Quantcast
Channel: Danya Wadi
Viewing all articles

ဟဇရသ်အာဒမ်(အ)ရဲ့သိကောင်းဖွယ်ရာ သမိုင်းကြောင်း

$
0
0

ပထမဆုံးနဗီကဟဇရသ်အာဒမ်(အ)ဖြစ်ပါတယ်….
ဟဇရသ်အာဒမ်(အ)ကို ဂျိုမိုအဟ်နေ့မှာ ဖန်ဆင်းခဲ့ခြင်းဖြစ်ပါတယ်…
ဟဇရသ်အာဒမ်(အ)ကို (အဘွလ်ဘရှရ်)(ခ)လူသားများရဲ့ဖခင်ဖြစ်ပါတယ်…
ဟဇရသ်ဟောင်ဝ်ဝါ(အ)ကို ဟဇရသ်အာဒမ်(အ)ရဲ့နံရိုးနဲ့ဖန်ဆင်း ဖန်ဆင်းခြင်းဖြစ်ပါတယ်…
ကအ်ဗဟ်ကျောင်းတော်ကြီးကို ပထမဦးဆုံးတည်ဆောက်ခဲ့တာ ဟဇရသ်အာဒမ်(အ)ပဲဖြစ်ပါတယ်…
ဟဇရသ်အာဒမ်(အ)စကားက အရ်ဗီစကားဖြစ်ပါတယ်…
ဟဇရသ်အာဒမ်(အ)လောကမှာပထမဆုံးစားခဲ့တဲ့အစားအစာက ဂွန်ဒွမ် ဖြစ်ပါတယ်…
ဟဇရသ်အာဒမ်(အ)ရဲ့ပထဦးဆုံးသားရဲ့နာမည်က ကာဘီးလ် ဖြစ်ပါတယ်…
လောကမှာပထမဆုံးခေါင်းတုံးခဲ့တဲ့သူက ဟဇရသ်အာဒမ်(အ)ပဲဖြစ်ပါတယ်…
လောကမှာ ပထမဆုံး ငှက်ကိုမွေးမြူခဲ့တာ ဟဇရသ်အာဒမ်(အ)ပဲဖြစ်ပါတယ်…
လောကမှာ ပထမဆုံး ရိုဇဟ်ထားခဲ့သူက ဟဇရသ်အာဒမ်(အ)ပဲဖြစ်ပါတယ်…
ဟဇရသ်အာဒမ်(အ) တစ်လမှာ ရိုဇဟ်သုံးလုံးထားပါတယ်…
ဟဇရသ်အာဒမ်(အ)ရဲ့အရပ်က ကိုက်(60)..ပေ(180)မြင့်ပါတယ်…
ဟဇရသ်အာဒမ်(အ)လောကမှာ ပထမဆုံး စားတဲ့အသီးက ဇီးသီး ဖြစ်ပါတယ်…
ဟဇရသ်အာဒမ်(အ)ရဲ့ ဒါရီမုတ်ဆိတ်က ချက်လောက်ထိ ရှည်ပါတယ်…
လောကမှာ ပထမဆုံး ဒိရ်ဟမ် နဲ့ ဒီနာရ်ကို ဟဇရသ်အာဒမ်(အ)ကပြုလုပ်ခဲ့ပါတယ်…
ဟဇရသ်အာဒမ်(အ)ဂျိုမိုအဟ်နေ့မှာပဲ ကွယ်လွန်ခဲ့ပါတယ်…

မေး။ဟဇရသ်အာဒမ်(အ)ဖန်ဆင်းခံရပြီးနောက် ဘယ်အုပ်စုနဲ့အရင် ဆုံဆည်းခွင့်ရခဲ့သလဲ??
ဖြေ။မလာအေကဟ်ဖရိရှ်တာများရဲ့အုပ်စု

မေး။ဟဇရသ်အာဒမ်(အ)ရဲ့နုတ်လျှာကနေ ဦးစွာပထမ ဘာထွက်ခဲ့လဲ??
ဖြေ။အလ်ဟမ်ဒိုလိလ္လာဟ်ပြောထွက်ခဲ့ပါတယ်…

မေး။ဟဇရသ်အာဒမ်(အ)က ဖရိရှ်တာများနဲ့ ပထမဆုံး ဘာစကားရပ်ပြောခဲ့လဲ??
ဖြေ။အပ်စလားမိုအလိုင်းကွမ်..

