ရန်ကုန်၊ သြဂုတ် ၅
Nyan Aung FB စာမျက်နှာမှ ကူးယူ ဖေါ်ပြပါသည်
http://www.mmtimes.com/index.php/opinion/7728-from-australia-some-advice-for-an-adviser.html
နိုင်ငံတော်သမ္မတအကြံပေး ဒေါက်တာနေဇင်လတ်တွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းရေးအသိပညာ မရှိကြောင်း သြစတြေးလျ-မြန်မာပါလီမန် အဖွဲ့ဥက္ကဌ Ms.Janelle Saffin က ဝေဖန်သည်။
သြဂုတ်လ ၅ရက်နေ့ထုတ် မြန်မာတိုင်းမ်အင်္ဂလိပ်ဂျာနယ်တွင် ‘အကြံပေးအတွက် သြစတြေးလျမှ အကြံတစ်ချို့’ အမည်ရသောဆောင်းပါးတွင် Ms.Janelleက အထက်ပါ အတိုင်း ဝေဖန်ရေး သား ထားခြင်းဖြစ်သည်။
၎င်း၏ဝေဖန်ချက်တွင် ဇူလိုင်လ ၈ရက်နေ့ထုတ် Messengerဂျာနယ်တွင် ဒေါက်တာေ နဇင်လတ် ရေးသားထားသော ‘တိုက်ဆိုင်တိုင်းလည်း ကောင်းသည် မဟုက်ပါ’ ဆိုသော ဆောင်း ပါးနှင့် ထင်လင်းဦး (Wisdom Villa)ရေးသားထားသော ‘သမ္မတကြီး ရှိနေမှတော့’ဆောင်းပါးများကို ကိုးကားပြီး ဝေဖန်ထားခြင်းဖြစ်သည်။ “ဒီဆောင်းပါးတွေက ပါလီမန်ကို တိုက်ခိုက်ထားတယ်။ ပြီးတော့၊ သမ္မတက ကောင်းေ ကာင်းမွန်မွန် လုပ်ဆောင်နေလို့ ပါလီမန်ကို ဖျက်သိမ်းနိုင်တဲ့အထိတောင် အကြံပြု ထားတယ်”ဟု Ms.Janelleက ၎င်း၏ဆောင်းပါးတွင် ဖော်ပြသည်။
ဒေါက်တာနေဇင်လတ်၏ဆောင်းပါးတွင် အစိုးရနှင့်လွှတ်တော် သက်တမ်း နှစ်နှစ်ကျော် ကာလ၌ နိုင်ငံရေးဝန်းကျင်တစ်ခုလုံး၏ အပြောင်းအလဲကို သမ္မတဦးသိန်းစိန်တစ်ဦး တည်းက ဆောင် ရွက်ခဲ့ပြီး အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများနှင့် အကြွေးေ လျာ်ပစ်စေ မှု၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီယဉ်ကျေးမှု အမြစ်တွယ်စေရေး တို့တွင် လည်း သမ္မတဦးသိန်းစိန်က လုပ်ဆောင်ခဲ့ကြောင်း ရေး သားထားသည်။
ထင်လင်းဦး (Wisdom Villa)၏ဆောင်းပါးတွင်မူ ပြည်သူများအတွက် ဘာမျှ လုပ်ဆောင် မပေးနိုင်သော ပြည်သူလွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် ပြည်ထောင် စုလွှတ်တော်တို့ သည် အချိန်နှင့် ပြည်သူ့ဘဏ္ဍာငွေ အသုံးစရိတ်များကို ဖြုန်းတီးရာ ကျသဖြင့် ဆက်လက်ထားရှိရန် လိုပါဦးမည်လောဟု မေးခွန်းထုတ်ပြီး ဝေဖန် ထားသည်။
နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးများ မလုပ်ဆောင်နိုင်သော လွှတ်တော်ဥက္ကဌ များနှင့် ပြည်ထောင်စုလွှတ်တော်နာယကများ ခန့်အပ်ပြီး အဆောင်အယောင်နှင့် ခံစားခွင့်များ အတွက် နိုင် ငံတော်၏အသုံး စရိတ်များမှ အကုန်အကျခံရန် လိုအပ်ပါ သလားဟု ၎င်းက ရေးသားထားသည်။
Ms.Janelleကမူ အာဏာရှင်စနစ်အောက်တွင် နှစ်ပေါင်းငါးဆယ် နေထိုင်ခဲ့ ရသော မြန်မာနိုင်ငံတွင် အထက်ပါအမြင်များကို နားလည်ပေးနိုင်သော်လည်း သမ္မတအကြံပေးတစ်ဦး၏ အမြင်များဖြစ်သဖြင့် ပြသနာရှိပြီး သမ္မတဦးသိန်းစိန် လက်ခံရယူနေသည့် အကြံဥာဏ်များ၏ အရည်အသွေးကိုလည်း မေးခွန်းထုတ် စရာရှိကြောင်း ထောက်ပြသည်။
သြစတြေးလျပါလီမန်အမတ် Ms.Janelle Saffinသည် သြစတြေးလျဝန်ကြီးချုပ် ကီမင်ရုဒ်၏ မူဝါဒဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထူးအကြံပေးတစ်ဦးဖြစ်သည့် အပြင် မြန်မာ့နိုင်ငံရေး သမိုင်း၊ ရွေးကောက်ပွဲ၊ ဥပဒေရေးရာနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ကို နှစ်ပေါင်းများစွာ လေ့လာနေသူလည်း ဖြစ်သည်။
Filed under: News - သတင်း
