အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ကြသည့် ရခိုင်အကြမ်းဖက်သမားများမှ သြဂုတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စတင် လုပ်ဆောင်နေကြောင်းနှင့် အာဏာပိုင်များ၏ ရုံးစိုက်ရာနေရာများရှေ့ တွင် ပြုလုပ်ခဲ့ကြကြောင်းလဲ သိရသည်။
၂၀၁၃ ခုနှစ် မတ်လ ၄ ရက်နေ့၊ ယမန်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရခိုင်ဘုရင်များ လက်ထက်တွင်ရှိခဲ့သည့် အထိမ်း အမှတ်နေ ရာ များတွင် စိုက်ထူထားသည့် သမိုင်း မှတ်တမ်းများအား ဘင်္ဂလားဒေ့ရှ်အစိုးရက ဖျက်သိမ်းခဲ့သည်ကို အကြောင်းပြ ၍ ရခိုင်တိုင်းရင်းသားများက အထူးမကြေမနပ် ဖြစ်နေသည့်ဟန်ဖြင့် ဆန္ဒပြနေကြောင်းကို လည်း ဒေသခံ တစ်ဦးမှ အလင်းမျက်ဝန်းသို့ ပြော ကြားပါတယ်။
ဘင်္ဂလားဒေ့ရှ် တောင်တန်းဒေသမှ ရခိုင်များသည် မြန်မာပြည်ဘက်မှ ရခိုင်များနှင့် ပေါင်း၍ စိတ်ကြွဆေး များကို အဓိက လုပ်ငန်းအဖြစ်သတ်မှတ်ကာ များစွာရောင်းချနေသည့် အတွက်ကြောင့် ဒေသတွင်းနိုင်ငံများ တွင် ခြိမ်းခြောက် လာနိုင် ဖွယ်ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ် မောင်တောနယ်စပ် အနီးတစ်ဝိုက်တွင်လဲ မကြာခဏဆိုသလိုပင် မူးရစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းများစွာ ရှိနေ သလို နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်တွင် ရှိသော ရခိုင် မျိုးနွယ် စုများသည် ၎င်းတို့အား ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခွဲခြားနှိမ်နင်းနေသည့် အသွင်ဖြင့် ယခုကဲ့သို့ ပြဿနာများ ဖန်တီးပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် စသည့် ဒေသများသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်သည့် ဗုဒ္ဓဘင်္ဂလီရခိုင်များ ခိုလှုံလာရန် စီစဉ်နေကြောင်းကိုလည်း ဒေသခံ များ၏ ပြောပြချက် အရသိရှိခဲ့ရပါတယ်။
Filed under: News - သတင်း