မေး။ဖရိရှ်တာများကို ဘယ်နဗီရဲ့ထံမှာ စဂ်ျဒဟ်ချခဲ့ရသနည်း??
ဖြေ။ဟဇရသ်အာဒမ်(အ)

မေး။ဟဇရသ်အာဒမ်(အ)ဂျန္နသ်မှာ ဘယ်နှနှစ်နေခဲ့သလဲ??
ဖြေ။ရေဝါယသ်တစ်ခုရဲ့အဆိုမှာ…နှစ်(100)..

မေး။ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ဟဇရသ်အာဒမ်(အ)နဲ့ပါတ်သက်ပြီး ဘယ်နှနေရာမှာပါသလဲ??
ဖြေ။(25)နေရာ…စူရဟ်(9)ခုမှာ..

မေး။ဟဇရသ်အာဒမ်(အ)က ဟဇရသ်ဟောင်ဝ်ဝါ(အ)ကို မဟဲရ်မှာ ဘာချီးမြှင့်ခဲ့သလဲ??
ဖြေ။တမန်တော်မြတ်(ဆွ)ပေါ်မှာ ဒရူးဒ်ဖတ်ဖို့ ပေးချီးမြှင့်တယ်…

မေး။ကုရ်အာန်ရဲ့ စူရဟ်ဘကရဟ်မှာ ဘယ်နဗီအကြောင်း ပထမဆုံးပါသလဲ??
ဖြေ။ဟဇရသ်အာဒမ်(အ)ရဲ့အကြောင်း

မေး။ဟဇရသ်အာဒမ်(အ)ဂျန္နသ်ကနေ အမျိုးအစား ဘယ်နှမျိုးနဲ့ ဘာတွေယူလာသလဲ??
ဖြေ။(9)မျိုးယူလာတယ်..၁။ဟဂ်ျရေအပ်စ်ဝဒ် ကအ်ဗဟ်မှာရှိတဲ့ကျောက်…၂။ဂျန္နသ်ကသစ်ပင်ရဲ့ရွက်နဲ့ ပန်းတွေရဲ့အရွက်..၃။ဂျန္နသ်ကသစ်ကိုင်းနဲ့လုပ်ထားတဲ့ တောင်ဝှေးလက်ကိုင်တုတ်..၄။ပေါက်ပြား..၅။ပေါက်ချွန် မြေတူးစွတဲ့အရာ…၆။ဆွနူဘရ်လို့ခေါ်တဲ့ ခြောက်သွေ့နေတဲ့အသီးတစ်မျိုး..၇။ပုံစံခွက်တစ်မျိုး လေးထောင့်ပုံစံ…၈။ထုရိုက်တဲ့အရာ ဆိုလိုတာက တူ…နောက်ဆုံးတစ်မျိုးကိုမေ့နေလို့ပါ မားဖ်လုပ်ကြပါ…

မေး။ဘိုင်သွလ်လဟ်ကအ်ဗဟ်ကျောင်းတော်ကြီးကို ဘယ်လိုတောင်က ကျောက်တွေနဲ့ ပြုလုပ်တည်ဆောက်ခဲ့သလဲ??
ဖြေ။တောင် ၅ခုကနေယူပြီး တည်ဆောက်ခဲ့တယ်…၁။တူရ်စီနာတောင်…

၂။တူရေဇိုင်သွန်..၃။လိဗ်နွန်ဂျီးလ်တောင်..၄။ဂျိုရီဂျီးလ်တောင်..၅။ဟရာတောင်..

