Quantcast
Channel: Danya Wadi
Viewing all articles
Browse latest Browse all 7779

မြန်မာပြည်သူ ပြည်သားများ သတိဝီရိယရှိကြပါ

$
0
0


Rick Heizman ဆိုသူ
Rick Heizman ဆိုသူသည် မြန်မာနိုင်ငံအား ကမ္ဘာ့ဘာသာအပေါင်း၏ စစ်မြေပြင်အဖြစ်ဖန်တီးနေပါသည်။ ရခိုင်ပဋ္ဋ်ပက္ခအားအကြောင်းပြုပြီး မဟုတ်မမှန် လုပ်ကြံဖန်တီးသားသော အချက်အလက်များနှင့် ကမ္ဘာပေါ်ရှိ ဘာသာရေးဆိုင်ရာ ပဋ္ဋိပက္ခများအားပေါင်းစုကာ ရခိုင်တွင် အစ္စလာမ်ဘာသာဝင်များအား ထို့ထက်မက ပိုမိုဖိနှိပ်ပြီး ရှိရှိသမျှ ဗုဒ္ဓဘာသာဝင်မှအပ ကျန်ဘာသာ များကိုရွေ့ပြောင်းပစ်ရန် နှင့် အိန္ဒိယမှ မိလိန္ဒတက္ကသိုလ် ကိစ္စမှသည် နိုင်ဂျီးရီးယားရှိ ခရစ်ယာန်ဘာသာဝင်များ မီးရှို့ဖျက်ဆီးခြင်းခံရမှုများ အစရှိသည့် ကမ္ဘာ့နိုင်ငံတကာ တွင် ဟိုရှေးယခင်က ဖြစ်လေခဲ့ပြီးသော ဘာသာရေးဆိုင်ရာ ပဋ္ဋိပက္ခများ၊ ဗုဒ္ဓမြတ်စွာဘုရားသည် ဦးစွာပွင့်ပေါ်ခဲ့ပြီး အစ္စလာမ်သာသနာကနောက်ကျမှပွင့်ပေါ်ခဲ့ခြင်းဖြစ်သည့် အတွက် အစ္စလာမ်သာသနာဝင်များက ဗုဒ္ဓဘာသာဝင်များအား ဘာသာရေးစွယ်ခဲ့ကြောင်း အစရှိသော ဘာသာ၊ သာသနာတို့၏ မူလဘူတ အခြေခံဖြစ်တည်ရာများကို စွဲကိုင်ကာ မြန် မာနိုင်ငံတွင်းဖြစ်ပေါ်ခဲ့သမျှသော ပဋ္ဋိပက္ခများသည် ထိုကမ္ဘာနှင့် အ၀န်းဖြစ်ပေါ်ခဲ့သမျှနှင့် နှိုင်းယှဉ်လျှင် ယခုထက်ပင်ပိုမိုဆိုးရွားစွာဖြစ်စေသင့်ကြောင်း အစရှိသဖြင့် ပြည် တွင်းမငြိမ်မ သက်မှုများကို ပိုမိုတိုးပွားစေပြီး ဘာသာတရားတစ်ခုနှင့် တစ်ခုအကြား ပိုမိုမုန်းတီးစေရန် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေပါသည်။

ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ စင်ထရယ်လ်ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး တက်ရောက်လာသူ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အပြည်ပြည် ဆိုင်ရာသံရုံးများကလည်း ၎င်း၏အဆိုကို လုံးဝပြတ်ပြတ်သားသားငြင်းဆန်ခဲ့ကြပြီး ၎င်း၏တင်ပြမှုများသည် မြန်မာနိုင်ငံအတွက် အလွန်တရာ အန္တရာယ်ကြီးမားကြောင်းနှင့် အဆပ်သင့်စေသော တင်ပြချက်များဖြစ်ပြီး နိုင်ငံတော်အကြီးအကဲများအပါအ၀င် မြန်မာနိုင်ငံသူ/ နိုင်ငံသားများက ငြိမ်းချမ်းရေးကို မျှော်လင့်နေစဉ်၊ ငြိမ်းချမ်းရေးအတွက်ဝိုင်း ၀န်း လုပ်ဆောင်နေစ ဉ်ကာလအတွင်း ထိုကဲ့သို့ လာရောက်တင်ပြခြင်းမျိုးနှင့် ထိုသို့လုပ်ဆောင်နေမှုများအားရပ်တန်းကရပ်ရန်အတွက် သတိပေးစကားများပြောဆိုခဲ့ပေသည်။

မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့်လည်း ထိုသို့သော သွေးထိုးလှုံ့ဆော်မှုမျိုးကို မည်သူပင်ဖြစ်စေကာမူ လာရောက်ပြုလုပ်ပါက ၀ိုင်းဝန်းတွန်းလှန်ကြရန်နှင့် သက်ဆိုင်ရာအာဏာပိုင် များကလည်း အထူးမျက်ခြေမပြတ်လေ့လာသင့်ပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါသည်။
ကိုရှိုင်း
သြဂုတ်(၁)၊ ၂၀၁၃။

မှုရင်း https://www.facebook.com/shine82/posts/10201238710343682
ဓါတ်ပုံ-Rick Heizman | Facebook


Filed under: Articles - ဆောင်းပါး, News - သတင်း, Politics - ပေါ်လစီ, Specail - အထူး

Viewing all articles
Browse latest Browse all 7779

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>