်မူခဲ့သည်။

ဆင့်ပြန်သူက ဤသို့ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် လူတို့သည် လူကြီးလူငယ်အားလုံးအပေါ်၌ ဖော်ပြပါမုယောဆန် တစ်ဆွားအ်အစား ဂျုံအကောင်းစား ဆွားအ်တစ်ဝက်အဖြစ်“ဖိသ်ွသွရဟ်”-ရိက္ခာဒါနကို သတ်မှတ် ခဲ့ကြသည်။

အခြားဆင့်ပြန်မှုတစ်ရပ်၌ “အီးဒ်ဆွလာသ်ဝတ်ပြုရန် မထွက်ခွာမီ“ဖိသ်ွသွရဟ်”-ရိက္ခာဒါနပေးဆောင်ရမည်ဟု ဖော်ပြထားသည်။

(ဗုခါရီကျမ်း၊မွတ်စ်လင်မ်ကျမ်း)

-
မှတ်သားဖွယ်ရာများ
———————–

(၁) တတ်ကုန်နိုင်သူများအပေါ်၌ “ဖိသ်ွသွရဟ်” – ရိက္ခာဒါန ပေးလှူရန်
တာဝန်ရှိသည်။
-
(၂) “ဖိသ်ွသွရဟ်” – ရိက္ခာဒါန ပေးလှူရာတွင် မိမိအတွက်သာမက မိမိ၏ မိသားစုဝင် အမျိုးသား၊ အမျိုးသမီး၊ ကလေး၊ လူကြီး၊ အစေခံ ကျွန်အားလုံးအတွက်ကို လည်း ပေးဆောင် ရမည်။
-
(၃) အိမာမ်အဟ်မဒ်(ရဟ)က ဖော်ပြပါသြ၀ါဒတော်၏ထင်ရှားသည့်အပေါ်ယံအဓိပ္ပာယ်ကိုယူ၍ သြ၀ါဒတော်များ၌ ဖော်ပြထားသည့် ပစ္စည်းအမျိုးအစားနှင့် ပမာဏအတိုင်းသာ “ဖိသ်ွသွ ရဟ်ပေး လှူရမည်ဟုဆို၏။အိမာမ်အဟ်မဒ်(ရဟ)ထံမှ အခြားအဆိုတစ်ရပ်နှင့် ပညာရှင် အများစုကမူ မိမိတို့တိုင်းပြည်မြို့ရွာများ၌ အသုံးများသော စားသုံးမြဲ အစားအစာ များဖြင့် “ဖိသ်ွရဟ်-ရိက္ခာဒါနပေးလှူခြင်း အထမြောက်သည် ဆိုကြ၏။
-
(၄) ဖော်ပြပါသြ၀ါဒတော်ကို ကိုးကားလျက် အိမာမ်ရှာဖိအီ(ရဟ)၊ အိမာမ် မာလိက်(ရဟ)နှင့် ပညာရှင် အများစုတို့က ဂျုံဖြစ်စေ၊ အခြား မည်သည့် အစားအစာပင်ဖြစ်စေ တစ်ဆွားအ်   ပေးဆောင်ရမည်ဟု ဆုံးဖြတ်ကြ၏။အိမာမ်အဗူဟနီဖဟ်(ရဟ)၊အိဗ်နုသိုင်မီယဟ်(ရဟ)၊ အိဗ်နု ကိုင်ယင်မ် (ရဟ) အစရှိသော ပညာရှင်တို့ကမူ ဂျုံဖြစ်လျှင် ဆွားအ်တစ် ၀က်   ပေးဆောင်ခြင်း အထမြောက်သည်ဆိုကြ၏။
-
(၅) “တစ်ဆွားအ်”သည် ယနေ့ခေတ်သုံးအလေးချိန် (၂.၂)ကီလိုဂရမ်နှင့်ညီမျှ၏။ယနေ့လူအများဖိသ်ွသွရဟ်ပေးဆောင်ကြရာတွင် စားနပ်ရိက္ခာပစ္စည်းကို တန်ဖိုးတူ သတ်မှတ်၍ ကျ သင့်ငွေကြေး ကို တွက်ချက် ပေးဆောင်ကြ၏။ထိုသို့ ငွေကြေးဖြင့်တွက်ချက်၍ ပေးဆောင်ခြင်းသည် ဆင်းရဲသားများ အတွက် ၄င်းတို့၏ လိုအပ်ချက်ကို အလွယ်တကူ ဖြည့် ဆည်းနိုင် သဖြင့် ပို၍ ကောင်းသည်ဟု နှောင်းခေတ်ပညာရှင် အများစုက ယူဆကြ၏။
-
(၆) အိမာမ်ကြီးလေးပါးလုံးက အီဒုလ်ဖိသွိရ်နေ့ ဖဂျရ်အချိန်မှ အီးဒ်ဆွလာသ် ၀တ်မပြုမီအချိန်အတွင်း “ဖိသ်ွသွရဟ်”ပေးဆောင်ခြင်း အမြတ်ဆုံးဖြစ်သည် ဟုဆုံးဖြတ်ကြ၏။ “ဟန်ဗလီ” ပညာရှင်များက အီးဒ်ဆွလာသ်ဝတ်ပြုပြီးမှ “ဖိသ်ွသွရဟ်”ပေးလှူ ခြင်း “မကရူဟ်”ဖြစ်သည်ဟုဆိုကြ၏။ အိဗ်နုဟဇမ်(ရဟ)ကမူ ““အီးဒ်ဆွလာသ်ဝတ်ပြုရန် လူအများ မထွက်ခွာ မီဖိသွ် သွရဟ်”-ရိက္ခာဒါန ပေးလှူရန် တမန်တော်မြတ် (ဆွ)မိန့်ကြားတော်မူခဲ့သည်”ဟူသော သြ၀ါဒတော်ကို ကိုးကား၍ “အီးဒ်ဆွလာသ်” ၀တ်ပြုပြီးသည်အထိ “ဖိသ်ွသွရဟ်” မပေး ဘဲ နောက် ဆိုင်းနေခွင့်မရှိဟု ဆုံးဖြတ်၏။အိမာမ်မာလိက်(ရဟ)မှအပ ကျန်ပညာရှင်အများစုကမူ ဗုခါရီကျမ်းလာ “၎င်းင်းတို့သည် ယင်း“ဖိသ်ွသွရဟ်”-ရိက္ခာဒါနကို တစ်ရက် သို့မဟုတ်နှစ် ရက်ပေးဆောင်လေ့ရှိခဲ့ကြသည်” ဟူသော သာဝကများ၏ ကျင့်သုံးမှုကို ကိုးကားကြပြီး တစ်ရက် သို့မဟုတ် နှစ်ရက် ကြိုတင်၍ ပေးဆောင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ကြသည်။ စင်စစ် ဤကဲ့သို့ တစ်ရက်၊နှစ်ရက်ကြိုတင်၍ “ဖိသ်ွသွရဟ်”
-ရိက္ခာဒါနကို ပေးဆောင်ခြင်းဖြင့် ဆင်းရဲသားများအတွက် အီးဒ်ပွဲတော်ကို အများနည်းတူ ပျော်ရွင်စွာဆင်နွှဲရန် ပြင်ဆင်ချိန် ရနိုင်သဖြင့် ဤသို့ကြိုတင်ပေးဆောင်ခြင်း ပို၍ ကောင်း၏။
-
သတိပြုဆင်ခြင်ရန်
———————-