မေး။ဟဇရသ်အာဒမ်(အ)သက်တော်ဘယ်လောာက်နေထိုင်ခဲ့ရသလဲ??
ဖြေ။ရေဝါယသ်တစ်ခုရဲ့အဆိုမှာ နှစ်၁၀၀၀ထောင်..နောက်အဆိုတစ်ခုက ၉၃၆နှစ်…

မေး။ဟဇရသ်အာဒမ်ကွယ်လွန်ချိန်တွင် သားသမီးအရည်အတွက် ဘယ်လောက်ရှိခဲ့သလဲ???
ဖြေ။၎သောင်း..ထိုထဲမှာ မြေး မြေးမစသဖြင့် အားလုံးပါဝင်တယ်…

မေး။ဟဇရသ်အာဒမ်(အ)ဘယ်နေရာမှာ ကွယ်လွန်ခဲ့သလဲ??
ဖြေ။သိရိလင်္ကာမှာရှိတဲ့ နောဇ်နာမီတောင်ပေါ်မှာ..

မေး။ ဟဇရသ်အာဒမ်(အ)ကိုမဖန်ဆင်းခင်အရင် ဂျင်န်တွေက လောကမှာ ဘယ်နှနှစ်အရင်နေထိုင်ခဲ့ကြသလဲ??
ဖြေ။နှစ် ၂ထောင်အရင်..

မေး။ဟဇရသ်အာဒမ်(အ)ကို အလ္လာဟ်က ဘယ်အရာလေးခုကို ဖန်းဆင်းချီးမြှင့်ခဲ့သလဲ???
ဖြေ။အလ္လာဟ်က မိမိရဲ့လက်တော်နဲ့ဖန်ဆင်းခဲ့တယ်..ဒီနေရာမှာပြောကြလိမ့်မယ် အလ္လာဟ့်ရဲ့လက်က ဘယ်လိုပုံစံလဲ?? သဘောပေါက်လွယ်အောင်ရှင်းပြထားတာပါ..ဘယ်လိုပုံစံဆိုတာလူသားတွေမသိနိုင်ပါ…

၂။မိမိရဲ့ ဝိညဉ်နဲ့..၃။စဂ်ျဒဟ်ရဲ့အခြေနေမှာ…၄။အရာအားလုံးရဲ့နာမည်ကို သင်ပေးခဲ့တယ်…

မေး။လောကကို ရောက်လာပြီး ဟဇရသ်အာဒမ်(အ)ဘယ်လိုအဝတ်အစားကိုဝတ်သလဲ??
ဖြေ။သိုးရဲ့အမွှေးနဲ့လုပ်ထားတဲ့ ဂျွဗ္ဗာကို ဝတ်ဆင်ခဲ့တယ်…

မေး။ဖရိရှ်တာထဲမှာ ဘယ်ဖရိရှ်တာက ဟဇရသ်အာဒမ်(အ)ကို ဦးဆုံး စဂ်ျဒဟ်ချခဲ့သလဲ???
ဖြေ။ဟဇရသ် အိစ်ရာဖီးလ်(အ)

မေး။ဟဇရသ်အာဒမ်(အ)ရဲ့သားထဲမှာ ဘယ်သူက အရင်ဆုံး နဗူဝသ်ကိုရရှိခဲ့သလဲ??
ဖြေ။ဟဇရသ် အိဒ်ရီးစ်(အ)

မေး။ဟဇရသ်အာဒမ်(အ)ဂျန္နသ်မှ နင်ထုတ်ခံရတော့ ဘယ်နှနှစ် ငိုကြွေးခဲ့သလဲ??
ဖြေ။နှစ်ပေါင်း (180)

မေး။လောကမှာ ပထမဆုံး မီးကို ဘယ်သူက စတင်ပြီး ကိုးကွယ်ခဲ့သလဲ???
ဖြေ။ကာဘီးလ်

မေး။ဂျန္နသ်ကနေ ဟဇရသ်အာဒမ်(အ)က ဘယ်အမျိုးစားထဲကကျောက်ရဲ့အပိုင်းကို ယူလာခဲ့သလဲ???
ဖြေ။ပတ္တမြား

မေး။ဟဇရသ်အာဒမ်(အ)ရဲ့ ဘယ်သားက ညီကိုအရင်းကို သတ်ခဲ့သလဲ??
ဖြေ။ကာဘီးလ်က ဟာဘီးလ်ကို သတ်ခဲ့ပါတယ်….

အလ္လာဟ်အစားပေးပါစေ…s.j.h.khan..


Filed under: အစၥလာမ္ဘာသာ

Viewing all articles
Browse latest Browse all 7779

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>