Quantcast
Channel: Danya Wadi
Viewing all articles
Browse latest Browse all 7779

တမန်တော်မူဆာ(မိုးဇက်)နဲ့နောက်လိုက်များရဲ့ဖာရိုဘုရင် လက်ကလွတ် အောင်ပြေးတဲ့ Exodus အကြောင်း

$
0
0


တမန်တော်မူဆာ (မိုးဇက်)နဲ့နောက်လိုက်များရဲ့ဖာရိုဘုရင်လက်ကလွတ်အောင်ပြေးတဲ့

Exodus အကြောင်း ကို ကျမ်းမြတ်ကုရအန်ထဲမှာထဲမှာအတိအကျဖော်ပြထားသလိုသမ္မာကျမ်းစာထဲမှာ
လဲဖော်ပြထားပါတယ်။
အားလုံးသိကြတဲ့အတိုင်းဖာရိုဘုရင်ရဲ့လက်ကလွတ်မြောက်အောင်ပြေးရတဲ့ တမန်တော် မူဆာနဲ့နောက် လိုက် များ ဟာပင်လယ်နီလို့ ယူဆရတဲ့ ပင်လယ်ကြီးကာဆီးနေတဲ့အတွက်လွတ်လမ်းမရှိတော့တဲ့အချိန်မှာဖန်ဆင်းရှင်အလ္လာကပင်လယ်ပြင် ကိုနှစ်ခြမ်းကွဲစေပြီး တမန်တော် မူဆာနဲ့နောက်လိုက်တွေကို လွတ်မြောက်စေပြီး၊နောက်မှလိုက်လာတဲ့အင်အားကြီးမားတဲ့ ဖာရိုဘုရင်နဲ့ သူ့ရဲ့စစ်တပ်ကြီးရေနစ်သေ ဆုံးကြ ရတာ ကိုကျမ်းမြတ်ကုရအန်မှာအောက်ပါအတိုင်းဖော်ပြထားပါတယ်။


၂း၅၀ အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ ပြန်လည်အောက်မေ့သတိရကြကုန် )

တရံရော အခါ၊ ငါအရှင်သည်(အသင် တို့ကူးဖြတ် လျှောက်သွား နိုင်ကြရန်အလို့ငှာ)ပင်လယ်ကို ပင်ခွဲ၍ အသင်တို့အား ဖိရ်အောင်န်၏ အခြွေအရံတို့၏ဘေးမှကယ်တင်တော်မူခဲ့၏။ ထို့နောက် ဖိရ်အောင်န်၏ အခြွေ အရံများကို ငါအရှင်သည်(အသင့်တို့ မျက်မှောက်၌ပင် ) နှစ်မြှုပ်တော်မူလိုက်သည်။ထိုအချိန် အသင်တို့ သည် မိမိတို့ကိုယ်တိုင် (ဤအချင်းအရာများကို) ကြည့်နေကြကုန်သည်။
၇း၁၃၆ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ၎င်းတို့အား(အပြည့်အ၀) တုံ့ပြန်တော်မူခဲ့ လေသည်။

သို့ပါ၍ ငါအရှင်မြတ်သည် ၎င်းတို့အား ငါအရှင်မြတ်၏မုက္ခပါဌ်တော်များကို ငြင်းပယ်ခဲ့ကြသည့်အတွက် လည်းကောင်း၊ ထိုသက်သေလက္ခဏာတော်များကို (လုံးဝ) သတိမမူလျစ်လျူရှု၍ နေခဲ့ကြသည့် အတွက် လည်းကောင်း၊သမုဒ္ဒရာပင်လယ် ၌ နှစ်မြှုပ်တော်မူခဲ့လေ သတည်း။
၁၀း၉၀ ထို့ပြင် ငါအရှင်မြတ်သည် အစ္စရာအီလီ မျိုးနွယ်ဝင်တို့အား (ပင်လယ်နီ) တစ်ဖက်ကမ်းသို့ရောက်စေတော်မူခဲ့လေသည်။ ထို့ နောက် ယင်အစ္စရာအီလီမျိုးနွယ်ဝင်တိုအစ့၏ နောက်သို့ “ဖစ်ရ်အောင်န်” နှင့် ထိုဖစ်ရ်အောင်န် ဗိုလ်ခြေဗိုလ်ပါ တို့သည်မတရားပြုမူရန် လည်းကောင်း၊  နိုင်ထက်စီးနင်းပြု လုပ်ရန် လည်းကောင်း၊ လိုက်ခဲ့ကြကုန်၏။နောက်ဆုံးတွင် ထိုဖစ်ရ်အောင်သည် နစ်မြုပ်အံ့ဆဲဆဲ ဖြစ်ခဲ့သောအခါတွင် “ကျွန်တော်မျိုးသည်လည်း အစ္စရာအီလီမျိုးနွယ်ဝင်တို့ သက်ဝင် ယုံကြည် ကြကုန်သောရှင်မြတ်မှတစ်ပါး
ခ၀ပ်ကိုးကွယ်ရာ အရှင်မြတ်ဟူ၍ အလျင်းမရှိကြောင်းသက်ဝင်ယုံကြည်ပါပြီ။ထို့ပြင် ကျွန်တော်မျိုးသည် “မွတ်စ်လင်မ်”အမိန့်တော်ကို လိုက်နာသောသူတို့တွင်တစ်ဦးအပါအ၀င် ဖြစ်ပါပြီ “ဟု ပြောဆိုခဲ့လေသတည်း၁၀း၉၁  (ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ဤသို့ မိန့်ကြားတော်မူခဲ့၏။)

