Quantcast
Channel: Danya Wadi
Viewing all articles
Browse latest Browse all 7779

ဆော်ဒီဘုရင်ရှေ့သီတင်းပတ် အမေရိကန်သွားမည်၊ King Salman to visit White House

$
0
0

ဆော်ဒီအာရေးဘီးယားဘုရင် Salman က ဆော်ဒီနိုင်ငံရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးကို နှတ်ဆက်နေပုံ (ဇူလိုင် ၂၂၊၂၀၁၅)

ဆော်ဒီအာရေးဘီးယားဘုရင် Salman က ဆော်ဒီနိုင်ငံရောက်နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးကို နှတ်ဆက်နေပုံ (ဇူလိုင် ၂၂၊၂၀၁၅)

အရှေ့အလယ်ပိုင်းဆိုင်ရာ အကြောင်းအရာ အများအပြားကို အမေရိကန်သမ္မတ Barack Obama နဲ့ ဆွေးနွေးဖို့အတွက် ဆော်ဒီ အာရေး ဘီးယားဘုရင် Salman ဟာ ရှေ့သီတင်းပတ်ထဲ ၀ါရှင်တန် ဒီစီမြို့ကို လာရောက်မှာ ဖြစ်ပါတယ်။

ဆော်ဒီဘုရင် အဲဒီလို လာလည်တာဟာ နှစ်နိုင်ငံအကြား မဟာဗြူဟာမြောက် ဆက်ဆံရေးဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ ကို ပြသ လိုက်တာပဲလို့ စက်တင်ဘာလ ၄ ရက်နေ့မှာ ရောက်လာမယ့် ဆော်ဒီဘုရင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest က ကြာသပတေးနေ့မှာ ပြောပါတယ်။

နှစ်နိုင်ငံအကြား လုံခြုံရေးနဲ့ အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းတွေ ပူးတွဲဆောင်ရွက်နေမှု အပါအ၀င် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို အားကောင်း လာအောင် လုပ်ဆောင်မယ့် ကိစ္စရပ်တွေကို ခေါင်းဆောင် ၂ ဦး ဆွေးနွေးကြမယ်လို့ Josh Earnest က ဆက်ပြောပါတယ်။

ဒေသတွင်း အီရန်နိုင်ငံက မတည်ငြိမ်မှုတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်မယ့် ကိစ္စအပါအ၀င် ယီမင်နဲ့ ဆီးရီးယားနိုင်ငံတွေမှာ ဖြစ်နေတဲ့ စစ်ပွဲတွေအကြောင်း ကိုလည်း သမ္မတ အိုဘားမားနဲ့ ဆော်ဒီဘုရင် တို့ ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်း ဒေသအတွင်း အီရန်လိုပဲ သြဇာသက်ရောက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ ဆော်ဒီအာရေးဘီးယားနိုင်ငံဟာ အီရန်နိုင်ငံနျူ ကလီးယား လက်နက် တည်ဆောင်မယ့်အရေးက ဟန့်တားမယ့် သဘောတူညီချက် ကို ထောက်ခံနေတာ ဖြစ်ပါတယ်။ အီရန်က နျူကလီးယား သဘော တူညီချက်ကို လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့က ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို ပြန်လည် ရုတ်သိမ်းပေးမှာ ဖြစ်ပါတယ်။

 Friday, August 28, 2015 12:23 AM
File photo: The visit will be Custodian of the Two Holy Mosques King Salman’s first official visit to the US since ascending to the throne. — Reuters

Custodian of the Two Holy Mosques King Salman Bin Abdulaziz will meet with United States President Barack Obama in Washington on Sept. 4, the White House confirmed on Thursday.

“The president and the king will discuss a range of issues and focus on ways to further strengthen the bilateral relationship, including counter-terrorism efforts,” White House spokesman Josh Earnest told reporters aboard Air Force One.

The two leaders will discuss Yemen, Syria and steps to counter Iran’s destabilizing activities in the region, Al-Arabiya reported.

The visit will mark King Salman’s first official visit to the US since ascending to the throne. — Al Arabiya


Filed under: World News

Viewing all articles
Browse latest Browse all 7779

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>