– “ဖိသ်ွသွရဟ်”ရိက္ခာဒါနသည်မရှိဆင်းရဲသားများကိုသာပေးကမ်းရသောအလှူဖြစ်သည်။အထူးသဖြင့် မုဆိုးမများ၊မသန်မစွမ်းသူများ၊ဖမဲ့ကလေးများအစရှိသော ခိုကိုးရာမဲ့ ဆင်းရဲသားများကို ရွေးချယ်၍ ပေးကမ်းရမည်။

ယနေ့ ဗလီဝတ်ကျောင်းတော်များတွင် “အီးဒ်” ဆွလာသ် ၀တ်မပြုမီ ဂျမာအသ်ဝင်များထံမှ “ဖိသ်ွသွရဟ်”ကောက်ခံ၍ ဗလီရှေ့ဆောင်ဆရာနှင့် မုအဇ္ဇင်န်တို့ကိုသာ သတ် မှတ်ပေးဆောင်ခြင်းသည် အခြား ဆင်းရဲသား မွတ်စ်လင်မ်တို့၏ အခွင့်အရေးကို ပိတ်ပင်ထားဆီးထားရာရောက်သဖြင့် တရားတော်နှင့် ဆန့်ကျင်ပေသည်။ ပိုမို၍ ဆိုးရွားသော လုပ်ရပ် မှာ အိမာမ်ရှေ့ဆောင်က “ခုသ်ွသွဗဟ်” မိန့်ခွန်းမြွက်ကြားနေစဉ် ပုဝါကိုင်လျက်ဝတ်ပြုသူတို့ထံမှ “ဖိသ်ွသွရဟ်” လိုက်လံ ကောက်ခံနေခြင်းပင်ဖြစ်သည်။

————————————————————————————

အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် ဓမ္မသတ်မှူး

မောင်လာနာ အဗ်ဒုရ်ရဟီမ်မြင့်လွင် (ကျုံဒိုး)

B.E (Met)၊မဒနီ၊အလ်အဇ်ဟရ်-ကိုင်ရို ပြန်ဆိုရေးသားသည့်

အစ္စလာမ့်ဓမ္မသတ်ဆိုင်ရာအခြေပြုသြဝါဒတော်များ -ဒုတိယတွဲမှ

ကူးယူတင်ပြသည်။


Filed under: Articles - ဆောင်းပါး, News - သတင်း, Notes - မှတ်စု, Specail - အထူး

Viewing all articles
Browse latest Browse all 7779

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း