ယခုမှပင် (အီမာန်သက်ဝင်) ယုံကြည်လေသလော။ အမှန်စင်စစ်သော်ကားအသင်သည် ယခု (မနစ်မြုပ်မီ) အလျင်အထိ မထီမဲ့မြင် ပြုခဲ့ရုံမျှမကအသင်သည် ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်သူတို့တွင် လည်းတစ်ဦး အပါအ၀င်ဖြစ်ခဲ့ချေသတည်း။
၁၀း၉၂ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် အသင့်အားအသင်၏ခန္ဓာကိုယ်ရုပ်ကလာပ်နှင့် တကွ အသင်သည် မိမိနောင်လာနောက်သားတို့အဖို့ အထိမ်းအမှတ်၊လက္ခဏာ၊သံဝေဂရဖွယ်တစ်ရပ် ဖြစ်အံ့သောငှာ ဆယ် တင်ထားတော်မူမည်။
သို့ရာတွင် များစွာသော သူတို့သည် ငါအရှင်မြတ်၏သက်သေ၊ လက္ခဏာတော်များကိုလျစ်လျူရှု မေ့ပျောက်၍သွားသောသူများသာ ဖြစ်ကြပေသတည်း။
See Below for “ဖစ်ရ်အောင်န်” body found in Red Sea




နိုင်ငံပေါင်းများစွာကသုတေသီများကဒီဖြစ်ရပ်ကိုသိပ္ပံနည်းကျသက်သေပြဖို့ကျိုးစား ခဲ့ကြပါတယ်။ အမေရိ ကန်နိုင်ငံ ကိုလိုရာဒိုတက္ကသိုလ်မှ ကားဒရူးခေါင်းဆောင်တဲ့သုတေသီများကကွန်ပြူတာ မိုဒယ်များစွာ ပြူ လုပ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း၃၀၀၀ ကျော်ကရာသီဥတု ဂြိုဟ်တုမြေပုံ နဲ့ပင်လယ်သုတေသန များ အရ အောက်ပါအတိုင်းတွေ့ရှိခဲ့ပါတယ်။
ပင်လယ်နီနှစ်ခြမ်းကွဲပြီးလူများဖြတ်သွားနိုင်တဲ့လမ်းကြောင်းပေါ်လာနိုင်တယ်လို့သူကဆိုပါတယ်။
ကွန်ပြူတာများမိုဒယ်ကိုအသုံးပြူပြီး ဖြစ်နိုင်ချေရှိတဲ့နမူနာ၁၄မျိုးထဲကအနီးစပ်ဆုံးကိုသူကဒီလိုရှင်းပြပါတယ်။ နိုင်းမြစ်ရဲ့မြစ်ဝကျွန်းပေါ်နဲ့ပင်လယ်နီအထွက်နေရာမှာသဲသောင်ခုံကြီးတွေရှိပါတယ်။ တကယ်လို့ တနာရီ
ကို ၆၃မိုင်နှုန်းနဲ့၁၂နာရီကြာလေပြင်းတိုက်မယ်ဆိုရင်ရေအနက်ခြောတ်ပေခန့်ရှိတဲ့သဲသောင်ခုံပေါ်က ပင်လယ် ရေ တွေပျောတ်ပြီး၃မိုင်အလျှားရှိပြီး အကျယ်နှစ်မိုင်ခွဲရှိတဲ့ခြောက်သွေ့တဲ့ လမ်းမကြီး ပင်လယ်ပြင် မှာပေါ်လာမယ်လို့ဆိုပါတယ်။ ဒါပေမဲ့လေတိုက်တာရပ်သွားတာနဲ့ လေအဟုန်နဲ့ တွန်းပို့ထား တဲ့ရေတွေဟာ မူလနေရာကိုချက်ခြင်းပြန် လွှမ်းမိုးသွားမယ်လို့တွေ့ရှိရပါတယ်။ ရှင်းပြချက် အသေးစိတ်ကို အောက်ပါ ဗီဒီယိုနဲ့လင့်မှာကြည့်နိုင်ပါတယ်။

http://www.youtube.com/watch…#!

http://www.youtube.com/watch

http://www.youtube.com/watch?v=6vxnApK4O48&feature=related
Bo Thi at 2:55 PM
Jozet King


Filed under: အစ္စလာမ်ဘာသာ, ဆောင်းပါးများ

Viewing all articles
Browse latest Browse all 7779

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>