Quantcast
Channel: Danya Wadi
Viewing all articles
Browse latest Browse all 7779

NLD တရားဝင် ဝက်ဆိုက် လွှင့်တင်

$
0
0

http://www.nldofficial.org/

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တရားဝင် ဝက်ဆိုက်လွှင့်တင်

ဩဂုတ်လ ၁၉ ရက် ၂၀၁၅

သန်းခေါင်ယံ အပြောင်းအလဲကြောင့် မိတ်ဆွေစစ် ဆက်ဆံရေး ပိုခိုင်မာဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဖြစ်သည့် ဇွန် ၁၉ ရက်နေ့က အစမ်းလွှင့်တင်ခဲ့သည့် အမျိုးသားဒီမိုကရေစီဝက်ဆိုက် http://www.nldofficial.org ကို အွန်လိုင်းပေါ်သို့ တရားဝင်လွှင့်တင်လိုက်ပြီဖြစ်ကြောင်း အဆိုပါပါတီ၏ နည်းပညာတာဝန်ခံ၏ ပြောကြားမှုမှသိရသည်။


ပါတီသမိုင်းဝင် ဓာတ်ပုံများ၊ ပါတီဗဟိုနှင့် ပြည်နယ်နှင့်တိုင်း၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ပါတီဝင်များ သတင်း၊ လှုပ်ရှားမှုများအသီးသီးကို ယင်းဝက်ဆိုက်တွင် ဖော်ပြပေးသွားမည်ဟုလည်း သိရသည်။


“ပါတီဗဟိုတစ်ခုတည်းရဲ့သတင်းပဲမဟုတ်ဘူး။ ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့နယ် တစ်ခုနဲ့ တစ်ခုကို ဟိုမြို့နယ် က ဘာလုပ်နေတယ် ဆိုတာ ဒီမြို့နယ်က သိစေချင်တယ်။ ဒီမြို့နယ်က ဘာလုပ်နေတယ်ဆိုတာကိုလည်း ဟိုမြို့နယ်က သိစေချင်တယ်။ မြန်မာတစ်နိုင်ငံလုံးက ပါတီဝင်တွေ လှုပ်ရှားမှုအားလုံးကို ကွန်ယက်တွေကနေတဆင့် ဝက်ဆိုက်မှာ ဖော်ပြပေးမယ်” ဟု ဝက်ဆိုက် နည်းပညာ တာဝန်ခံ ကိုကျော်သီဟ က မြန်မာ့   ခေတ်ကိုပြောသည်။


အဆိုပါဝက်ဆိုက်၏ မိုဘိုင်းဗားရှင်းကို လာမည့် စက်တင်ဘာတွင် ဆကိလက်လွှင့်တင်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဇော်ဂျီဖောင့်ဖြင့် ဖတ်ရှုနိုင်မည်သော်လည်း တစ်နှစ်အကြာတွင် ယူနီကုတ်နှင့် English ဘာသာများနှင့်ပါဖတ်ရှုနိုင်ရန် စီစဉ်သွားမည်ဟု သိရသည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဝက်ဆိုက်တည်ထောင်ရန်အတွက် ဦးသိန်းဦး၊ မုံရွာအောင်ရှင်၊ ကိုကျော်သီဟ၊ ကိုနေဘုန်းလတ်   နှင့်   ဒေါ်ကြည်ဖြူ ရှင် တို့ပါဝင်သော နည်းပညာအဖွဲ့ကို ဖေဖော်ဝါရီလတွင် ဗဟိုကဖွဲ့စည်းပေးခဲ့ပြီးနောက် ၆ လအကြာတွင်မှ ပါတီ တရားဝင်ဝက် ဆိုက်အဖြစ် လွှင့်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

သော်ဇင်စိုး

မြန်မာခေတ်


Filed under: သတင်းများ

Viewing all articles
Browse latest Browse all 7779

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>