Quantcast
Channel: Danya Wadi
Viewing all articles
Browse latest Browse all 7779

အင်ဒိုဗုဒ္ဓဘုရားကျောင်းဗုံးကွဲမှု မြန်မာပြည်နဲ့ ဆက်နွယ်

$
0
0

Indo BombIndo Bomb
ဗွီအိုအေ (မြန်မာပိုင်း)
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းဝင်း အတွင်း တနင်္ဂနွေနေ့က ဗုံးပေါက် ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူ ၃ ဦး ထိခိုက် ဒဏ်ရာ ရသွားခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှုဟာ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင်တွေအပေါ် အကြမ်းဖက် ဖိနှိပ်မှုတွေကို လက်စားချေတဲ့အနေနဲ့ အခုလို ဗုံးပေါက်ခဲ့တာ ဖြစ်နိုင်ကြောင်း အင်ဒိုနီးရှား အရာရှိတွေက ပြောပါတယ်။
 
ဗုံးပေါက်ကွဲတဲ့နေရာမှာ “ရိုဟင်ဂျာတွေရဲ့ အော်ဟစ်သံကို ကျွန်ုပ်တို့ ကြားရပါတယ်” လို့ အဓိပ္ပါယ်ရတဲ့ စာရေးထားခဲ့တာ ကို တွေ့ရတယ်လို့ အင်ဒိုနီးရှား ဘာသာရေးဆိုင်ရာဝန်ကြီး ဆူရာဒါမာ အလီ (Suryadharma Ali) က ပြောပါတယ်။
 
အနောက် ဂျကာတာမှာရှိတဲ့ Ekayana ဘုန်းကြီးကျောင်းအတွင်း တနင်္ဂနွေနေ့ညက လူတွေ ဘုရားရှိခိုးနေတဲ့အချိန် သိပ်အင်အားမပြင်းလှတဲ့ ဗုံးတလုံး ပေါက်ကွဲခဲ့တာပါ။ နောက်တလုံးကတော့ မီးခိုးပဲထွက်ပြီး မပေါက်ကွဲခဲ့ဘူးလို့ အင်ဒိုနီး ရှား ရဲတပ်ဖွဲ့က ပြောပါတယ်။ မပေါက်ကွဲသေးတဲ့ တတိယ ဗုံးတလုံးကိုလဲ တွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
 
ရခိုင်ပြည်နယ်အတွင်း မနှစ်က ဒေသခံ ရခိုင်လူမျိုးတွေနဲ့ ရိုဟင်ဂျာတွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ အပြန် အလှန် ဖြစ်ပွား ခဲ့ပြီးနောက် ပိုင်း ထောင်နဲ့ ချီတဲ့ ရိုဟင်ဂျာတွေ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြတာမှာ တချို့လည်း အင်ဒိုနီး ရှားနိုင် ငံကို လှေနဲ့ ထွက်ပြေးသွားခဲ့ကြသူတွေလည်း ရှိနေတာပါ။
 
အဲဒီလို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေနဲ့ တခြား နိုင်ငံက ဒုက္ခသည်တွေဟာ သြစတေးလျနိုင်ငံမှာ ခိုလှုံခွင့်ရဖို့ အင်ဒိုနီးရှားနိုင်ငံကတဆင့် ခိုလှုံကြလေ့ ရှိပါတယ်။

Filed under: News - သတင်း

Viewing all articles
Browse latest Browse all 7779

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>