Quantcast
Channel: Danya Wadi
Viewing all articles
Browse latest Browse all 7779

ထိုင်းနယ်စပ် အနီး အလောင်း ၂၀ ကျော် ထပ်တွေ့

$
0
0
သေမှု သေခင်း ကျွမ်းကျင် သူတွေက လူကုန်ကူး သူတွေ မြှုပ်ထားတဲ့ အလောင်းတွေကို တူးဖော်စစ်ဆေး နေတာ ကို ဘေးက   စောင့်ကြည့်   နေတဲ့ မလေးရှား ရဲတပ်ဖွဲ့ဝင်များ။ (မေ ၂၆၊ ၂၀၁၅)
23.8.2015

ထိုင်းနိုင်ငံ နယ်စပ် အနီး တောအုပ်ထဲ ကနေ လူမှောင်ခိုကူး ခံရသူတွေလို့ ယူဆရသူ တွေရဲ့ ရုပ်အလောင်း ၂၄ လောင်းကို ရှာတွေ့ ခဲ့တယ် လို့ မလေးရှားရဲက ဒီကနေ့မှာ ပြောဆို လိုက်ပါတယ်။ လွန်ခဲ့တဲ့ မေလတုန်းကတော့ ရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့ ၁၃၉ နေရာကို မလေးရှားနိုင်ငံ မြောက်ပိုင်း Perlis ဒေသ အတွင်းက စွန့်ပစ်ထားတဲ့ တောတွင်း စခန်းတွေမှာ ရှာတွေ့ ခဲ့တယ်လို့ အာဏာပိုင်   တွေ က ပြောပါတယ်။

ထိုင်းနယ်စပ်အနီးက ဒီလူသူအရောက်အပေါက်နည်းတဲ့နေရာကို တထောက်နားစခန်းအဖြစ် လူမှောင်ခိုကူးသူတွေက အသုံးပြုခဲ့တာပါ။ အဲဒီသေဆုံးသူတွေထဲက အများစုဟာ မြန်မာနိုင်ငံထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ဖြစ်ပါတယ်။ ဒီကနေ့ထုတ်ပြန်လိုက်တဲ့ အာဏာပိုင်တွေရဲ့ ကြေညာချက်ထဲမှာ လွန်ခဲ့တဲ့သီတင်းပတ်အတွင်းက ရုပ်အလောင်း ၂၄ လောင်းကို ရှာတွေ့ တာ ဖြစ်ပြီး အစောပိုင်းတုန်းကလည်း ၁၀၆ လောင်း ရှာတွေ့ထားတယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ ရုပ်အလောင်းတွေကို ခွဲစိတ် စစ်ဆေး ဖို့ အတွက် ပို့ဆောင်ထားပေမယ့် တခြားအသေးစိတ်ကိုဖေါ်ပြတာမျိုးမရှိပါဘူး။

အခုလိုရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိရာကနေ လူမှောင်ခိုကူးနေတဲ့ကွန်ယက်တွေရဲ့စခန်းတွေကို ရှာဖွေနိုင်ခဲ့ပါတယ်။ မရေမတွက်နိုင် တဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေကို လူမှောင်ခိုကူးသူတွေက အဲဒီစခန်းတွေမှာ ပြန်ပေးဆွဲ ထိန်းသိမ်းထားပြီး သူတို့မွေးရပ်မြေမှာ ကျန်ခဲ့တဲ့ တခြား မိသားစုဝင်တွေစီက ငွေရမှသာ သူတို့အလိုရှိတဲ့ မလေးရှားလို နိုင်ငံမျိုးအပါအဝင် အင်ဒိုနီးရှားစတဲ့နိုင်ငံတွေကို ဆက်လက် သွား လာနိုင် တာပါ။ အခုလိုလူမှောင်ခိုကူးတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မလေးရှားအာဏာပိုင်တချို့ ပါဝင်ပတ်သက်နေတယ်လို့ လူ့အခွင့် အရေး လှုပ်ရှား သူတွေရဲ့ ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပေမယ့် မလေးရှားအစိုးရကတော့ ဒီကိစ္စနဲ့ ပတ်သက် လို့ ငြင်းဆို ထားပြီးလူကုန်ကူးမှုတိုက်ဖျက်ရေး   ပြင်းပြင်းထန်ထန်   ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

– See more at: http://burmese.rohingyablogger.com/2015/08/blog-post_77.html#sthash.SZnNGMuV.dpuf


Filed under: သတင်းများ

Viewing all articles
Browse latest Browse all 7779

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>