RB News
11.8.2013
စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အုန်းတောကြီး ဒုက္ခသည် စခန်းတွင် သြဂုတ်လ (၇) ရက်နေ့က လုံခြုံရေး တပ်ဖွဲ့ဝင် လုံထိန်း များ၏ ပစ်ခတ်မှုကြောင့် (၄) ဦးပွဲချင်းပြီး သေဆုံးပြီး (၈) ဦးဒဏ်ရာ ရရှိခဲ့သည်။ တစ်ဖန် ညနေပိုင်းတွင် ဘောဒူဖ ဒုက္ခသည် စခန်း၌ ပစ်ခတ်မှုကြောင့် (၄) ဦးဒဏ်ရာ ရခဲ့သည်။
ထိုနေ့ည တွင်ပင် ဒဏ်ရာ ရသူများ ထဲမှ (၃) ဦး သေဆုံး ခဲ့ပြီး၊ ယနေ့ နံနက်တွင် တစ်ဦး ထပ်မံ သေဆုံး ခဲ့ကြောင်း သတင်း ရရှိပါသည်။
ယနေ့ နံနက် သေဆုံးသွား သူမှာ ဦးကမာလ်ဟူစိန်း (ဘ) ဦးအိုဇီလ်အလီ (အသက် ၅၀ နှစ်) ဖြစ်သည်။ ၎င်းသည် သြဂုတ်လ (၉) ရက်နေ့က အခင်း ဖြစ်ပွားသည့် နေရာတွင် ရှိနေသူ မဟုတ်ဘဲ လယ်ကွင်းတွင် လယ်စိုက် နေသူ ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ မနက် ဆုံးသွားတဲ့ ဦးကမာလ်ဟူစိန်းက လုံထိန်းတွေ ဆီက အလောင်း တောင်းတဲ့ လူအုပ်ကြီး ထဲမှာ မပါခဲ့ဘူး။ ဒုက္ခသည် စခန်းနားမှာ ရှိတဲ့ လယ်ကွင်းမှာ လယ်စိုက် နေခဲ့တာ။ လယ်စိုက် နေရင်းနဲ့ သေနတ် ကျည်ဆံ မှန်တာပါ” ဟု ဒေသခံ တစ်ဦးမှ RB News သို့ပြောပါသည်။
စစ်တွေမြို့၏ ယနေ့ နံနက် အခြေ အနေမှာ တည်ငြိမ် အေးချမ်းလျက် ရှိသည်။ ဘောဒူဖ ဒုက္ခသည် စခန်းတွင် လုံခြုံရေး တင်းကျပ် ထားပြီး၊ ဒုက္ခသည် စခန်း အပြင်တွင် ကြိုးတား ထားသည်ဟု သိရသည်။ လုံခြုံရေး စစ်သား များက ကြိုးကို ကျော်လွန်၍ မသွားရန် ဒုက္ခသည် များကို အသိပေး ထားသည်။
သြဂုတ်လ (၈) ရက်နေ့မှ စ၍ ယနေ့ထိ နံနက်ထိ လုံထိန်းရဲ များ၏ ယုတ်မာ ရက်စက်မှုကြောင့် ရိုဟင်ဂျာ လူမျိုး (၉) ဦး သေဆုံး ခဲ့ရပြီး၊ ဒဏ်ရာ ရရှိ၍ ဆေးကုသ နေရသူ (၁၀) ဦး ရှိနေသည်။
RB News Web တွင်ဖတ်ရန် — http://bit.ly/15ZUeBf
Filed under: News - သတင်း